သူတို့သာ ပွင့်ပွင့်လင်းလင်းဖွင့်ပေးရင် လူ (၂) သိန်းကျော် ရှိတယ်

 555

Pearl (NP News)
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့လုပ်သားစေလွှတ်ရာတွင် အသက် (၁၈ - ၃၅) နှစ် အတွင်းရှိ လုပ်သားစေလွှတ်ခြင်းကို ကန့်သတ်ထားသည်။ ထို့ပြင် ထိုင်းနိုင်ငံကဲ့သို့ လုပ်ခစာနည်းပါး သော နိုင်ငံများသို့စေလွှတ်ရန် Demand တစ်စောင်လျှင် လုပ်သား (၅၀)အထိ ခွင့်ပြုပေးထားသော်လည်း အလုပ်သမားဥပဒေခိုင်မာသော ၊ လုပ်ခလစာများသော ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်ရာတွင် Demand တစ်စောင်လျှင် လုပ်သား (၁၅) ဦးသာ ခွင့်ပြုပေးထားကြောင်း သိရသည်။ ဂျပန်နိုင်ငံမှအလုပ် ခေါ်စာများ သည် အလုပ်ရှင် မတူညီမှု၊ လုပ်ငန်းအမျိုးအစားမတူညီမှု၊ လုပ်ခလစာမတူညီမှု၊ နေရာဒေသမတူညီမှုများ ကြောင့် Demand တစ်စောင်ထဲ၌ အထက်ပါကဲ့သို့ လုပ်သားဦးရေ (၁၅)ဦးသာ သတ်မှတ်ထားခြင်းမှာ အခက်အခဲများစွာရှိနေကြောင်းလည်း သိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ကိုင်သူများနှင့် ကျော်နုတို့ဆွေးနွေးထားချက်များကို NP News က ကောက်နုတ်ဖော်ပြအပ်ပါသည်။

(ယခင်တစ်ပတ်မှအဆက်)

မေး- အခုနိုင်ငံတော်က တရားဝင်ပို့တာတွေအပြင် ထိုင်းကိုကျတော့ ဒလဟောဝင်နေတာ။ ထိုင်းမှာ လည်း (၅)သန်း၊ (၆)သန်းဖြစ်နေပြီ။ ထိုင်းက သိပ်ပြီး မြန်မာ နဲ့ ဝင်ငွေကွာဟတာလည်းမဟုတ်ဘူး။ ဒါပေမဲ့ ထိုင်း ကိုကျတော့ ဒလဟောခွင့်ပြုပေးနေတာဖြစ်တယ်။ ကိုရီးယား၊ ဂျပန်တို့လို ဝင်ငွေကောင်းတဲ့နိုင်ငံတွေ ကျ တော့ ကန့်သတ်ထားတော့ စနစ်တကျစီမံခန့်ခွဲမှုက အားနည်းနေတာလား။
ဆွေးနွေးဖော် - အဲဒါကြောင့်လည်း အေဂျင်စီတွေအကုန်လုံးက သူတို့ကိုတိုက်တွန်းတာပေါ့။ ဂျပန်လို နိုင်ငံ မျိုး။ အထူးသဖြင့် training လုပ်သားမပြောလိုဘူး။ နည်းပညာ Skillful Worker တွေက အရင်လိုလည်း (၃)နှစ်မဟုတ်တော့ဘူး။ (၅) နှစ် ဗီဇာရတယ်။ အဲဒီ(၅)နှစ်ကို နောက်ထပ်စာမေးပွဲထပ်ဖြေရင် (၁၀) နှစ်ရ တယ်။ သူတို့ ဟိုမှာအလုပ်တွေ အများကြီးလုပ်လို့ ပိုက်ဆံတွေအများကြီးရရင် ဒီကိုအများ ကြီးပို့နိုင်မယ်။ တစ်ချိန်သူပြန်လာရင် သူ့ဆီကပါလာမယ့်နည်းပညာတွေအများကြီးပြန်အသုံးချလို့ရတယ်။ ဒါပေမဲ့ ဂျပန်၊ ကိုရီးယားတွေကို ပိုလွှတ်ပေးပြီးခွင့်ပြုပေးရမယ့်အစား ဘာကြောင့်လဲတော့ မသိဘူး။ ထိုင်းနိုင်ငံကို (၅၀) သတ်မှတ်ထားတယ်။ သူတို့လည်း ကျွန်တော်တို့လိုပဲဖြစ်မှာပါ။ လုပ်ငန်းတစ်ခု၊ ကုမ္ပဏီ တစ်ခု De­mand တစ်စောင်ကို လူ (၅၀)။ ဒါပေမဲ့ဂျပန်ကို လူ (၁၅) ယောက်လို့သတ်မှတ်ထားပေမယ့် အများကြီးပဲ တစ်လ ကို ပို့စမ်းပါ(၁၅)ယောက်။ ပြဿနာက De­mandကလည်း တစ်စောင်တည်း။ ကုမ္ပဏီကလည်း တူရမယ်။ လုပ်ငန်းအမျိုးအစားကလည်း တူရမယ်ဆိုတော့ ဂျပန်မှာ အဲဒါမျိုး မရှိဘူး။ လူ (၁၅)ယောက်ပို့ဆိုလည်းရ တယ်။ ကုမ္ပဏီတူ လုပ်ငန်းတူမဟုတ်ဘူး။ အဲဒါမျိုးကို လက်ခံတယ်ဆိုရင်တောင် နည်းနည်းလေး တော် သေး။ ကုမ္ပဏီကွဲတယ်။ လုပ်ငန်းကွဲတယ်။ လူကတော့ (၁၅)ယောက် ပဲ။ အဲဒါ ဆို လူ (၁၅)ယောက်ပို့ဆိုရင် (၁၅)ယောက်ပဲပို့မှာ။ တခြားကန့်သတ်ချက်တွေတော့ မထည့်သင့်ဘူး။ အဲဒါမှလည်း ဒီမှာရှိနေတဲ့ နှစ် ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီးတော့စာသင်ခဲ့တဲ့ ပိုက်ဆံ‌တွေ၊ ချေးပြီးတော့ အတိုးတွေနဲ့နစ်နေတဲ့ ဒီကလေး တွေရဲ့အနာဂတ်အတွက် အဆင်ပြေမှာ။ ရင်းနှီးမြှုပ်နှံထားတာ မနည်းဘူး။ အခုဆို N3 အောင်မှ ဆိုတာ ဖြစ်လာတာ။ အရင်က N4 ။ ကလေးတွေက တကယ့် တကယ် Skillful မဟုတ်ဘူး။ ကျောင်းမှာက ရေးပဲ ဖြေရတာလေ။ စာဖတ်တတ်တယ်။ အဲဒီတော့ သူတို့ မထွက်ခင် အနည်းဆုံး (၆)လလောက် Camp ဝင်ရ တယ်။ အနည်းဆုံး စားသောက်ဆိုင်ဆို စားသောက် ဆိုင်၊ ဘိုးဘွားစောင့်ရှောက်ဆို ဘိုးဘွားစောင့်ရှောက် အကုန်သင်ရတာ။
မေး - ဖိလစ်ပိုင်တို့ဘာတို့မှာ စာမေးပွဲသွားဖြေရတာမျိုးတွေကျတော့ လက်ရှိအခြေအနေက ဘယ်လိုလဲ။
ဆွေးနွေးဖော် - အဲဒီကိစ္စကိုလည်း ပြောချင်နေတာ။ အစဖော်ပေးတော့လည်း ပြောရမှာပေါ့။ ကျွန်တော် တို့နိုင်ငံမှာ ကျွမ်းကျင်ဆိုပြီးတော့ ဂျပန်က အမျိုးအစား(၁၁)မျိုးခေါ်တယ်။ အဲဒါတွေက စာမေးပွဲဖြေပြီးမှ အောင်မှသွားလို့ရတဲ့အလုပ်တွေ။ အောင်လက်မှတ် မရှိရင်လွှတ်လို့မရဘူး။ အဲဒီစာမေးပွဲတွေကို ဘယ်လို ဖြေရလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဖြေခွင့်ရတာ (၅)မျိုးပဲရှိတယ်။ အခုဆိုရင် (၁၄)မျိုးဖြစ်သွားပြီ သူ တို့နိုင်ငံမှာ။ အဲဒီတော့ (၅)မျိုးပဲ ကိုယ့်နိုင်ငံကို လာပြီးတော့ကျင်းပတယ်။ ဖြေပေးရတယ်။ ဘာတွေလဲဆို တော့ စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ ဘိုးဘွားစောင့်ရှောက် ဖြေလို့ရတယ်။ အရင်တုန်းက စားပွဲထိုးလိုမျိုးပေါ့။ အရင်တုန်းက အဲဒီ(၃)မျိုးကို ကျင်းပပေးတယ်။ နောက်ပိုင်း ဟိုတယ်ဝန်ဆောင်မှုနဲ့ဆောက်လုပ်ရေး။ အဲဒီ (၅) ခုကို ဖြေလို့ရတယ်။ အဲဒါကြောင့် ဆောက်လုပ်ရေး၊ သန့်ရှင်းရေးက အခုရသွားပြီ။ အရင်က ထိုင်း မှာ သွား ဖြေရတာ။ အဲဒီတော့ ကလေးတွေက ဘာလုပ်လဲဆိုတော့ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နိုင်ငံအ လိုက် သွားဖြေရတာ။ PV နဲ့ပဲသွားသွား။ PJ နဲ့ပဲသွားသွား။ သွားဖြေရတယ် ခွင့်ပြုပေးတယ်။ နောက်ပိုင်း ကျတော့ တစ်ဆင့်ပိတ်တယ်။ PJ သမားကို ခွင့်မပြုတော့ဘူး။ PJ သမားသွားဖြေချင်ရင် အေဂျင်စီက တစ် ဆင့် သွားရတယ်။ ထောက်ခံချက်နဲ့ ယာယီ OWIC ကတ်နဲ့။သွားဖြေပြီးပြန်လာရင် ကတ်ပြန်အပ်။ အဲဒါကို လည်း အေဂျင်စီက (၁၀ဝ)ရာခိုင်နှုန်း တာဝန်ယူရတယ်။ သွားဖြေပြီးရင် တတိယ နိုင်ငံကိုသွားရင် အေဂျင် စီ လိုင်စင်သိမ်းခံရမှာ။ အေဂျင်စီကလည်း မလုပ်ရဲဘူး။ လူပေါင်းများစွာ သွားဖြေတယ်။ တစ်ယောက်မှ အမှားမဖြစ်ခဲ့ဘူး။ အကုန်ပြန်လာတယ်။ ဂျပန်သွားမယ့်ကလေးသည် ဘယ်နိုင်ငံမှ မသွားဘူး။ အောက် လမ်းက သွားလည်းမရဘူး။ ဟိုက ကျွန်းနိုင်ငံလေ။ သူတို့သည် လက်မှတ်ယူလာတယ်။ ပြီးရင် အင်တာဗျူး ပြန်ဝင်။ အောင်ပြီးတော့မှ တရားဝင်လမ်းကြောင်းနဲ့သွားရတယ်။ အရင်က ‌အေဂျင်စီတွေကို ခွင့်ပြုပေး သေးတယ်။ နောက်တစ်ဆင့် ထပ်ကြပ်တယ်။ အေဂျင်စီတွေ ကို Demand တင်ရမယ်တို့။ ရှင်းရှင်းပြောရ ရင် အေဂျင်စီတွေသည် အလုပ်လာလို့တင်သလိုများ။ စာမေးပွဲသွားဖြေမယ့်ကလေးတွေကို Demand တင် ပြီးတော့ဖြေဖို့ကြပ်တယ်။ မြန်မာနိုင်ငံက ကလေးတွေသည် လက်မှတ်စုံမှ အင်တာဗျူးဖြေလို့ရမယ်။ ဂျပန် လည်း ဒီကလေးကို လက်မှတ်စုံမှ Pass ပေးတယ်။ ဒီကလေးသည် လက်မှတ်မစုံဘဲ Pass ပေးလိုက်ရင် သူတို့အတွက် အချိန်ပေးရမယ်။ လူထပ်ပြောင်းရမယ်။ သူတို့အလုပ်ရှုပ်တယ်။ သူတို့ က Demand အရင် မပေးဘူး။ လက်မှတ်အရင်လာ။ ဂျပန်မှာ နောက်ထပ်လုပ်ငန်းတစ်မျိုး လုပ်သားခေါ်တာများတဲ့လုပ်ငန်း ကုန်ထုတ်လုပ်ငန်း။ အဲဒီလုပ်ငန်းအတွက် ကုန်ထုတ် လုပ်ငန်းဆိုပြီး ဖြေရတယ်။ အဲဒီ လုပ်ငန်းအတွက် စာမေးပွဲက မြန်မာပြည်မှာမရှိဘူး။ အများဆုံးက ဖိလစ်ပိုင်နဲ့ဗီယက်နမ်မှာ သွားဖြေရတယ်။ ဖိလစ်ပိုင်မှာ ဖြေကြတာများတယ်။ အင်ဒိုနီးရှားလည်း သွားတယ်။ အေဂျင်စီရဲ့ထောက်ခံချက်နဲ့။ အဲဒါကိုကန့်သတ် တယ်။ အခုနောက်ပိုင်း PV နဲ့လည်း ပေးမဖြေတော့ဘူး။ အခုဟာက ပထမဦးဆုံးထွက် မယ့်လူတွေမှာ PV တွေ ဘယ်လောက်ပေါက်လဲဆိုတော့ စရဖ မှာ (၄၀)ပေါက်နေတယ်။ ခရီးသွားမယ် ဆိုရင်တောင် လေဆိပ် ကတက်ပြီး လဝက ဝင်တဲ့ရှေ့မှာ စပြီးတော့ တားပြီ။ တားပြီးတော့ လမ်းကြောင်း အရင်ခင်းထား။ ခင်း မထားရင် အဲဒီနေရာ သွားညှိလည်းမရဘူး။ ကြားထဲက အေးဂျင့်နဲ့ပေါ့။ လမ်းကြောင်းရှိတယ်။ အခု လော လောဆယ် (၄၀) ပေါက်တယ်။ ဘယ်လိုခွဲယူလဲ မသိဘူး။ တာချီလိတ် လမ်း ကြောင်းကလည်း တစ်ပတ် လောက်တော့ပိတ်လိုက်သေးတယ်။ အခုပြန်ကူးခိုင်းနေပြီ။ တစ် ရက်ကို(၇၀)လောက်။ အခု လမ်းကြောင်း ပြန်ဖြစ်နေပြီ။ အရင်တုန်းက ကမ်းကူးတာပါတယ်။ လေဆိပ်အတွင်းမှာ ရှင်းပေးတာ (၂၀) လောက်အထိ ပေါက်တယ်။ ဘန်ကောက်လေဆိပ်အထိကို အရင်တုန်းက (၂၀) နဲ့ (၂၂) သိန်းပတ်ချာလည်ဆိုရင် အခု (၂၈)သိန်းပတ်ချာလည်ပေါက်နေပြီ။ တစ်ရက်ကို (၇၀)ကူး တယ်။ အရင်က (၁၃၀) ဝန်းကျင်ကူးတယ်။ အရင်လို ဗုံးပေါလအောတော့ နောက်မှာ တုံးမထုပေး တော့ ဘူး။ (၇၀)လောက်တော့ ထုပေးနေတယ်။
မေး- အရင်တုန်းက တစ်ရာလောက်ကိုကိုက်အောင် ဈေးတိုးတောင်းတာလား။ ဝင်ငွေလျော့မသွား အောင်။
