ပြည်မြို့ရှိ မှော်ဇာနှင့် မှုတ်ရှည်ကျေးရွာတို့မှ သီဟိုဠ်သရက်စိုက်ပျိုးဇုန်များတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့်လုပ်ကွက်များကို ပြန်လည်သိမ်းယူ

302

စော (NP News) - နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုတို့ရှိ သီဟိုဠ် သရက်စိုက်ပျိုးရေးဇုန်များတွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့် လုပ်ကွက်များကို ပြန်လည်သိမ်းယူလိုက်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးထားသည်။
အဆိုပါကျေးရွာများရှိ စိုက်ပျိုးလုပ်ကိုင်လိုသူ တောင်သူများအတွက် သီဟိုဠ်သရက်စိုက်ပျိုးရန် မြေဧရိယာ (၃ဝ၈၇.၉၁) ဧကကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ကို ၁၉၉၂ ခုနှစ်၊ သြဂုတ် ၂၈ ရက်မှစ၍ လုပ်ကွက်များ ချထားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ချထားပေးခဲ့သည့်လုပ်ကွက်များအနက် ယခုနှစ်၊ အောက်တိုဘာလကုန်အထိ အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသည့်လုပ်ကွက်များကို ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းကို ဩဂုတ်လ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၌ အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ယနေ့အချိန်ထိ အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသည့် လုပ်ကွက်များကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂ဝ၁၈ ခုနှစ်) ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)နှင့် (၂)တို့အရ သိမ်းယူပြီးဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ပြင် မည်သည့်အသနားခံစာကိုမျှ ထည့်သွင်းစဉ်းစားမည်မဟုတ်သည့်အပြင် ယင်းမြေပေါ်ရှိ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်အရပ်ရပ်တို့အားလည်း ပယ်ဖျက်ပြီးဖြစ်ကြောင်းလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။

Zawgyi Version:
ျပည္ၿမိဳ႕ရွိ ေမွာ္ဇာႏွင့္ မႈတ္ရွည္ေက်း႐ြာတို႔မွ သီဟိုဠ္သရက္စိုက္ပ်ိဳးဇုန္မ်ားတြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္းမရွိသည့္လုပ္ကြက္မ်ားကို ျပန္လည္သိမ္းယူ
ေစာ (NP News) - ႏိုဝင္ဘာ ၈
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္၊ ျပည္ၿမိဳ႕နယ္၊ ေမွာ္ဇာေက်း႐ြာအုပ္စုႏွင့္ မႈတ္ရွည္ေက်း႐ြာအုပ္စုတို႔ရွိ သီဟိုဠ္ သရက္စိုက္ပ်ိဳးေရးဇုန္မ်ားတြင္ လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းမရွိသည့္ လုပ္ကြက္မ်ားကို ျပန္လည္သိမ္းယူလိုက္ေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ အသိေပးထားသည္။
အဆိုပါေက်း႐ြာမ်ားရွိ စိုက္ပ်ိဳးလုပ္ကိုင္လိုသူ ေတာင္သူမ်ားအတြက္ သီဟိုဠ္သရက္စိုက္ပ်ိဳးရန္ ေျမဧရိယာ (၃ဝ၈၇.၉၁) ဧကကို ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား လုပ္ပိုင္ခြင့္ႏွင့္ အသုံးျပဳခြင့္ကို ၁၉၉၂ ခုႏွစ္၊ ၾသဂုတ္ ၂၈ ရက္မွစ၍ လုပ္ကြက္မ်ား ခ်ထားေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ခ်ထားေပးခဲ့သည့္လုပ္ကြက္မ်ားအနက္ ယခုႏွစ္၊ ေအာက္တိုဘာလကုန္အထိ အေကာင္အထည္ေဖာ္လုပ္ကိုင္ေဆာင္႐ြက္ျခင္းမရွိသည့္လုပ္ကြက္မ်ားကို ျပန္လည္သိမ္းယူသြားမည္ျဖစ္ေၾကာင္းကို ဩဂုတ္လ ၂၂ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာ၌ အသိေပးေၾကညာခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ယေန႔အခ်ိန္ထိ အေကာင္အထည္ေဖာ္လုပ္ကိုင္ေဆာင္႐ြက္ျခင္းမရွိသည့္ လုပ္ကြက္မ်ားကို ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန႔္ခြဲေရးဥပေဒကို ျပင္ဆင္သည့္ ဥပေဒ (၂ဝ၁၈ ခုႏွစ္) ပုဒ္မ ၂၂၊ ပုဒ္မခြဲ(ခ)၊ ပုဒ္မခြဲငယ္(၁)ႏွင့္ (၂)တို႔အရ သိမ္းယူၿပီးျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ မည္သည့္အသနားခံစာကိုမွ် ထည့္သြင္းစဥ္းစားမည္မဟုတ္သည့္အျပင္ ယင္းေျမေပၚရွိ လုပ္ပိုင္ခြင့္ႏွင့္ အသုံးျပဳခြင့္အရပ္ရပ္တို႔အားလည္း ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္းလည္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က အသိေပးထားသည္။