တနင်္သာရီ ကမ်းရိုးတန်းဒေသတွင် ငလျင်အပြီး၌ ငါးနှင့်ကင်းမွန် ဖမ်းဆီးရမိမှု ပိုနည်းလာ

246

သုတကျော် (NP News) - သြဂုတ်လ ၁၄
ငလျင်ကာလအပြီး တနင်္သာရီ ကမ်းရိုးတန်း ဒေသတွင် ငါးနှင့်ကင်းမွန်အပါအဝင် ရေနေ သတ္တဝါ ဖမ်းဆီးရမိမှု ပိုနည်းလာကြောင်း ရေလုပ်သားများနှင့် တွေ့ဆုံမေးမြန်းထားသော အချက်အလက်များအရ သိရသည်။
တနင်္သာရီကမ်းရိုးတန်းသည် ငါးသယံဇာ တပေါများကာ ငါးဖမ်းလုပ်ငန်းများပြားသော နေရာ တစ်ခုဖြစ်ပြီး ရရှိသောငါးများကို ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချခြင်းများရှိနေကြောင်းသိရသည်။
" ငါးဖမ်းတာက ဒီနှစ်တော်တော်ဆိုးတယ်ဗျ။ ရာသီဥတုလည်း ဆိုးတယ်။ ငါးလည်းရှားတယ်။ အခုဆို နှစ်နှစ်လောက် ဖြစ်နေပြီ။ မြေငလျင်လှုပ်လိုက်တာမှာပိုဆိုးတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ငါးရှား တယ်။ ရာသီဥတုကလည်း ဒီနှစ်ဆိုးတယ်။ နှစ်တိုင်းမှာ ဒီနှစ်အဆိုးဆုံးပဲ"ဟု ကဲ့လှေပဲ့နင်းတစ်ဦးကပြော သည်။ ပြီးခဲ့သည့်နှစ်က ယခုကဲ့သို့ရာသီတွင် အလုပ်မပြတ်ခဲ့ သော်လည်း ယခုနှစ်တွင် ယခင်ကဲ့သို့ ဆက် တိုက်အလုပ်လုပ်ရခြင်းမျိုးမရှိကြောင်းလည်း ၎င်းက ဆိုသည်။ " ရာသီဥတုပြောင်းလဲတာလည်းဆိုင်မယ်။ နှစ်တိုင်းဆိုပုံမှန်ပဲ ကင်းမွန်ပေါ်ချိန်ပေါ်တယ်၊ ပျောက်ချိန်ပျောက်တာပေါ့။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ မြေငလျင်တွေလှုပ်ပြီးတည်းက ရေကြောမြေကြောလွဲ သလားမသိဘူး။ ဒီနှစ် တော်တော်ဆိုးတယ်။ ငါးက တော့ ရတာနည်းသေးတယ်။ ကင်းမွန်က ပျောက်နေတာ" ဟု ငါးဖမ်းစက်လှေများ၏ ပဲ့နင်းချုပ်တစ်ဦးက ဆိုသည်။
ငါးအရနည်းနေသော်လည်း ငါးဖမ်းစက်လှေများအနေဖြင့် ရေလုပ်သားများ၏ဝမ်းရေးအတွက် ငါးရှာသည့်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေရ ပြီး မကိုက်သည့်အခြေအနေရှိနေကြောင်း ငါးဖမ်း စက်လှေတစ်စင်းမှ ပဲ့နင်းတစ်ဦးကဆိုသည်။
" အရင်ကဆို ဆရာတို့မြင်စေချင်တယ် ငါးကဲ့လှေကိုပို့ပြီဆိုရင် ငါးအများကြီးလေ။ အခုက တော်တော်အရ နည်းနေတာ။ အခု ပို့တာတောင် နည်း နည်းပဲပို့နိုင်တယ်" ဟု ၎င်းကဆိုသည်။
ငါးဖမ်းစက်လှေတွင်လိုက်ပါသော ပဲ့နင်း နှင့်လုပ်သားများမှာ ပုံမှန်လစာထက် ငါးရရှိသည့်အ ပေါ်မူတည်၍ လုပ်ခရရှိခြင်းဖြစ်ပြီး ငါးအနည်း၊ အများ သည် ရေလုပ်သားများ၏ဝင်ငွေနှင့်လည်း သက်ဆိုင် နေကြောင်းသိရသည်။
လက်ရှိတွင် တနင်္သာရီကမ်းရိုးတန်းဒေသမှ ငါးဖမ်းကဏ္ဍ၌ ရနောင်းသို့သွားရောက်ရောင်းချရာ တွင် ထိုင်းအစိုးရသို့ပိုက်ဆံပေးရသည်ထက် မြန်မာ ဘက်ခြမ်းတွင်ကမ်းကပ်ရန်အတွက်နှင့် အခြား ပေးရ သည်များက ပိုမိုများပြားနေကြောင်းလည်းသိရသည်။