ဆွေးနွေးဖော် - သူတို့က လူချိန်းတယ်လေ။ ရှေ့လူ က (၂၀ဝဝ) ရသွားလား။ (၃၀ဝဝ) ရသွားလား မသိဘူး လေ။ အခုက သူမကိုက်လို့ဖြစ်မယ်။ တာချီလိတ် က အေးဂျင့်ကတောင် ဖုန်းတွေဆက်တယ်။ လူရှိရင် ထည့်ပေးပါဦး အမြန်ဆုံးချိတ်ပေးပါမယ်ဆိုပြီး။ လူနည်းနေလို့တဲ့။ နေပြည်တော်ကအဖွဲ့တွေတောင် ကင်း ရဲ့လားမသိဘူးပို့ဆွမ်းတွေ။ ကျွန်တော်တို့ကသာ နောက်မှသိတာ။ လုပ်နေတာ ကြာခဲ့ပြီလေ။ ပိတ်နေပြီ ဟေ့ဆိုကတည်းက ဇန်နဝါရီ (၃၀)စတယ်။ အဲဒီအချိန်ကတည်းက လုပ်တဲ့လူတွေ စလုပ်နေတာ။ စထွက် တဲ့အချိန်ကတည်းက အေဂျင့်ဖုန်းနံပါတ်ကိုပေး ပြီးဖုန်းဆက်ခိုင်းတာ။ အဲဒီကနေ လေဆိပ်ကနေထွက် သွားလိုက်လုပ်တာ။ အေးဂျင့်က တာဝန်ထူထားတာ တာချီလိတ် မယ်ဆိုင်။ တာချီလိတ်အထိကို လေယာဉ်နဲ့ သူတို့ပါ ပါပြီးတော့ ဒီနေ့ (၅)ယောက်ထွက်ရင် (၅)ယောက်။ နောက်ထပ် (၅)ယောက်က တာဝန်ခံတစ်ယောက်နဲ့တစ်ယောက်စီခွဲပြီးတော့ ကမ်းအတူတူ ကူးတယ်။ နောက်ဆုံး ဒီကလေးတွေကို ဘတ်စကား ‌ပေါ်ရောက်ပြီး ဓာတ်ပုံပို့ပြီး Report ပို့တယ်။ ပို့ပြီးမှ ဒီဘက်ကမ်း ပြန်ကူးတာ။ အဲဒီမှာ အေဂျင်စီကတာဝန်ရှိသူက ဘန်ကောက်မှာသွားစောင့်တယ်။ ဘတ်စကား တက်လာပြီဆိုတာနဲ့သွားကြို တယ်။ ဂျပန်ကိုသွားတဲ့ လေယာဉ်တိုင်းသည် ည (၁၂) နာရီနောက်ပိုင်းမှာမှ ထွက်တယ်။ ဒီကနေ ညဘက် စီးမှ ဟိုကို မနက် (၇)နာရီရောက်တယ်။ ဘယ် Air Line မဆို အဲဒီလိုပဲ။ တာဝန်ခံသည် ကလေးတွေကို လေဆိပ်အထိ လိုက်ပို့ပေးတယ်။
မေး - အလုပ်အကိုင်အေဂျင်စီတွေအကုန်လုံးရဲ့ တကယ်သွားချင်တဲ့ပုံစံက တရားဝင်လမ်းကြောင်းဖွင့် ပေး။ ဖွင့်ပေးတာ အကုန်လုံးဖွင့်ပေးလို့လည်းမရဘူး။ လက်ရှိနိုင်ငံရဲ့အခြေအနေက ပြည်တွင်းလုပ်သား တွေမရှိဘူး။ ပြည်ပနိုင်ငံကလည်း သွားမှ နိုင်ငံခြားဝင် ငွေရမှာ။ အဲဒီနှစ်ခုကြားမှာ ပါးပါးလေးလုပ်ဖို့ ဘယ် သူ့မှာတာဝန်ရှိလဲ။
ဆွေးနွေးဖော် - တစ်ခုပြောပြမယ်။ အေဂျင်စီတွေနဲ့ ပြည်ပထွက်ခွာတဲ့လုပ်သားတွေရဲ့အခက်အခဲ စတဲ့ ဟာ အားလုံးသည် (၂၀၂၄) ခုနှစ်ထဲမှာ တပ်ချုပ်ကြီး လှိုင်သာယာစက်မှုဇုန်တွေကိုသွားကြည့်တဲ့အချိန်က စတယ်။ အဲဒီတုန်းက စက်မှုဇုန်သွားကြည့်တုန်းကပါ သွားတာကလည်း ရွှေ့ပြောင်းလုပ်သားကလည်းမ ဟုတ်ဘူး။ ရွှေ့ပြောင်းကလည်းမဟုတ်ဘူး။ ပြည်တွင်းလုပ်သားကလည်း မဟုတ်ဘူး။ ပါသွားတဲ့ ညွှန်မှူး က အလည ရဲ့ ညွှန်မှူးပေါ့နော်။ ညွှန်ချုပ်ထင်ပါတယ်။ လူမှုဖူလုံရေးကပါသွားတာ။ သွားလည်းကြည့်ရော