အသက်(၂၂)နှစ်အောက်အမျိုးသားတွေ နိုင်ငံတွင်းကနေ ထွက်ခွါနိုင်ပြီလို့ ယူကရိန်းသမ္မတကြေညာ

 766

Pika(NP News)
အသက်(၂၂)နှစ်အောက်လူငယ်တွေကို နိုင်ငံတွင်းကနေထွက်ခွါခွင့်ပြုဖို့ ယူကရိန်းသမ္မတဇီလန်စကီးက အာဏာပိုင်တွေကို အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလှုပ်ရှားမှုဟာ အသက်(၁၈)နှစ်ကနေ အသက်(၆၀)နှစ်ကြားမှာရှိတဲ့ ယူကရိန်းအမျိုးသားအားလုံးကို နိုင်ငံခြားကိုခရီးသွားခွင့်ပိတ်ပင်ခဲ့တဲ့ ယူကရိန်းရဲ့စစ်အုပ်ချုပ်ရေးဆိုင်ရာမူဝါဒတွေကို သိသိသာသာပြောင်းလဲသွားစေခဲ့တယ်လို့လည်း သိရပါတယ်။အဲ့ဒီလှုပ်ရှားမှုဟာ ယူကရိန်းလူငယ်များစွာကို ၎င်းတို့ရဲ့မွေးရပ်မြေနဲ့ဆက်ဆံရေးတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ ခွင့်ပြုပေးသွားမယ့် အပြုသဘောဆောင်တဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ဇီလန်စကီးက”ယူကရိန်းလူငယ်တွေအတွက် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို ရိုးရှင်းအောင်လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို ကျွန်တော်အမိန့်ပေးထားပါတယ်။အသက်(၂၂)နှစ်အောက်လူငယ်တွေဟာ အဲ့ဒီကန့်သတ်ချက်တွေကို ရင်ဆိုင်ရမှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်မကြာခင်မှာပဲ ယူကရိန်းအစိုးရဟာ ခရီးသွားလာခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အသက္(၂၂)ႏွစ္ေအာက္အမ်ိဳးသားေတြ ႏိုင္ငံတြင္းကေန ထြက္ခြါႏိုင္ၿပီလို႔ ယူကရိန္းသမၼတေၾကညာ
Pika(NP News)
အသက္(၂၂)ႏွစ္ေအာက္လူငယ္ေတြကို ႏိုင္ငံတြင္းကေနထြက္ခြါခြင့္ျပဳဖို႔ ယူကရိန္းသမၼတဇီလန္စကီးက အာဏာပိုင္ေတြကို အမိန႔္ေပးခဲ့တယ္လို႔ သိရပါတယ္။အဲ့ဒီလႈပ္ရွားမႈဟာ အသက္(၁၈)ႏွစ္ကေန အသက္(၆၀)ႏွစ္ၾကားမွာရွိတဲ့ ယူကရိန္းအမ်ိဳးသားအားလုံးကို ႏိုင္ငံျခားကိုခရီးသြားခြင့္ပိတ္ပင္ခဲ့တဲ့ ယူကရိန္းရဲ႕စစ္အုပ္ခ်ဳပ္ေရးဆိုင္ရာမူဝါဒေတြကို သိသိသာသာေျပာင္းလဲသြားေစခဲ့တယ္လို႔လည္း သိရပါတယ္။အဲ့ဒီလႈပ္ရွားမႈဟာ ယူကရိန္းလူငယ္မ်ားစြာကို ၎တို႔ရဲ႕ေမြးရပ္ေျမနဲ႔ဆက္ဆံေရးေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔ ခြင့္ျပဳေပးသြားမယ့္ အျပဳသေဘာေဆာင္တဲ့ဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုျဖစ္တယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ဇီလန္စကီးက”ယူကရိန္းလူငယ္ေတြအတြက္ နယ္စပ္ျဖတ္ေက်ာ္မႈဆိုင္ရာလုပ္ထုံးလုပ္နည္းေတြကို ႐ိုးရွင္းေအာင္လုပ္ေဆာင္ဖို႔ အာဏာပိုင္ေတြကို ကြၽန္ေတာ္အမိန႔္ေပးထားပါတယ္။အသက္(၂၂)ႏွစ္ေအာက္လူငယ္ေတြဟာ အဲ့ဒီကန႔္သတ္ခ်က္ေတြကို ရင္ဆိုင္ရမွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။(၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္မၾကာခင္မွာပဲ ယူကရိန္းအစိုးရဟာ ခရီးသြားလာခြင့္ကို ပိတ္ပင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.