တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်ဖို့ အိန္ဒိယနဲ့တရုတ်တို့ စီစဉ်နေ

 138

Pika(NP News)
အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ လာမယ့်လမှာ တိုက်ရိုက်ခရီးသည်တင်လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး Bloombergသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ Air India နဲ့ IndiGoတို့လိုမျိုး လေကြောင်းလိုင်းတွေကို အချိန်တိုအတွင်း တရုတ်နိုင်ငံကို လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်ဖို့ အိန္ဒိယအစိုးရကတောင်းဆိုခဲ့ပြီး လာမယ့်ဩဂုတ်လ(၃၁)ရက်နေ့မှာ တရုတ်နိုင်ငံမှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးမှာ တရားဝင်ကြေညာနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။အိန္ဒိယနဲ့ တရုတ်လေကြောင်းလိုင်းတွေဟာ (၂၀၂၀)ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်(၁၉)ကပ်ရောဂါကာလမတိုင်ခင်အချိန်အထိ အဓိကမြို့ကြီးတွေကြားမှာ တိုက်ရိုက်ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အိန္ဒိယနဲ့တရုတ်ကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်တာဟာ နှစ်နိုင်ငံကြားတင်းမာမှုတွေ ‌လျော့ကျလာတာနဲ့ပတ်သက်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ (၂၀၂၀)ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း နောက်ပိုင်းမှာ နှစ်ဘက်စလုံးကတာဝန်ရှိသူတွေက ဆွေးနွေးညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ လျော့ကျလာခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈေတြ ျပန္လည္စတင္ဖို႔ အိႏၵိယနဲ႔တ႐ုတ္တို႔ စီစဥ္ေန
Pika(NP News)
အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံတို႔ဟာ လာမယ့္လမွာ တိုက္႐ိုက္ခရီးသည္တင္ေလေၾကာင္းပ်ံသန္းမႈေတြ ျပန္လည္စတင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းရင္းျမစ္ေတြကိုကိုးကားၿပီး Bloombergသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ Air India နဲ႔ IndiGoတို႔လိုမ်ိဳး ေလေၾကာင္းလိုင္းေတြကို အခ်ိန္တိုအတြင္း တ႐ုတ္ႏိုင္ငံကို ေလေၾကာင္းပ်ံသန္းမႈေတြ ျပန္လည္စတင္ဖို႔ အိႏၵိယအစိုးရကေတာင္းဆိုခဲ့ၿပီး လာမယ့္ဩဂုတ္လ(၃၁)ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံမွာက်င္းပမယ့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(SCO) ထိပ္သီးအစည္းအေဝးမွာ တရားဝင္ေၾကညာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။အိႏၵိယနဲ႔ တ႐ုတ္ေလေၾကာင္းလိုင္းေတြဟာ (၂၀၂၀)ခုႏွစ္မွာ စတင္ျဖစ္ပြားခဲ့တဲ့ ကိုဗစ္(၁၉)ကပ္ေရာဂါကာလမတိုင္ခင္အခ်ိန္အထိ အဓိကၿမိဳ႕ႀကီးေတြၾကားမွာ တိုက္႐ိုက္ပ်ံသန္းမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အိႏၵိယနဲ႔တ႐ုတ္ၾကား တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈေတြ ျပန္လည္စတင္တာဟာ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ‌ေလ်ာ့က်လာတာနဲ႔ပတ္သက္တဲ့ လကၡဏာတစ္ခုလည္းျဖစ္ပါတယ္။ (၂၀၂၀)ခုႏွစ္မွာျဖစ္ပြားခဲ့တဲ့ နယ္စပ္တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံတို႔ၾကား ဆက္ဆံေရးဟာ ပိုမိုဆိုး႐ြားလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ႏွစ္ဘက္စလုံးကတာဝန္ရွိသူေတြက ေဆြးေႏြးညႇိႏႈိင္းမႈေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ေလ်ာ့က်လာခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.