ရွေးကောက်ပွဲ မဖြစ်ရန် တစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း KNU ဥက္ကဋ္ဌပြောဆိုခြင်းအပေါ် နိုင်ငံရေးပါတီများမေးခွန်းထုတ်

 801

သန့်ဇင်(NP News)-ဩဂုတ် ၁၄
ရွေးကောက်ပွဲ မဖြစ်ရန် တစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း KNU ဥက္ကဋ္ဌပြောဆိုခြင်းအပေါ် နိုင်ငံရေးပါတီများမေးခွန်းထုတ် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများစုပေါင်းကာ “ရွေးကောက်ပွဲကပြည်သူ့အတွက်”ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ယနေ့((ဩဂုတ်လ ၁၄ရက်)၊ နံနက် ၉ နာရီခွဲအချိန်ခန်က ရန်မြို့ရှိ၊ Sky Star Hotelတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသားအကျိုး စီးပွားတိုးတက်ရေးပါတီနှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီအပြင် အခြားသော ပါတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် မီဒီယာများတက်ရောက်ခဲ့ကြောင်း သိရသည်။
လာမည့်ရွေးကောက်ပွဲသည် ဖြားယောင်းရန်နှင့် နိုင်ငံတကာ အသိမှတ်ပြုခံရခြင်းကြောင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံရေးပါတီများ၏ ကနဦးဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ မဖြစ်ရန် တစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း KNU ဥက္ကဋ္ဌက ပြောဆိုခြင်းအပေါ် နိုင်ငံရေးပါတီများက မေးခွန်းထုတ်ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လေ့လာမိသလောက် အမျိုးသားရေးဆိုတာက နိုင်ငံသားတစ်ယောက်က နိုင်ငံနဲ့နိုင်ငံသားတွေအတွက် သူ့စွမ်းအင်နဲ့အညီ ဆောင်ရွက်တဲ့တာဝန်ကို အမျိုးသားရေးတာဝန်လို့ ကျွန်တော်တို့ ဒီလိုလေ့လာမှတ်သားဖူးတယ်။ အဲဒီတော့ National interestကို စဉ်းစားတဲ့ အခါမှာ နိုင်ငံတော်ရဲ့တည်ငြိမ်ရေး၊ အေးချမ်းရေး၊ ငြိမ်းချမ်းရေးဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားရမယ်။ နောက်တစ် ချက်က အဲဒီအမျိုးသားရေးတာဝန်မှာ ပါရှိရမယ့် Factor Ruleတွေတည်ရှိရမယ်။ အဓိကနိုင်ငံချစ်စိတ်ရှိရမယ်တဲ့။ အခုပြောသွားတဲ့ပုဂ္ဂိုလ် သည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီးပြောသွားတာလား။ သူ့ပြည်နယ်အတွက်ကို မူတည်ပြီးပြောသွားတာလား”ဟု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီက ဆိုသည်။
ထို့ပြင် KNU ဥက္ကဋ္ဌက၏ အထက်ပါကဲ့သို့ ပြောဆိုခြင်းအပေါ် ရအမျိုးသားအကျိုး စီးပွားတိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးကလည်း ဆက်လက်မေးခွန်းထုတ်ပြောကြားခဲ့သည်။
“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတချို့ကဘာပြောလဲဆိုတော့ ဥပမာ ဟိုတစ်နေ့ကသတင်းတစ်ခုကိုဖက်လိုက်ရပါတယ်။ KNUခေါင်းဆောင် တစ်ဦးက ရွေးကောက်ပွဲကို မဖြစ်မနေဖျက်သင့်တယ်တဲ့။ မဖြစ်မနေဖျက်မယ်ဆိုတဲ့အခါကျတော့ အဲဒီမှာ ကျွန်မမေးခွန်းလေး မေးချင် ပါတယ်။ တပ်မတော်အုပ်ချုပ်နေတာကိုလည်းမကြိုက်ဘူး။ နောက်တစ်ခုက ရွေးကောက်ပွဲကျတော့လည်းမလုပ်ချင်ဘူး။ ရွေးကောက် ပွဲလမ်းစဉ်နဲ့မသွားချင်ရင် သူတို့တွေက ဘယ်လမ်းစဉ်နဲ့သွားချင်နေကြတာလဲ။ ဘာလုပ်ချင်တာလဲ။ ဘာဖြစ်ချင်တာလဲ။ အဲဒါလေးတွေကို ကျွန်မတို့ကမေးချင်ပါတယ်”ဟု အမျိုးသားအကျိုး စီးပွားတိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲ မျဖစ္ရန္ တစ္မ်ိဳးသားလုံးတြင္ တာဝန္ရွိေၾကာင္း KNU ဥကၠ႒ေျပာဆိုျခင္းအေပၚ ႏိုင္ငံေရးပါတီမ်ားေမးခြန္းထုတ္
