လူသုံးကုန်သာမက မြန်မာအစားအစား အချို့ကို အသေးစား လုပ်ငန်းရှင်ပေါင်း ၂၀ က ထိုင်းတွင် စျေးကွက် ထိုးဖောက်ရန် စီစဉ်နေ

 278

စော(NP News)ဩဂုတ်၁၄
လူသုံးကုန်သာမက မြန်မာအစားအစား အချို့ကို အသေးစား လုပ်ငန်းရှင်ပေါင်း ၂၀ က ထိုင်းတွင် စျေးကွက် ထိုးဖောက်ရန် စီစဉ်နေကြောင်း မြပုဏ္ဏမာပွဲရုံပိုင်ရှင် မှ ဦးဟိန်းထိုက်အောင်က NP News ကိုပြောဆိုထားချက်များအရ သိရသည်။
အဆိုပါအစီအစဉ်ကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရှိ မဟာနွယ်ဈေးဝယ်စင်တာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလနှင့်အောက်တို့ဘာတို့တွင် ဆိုင်ခန်းဖွင့်လှစ်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။
“Trading ကုမ္ပဏီအနေနဲ့ ဒီ Agriculture Product တွေကို Tradingလုပ်တဲ့အပြင် ဒီ MSME Productတွေကို Tradeလုပ်ဖို့ ကြိုးစားနေတာ (၃)လနဲ့ (၆)လကြားလို့ပြောရမှာပေါ့။ ထိုင်နိုင်ငံမှာရှိတဲ့ စင်တာတစ်ခုမှာ မဟာချိုင်၊မဟာနွယ်စင်တာမှာ ကျွန်တော်တို့MSME ထုတ်ကုန်တွေကို တရားဝင်တင်ပို့ပြီးတော့ အဲဒီစင်တာမှာ ပြသရောင်းချဖို့အစီအစဉ်ရှိတယ်” ဟု ၎င်းကပြောသည်။
ထို့သို့ရောင်းချရာတွင် လူသုံးကုန်ပစ္စည်းဖြစ်သော အဝတ်အထည်၊ ဖိနပ်၊ ယွန်းထည်တို့အပြင် စားသောက်ကုန်ပစ္စည်းဖြစ်သော မုန့်ဟင်းခါးအနှစ်၊ ငပိကြော်စသည့် မြန်မာလူမျိုးများ စားလေ့စားထရှိသော Ready Made အစားအစာများလည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် အစားအသောက်လုပ်ငန်းအတွက် ထိုင်းနိုင်ငံရှိ FDAလက်မှတ်ကို တရားဝင်ရရှိရန်အတွက် ဆောင်ရွက်နေသည်ဟု ဦးဟိန်းထိုက်အောင် က ဆိုသည်။
“အခုလောလောဆယ် ကနဦးလာပြီးတော့ ပြောထားတာကတော့ လုပ်ငန်းရှင် အယောက် (၂၀)လောက်ရှိတယ်။ ပထမဦးဆုံးစဖွင့်ဖြစ်ရင်တော့ ဆိုင်ခန်း (၃၀)လောက်စဖွင့်ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နှင့် ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော အရောင်းပြပွဲများတွင်လည်း မြန်မာနိုင်ငံမှ MSMEလုပ်ငန်းရှင်များကလည်း ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။

Zawgyi Version:
လူသုံးကုန္သာမက ျမန္မာအစားအစား အခ်ိဳ႕ကို အေသးစား လုပ္ငန္းရွင္ေပါင္း ၂၀ က ထိုင္းတြင္ ေစ်းကြက္ ထိုးေဖာက္ရန္ စီစဥ္ေန
ေစာ(NP News)ဩဂုတ္၁၄
လူသုံးကုန္သာမက ျမန္မာအစားအစား အခ်ိဳ႕ကို အေသးစား လုပ္ငန္းရွင္ေပါင္း ၂၀ က ထိုင္းတြင္ ေစ်းကြက္ ထိုးေဖာက္ရန္ စီစဥ္ေနေၾကာင္း ျမပုဏၰမာပြဲ႐ုံပိုင္ရွင္ မွ ဦးဟိန္းထိုက္ေအာင္က The Statesman ဂ်ာနယ္ကိုေျပာဆိုထားခ်က္မ်ားအရ သိရသည္။
အဆိုပါအစီအစဥ္ကို ထိုင္းႏိုင္ငံ၊ မဟာခ်ိဳင္ၿမိဳ႕ရွိ မဟာႏြယ္ေဈးဝယ္စင္တာတြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လာမည့္ စက္တင္ဘာလႏွင့္ေအာက္တို႔ဘာတို႔တြင္ ဆိုင္ခန္းဖြင့္လွစ္သြားရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။
“Trading ကုမၸဏီအေနနဲ႔ ဒီ Agriculture Product ေတြကို Tradingလုပ္တဲ့အျပင္ ဒီ MSME Productေတြကို Tradeလုပ္ဖို႔ ႀကိဳးစားေနတာ (၃)လနဲ႔ (၆)လၾကားလို႔ေျပာရမွာေပါ့။ ထိုင္ႏိုင္ငံမွာရွိတဲ့ စင္တာတစ္ခုမွာ မဟာခ်ိဳင္၊မဟာႏြယ္စင္တာမွာ ကြၽန္ေတာ္တို႔MSME ထုတ္ကုန္ေတြကို တရားဝင္တင္ပို႔ၿပီးေတာ့ အဲဒီစင္တာမွာ ျပသေရာင္းခ်ဖို႔အစီအစဥ္ရွိတယ္” ဟု ၎ကေျပာသည္။
ထို႔သို႔ေရာင္းခ်ရာတြင္ လူသုံးကုန္ပစၥည္းျဖစ္ေသာ အဝတ္အထည္၊ ဖိနပ္၊ ယြန္းထည္တို႔အျပင္ စားေသာက္ကုန္ပစၥည္းျဖစ္ေသာ မုန႔္ဟင္းခါးအႏွစ္၊ ငပိေၾကာ္စသည့္ ျမန္မာလူမ်ိဳးမ်ား စားေလ့စားထရွိေသာ Ready Made အစားအစာမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
လက္ရွိတြင္ အစားအေသာက္လုပ္ငန္းအတြက္ ထိုင္းႏိုင္ငံရွိ FDAလက္မွတ္ကို တရားဝင္ရရွိရန္အတြက္ ေဆာင္႐ြက္ေနသည္ဟု ဦးဟိန္းထိုက္ေအာင္ က ဆိုသည္။
“အခုေလာေလာဆယ္ ကနဦးလာၿပီးေတာ့ ေျပာထားတာကေတာ့ လုပ္ငန္းရွင္ အေယာက္ (၂၀)ေလာက္ရွိတယ္။ ပထမဦးဆုံးစဖြင့္ျဖစ္ရင္ေတာ့ ဆိုင္ခန္း (၃၀)ေလာက္စဖြင့္ဖို႔ ရည္႐ြယ္ထားတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕ႏွင့္ ဘန္ေကာက္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ အေရာင္းျပပြဲမ်ားတြင္လည္း ျမန္မာႏိုင္ငံမွ MSMEလုပ္ငန္းရွင္မ်ားကလည္း ဝင္ေရာက္ျပသခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.