အထည်ချုပ်လုပ်ငန်း ယခင်ဘဏ္ဍာနှစ်ထက် (၉)ရာခိုင်နှုန်း တိုးတက်လာ

 183

NP News - နိုဝင်ဘာ ၈

လက်ရှိ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်၏ (၆) လတာ ကာလအတွင်း CMP လုပ်ငန်းမှ ပြည်ပကို ချုပ်ပြီးအထည် တင်ပို့မှု သည် ယခင် (၂၀၂၄-၂၅) ဘဏ္ဍာနှစ်ကာလတူဖြင့် နှိုင်းယှဉ်ပါက (၉) ရာခိုင်နှုန်း တိုးတက်လာကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းပြီး ပြည်တွင်းမှာ ချုပ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့နေသော CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ချုပ်ပြီး အထည်တင်ပို့မှုကို လေ့လာကြည့်ပါက(၂၀၂၂-၂၃) ဘဏ္ဍာနှစ်တွင် အများဆုံးတင်ပို့နိုင်ခဲ့ပြီး (၂၀၂၃-၂၄) ဘဏ္ဍာနှစ်တွင် (၁၄) ရာခိုင်နှုန်းနှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် (၁၁) ရာခိုင်နှုန်း တင်ပို့နိုင်စွမ်း အသီးသီးလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။
လက်ရှိတွင် MGMA အသင်းဝင် စက်ရုံပေါင်း (၅၂၃) ရုံရှိသည့်အနက် (၆၀) ရာခိုင်နှုန်းမှာ ဥရောပဈေးကွက်၊ (၂၀) ရာခိုင်နှုန်းမှာ ဂျပန်ဈေးကွက်နှင့် ကျန် (၂၀) ရာခိုင်နှုန်းမှာ အခြားဈေးကွက်များသို့ တင်ပို့နေခြင်းဖြစ်ကြောင်း MGMA မှ သိရသည်။
ထို့အပြင် လက်ရှိ၌ အထည်ချုပ်လုပ်သားများကို လုပ်ခလစာတိုးပေးထားပြီး အထည်ချုပ် သင်တန်းများပေးကာ လုပ်ငန်းခွင်များ၌ ပြန်လည်အလုပ်ခန့်အပ်ထားရှိမှုများကြောင့် လုပ်သားရှားပါးသည့်ပြဿနာကို အထိုက် အလျောက် ထိန်းချုပ်ထားနိုင်သောအခြေအနေများကြောင့် CMP လုပ်ငန်းမှ ပြည်ပသို့ ချုပ်ပြီးအထည် တင်ပို့မှု သည် ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်းသည် လုပ်သားအင်အား ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၆ သန်း အထိ ခန့်ထားနိုင်ပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်သည့် လုပ်ငန်းအဖြစ် ကြီးထွားလာနိုင်ရန် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က လျာထားပြီး ယခု ၂၀၂၅ ခုနှစ်မှာတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် တန်ကြေးရှိသည့်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေကြောင်း MGMA ၏ ၁ဝ နှစ်တာ မဟာဗျူဟာ အစီအစဉ် (၂၀၂၅-၂၀၃၄) တွင် ဖော်ပြထားချက်အရ သိရသည်။

Zawgyi Version:
အထည္ခ်ဳပ္လုပ္ငန္း ယခင္ဘ႑ာႏွစ္ထက္ (၉)ရာခိုင္ႏႈန္း တိုးတက္လာ
NP News - ႏိုဝင္ဘာ ၈
လက္ရွိ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္၏ (၆) လတာ ကာလအတြင္း CMP လုပ္ငန္းမွ ျပည္ပကို ခ်ဳပ္ၿပီးအထည္ တင္ပို႔မႈ သည္ ယခင္ (၂၀၂၄-၂၅) ဘ႑ာႏွစ္ကာလတူျဖင့္ ႏႈိင္းယွဥ္ပါက (၉) ရာခိုင္ႏႈန္း တိုးတက္လာေၾကာင္း ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း (MGMA) မွ သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ အထည္ခ်ဳပ္လုပ္ငန္းကို ျပည္ပမွ ကုန္ၾကမ္းသြင္းၿပီး ျပည္တြင္းမွာ ခ်ဳပ္လုပ္ကာ ျပည္ပသို႔ ျပန္လည္တင္ပို႔ေနေသာ CMP လက္ခစားစနစ္ျဖင့္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ ခ်ဳပ္ၿပီး အထည္တင္ပို႔မႈကို ေလ့လာၾကည့္ပါက(၂၀၂၂-၂၃) ဘ႑ာႏွစ္တြင္ အမ်ားဆုံးတင္ပို႔ႏိုင္ခဲ့ၿပီး (၂၀၂၃-၂၄) ဘ႑ာႏွစ္တြင္ (၁၄) ရာခိုင္ႏႈန္းႏွင့္ (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္တြင္ (၁၁) ရာခိုင္ႏႈန္း တင္ပို႔ႏိုင္စြမ္း အသီးသီးေလ်ာ့က်ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ MGMA အသင္းဝင္ စက္႐ုံေပါင္း (၅၂၃) ႐ုံရွိသည့္အနက္ (၆၀) ရာခိုင္ႏႈန္းမွာ ဥေရာပေဈးကြက္၊ (၂၀) ရာခိုင္ႏႈန္းမွာ ဂ်ပန္ေဈးကြက္ႏွင့္ က်န္ (၂၀) ရာခိုင္ႏႈန္းမွာ အျခားေဈးကြက္မ်ားသို႔ တင္ပို႔ေနျခင္းျဖစ္ေၾကာင္း MGMA မွ သိရသည္။
ထို႔အျပင္ လက္ရွိ၌ အထည္ခ်ဳပ္လုပ္သားမ်ားကို လုပ္ခလစာတိုးေပးထားၿပီး အထည္ခ်ဳပ္ သင္တန္းမ်ားေပးကာ လုပ္ငန္းခြင္မ်ား၌ ျပန္လည္အလုပ္ခန႔္အပ္ထားရွိမႈမ်ားေၾကာင့္ လုပ္သားရွားပါးသည့္ျပႆနာကို အထိုက္ အေလ်ာက္ ထိန္းခ်ဳပ္ထားႏိုင္ေသာအေျခအေနမ်ားေၾကာင့္ CMP လုပ္ငန္းမွ ျပည္ပသို႔ ခ်ဳပ္ၿပီးအထည္ တင္ပို႔မႈ သည္ ရာခိုင္ႏႈန္းတိုးတက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
လာမယ့္ဆယ္စုႏွစ္အတြင္း ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းသည္ လုပ္သားအင္အား ၁ ဒသမ ၂ သန္းမွ ၁ ဒသမ ၆ သန္း အထိ ခန႔္ထားႏိုင္ၿပီး အေမရိကန္ေဒၚလာ ၁၅ ဘီလီယံတန္သည့္ လုပ္ငန္းအျဖစ္ ႀကီးထြားလာႏိုင္ရန္ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း (MGMA) က လ်ာထားၿပီး ယခု ၂၀၂၅ ခုႏွစ္မွာတြင္ အေမရိကန္ေဒၚလာ ၅ ဘီလီယံခန႔္ တန္ေၾကးရွိသည့္လုပ္ငန္းတစ္ခုအျဖစ္ ရပ္တည္ေနေၾကာင္း MGMA ၏ ၁ဝ ႏွစ္တာ မဟာဗ်ဴဟာ အစီအစဥ္ (၂၀၂၅-၂၀၃၄) တြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.