သန႔္ဇင္(NP News)-ဩဂုတ္ ၁၄
ေ႐ြးေကာက္ပြဲ မျဖစ္ရန္ တစ္မ်ိဳးသားလုံးတြင္ တာဝန္ရွိေၾကာင္း KNU ဥကၠ႒ေျပာဆိုျခင္းအေပၚ ႏိုင္ငံေရးပါတီမ်ားေမးခြန္းထုတ္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေရးပါတီမ်ားစုေပါင္းကာ “ေ႐ြးေကာက္ပြဲကျပည္သူ႔အတြက္”ေခါင္းစဥ္ျဖင့္ သတင္းစာရွင္းလင္းပြဲအခမ္းအနားကို ယေန႔((ဩဂုတ္လ ၁၄ရက္)၊ နံနက္ ၉ နာရီခြဲအခ်ိန္ခန္က ရန္ၿမိဳ႕ရွိ၊ Sky Star Hotelတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သတင္းစာရွင္းလင္းပြဲအခမ္းအနားတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ရခိုင့္ဦးေဆာင္ပါတီ၊ အမ်ိဳးသားအက်ိဳး စီးပြားတိုးတက္ေရးပါတီႏွင့္ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ပါတီအျပင္ အျခားေသာ ပါတီဝင္မ်ား၊ ဖိတ္ၾကားထားသူမ်ားႏွင့္ မီဒီယာမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
လာမည့္ေ႐ြးေကာက္ပြဲသည္ ျဖားေယာင္းရန္ႏွင့္ ႏိုင္ငံတကာ အသိမွတ္ျပဳခံရျခင္းေၾကာင့္ က်င္းပျခင္းျဖစ္ေၾကာင္းလည္း KNU ဥကၠ႒က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ႏိုင္ငံေရးပါတီမ်ား၏ ကနဦးေဆြးေႏြးပြဲတြင္ ေ႐ြးေကာက္ပြဲ မျဖစ္ရန္ တစ္မ်ိဳးသားလုံးတြင္ တာဝန္ရွိေၾကာင္း KNU ဥကၠ႒က ေျပာဆိုျခင္းအေပၚ ႏိုင္ငံေရးပါတီမ်ားက ေမးခြန္းထုတ္ေျပာၾကားခဲ့သည္။
“ကြၽန္ေတာ္တို႔ ေလ့လာမိသေလာက္ အမ်ိဳးသားေရးဆိုတာက ႏိုင္ငံသားတစ္ေယာက္က ႏိုင္ငံနဲ႔ႏိုင္ငံသားေတြအတြက္ သူ႔စြမ္းအင္နဲ႔အညီ ေဆာင္႐ြက္တဲ့တာဝန္ကို အမ်ိဳးသားေရးတာဝန္လို႔ ကြၽန္ေတာ္တို႔ ဒီလိုေလ့လာမွတ္သားဖူးတယ္။ အဲဒီေတာ့ National interestကို စဥ္းစားတဲ့ အခါမွာ ႏိုင္ငံေတာ္ရဲ႕တည္ၿငိမ္ေရး၊ ေအးခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးဆိုတဲ့အခ်က္ေတြကို ထည့္သြင္းစဥ္းစားရမယ္။ ေနာက္တစ္ ခ်က္က အဲဒီအမ်ိဳးသားေရးတာဝန္မွာ ပါရွိရမယ့္ Factor Ruleေတြတည္ရွိရမယ္။ အဓိကႏိုင္ငံခ်စ္စိတ္ရွိရမယ္တဲ့။ အခုေျပာသြားတဲ့ပုဂၢိဳလ္ သည္ တစ္ႏိုင္ငံလုံးကို ကိုယ္စားျပဳၿပီးေျပာသြားတာလား။ သူ႔ျပည္နယ္အတြက္ကို မူတည္ၿပီးေျပာသြားတာလား”ဟု ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ဦးခင္ရီက ဆိုသည္။
ထို႔ျပင္ KNU ဥကၠ႒က၏ အထက္ပါကဲ့သို႔ ေျပာဆိုျခင္းအေပၚ ရအမ်ိဳးသားအက်ိဳး စီးပြားတိုးတက္ေရးပါတီမွ တာဝန္ရွိသူတစ္ဦးကလည္း ဆက္လက္ေမးခြန္းထုတ္ေျပာၾကားခဲ့သည္။
“ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးတခ်ိဳ႕ကဘာေျပာလဲဆိုေတာ့ ဥပမာ ဟိုတစ္ေန႔ကသတင္းတစ္ခုကိုဖက္လိုက္ရပါတယ္။ KNUေခါင္းေဆာင္ တစ္ဦးက ေ႐ြးေကာက္ပြဲကို မျဖစ္မေနဖ်က္သင့္တယ္တဲ့။ မျဖစ္မေနဖ်က္မယ္ဆိုတဲ့အခါက်ေတာ့ အဲဒီမွာ ကြၽန္မေမးခြန္းေလး ေမးခ်င္ ပါတယ္။ တပ္မေတာ္အုပ္ခ်ဳပ္ေနတာကိုလည္းမႀကိဳက္ဘူး။ ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲက်ေတာ့လည္းမလုပ္ခ်င္ဘူး။ ေ႐ြးေကာက္ ပြဲလမ္းစဥ္နဲ႔မသြားခ်င္ရင္ သူတို႔ေတြက ဘယ္လမ္းစဥ္နဲ႔သြားခ်င္ေနၾကတာလဲ။ ဘာလုပ္ခ်င္တာလဲ။ ဘာျဖစ္ခ်င္တာလဲ။ အဲဒါေလးေတြကို ကြၽန္မတို႔ကေမးခ်င္ပါတယ္”ဟု အမ်ိဳးသားအက်ိဳး စီးပြားတိုးတက္ေရးပါတီမွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.