အမေရိကန်နိုင်ငံမှာ အစိုးရဖက်ဒရယ်အေဂျင်စီများ shutdownလုပ်ထားမှု အဆုံးသတ်

 187

ဂျန်ဇက်(NP News) -နိုဝင်ဘာ ၁၀

အမေရိကန် နိုင်ငံမှာ အစိုးရဖက်ဒရယ်အေဂျင်စီဌာနများ shutdownလုပ်ထားမှု အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ လွှတ်တော်နဲ့အစိုးရကြား ဘတ်ဂျက်အသုံးစရိတ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတက ဖက်ဒရယ်ရုံးများကို shutdown လုပ်ခဲ့ရာ လက်ရှိအချိန်မှာ ရက်ပေါင်း ၄၀ ကျော်လာပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရီပတ်ဘလီကန် ပါတီ အမတ်များနဲ့ ဒီမိုကရက်တစ်ပါတီအမတ်များကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရတောင်းခံတဲ့ဘတ်ဂျက်ငွေကိုခွင့်ပြုပေးဖို့ သဘောတူညီခဲ့တယ်လို့သိရပါတယ်။ လွှတ်တော်အနေနဲ့ ဖက်ဒရယ်အေဂျင်စီဌာနများကို ဇန်နဝါရီလအကုန်အထိ ကူညီထောက်ပံ့ငွေများ ကူညီပေးဖို့ ခွင့်ပြုသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ရက်ပေါင်း ၄၀ ကျော်ကြာ အစိုးရဖက်ဒရယ်အေဂျင်စီဌာနများ shutdownလုပ်ထားခဲ့ခြင်းကြောင့် လေဆိပ်များ၊ အစားစာပေးဝေရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းများ အဟန့် အတားဖြစ်ခဲ့ရပြီး ဝန်ထမ်းပေါင်း ၁ ဒသမ ၆သန်းကျော်အလုပ်ကိုင်အခွင့်လမ်း အခက်အခဲဖြစ်ခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ လွှတ်တော်က ရန်ပုံငွေများပြန်လည်ခွင့်ပြုပေးမယ့် အစီအစဉ်ကို အမေရိကန်အစိုးရအဖွဲ့ကိုယ်တိုင် က လက်ခံကြိုဆိုခဲ့တယ်လို့သိရပါတယ်။အထက်လွှတ်တော်မှာ အစိုးရက shutdown လုပ်ကိုင်ထားမှုနဲ့ပတ်သက်ပြီး ရန်ပုံငွေပေးဖို့ သင့် မသင့်ကိုမဲခွဲဆုံးဖြတ်ခဲ့ရာ ၄၀ မဲ၊ ၆၀ မဲ နဲ့ ခွင့်ပြုမယ့်ဘက်က အနိုင်ရခဲ့တယ်လို့သိရပါတယ်။ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂျွန် သူနီက ‘’ ရက်ပေါင်း ၄၀ကြာ ပြီးနောက် အစိုးရဖက်ဒရယ်အေဂျင်စီတွေ shutdown လုပ်ကိုင်ထားမှု အဆုံးသတ်လိုက်တယ်။’’ လို့ ပြောပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံမွာ အစိုးရဖက္ဒရယ္ေအဂ်င္စီမ်ား shutdownလုပ္ထားမႈ အဆုံးသတ္
ဂ်န္ဇက္(NP News) -ႏိုဝင္ဘာ ၁၀

အေမရိကန္ ႏိုင္ငံမွာ အစိုးရဖက္ဒရယ္ေအဂ်င္စီဌာနမ်ား shutdownလုပ္ထားမႈ အဆုံးသတ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံမွာ လႊတ္ေတာ္နဲ႔အစိုးရၾကား ဘတ္ဂ်က္အသုံးစရိတ္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အေမရိကန္သမၼတက ဖက္ဒရယ္႐ုံးမ်ားကို shutdown လုပ္ခဲ့ရာ လက္ရွိအခ်ိန္မွာ ရက္ေပါင္း ၄၀ ေက်ာ္လာၿပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ရီပတ္ဘလီကန္ ပါတီ အမတ္မ်ားနဲ႔ ဒီမိုကရက္တစ္ပါတီအမတ္မ်ားၾကား ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အစိုးရေတာင္းခံတဲ့ဘတ္ဂ်က္ေငြကိုခြင့္ျပဳေပးဖို႔ သေဘာတူညီခဲ့တယ္လို႔သိရပါတယ္။ လႊတ္ေတာ္အေနနဲ႔ ဖက္ဒရယ္ေအဂ်င္စီဌာနမ်ားကို ဇန္နဝါရီလအကုန္အထိ ကူညီေထာက္ပံ့ေငြမ်ား ကူညီေပးဖို႔ ခြင့္ျပဳသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံမွာ ရက္ေပါင္း ၄၀ ေက်ာ္ၾကာ အစိုးရဖက္ဒရယ္ေအဂ်င္စီဌာနမ်ား shutdownလုပ္ထားခဲ့ျခင္းေၾကာင့္ ေလဆိပ္မ်ား၊ အစားစာေပးေဝေရးလုပ္ငန္းမ်ားအပါအဝင္ လုပ္ငန္းမ်ား အဟန႔္ အတားျဖစ္ခဲ့ရၿပီး ဝန္ထမ္းေပါင္း ၁ ဒသမ ၆သန္းေက်ာ္အလုပ္ကိုင္အခြင့္လမ္း အခက္အခဲျဖစ္ခဲ့ရတယ္လို႔သိရပါတယ္။ လက္ရွိအခ်ိန္မွာ လႊတ္ေတာ္က ရန္ပုံေငြမ်ားျပန္လည္ခြင့္ျပဳေပးမယ့္ အစီအစဥ္ကို အေမရိကန္အစိုးရအဖြဲ႕ကိုယ္တိုင္ က လက္ခံႀကိဳဆိုခဲ့တယ္လို႔သိရပါတယ္။အထက္လႊတ္ေတာ္မွာ အစိုးရက shutdown လုပ္ကိုင္ထားမႈနဲ႔ပတ္သက္ၿပီး ရန္ပုံေငြေပးဖို႔ သင့္ မသင့္ကိုမဲခြဲဆုံးျဖတ္ခဲ့ရာ ၄၀ မဲ၊ ၆၀ မဲ နဲ႔ ခြင့္ျပဳမယ့္ဘက္က အႏိုင္ရခဲ့တယ္လို႔သိရပါတယ္။ အထက္လႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ ဂြၽန္ သူနီက ‘’ ရက္ေပါင္း ၄၀ၾကာ ၿပီးေနာက္ အစိုးရဖက္ဒရယ္ေအဂ်င္စီေတြ shutdown လုပ္ကိုင္ထားမႈ အဆုံးသတ္လိုက္တယ္။’’ လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.