ထီးဆောင်း-အရာတော်ကွင်းလမ်းတွင် ရာသီဥတုအခြေအနေကြောင့် ကားများပိတ်ကာ ခရီးမတွင်ပဲဖြစ်နေ

433

သန့်ဇင်(NP News)-ဇူလိုင် ၂၉
စစ်ကိုင်းဒေသကြီး၊ ထီးဆောင်း-အရာတော်ကွင်းလမ်းတွင် ရာသီဥတုအခြေအနေကြောင့် ကားများပိတ်ကာ ခရီးမတွင်ပဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် စစ်ကိုင်း-ရွှေဘိုကားလမ်း ပိတ်ထားသောကြောင့် မန္တလေးမှကုန်ကားများသည် ထီးဆောင်း-အရာတော်ကွင်းလမ်းကို အသုံးပြုကြရာ ဇွန်လ ၂၆ ရက်ကစပြီး ကားများသွားရာတွင် အခက်ခဲများရှိနေကြောင်း သိရသည်။
“အရာတော်-ထီးဆောင်းလမ်းက မိုးရွာရမောင်းမရတော့ဘူး။ ကွင်းလမ်းပါ။ ကားတော်တော်ပိတ်နေပါတယ်။ မန္တလေးကနေ ရွှေဘိုတို့ အရာတော်ကနေ မြစ်ကြီးနားထိတက်တဲ့ကားတွေပါ။ လမ်းဆိုးနေတော့ ကျန့်ကြာနေတာပေါ့နော်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထိုသို့ ကားများပိတ်နေသောကြောင့် ခရီးသွားလာသူများနှင့် ကုန်ကားများစွာ ရက်အတန်ကြာပိတ်မိနေပြီး စားသောက်ရေးတွင်လည်း ဈေးနှုန်းများကြီးမားနေကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
“ခရီးမှာ ထမင်းတစ်ခါစားရင် (၅၀၀၀)ပေးစားရတယ်။ ကြက်ဥကြော်နဲ့ ချဉ်ဖက်ပဲပါတယ်။ လက်နက်ကိုင်တွေကလည်း ပေါပါ့ဗျာ။ သူတို့ကလည်း စစ်ဆေးတယ်။ ဒီမှာလမ်းမကောင်းလို့ ကားကတန်းနေတယ်။ အခုအချိန်ထိတန်းကြတုန်းပဲ။ တချို့ဆိုရင် ရှေ့ကကား ကမထွက်ဘူးဆိုရင် လမ်းချော်သွားရင် (၂)ရက်လောက်ကတော့ အေးဆေးအိပ်ရတယ်။ ရွှေဘို စစ်ကိုင်းလမ်းကလည်းမဖွင့်သေးတော့ ပိုဆိုးတာပေါ့။ မြစ်ကြီးနားသွားတဲ့လူတွေကို ပြန်မလာနိုင်တဲ့လူတွေအများကြီးပဲ။ ကုန်ကားတွေများတယ်။ တချို့ကုန်ကားတွေဆိုရင် လမ်းတင်ကုန်တွေပုတ်ကုန်တာ”ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ထီးေဆာင္း-အရာေတာ္ကြင္းလမ္းတြင္ ရာသီဥတုအေျခအေနေၾကာင့္ ကားမ်ားပိတ္ကာ ခရီးမတြင္ပဲျဖစ္ေန
သန႔္ဇင္(NP News)-ဇူလိုင္ ၂၉
စစ္ကိုင္းေဒသႀကီး၊ ထီးေဆာင္း-အရာေတာ္ကြင္းလမ္းတြင္ ရာသီဥတုအေျခအေနေၾကာင့္ ကားမ်ားပိတ္ကာ ခရီးမတြင္ပဲျဖစ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
လက္ရွိတြင္ စစ္ကိုင္း-ေ႐ႊဘိုကားလမ္း ပိတ္ထားေသာေၾကာင့္ မႏၲေလးမွကုန္ကားမ်ားသည္ ထီးေဆာင္း-အရာေတာ္ကြင္းလမ္းကို အသုံးျပဳၾကရာ ဇြန္လ ၂၆ ရက္ကစၿပီး ကားမ်ားသြားရာတြင္ အခက္ခဲမ်ားရွိေနေၾကာင္း သိရသည္။
“အရာေတာ္-ထီးေဆာင္းလမ္းက မိုး႐ြာရေမာင္းမရေတာ့ဘူး။ ကြင္းလမ္းပါ။ ကားေတာ္ေတာ္ပိတ္ေနပါတယ္။ မႏၲေလးကေန ေ႐ႊဘိုတို႔ အရာေတာ္ကေန ျမစ္ႀကီးနားထိတက္တဲ့ကားေတြပါ။ လမ္းဆိုးေနေတာ့ က်န႔္ၾကာေနတာေပါ့ေနာ္”ဟု ေဒသခံတစ္ဦးက ဆိုသည္။
ထိုသို႔ ကားမ်ားပိတ္ေနေသာေၾကာင့္ ခရီးသြားလာသူမ်ားႏွင့္ ကုန္ကားမ်ားစြာ ရက္အတန္ၾကာပိတ္မိေနၿပီး စားေသာက္ေရးတြင္လည္း ေဈးႏႈန္းမ်ားႀကီးမားေနေၾကာင္း အထက္ပါ ေဒသခံက ဆိုသည္။
“ခရီးမွာ ထမင္းတစ္ခါစားရင္ (၅၀၀၀)ေပးစားရတယ္။ ၾကက္ဥေၾကာ္နဲ႔ ခ်ဥ္ဖက္ပဲပါတယ္။ လက္နက္ကိုင္ေတြကလည္း ေပါပါ့ဗ်ာ။ သူတို႔ကလည္း စစ္ေဆးတယ္။ ဒီမွာလမ္းမေကာင္းလို႔ ကားကတန္းေနတယ္။ အခုအခ်ိန္ထိတန္းၾကတုန္းပဲ။ တခ်ိဳ႕ဆိုရင္ ေရွ႕ကကား ကမထြက္ဘူးဆိုရင္ လမ္းေခ်ာ္သြားရင္ (၂)ရက္ေလာက္ကေတာ့ ေအးေဆးအိပ္ရတယ္။ ေ႐ႊဘို စစ္ကိုင္းလမ္းကလည္းမဖြင့္ေသးေတာ့ ပိုဆိုးတာေပါ့။ ျမစ္ႀကီးနားသြားတဲ့လူေတြကို ျပန္မလာႏိုင္တဲ့လူေတြအမ်ားႀကီးပဲ။ ကုန္ကားေတြမ်ားတယ္။ တခ်ိဳ႕ကုန္ကားေတြဆိုရင္ လမ္းတင္ကုန္ေတြပုတ္ကုန္တာ”ဟု ၎က ဆိုသည္။