အိန္ဒိယဈေးကွက်မှ မြန်မာ့ငါးသလောက် များပိုမိုဝယ်ယူလိုဟုဆို

148

NP News ဩဂုတ် (၁၄)ရက်
အိန္ဒိယဈေးကွက်က မြန်မာ့ငါးသလောက်ကို ပိုမိုဝယ်ယူလိုကြောင်း ဈေးကွက်တောင်းဆိုမှုများ ပြုလုပ်လာကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာ့ငါးသလောက်ကို တရုတ်အပါအဝင် အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး စသည့် ဈေးကွက်တွေကို တင်ပို့နေခြင်းဖြစ်ရာ ယခုနောက်ပိုင်းမှာ အိန္ဒိယက ပိုမိုဝယ်ယူဖို့ ကမ်းလှမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယဈေးကွက်တွင်ယခင်က မြန်မာ့ငါးသလောက်ကို ဘင်္ဂလားဒေ့ရှ်မှ တင်ပို့သည့် ငါးသလောက်မျိုးများထက် အရည်အသွေးနိမ့်ကျသည်ဟု ယူဆခဲ့သော်လည်း လက်ရှိတွင် မြန်မာ့ငါးသလောက်၏အရည်အသွေးကောင်းမွန်မှုကို နှစ်ခြိုက်ကာ စားသုံးမှုများ ပိုမိုများပြားလာခြင်းဖြစ်သည်။
Times of India ၏ သတင်းဖေါ်ပြချက်အရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကိုလ်ကတ္တားမြို့မှ ငါးစားသုံးသူများသည် မြန်မာ့ငါးသလောက်ကို ရွေးချယ်ဝယ်ယူလာကြောင်း ဖော်ပြထားသည်။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ တန်ဖိုးကြီး ပတ်မာ (Padma) ငါးသလောက် တင်ပို့လာမှုအပေါ် စိတ်မချရခြင်းကြောင့် မြန်မာနှင့် ဂူဂျာရက် အမျိုးအစားများသို့ ပြောင်းလဲစားသုံးလာကြောင်းသိရသည်။
ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပကို မြန်မာ့ရေထွက်ကုန် ၈၂၇၇၃.၈၁၁ မက်ထရစ်တန်တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၉.၆၀၁ သန်း ရရှိထားထားကြောင်းသိရသည်။

Zawgyi Version:
အိႏၵိယေဈးကြက္မွ ျမန္မာ့ငါးသေလာက္ မ်ားပိုမိုဝယ္ယူလိုဟုဆို
NP News ဩဂုတ္ (၁၄)ရက္
အိႏၵိယေဈးကြက္က ျမန္မာ့ငါးသေလာက္ကို ပိုမိုဝယ္ယူလိုေၾကာင္း ေဈးကြက္ေတာင္းဆိုမႈမ်ား ျပဳလုပ္လာေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။
ျမန္မာ့ငါးသေလာက္ကို တ႐ုတ္အပါအဝင္ အိႏၵိယ၊ ထိုင္း၊ ဂ်ပန္၊ စင္ကာပူ၊ ယူေအအီး စသည့္ ေဈးကြက္ေတြကို တင္ပို႔ေနျခင္းျဖစ္ရာ ယခုေနာက္ပိုင္းမွာ အိႏၵိယက ပိုမိုဝယ္ယူဖို႔ ကမ္းလွမ္းလာျခင္းျဖစ္ေၾကာင္း သိရသည္။
အိႏၵိယေဈးကြက္တြင္ယခင္က ျမန္မာ့ငါးသေလာက္ကို ဘဂၤလားေဒ့ရွ္မွ တင္ပို႔သည့္ ငါးသေလာက္မ်ိဳးမ်ားထက္ အရည္အေသြးနိမ့္က်သည္ဟု ယူဆခဲ့ေသာ္လည္း လက္ရွိတြင္ ျမန္မာ့ငါးသေလာက္၏အရည္အေသြးေကာင္းမြန္မႈကို ႏွစ္ၿခိဳက္ကာ စားသုံးမႈမ်ား ပိုမိုမ်ားျပားလာျခင္းျဖစ္သည္။
Times of India ၏ သတင္းေဖၚျပခ်က္အရ အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္ ကိုလ္ကတၱားၿမိဳ႕မွ ငါးစားသုံးသူမ်ားသည္ ျမန္မာ့ငါးသေလာက္ကို ေ႐ြးခ်ယ္ဝယ္ယူလာေၾကာင္း ေဖာ္ျပထားသည္။
အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံဆက္ဆံေရး တင္းမာလာမႈေၾကာင့္ ဘဂၤလားေဒ့ရွ္၏ တန္ဖိုးႀကီး ပတ္မာ (Padma) ငါးသေလာက္ တင္ပို႔လာမႈအေပၚ စိတ္မခ်ရျခင္းေၾကာင့္ ျမန္မာႏွင့္ ဂူဂ်ာရက္ အမ်ိဳးအစားမ်ားသို႔ ေျပာင္းလဲစားသုံးလာေၾကာင္းသိရသည္။
ငါးလုပ္ငန္းဦးစီးဌာန၏ စာရင္းမ်ားအရ ယခုဘ႑ာႏွစ္ ပထမသုံးလပတ္အတြင္း ျပည္ပကို ျမန္မာ့ေရထြက္ကုန္ ၈၂၇၇၃.၈၁၁ မက္ထရစ္တန္တင္ပို႔ႏိုင္ခဲ့ၿပီး ပို႔ကုန္ဝင္ေငြ အေမရိကန္ေဒၚလာ ၁၁၉.၆၀၁ သန္း ရရွိထားထားေၾကာင္းသိရသည္။