Apple ကုမ္ပဏီက တရုတ်မှာရှိတဲ့ ၎င်းရဲ့စတိုးတွေထဲက တစ်ခုကို ပထမဆုံးအကြိမ် ပိတ်ပစ်

364

Pika (NP News) - ဇူလိုင် ၃၁
တရုတ်နိုင်ငံမှာရှိတဲ့ ၎င်းရဲ့စတိုးတွေထဲက တစ်ခုကို ပိတ်ပစ်မယ်လို့ အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီပိတ်ပစ်မှုဟာ Appleက တရုတ်ကို စတင်ဝင်ရောက်လာပြီးနောက်ပိုင်း အချိန် (၁၅)နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ပိတ်ပစ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံမှာ Apple ကုမ္ပဏီရဲ့ရောင်းအားတွေ ကျဆင်းလာမှုနဲ့အတူ အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေချိန်မှာပဲ အဲဒီလှုပ်ရှားမှုထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ Dalian မြို့ရဲ့ Zhongshan ခရိုင်မှာရှိတဲ့ Parkland Mall စတိုးကို လာမယ့် ဩဂုတ်လ(၉)ရက်မှာ ပိတ်ပစ်တော့မယ်လို့ Apple ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ Apple က “Zhongshan ခရိုင်မှာရှိတဲ့ကျွန်တော်တို့ရဲ့စတိုးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်နိုင်ငံမှာ Apple ကုမ္ပဏီရဲ့စတိုးဆိုင်ပေါင်း(၅၇)ခုရှိပြီး ၎င်းရဲ့ကမ္ဘာလုံးဆိုင်ရာ လက်လီ ကွန်ရက်ရဲ့(၁၀)ရာခိုင်နှုန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံတွင်းမှာ Apple ကုမ္ပဏီရဲ့ရောင်းအားတွေ ခြောက်လဆက်တိုက်ကျဆင်းသွားမှုနဲ့အတူ စိန်ခေါ်မှုတွေ တိုးမြင့်လာနေချိန်မှာပဲ ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
Apple ကုမၸဏီက တ႐ုတ္မွာရွိတဲ့ ၎ရဲ႕စတိုးေတြထဲက တစ္ခုကို ပထမဆုံးအႀကိမ္ ပိတ္ပစ္
Pika (NP News) - ဇူလိုင္ ၃၁
တ႐ုတ္ႏိုင္ငံမွာရွိတဲ့ ၎ရဲ႕စတိုးေတြထဲက တစ္ခုကို ပိတ္ပစ္မယ္လို႔ အေမရိကန္နည္းပညာကုမၸဏီႀကီး Apple က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အဲဒီပိတ္ပစ္မႈဟာ Appleက တ႐ုတ္ကို စတင္ဝင္ေရာက္လာၿပီးေနာက္ပိုင္း အခ်ိန္ (၁၅)ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ပိတ္ပစ္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံမွာ Apple ကုမၸဏီရဲ႕ေရာင္းအားေတြ က်ဆင္းလာမႈနဲ႔အတူ အေမရိကန္နဲ႔တ႐ုတ္ၾကား ကုန္သြယ္ေရးတင္းမာမႈေတြ ဆက္လက္ျမင့္တက္ေနခ်ိန္မွာပဲ အဲဒီလႈပ္ရွားမႈထြက္ေပၚလာတာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာရွိတဲ့ Dalian ၿမိဳ႕ရဲ႕ Zhongshan ခ႐ိုင္မွာရွိတဲ့ Parkland Mall စတိုးကို လာမယ့္ ဩဂုတ္လ(၉)ရက္မွာ ပိတ္ပစ္ေတာ့မယ္လို႔ Apple ကုမၸဏီက ထုတ္ျပန္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။ Apple က “Zhongshan ခ႐ိုင္မွာရွိတဲ့ကြၽန္ေတာ္တို႔ရဲ႕စတိုးကို ပိတ္ပစ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းက တ႐ုတ္ႏိုင္ငံမွာ Apple ကုမၸဏီရဲ႕စတိုးဆိုင္ေပါင္း(၅၇)ခုရွိၿပီး ၎ရဲ႕ကမာၻလုံးဆိုင္ရာ လက္လီ ကြန္ရက္ရဲ႕(၁၀)ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း တ႐ုတ္ႏိုင္ငံတြင္းမွာ Apple ကုမၸဏီရဲ႕ေရာင္းအားေတြ ေျခာက္လဆက္တိုက္က်ဆင္းသြားမႈနဲ႔အတူ စိန္ေခၚမႈေတြ တိုးျမင့္လာေနခ်ိန္မွာပဲ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။