ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွင် ဒေါ်လာ ၃၂သန်းထုတ်ရောင်းပေး

129

NP News ဩဂုတ် (၁၄) ရက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထုတ်ရောင်းပေးမည်ဟု ယနေ့ ဩဂုတ် ၁၃ ရက်တွင်ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁၃ ရက်နေ့က FX Market Online Trading Platform တွင် တစ်ဒေါ်လာ ၃၆၂၃ ကျပ်ဖြင့် ဈေးကွက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
ဗဟိုဘဏ်အနေဖြင့်လွန်ခဲ့သော ဇူလိုင်လတစ်လအတွင်းစက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁၅၃ သန်းထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ထားချက်များအရ သိရသည်။ဩဂုတ်လ ၁၃ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ (၁၅၅၃၁၄၀) ကိုလည်း စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် အမေရိကန်ဒေါ်လာ (၁၂၈၂၀၄၆) ကို CMP ကုမ္ပဏီများနှင့် Non-trade payment များအတွက် ရောင်းပေးထားကြောင်းသိရသည် ။ဗဟိုဘက်၏ အွန်လိုင်း FX Trading ဈေးကွက်အတွင်း သန့်စင်သကြား၊ ဆေးဝါးကုန်ကြမ်း၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ထွန်စက်၊မုယော၊သံမဏိ၊ ပိုးသတ်ဆေး၊ ကတ္တရာ၊တရိစ္ဆာန်အစာ၊အိမ်သုတ်ဆေးကုန်ကြမ်းများနှင့် စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ ဗဟိုဘဏ်ရောင်းချပေးသောနိုင်ငံခြားငွေကို ဝယ်ယူ ကြခြင်းဖြစ်သည်။ပြင်ပအမေရိကန်ဒေါ်လာပေါက်ဈေးများလည်းကျဆင်းနေပြိး တစ်ဒေါ်လာလျှင် (၄၃၉၀)ကျပ်မှ (၄၄၁၀)ကျပ် အတွင်းသာပေါက်ဈေးရှိကြောင်းဈေးကွက်အတွင်းမှသိရသည်။

Zawgyi Version:
ဗဟိုဘဏ္က စက္သုံးဆီလုပ္ငန္းရွင္မ်ားအတြင္ ေဒၚလာ ၃၂သန္းထုတ္ေရာင္းေပး
NP News ဩဂုတ္ (၁၄) ရက္
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က စက္သုံးဆီလုပ္ငန္းရွင္ေတြအတြက္ အေမရိကန္ေဒၚလာ ၃၂ သန္း ထုတ္ေရာင္းေပးမည္ဟု ယေန႔ ဩဂုတ္ ၁၃ ရက္တြင္ထုတ္ျပန္ထားသည္။
ၾသဂုတ္လ ၁၃ ရက္ေန႔က FX Market Online Trading Platform တြင္ တစ္ေဒၚလာ ၃၆၂၃ က်ပ္ျဖင့္ ေဈးကြက္အေရာင္းအဝယ္ျဖစ္ေနေၾကာင္းသိရသည္။
ဗဟိုဘဏ္အေနျဖင့္လြန္ခဲ့ေသာ ဇူလိုင္လတစ္လအတြင္းစက္သုံးဆီက႑အတြက္ အေမရိကန္ေဒၚလာ ၁၅၃ သန္းထုတ္ေရာင္းေပးထားေၾကာင္း ဗဟိုဘဏ္၏ ထုတ္ျပန္ထားခ်က္မ်ားအရ သိရသည္။ဩဂုတ္လ ၁၃ရက္ေန႔တြင္ ဗဟိုဘဏ္က အေမရိကန္ေဒၚလာ (၁၅၅၃၁၄၀) ကိုလည္း စားသုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ားႏွင့္ အေမရိကန္ေဒၚလာ (၁၂၈၂၀၄၆) ကို CMP ကုမၸဏီမ်ားႏွင့္ Non-trade payment မ်ားအတြက္ ေရာင္းေပးထားေၾကာင္းသိရသည္ ။ဗဟိုဘက္၏ အြန္လိုင္း FX Trading ေဈးကြက္အတြင္း သန႔္စင္သၾကား၊ ေဆးဝါးကုန္ၾကမ္း၊ ေဆးဝါး၊ လွ်ပ္စစ္ပစၥည္း၊ စက္မႈကုန္ၾကမ္း၊ ေဆာက္လုပ္ေရးပစၥည္း၊ ကား/ဆိုင္ကယ္အပိုပစၥည္း၊ ဆက္သြယ္ေရးပစၥည္း၊ ထြန္စက္၊မုေယာ၊သံမဏိ၊ ပိုးသတ္ေဆး၊ ကတၱရာ၊တရိစာၦန္အစာ၊အိမ္သုတ္ေဆးကုန္ၾကမ္းမ်ားႏွင့္ စားသုံးကုန္စည္တင္သြင္းသည့္ Importer မ်ားမွ ဗဟိုဘဏ္ေရာင္းခ်ေပးေသာႏိုင္ငံျခားေငြကို ဝယ္ယူ ၾကျခင္းျဖစ္သည္။ျပင္ပအေမရိကန္ေဒၚလာေပါက္ေဈးမ်ားလည္းက်ဆင္းေနၿပိး တစ္ေဒၚလာလွ်င္ (၄၃၉၀)က်ပ္မွ (၄၄၁၀)က်ပ္ အတြင္းသာေပါက္ေဈးရွိေၾကာင္းေဈးကြက္အတြင္းမွသိရသည္။