နောက်တစ်ကြိမ်ဆွေးနွေးပွဲက ယူကရိန်းနဲ့ရုရှားသမ္မတတို့ကြား တွေ့ဆုံမှုဖြစ်လာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

 191

Pika(NP News)
ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကို စားပွဲဝိုင်းတစ်ခုတည်းကို ခေါ်ဆောင်လာဖို့ ရည်ရွယ်ထားတဲ့ ယူကရိန်းအရေးနဲ့ပတ်သက်တဲ့ နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတွေကို ကျင်းပဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လာမယ့်ဩဂုတ်လ(၁၅)ရက်နေ့မှာ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာကျင်းပမယ့် ပူတင်နဲ့တွေ့ဆုံမှုမတိုင်ခင် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်က”နောက်တစ်ကြိမ်တွေ့ဆုံမှုဟာ ဇီလန်စကီးနဲ့ပူတင် ဒါမှမဟုတ် ဇီလန်စကီး၊ပူတင်နဲ့ကျွန်တော်ပါဝင်မယ့် တွေ့ဆုံမှုဖြစ်လာပါလိမ့်မယ်။သူတို့လိုအပ်မယ်ဆိုရင် အဲ့ဒီတွေ့ဆုံမှုမှာ ကျွန်တော်ရှိနေမှာပါ။ဒါပေမယ့်လည်း ပူတင်နဲ့ဇီလန်စကီးတို့ နှစ်ယောက်စလုံးပါဝင်တဲ့ တွေ့ဆုံမှုတစ်ခုကို ကျွန်တော်လုပ်ချင်ပါသေးတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် လာမယ့်ဩဂုတ်လ(၁၅)ရက်နေ့မှာ ကျင်းပမယ့် ပူတင်နဲ့ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဇီလန်စကီးကို ဖိတ်ကြားထားတာမျိုးမရှိဘူးလို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”အဲ့ဒီဆွေးနွေးပွဲမှာ ဇီလန်စကီးပါမှာမဟုတ်ပါဘူး။ဇီလန်စကီးဟာ ဆွေးနွေးပွဲအများအပြားကိုသွားခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ေနာက္တစ္ႀကိမ္ေဆြးေႏြးပြဲက ယူကရိန္းနဲ႔႐ုရွားသမၼတတို႔ၾကား ေတြ႕ဆုံမႈျဖစ္လာလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News)
႐ုရွားသမၼတပူတင္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ကို စားပြဲဝိုင္းတစ္ခုတည္းကို ေခၚေဆာင္လာဖို႔ ရည္႐ြယ္ထားတဲ့ ယူကရိန္းအေရးနဲ႔ပတ္သက္တဲ့ ေနာက္ထပ္ထိပ္သီးေဆြးေႏြးပြဲေတြကို က်င္းပဖို႔ စီစဥ္ေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။လာမယ့္ဩဂုတ္လ(၁၅)ရက္ေန႔မွာ အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္မွာက်င္းပမယ့္ ပူတင္နဲ႔ေတြ႕ဆုံမႈမတိုင္ခင္ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ေဒၚနယ္ထရမ့္က”ေနာက္တစ္ႀကိမ္ေတြ႕ဆုံမႈဟာ ဇီလန္စကီးနဲ႔ပူတင္ ဒါမွမဟုတ္ ဇီလန္စကီး၊ပူတင္နဲ႔ကြၽန္ေတာ္ပါဝင္မယ့္ ေတြ႕ဆုံမႈျဖစ္လာပါလိမ့္မယ္။သူတို႔လိုအပ္မယ္ဆိုရင္ အဲ့ဒီေတြ႕ဆုံမႈမွာ ကြၽန္ေတာ္ရွိေနမွာပါ။ဒါေပမယ့္လည္း ပူတင္နဲ႔ဇီလန္စကီးတို႔ ႏွစ္ေယာက္စလုံးပါဝင္တဲ့ ေတြ႕ဆုံမႈတစ္ခုကို ကြၽန္ေတာ္လုပ္ခ်င္ပါေသးတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ လာမယ့္ဩဂုတ္လ(၁၅)ရက္ေန႔မွာ က်င္းပမယ့္ ပူတင္နဲ႔ထိပ္သီးေဆြးေႏြးပြဲမွာ ပါဝင္ဖို႔ ဇီလန္စကီးကို ဖိတ္ၾကားထားတာမ်ိဳးမရွိဘူးလို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”အဲ့ဒီေဆြးေႏြးပြဲမွာ ဇီလန္စကီးပါမွာမဟုတ္ပါဘူး။ဇီလန္စကီးဟာ ေဆြးေႏြးပြဲအမ်ားအျပားကိုသြားခဲ့ေပမယ့္ ဘာမွျဖစ္မလာခဲ့ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.