အီရန်၏နျူကလီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြန်လည်စတင်ရန် ပါဝင်ပတ်သက်သူအားလုံးကို တရုတ်အစိုးရ တိုက်တွန်း

106

Pika (NP News) - နိုဝင်ဘာ ၉
အီရန်၏နျူကလီးယားကိစ္စရပ်များနှင့်ပတ်သက်သည့်ဆက်သွယ်မှုများကို ဆက်လက်ထိန်းသိမ်းရန်၊ ဆွေးနွေးမှုများ နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ပါတီအားလုံးက လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထုတ်ဖော်ပြောဆိုခဲ့သည်။
ဝမ်ယီသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီနှင့် ဖုန်းခေါ်မှုလုပ်ဆောင်စဉ်အချိန်အတွင်း ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝမ်ယီက “အီရန်ရဲ့နျူကလီးယားပြဿနာကို ဖြေရှင်းဖို့အတွက် လုပ်ဆောင်နေတဲ့ လက်ရှိနိုင်ငံရေးလမ်းစဉ်တွေက ရပ်တန့်နေပါပြီ။ အဲဒါက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဘုံအကျိုးစီးပွားအတွက် လုံးဝမဟုတ်ပါဘူး” ဟု ပြောခဲ့သည်။
ထို့ပြင် အီရန်၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခွင့်အပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှုကိုလည်း ဝမ်ယီက ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လိုချင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်(၃)ပတ်ခန့်အကြာ တွင် တရုတ်အစိုးရဘက်က ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်က “အီရန်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကိုယူနိုင်ရင် အရာအားလုံးက ပိုကောင်းသွားမှာ ပါ။ အီရန်ကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုချင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောခဲ့သည်။ ပြီးခဲ့သည့် ဇွန်လကဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အီရန်၏ နျူကလီးယားနေရာများကို အစ္စရေး၏ ဗုံးကြဲ တိုက်ခိုက်မှုများတွင် အမေရိကန်က ပူးပေါင်းပါဝင်ခဲ့ခြင်းကြောင့် အီရန်နှင့်အမေရိကန်ကြား လုပ်ဆောင်လျက်ရှိ သော နျူကလီးယားဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

Zawgyi Version;
အီရန္၏န်ဴကလီးယားအေရးႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားျပန္လည္စတင္ရန္ ပါဝင္ပတ္သက္သူအားလုံးကို တ႐ုတ္အစိုးရ တိုက္တြန္း
Pika (NP News) - ႏိုဝင္ဘာ ၉
အီရန္၏န်ဴကလီးယားကိစၥရပ္မ်ားႏွင့္ပတ္သက္သည့္ဆက္သြယ္မႈမ်ားကို ဆက္လက္ထိန္းသိမ္းရန္၊ ေဆြးေႏြးမႈမ်ား ႏွင့္ ေစ့စပ္ညႇိႏႈိင္းမႈမ်ား ျပန္လည္စတင္ရန္ ပါတီအားလုံးက လုပ္ေဆာင္လိမ့္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ဝမ္ယီသည္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီႏွင့္ ဖုန္းေခၚမႈလုပ္ေဆာင္စဥ္အခ်ိန္အတြင္း ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဝမ္ယီက “အီရန္ရဲ႕န်ဴကလီးယားျပႆနာကို ေျဖရွင္းဖို႔အတြက္ လုပ္ေဆာင္ေနတဲ့ လက္ရွိႏိုင္ငံေရးလမ္းစဥ္ေတြက ရပ္တန႔္ေနပါၿပီ။ အဲဒါက ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ဘုံအက်ိဳးစီးပြားအတြက္ လုံးဝမဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အီရန္၏ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳခြင့္အေပၚ တ႐ုတ္ႏိုင္ငံ၏ ေထာက္ခံမႈကိုလည္း ဝမ္ယီက ထပ္မံအတည္ျပဳေျပာၾကားခဲ့ေၾကာင္း သိရသည္။ အီရန္ႏွင့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို လိုခ်င္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္(၃)ပတ္ခန႔္အၾကာ တြင္ တ႐ုတ္အစိုးရဘက္က ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ေဒၚနယ္ထရမ့္က “အီရန္နဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကိုယူႏိုင္ရင္ အရာအားလုံးက ပိုေကာင္းသြားမွာ ပါ။ အီရန္ကလည္း ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို လိုခ်င္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” ဟု ေျပာခဲ့သည္။ ၿပီးခဲ့သည့္ ဇြန္လကျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ားအတြင္း အီရန္၏ န်ဴကလီးယားေနရာမ်ားကို အစၥေရး၏ ဗုံးႀကဲ တိုက္ခိုက္မႈမ်ားတြင္ အေမရိကန္က ပူးေပါင္းပါဝင္ခဲ့ျခင္းေၾကာင့္ အီရန္ႏွင့္အေမရိကန္ၾကား လုပ္ေဆာင္လ်က္ရွိ ေသာ န်ဴကလီးယားေဆြးေႏြးပြဲမ်ား ရပ္ဆိုင္းသြားခဲ့ေၾကာင္း သိရသည္။