သဘာဝဘေးကြောင့် ယခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ချင်း(ဂျင်း)ခြောက်တင်ပို့မှု ကျဆင်းခဲ့

 105

စော (NP News)ဩဂုတ် ၁၄

ဝယ်လက်ရှိသော်လည်း သဘာဝဘေး ကြောင့် ယခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ချင်း(ဂျင်း)ခြောက် တင်ပို့မှု ကျဆင်းခဲ့ကြောင်း မြပုဏ္ဏမာ ပွဲရုံပိုင်ရှင် ဦးဟိန်းထိုက်အောင်က NP News ကိုပြောသည်။
အဆိုပါ ချင်းခြောက်ကို အိန္ဒိယနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE)နိုင်ငံရှိ ဒူဘိုင်း နှင့် ကာတာနိုင်ငံတို့သို့ တစ်နှစ်လျှင် တန်ချိန် (၅၀)မှ (၁၀ဝ)နီးပါး တင်ပို့ရကြောင်း သိရသည်။
“တချို့ကျတော့ အမှုန့်ပြန်လုပ်ပြီးစား တာရှိတယ်။ တချို့ကျတော့ ချင်းအမှုန့်ကိုပဲ ကော်ဖီနဲ့တွဲ သောက်တာတွေရှိတယ်။ ချင်းကော်ဖီ၊ ချင်း Tea ပေါ့။ Food ထဲမှာ ပြန်ထည့်တာတွေရှိတယ်။ တကယ်လို့ အရည်အသွေးနည်းနည်းညံ့တယ်ဆိုရင် စားသောက်ကုန်မဟုတ်ဘဲ တိရစ္ဆာန်စားသောက် ကုန်ထဲပြန် ထည့်တာရှိတယ်။ အသုံးပြုတာကျတော့ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး”ဟု ၎င်းက ပြောသည်။ ပြည်ပနိုင်ငံများကို ချင်းအစိမ်းတင်ပို့ရာတွင် လမ်းခရီးကြန့်ကြာမှုကြောင့် အပင်ပေါက်လာ၍ ချင်း အရည် အသွေးကျဆင်းသွားသည့်အတွက် ချင်း လှီးခြောက်၊ ချင်းအမှုန့်တို့ ပြုလုပ်ကာ တင်ပို့ခြင်းဖြစ်ကြောင်း သိ ရသည်။
“ပြီးခဲ့တဲ့နှစ်ကဆိုရင် ချင်းကပုံမှန်ပဲရှိတယ်။ နိုင်ငံတကာမှာလည်း ချင်းကရှိပြီးသားဖြစ်တဲ့အ တွက် အဓိက အိန္ဒိယ၊ တရုတ် ဖြစ်တဲ့အတွက် သူတို့ဆီကလည်း ချင်းကထွက်နေတယ်။ ပြီးခဲ့တဲ့ နှစ်က မြန်မာက ချင်းတွေတော်တော်လေး ရှားသွား တယ်။ ရှားသွားတဲ့ဟာက တစ်ဖက်မှာလည်း Demand က နည်းတာကြောင့် နောက်ပြီးတော့ ဒီဘက်က မြန်မာပြည်ထဲမှာလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ ချင်းထွက်တဲ့ဒေသမှာ ရေကြီးသွား တဲ့အတွက် ချင်းထွက်တဲ့နှုန်းက နည်းသွားတယ်။ နည်းသွားတဲ့အတွက် တင်ပို့မှုနည်းနည်းကျသွား တာလည်းရှိပါတယ်။ ဒီနှစ်ပေါ့။ ချင်းထွက်တဲ့ ရာသီက (၃)လပိုင်း၊ (၄)လပိုင်း ချင်း တကယ်တူးတဲ့ ရာသီပေါ့ နော်။ အဲဒီရာသီမတိုင်ခင်မှာ မိုးတအား ရွာသွားတဲ့အတွက် ချင်းတွေပုပ် သွားတယ်”၎င်းက ဆက်လက်ပြောသည်။
ချင်းကို အေးမြပြီးခြောက်သွေ့သော ရာသီဥတုတွင် စိုက်ပျိုးနိုင်သည့်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ အောင်ပန်း၊ ဟဲဟိုး၊ တောင်ကြီးအပါအဝင် ပြင်ဦးလွင်တို့တွင် စိုက်ပျိုးလေ့ရှိပြီး အညာ ဘက်ဒေသများတွင်လည်း စိုက်ပျိုးလေ့ရှိကြောင်း ၎င်းကဆိုသည်။
“(၂၀၂၅) ခုနှစ် လေးလပိုင်း ငါးလပိုင်း မှာ ရှားသွားတာဖြစ်တဲ့အတွက် (၂၀၂၃)နဲ့ (၂၀၂၄)တင်ပို့မှုက တော့ ပိုပြီးတော့ ပိုများတာပေါ့။ တင်ပို့မှုက ကျွန်‌တော်တို့ ကုမ္ပဏီအနေနဲ့ (၄၀)ရာခိုင်နှုန်းလောက် နည်း သွားတာပေါ့။ နောက်ပြီးတော့ တစ်ဖက်ကလည်း ပုံမှန်ဝယ်နေတဲ့ ကာစတန်မာတွေကလည်း Inquiry တောင်းတဲ့အခါကျရင် ဈေးနှုန်းက ဒီမှာပေးနိုင်တဲ့ဈေးနှုန်းသင့်တင်ရင်တောင်မှ လိုချင်တဲ့ Volume လို့ခေါ် တဲ့ ကုန်ပစ္စည်းရဲ့ ပမာဏကိုလည်း မပေးနိုင်တာဖြစ်တဲ့အတွက် ဈေးရောင်းလို့ မနိုင်ဘူးဖြစ်တာပေါ့။ ကာ စတန်မာက လိုချင်တဲ့ဟာက တန် (၁၀ဝ)လိုချင်ပေမယ့် ကျွန်တော်တို့ပေးနိုင်တာက တန်(၃၀)ဖြစ်တဲ့အ တွက် မပေးနိုင်လို့ cancel ဖြစ်သွားတာလည်းရှိတာပေါ့။ ရာသီဥတုအခြေအနေနဲ့ ချင်းစိုက်ခင်းတွေ ပျက် စီးသွားတာ မူတည်ပြီးတော့ Market အပြောင်းအလဲဖြစ်သွားတဲ့သဘောမျိုးပေါ့”ဟု ၎င်းက ဆက်လက် ပြောသည်။
ချင်းခြောက်ကို ချင်းလက်ဖက်၊ နေကြာစေ့ လှော်တွင် ထည့်သုံးသော်လည်း ပြည်တွင်းတွင် အသုံး ပြုမှုနည်းပါးကြောင်း ၎င်းကဆိုသည်။