Zawgyi Version:
တနသၤာရီ ကမ္း႐ိုးတန္းေဒသတြင္ ငလ်င္အၿပီး၌ ငါးႏွင့္ကင္းမြန္ ဖမ္းဆီးရမိမႈ ပိုနည္းလာ
သုတေက်ာ္ (NP News) - ၾသဂုတ္လ ၁၄
ငလ်င္ကာလအၿပီး တနသၤာရီ ကမ္း႐ိုးတန္း ေဒသတြင္ ငါးႏွင့္ကင္းမြန္အပါအဝင္ ေရေန သတၱဝါ ဖမ္းဆီးရမိမႈ ပိုနည္းလာေၾကာင္း ေရလုပ္သားမ်ားႏွင့္ ေတြ႕ဆုံေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
တနသၤာရီကမ္း႐ိုးတန္းသည္ ငါးသယံဇာ တေပါမ်ားကာ ငါးဖမ္းလုပ္ငန္းမ်ားျပားေသာ ေနရာ တစ္ခုျဖစ္ၿပီး ရရွိေသာငါးမ်ားကို ထိုင္းႏိုင္ငံသို႔လည္း တင္ပို႔ေရာင္းခ်ျခင္းမ်ားရွိေနေၾကာင္းသိရသည္။
" ငါးဖမ္းတာက ဒီႏွစ္ေတာ္ေတာ္ဆိုးတယ္ဗ်။ ရာသီဥတုလည္း ဆိုးတယ္။ ငါးလည္းရွားတယ္။ အခုဆို ႏွစ္ႏွစ္ေလာက္ ျဖစ္ေနၿပီ။ ေျမငလ်င္လႈပ္လိုက္တာမွာပိုဆိုးတယ္။ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ငါးရွား တယ္။ ရာသီဥတုကလည္း ဒီႏွစ္ဆိုးတယ္။ ႏွစ္တိုင္းမွာ ဒီႏွစ္အဆိုးဆုံးပဲ"ဟု ကဲ့ေလွပဲ့နင္းတစ္ဦးကေျပာ သည္။ ၿပီးခဲ့သည့္ႏွစ္က ယခုကဲ့သို႔ရာသီတြင္ အလုပ္မျပတ္ခဲ့ ေသာ္လည္း ယခုႏွစ္တြင္ ယခင္ကဲ့သို႔ ဆက္ တိုက္အလုပ္လုပ္ရျခင္းမ်ိဳးမရွိေၾကာင္းလည္း ၎က ဆိုသည္။ " ရာသီဥတုေျပာင္းလဲတာလည္းဆိုင္မယ္။ ႏွစ္တိုင္းဆိုပုံမွန္ပဲ ကင္းမြန္ေပၚခ်ိန္ေပၚတယ္၊ ေပ်ာက္ခ်ိန္ေပ်ာက္တာေပါ့။ အခုေတာ့ အဲဒီလိုမဟုတ္ဘူး။ ေျမငလ်င္ေတြလႈပ္ၿပီးတည္းက ေရေၾကာေျမေၾကာလြဲ သလားမသိဘူး။ ဒီႏွစ္ ေတာ္ေတာ္ဆိုးတယ္။ ငါးက ေတာ့ ရတာနည္းေသးတယ္။ ကင္းမြန္က ေပ်ာက္ေနတာ" ဟု ငါးဖမ္းစက္ေလွမ်ား၏ ပဲ့နင္းခ်ဳပ္တစ္ဦးက ဆိုသည္။
ငါးအရနည္းေနေသာ္လည္း ငါးဖမ္းစက္ေလွမ်ားအေနျဖင့္ ေရလုပ္သားမ်ား၏ဝမ္းေရးအတြက္ ငါးရွာသည့္လုပ္ငန္းကို ဆက္လက္ေဆာင္႐ြက္ေနရ ၿပီး မကိုက္သည့္အေျခအေနရွိေနေၾကာင္း ငါးဖမ္း စက္ေလွတစ္စင္းမွ ပဲ့နင္းတစ္ဦးကဆိုသည္။
" အရင္ကဆို ဆရာတို႔ျမင္ေစခ်င္တယ္ ငါးကဲ့ေလွကိုပို႔ၿပီဆိုရင္ ငါးအမ်ားႀကီးေလ။ အခုက ေတာ္ေတာ္အရ နည္းေနတာ။ အခု ပို႔တာေတာင္ နည္း နည္းပဲပို႔ႏိုင္တယ္" ဟု ၎ကဆိုသည္။
ငါးဖမ္းစက္ေလွတြင္လိုက္ပါေသာ ပဲ့နင္း ႏွင့္လုပ္သားမ်ားမွာ ပုံမွန္လစာထက္ ငါးရရွိသည့္အ ေပၚမူတည္၍ လုပ္ခရရွိျခင္းျဖစ္ၿပီး ငါးအနည္း၊ အမ်ား သည္ ေရလုပ္သားမ်ား၏ဝင္ေငြႏွင့္လည္း သက္ဆိုင္ ေနေၾကာင္းသိရသည္။
လက္ရွိတြင္ တနသၤာရီကမ္း႐ိုးတန္းေဒသမွ ငါးဖမ္းက႑၌ ရေနာင္းသို႔သြားေရာက္ေရာင္းခ်ရာ တြင္ ထိုင္းအစိုးရသို႔ပိုက္ဆံေပးရသည္ထက္ ျမန္မာ ဘက္ျခမ္းတြင္ကမ္းကပ္ရန္အတြက္ႏွင့္ အျခား ေပးရ သည္မ်ားက ပိုမိုမ်ားျပားေနေၾကာင္းလည္းသိရသည္။