Zawgyi Version:
သဘာဝေဘးေၾကာင့္ ယခုႏွစ္တြင္ ျပည္ပႏိုင္ငံမ်ားသို႔ ခ်င္း(ဂ်င္း)ေျခာက္တင္ပို႔မႈ က်ဆင္းခဲ့
ေစာ (NP News)ဩဂုတ္ ၁၄

ဝယ္လက္ရွိေသာ္လည္း သဘာဝေဘး ေၾကာင့္ ယခုႏွစ္တြင္ ျပည္ပႏိုင္ငံမ်ားသို႔ ခ်င္း(ဂ်င္း)ေျခာက္ တင္ပို႔မႈ က်ဆင္းခဲ့ေၾကာင္း ျမပုဏၰမာ ပြဲ႐ုံပိုင္ရွင္ ဦးဟိန္းထိုက္ေအာင္က NP News ကိုေျပာသည္။
အဆိုပါ ခ်င္းေျခာက္ကို အိႏၵိယႏိုင္ငံ၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုႏိုင္ငံ(UAE)ႏိုင္ငံရွိ ဒူဘိုင္း ႏွင့္ ကာတာႏိုင္ငံတို႔သို႔ တစ္ႏွစ္လွ်င္ တန္ခ်ိန္ (၅၀)မွ (၁၀ဝ)နီးပါး တင္ပို႔ရေၾကာင္း သိရသည္။
“တခ်ိဳ႕က်ေတာ့ အမႈန႔္ျပန္လုပ္ၿပီးစား တာရွိတယ္။ တခ်ိဳ႕က်ေတာ့ ခ်င္းအမႈန႔္ကိုပဲ ေကာ္ဖီနဲ႔တြဲ ေသာက္တာေတြရွိတယ္။ ခ်င္းေကာ္ဖီ၊ ခ်င္း Tea ေပါ့။ Food ထဲမွာ ျပန္ထည့္တာေတြရွိတယ္။ တကယ္လို႔ အရည္အေသြးနည္းနည္းညံ့တယ္ဆိုရင္ စားေသာက္ကုန္မဟုတ္ဘဲ တိရစာၦန္စားေသာက္ ကုန္ထဲျပန္ ထည့္တာရွိတယ္။ အသုံးျပဳတာက်ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္မတူၾကဘူး”ဟု ၎က ေျပာသည္။ ျပည္ပႏိုင္ငံမ်ားကို ခ်င္းအစိမ္းတင္ပို႔ရာတြင္ လမ္းခရီးၾကန႔္ၾကာမႈေၾကာင့္ အပင္ေပါက္လာ၍ ခ်င္း အရည္ အေသြးက်ဆင္းသြားသည့္အတြက္ ခ်င္း လွီးေျခာက္၊ ခ်င္းအမႈန႔္တို႔ ျပဳလုပ္ကာ တင္ပို႔ျခင္းျဖစ္ေၾကာင္း သိ ရသည္။
“ၿပီးခဲ့တဲ့ႏွစ္ကဆိုရင္ ခ်င္းကပုံမွန္ပဲရွိတယ္။ ႏိုင္ငံတကာမွာလည္း ခ်င္းကရွိၿပီးသားျဖစ္တဲ့အ တြက္ အဓိက အိႏၵိယ၊ တ႐ုတ္ ျဖစ္တဲ့အတြက္ သူတို႔ဆီကလည္း ခ်င္းကထြက္ေနတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ျမန္မာက ခ်င္းေတြေတာ္ေတာ္ေလး ရွားသြား တယ္။ ရွားသြားတဲ့ဟာက တစ္ဖက္မွာလည္း Demand က နည္းတာေၾကာင့္ ေနာက္ၿပီးေတာ့ ဒီဘက္က ျမန္မာျပည္ထဲမွာလည္း ရွမ္းျပည္နယ္ (ေတာင္ပိုင္း)တို႔ ခ်င္းထြက္တဲ့ေဒသမွာ ေရႀကီးသြား တဲ့အတြက္ ခ်င္းထြက္တဲ့ႏႈန္းက နည္းသြားတယ္။ နည္းသြားတဲ့အတြက္ တင္ပို႔မႈနည္းနည္းက်သြား တာလည္းရွိပါတယ္။ ဒီႏွစ္ေပါ့။ ခ်င္းထြက္တဲ့ ရာသီက (၃)လပိုင္း၊ (၄)လပိုင္း ခ်င္း တကယ္တူးတဲ့ ရာသီေပါ့ ေနာ္။ အဲဒီရာသီမတိုင္ခင္မွာ မိုးတအား ႐ြာသြားတဲ့အတြက္ ခ်င္းေတြပုပ္ သြားတယ္”၎က ဆက္လက္ေျပာသည္။
ခ်င္းကို ေအးျမၿပီးေျခာက္ေသြ႕ေသာ ရာသီဥတုတြင္ စိုက္ပ်ိဳးႏိုင္သည့္အတြက္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)ရွိ ေအာင္ပန္း၊ ဟဲဟိုး၊ ေတာင္ႀကီးအပါအဝင္ ျပင္ဦးလြင္တို႔တြင္ စိုက္ပ်ိဳးေလ့ရွိၿပီး အညာ ဘက္ေဒသမ်ားတြင္လည္း စိုက္ပ်ိဳးေလ့ရွိေၾကာင္း ၎ကဆိုသည္။
“(၂၀၂၅) ခုႏွစ္ ေလးလပိုင္း ငါးလပိုင္း မွာ ရွားသြားတာျဖစ္တဲ့အတြက္ (၂၀၂၃)နဲ႔ (၂၀၂၄)တင္ပို႔မႈက ေတာ့ ပိုၿပီးေတာ့ ပိုမ်ားတာေပါ့။ တင္ပို႔မႈက ကြၽန္‌ေတာ္တို႔ ကုမၸဏီအေနနဲ႔ (၄၀)ရာခိုင္ႏႈန္းေလာက္ နည္း သြားတာေပါ့။ ေနာက္ၿပီးေတာ့ တစ္ဖက္ကလည္း ပုံမွန္ဝယ္ေနတဲ့ ကာစတန္မာေတြကလည္း Inquiry ေတာင္းတဲ့အခါက်ရင္ ေဈးႏႈန္းက ဒီမွာေပးႏိုင္တဲ့ေဈးႏႈန္းသင့္တင္ရင္ေတာင္မွ လိုခ်င္တဲ့ Volume လို႔ေခၚ တဲ့ ကုန္ပစၥည္းရဲ႕ ပမာဏကိုလည္း မေပးႏိုင္တာျဖစ္တဲ့အတြက္ ေဈးေရာင္းလို႔ မႏိုင္ဘူးျဖစ္တာေပါ့။ ကာ စတန္မာက လိုခ်င္တဲ့ဟာက တန္ (၁၀ဝ)လိုခ်င္ေပမယ့္ ကြၽန္ေတာ္တို႔ေပးႏိုင္တာက တန္(၃၀)ျဖစ္တဲ့အ တြက္ မေပးႏိုင္လို႔ cancel ျဖစ္သြားတာလည္းရွိတာေပါ့။ ရာသီဥတုအေျခအေနနဲ႔ ခ်င္းစိုက္ခင္းေတြ ပ်က္ စီးသြားတာ မူတည္ၿပီးေတာ့ Market အေျပာင္းအလဲျဖစ္သြားတဲ့သေဘာမ်ိဳးေပါ့”ဟု ၎က ဆက္လက္ ေျပာသည္။
ခ်င္းေျခာက္ကို ခ်င္းလက္ဖက္၊ ေနၾကာေစ့ ေလွာ္တြင္ ထည့္သုံးေသာ္လည္း ျပည္တြင္းတြင္ အသုံး ျပဳမႈနည္းပါးေၾကာင္း ၎ကဆိုသည္။

Related news

© 2021. All rights reserved.