ဘာအခက်အခဲရှိလဲဆိုတော့။ လုပ်သားတွေမရှိဘူး။ ရှားပါးတယ်ဆိုပြီး လုပ်ငန်းရှင်တွေကတင်ပြတယ်။ အလည ညွှန်ချုပ်ကို တပ်ချုပ်ကမေးတယ်။ တကယ့် တကယ်တမ်းမှာ မီးကို လုံလောက်စွာမပေးနိုင်ဘူး။ အထူးသဖြင့် စက်မှုဇုန်တွေကို မီးမပေးတဲ့အနေအထားမျိုးပဲ။ ဒီဇယ်နဲ့ရအောင် လည်ပတ်ကြဆိုတဲ့အ နေအထားမျိုးပဲ။ ဘယ်စက်ရုံပဲဖြစ်ဖြစ် သူ့စရိတ်နဲ့သူ လည်ပတ်ရတာဖြစ်တယ်။ မီးမလာတော့ ဒီဇယ်ဈေး ထောင်းတော့ တကယ်အလုပ်ဖြစ်နိုင်တဲ့လုပ်ငန်းကပဲ ဒီဇယ်နဲ့လုပ်တော့တယ်။ တခြားစက်ရုံတွေသည် လုပ်သားတွေလျှော့ချတယ်၊ လုပ်ငန်းတွေလျှော့ချ တယ်။ စရိတ်စကကြီးလာတာဖြစ်တဲ့အတွက် လုပ် သားလျှော့ခံရတယ်။ နောက်တစ်ခု စစ်မှုထမ်း။ စစ်မှုထမ်းက ယောကျာ်းလေးတွေပဲခေါ်တာဆိုပေမယ့် အဲဒီယောကျာ်းလေးပါသွားတာပဲဖြစ်ဖြစ် နောက်တစ်ဆင့် ပြည်ပကိုသွားတာဖြစ်ဖြစ်၊ လွတ်မြောက် နယ် မြေကိုပြေးချင်ပြေး။ အဲဒီတော့ ဒီလူက မရှိတော့တာဖြစ်တဲ့အတွက် အိမ်ထောင်စုမှာ သူ့လုပ်ငန်းတာဝန် တွေက မိန်းမတွေအပေါ်ကျရောက်လာတယ်။ အဲဒီတော့ ဒီ စက်ရုံက မိန်းကလေးသည် နယ်မှာရှိတဲ့လူ တွေကို ဒီကနေထောက်ပံ့လို့မရတော့ဘူး။ ပြန်ပြီးစောင့်ရှောက်ရမှာဖြစ်တဲ့အတွက် အိမ်ပြန်တာမျိုး တွေရှိ လာတဲ့အတွက် အလုပ်တွေထွက်သွားကြတယ်။ လုပ်သားတွေ မရှိကြဘူး။ သူတို့က အဲဒါတွေကိုမထောက် ပြဘူး။ ကိုကျော်နုပြောဖူးတာ နားထောင်ဖူးတယ်။ စစ်မှုထမ်းတွေစခေါ်တော့ ပိုက်ဆံတွေပေးရတယ် ပြောတော့ ဘယ်လိုလုပ်ပါလားဆိုပြီး ပြောထားအကြံပေးထားတာ ရှိတယ်။ ဘယ်မြို့နယ်က ဘယ်လိုစု ရင် ဘယ်လောက် ရမယ်ဆိုတာမျိုး တွက်ပြထားတာရှိတယ်။ နောက်ဆုံး သူတို့မလုပ်နိုင်ရင် ကိုကျော်နု ပြောတဲ့အတိုင်းပဲ လိုက် လုပ်ဦး။ ရှင်းရှင်းလေးစုလို့ရတယ်။ အဓိပ္ပာယ်မရှိတဲ့ ပြည်တွင်းလုပ်သားရှားပါးလို့ ပြည်ပထွက်ခွာခွင့်ပိတ် တယ်ဆိုတာကတော့ နည်းမမှန်လမ်းမမှန်။ အဲဒီညွှန် ချုပ်က ဘာပြောလဲဆိုတော့ ဒီလောက် အေဂျင်စီတွေ ပွထနေမှတော့ လုပ်သားတွေလွှတ်နေမှတော့ ကျွန် တော်တို့နိုင်ငံမှာ လုပ်သား တွေ ဘယ်ကျန်ပါ့မလဲဆိုတဲ့ခေါင်းစဉ်ကိုချပြလိုက်တော့ ဟိုက ဦးမြင့်နောင်ကို ခေါ်ပြီးတော့ အေဂျင်စီတွေ ဒီလောက်ပွထပြီးတော့ အများကြီးဖြစ်နေတာကို အရေးမယူဘဲနဲ့ ဘာမှမလုပ်ဘဲနဲ့ လူတွေကိုလွှတ်နေပြီး တော့ အေဂျင်စီတွေကိုလည်း ချပေးချင်တိုင်းချ‌ပေးနေပြီးတော့ ပွထနေတဲ့အတွက် လုပ်သားမရှိဘူးဆိုတဲ့ ခေါင်းစဉ် စွဲသွားပုံရတယ်။ အဲဒီက စကြပ်လိုက်တာပဲ။ နောက်ဆုံး ဦးမြင့်နောင်နဲ့ အတိုက်အခံတွေဖြစ်။ ဦးမြင့်နောင်က မိသားစုလွှဲငွေ တွေပြန်ရတယ်။ အေဂျင်စီတွေက အခွန်တွေဆောင် တော့ အခွန်ရတယ်။ လုပ်သားတွေ ပြည်ပမှာအခွန်ဆောင်တော့ အခွန်တွေရတယ်။ အဲဒါမျိုးတွေရှိပါ တယ်ပြောလည်း လက် မခံဘူး။ စစ်မှုထမ်းအတွက် လည်းလူဆုံးရှုံးတယ်။ ပြည်ပကိုလည်း လူတွေထွက်နေတာ လက်မခံနိုင်ဘူး ပြောပြီးတော့ အတိုက်အခံဖြစ်ကြပြီး ဦးမြင့်နောင်ကနားသွားတယ်။ ပြီးတော့ ဦးချစ်ဆွေရောက်လာ တယ်။ ရောက်လာပြီးတဲ့နောက် ပိုင်း ဦးတင်ကိုကိုရောက်ပြီး နှစ်လအကြာ ဦးချစ်ဆွေ ရောက်ပြီး တစ်လ အကြာမှာပဲ (၁၈-၃၅)ဆိုတဲ့ပေါ်လ စီကို ဇန်နဝါရီလမှာထုတ်ပြန်လိုက်တယ်။ အဲဒီလို ထုတ်ပြန်ပြီး အားလုံး ကမောက်ကမဖြစ်ကုန်တာ။ ဘယ်သူ့မှာတာဝန်ရှိလဲဆိုတာ ကျွန်တော်ပြောသွားတာအဖြေပဲ။ ရှင်းရှင်း လေး။ ဒါတွေပိတ်တာသည် စစ်မှုထမ်းကြောင့်သာဆိုရင် သူတို့ ဘာမှမလုပ်တတ်ရင် ကိုကျော်နုပြောတာ ပြန်ဖွင့်။
မေး - ပြည်ပကို အလုပ်သမားတင်ပို့တာက စစ်မှုထမ်းဥပဒေကို အနှောင့်အယှက်ဖြစ်တယ်လို့ပြောရင် မှန် လား။
ဆွေးနွေးဖော် - ဘယ်လိုလုပ်မှန်မှာလဲ ။ အခုက ပိတ်ထားတာ ယောကျာ်းလေးရော မိန်းကလေးရောလေ။ သူတို့မိန်းကလေးပါခေါ်ရင်မိန်းကလေးပိတ်တယ်ဆိုတာအဓိပ္ပာယ်ရှိတယ်။မိန်းကလေးကလည်း အနှောင့် အယှက်မဖြစ်ဘဲနဲ့။ ယောကျာ်းလေးပို့လို့မရရင်တောင်‌ မိန်းကလေးပို့လို့ရသေးတယ်။ ယောကျာ်းလေးဆို တာမှလွှတ်လိုက်ရင် ဟိုမှာတွေ့တဲ့ ဗီယက်နမ်ပဲဖြစ်ဖြစ် ဂျပန်ကတော့ ယူတာရှားတယ်။ တရုတ်ပဲ ဖြစ်ဖြစ် ယူပြီး အခြေချကြတယ်။ ဗမာမိန်းကလေးတွေက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်နိုင်ငံပြန်လာပြီး ဒီမှာပဲနေကြ တာ။ ယောကျာ်းလေးတွေပိတ်လိုက်လို့ Effect ရှိလားဆို ရှိလို့ပိတ်တယ်ဆို ပိတ်လိုက်။ အေဂျင်စီတွေ လည်းနားလည်တယ်။ (၃၅)အထက်ပဲရမယ်ဆို ပို့လို့ရရင်ပို့မယ် မရရင်မပို့ဘူး။ ဒါပေမဲ့ မိန်းကလေးတွေ မပိတ်နဲ့လေ။ အခုလိုပိတ်တော့ အခွန်နစ်နာတယ်။ ဥပမာ ပြီးခဲ့တဲ့နှစ်က ကျွန်တော် သိန်း (၈၀ဝ) ဆောင် ရတယ်ဆို ဆောင်တယ်လေ။ ဒီနှစ်မှာ လည်း အဲဒီလိုသာဆက်သွားခဲ့ရင် သိန်း(၈၀ဝ) မကဘူး သိန်းထောင် ကျော် ဆောင်ချင်ဆောင်ရမှာ။ ဒါပေ မဲ့ သူတို့ပိတ်တယ်။ ပိတ်တော့ နောက်ဆုံးလမ်းကြောင်း ရွေးရတော့ လူတွေအများကြီး အောက်လမ်းကထွက်သွားတယ်။ ဥပမာ အယောက် (၈၀)ဆိုရင် အခွန်မရှိဘူးဆို အနည်းဆုံး သိန်း (၅၀ဝ)ရှိတယ်။ အဲဒီတော့ သိန်း (၅၀ဝ)ဆောင်စရာမလိုဘူးလေ။ ဘယ်တော့ဖမ်းမလဲ မသိဘူး။ ဖမ်းတော့လည်း ကျွန်တော်ပါသွားမှာ ပေါ့။ ပါသွားလည်း အေဂျင်စီ (၂၀ဝ)ကျော် (၃၀ဝ)ကို ဒီမျက်နှာတွေ ဒီလိုပဲပြန်မြင်ရမှာပဲ။ လူ(၃၀ဝ)လောက်က မျက်နှာတွေမြင်နေရမှာပေါ့။ အားလုံး အ တူတူ တွေချည်းပဲ။
မေး - ဂျပန်ကတော့ လုပ်ခလစာမြင့်တယ်။ မြန်မာနဲ့ ပတ်သက်ပြီးတော့ နှစ်စဉ် Demand ကတော့ ပျမ်းမျှ ဘယ်လောက်လောက်ရှိလဲ။
ဆွေးနွေးဖော် - သူတို့သာ ပွင့်ပွင့်လင်းလင်းဖွင့်ပေး ရင် လူ(၂)သိန်းလောက်ရှိမယ်။ တစ်နှစ်ကို (၁)သိန်း ခွဲ (၂)သိန်းကြား။
မေး - ပို့ကောပို့နိုင်လား။
ဆွေးနွေးဖော် - ကျွန်တော်တို့ကတော့မပို့နိုင်ဘူး။ မလွယ်ဘူး။ မွေးထုတ်ရသေးတယ်လေ။ ဒီအတိုင်းဖြစ် လာတာမဟုတ်ဘူး။ ထိုင်းဆိုရင်တော့ရတာပေါ့။ (၁) သိန်း(၂)သိန်းမကဘူး။ သန်းနဲ့ချီ။ အခုက မွေးရသေး တယ်လေ။ မွေးပြီး ပြုစုပျိုးထောင်ရသေးတယ်လေ။ လွယ်လွယ်နဲ့မဖြစ်လာဘူး။
မေး - ဟာသပြောရရင် ထိုင်းဆိုရင် နိုင်ငံလိုက်ပါ ပြောင်းပေးလို့ရတယ်။
ဆွေးနွေးဖော် - ထိုင်းတွေ ပြောနေကျစကားရှိတယ် လေ။ မဲဆောက်က အလံရယ် ဘဏ်ရယ် အစိုးရဝန် ထမ်းရယ်ပဲကျန်တာ။ ကျန်တာ ဗမာတွေချည်းပဲ။ အခု က ဘန်ကောက်မှာလည်းအဲဒီလိုဖြစ်နေပြီ။ ဟိုနား တွေ့လည်း ဗမာ၊ ဒီနားတွေ့လည်း ဗမာ။ ဗမာလိုတွေ ချည်းနှုတ်ဆက်ကြတာ။
မေး - အဲဒီတော့ ဂျပန်က Demand ရှိတယ်။ ကိုယ့် ဘက်က မပို့နိုင်ဘူး ။ ပို့ဖို့မလွယ်ဘူး။ ထပ်ကန့်သတ် လိုက်တော့ ပြီးရော။ ကိုရီးယားကျတော့ရော။
ဆွေးနွေးဖော် - ဟုတ်တယ်။ သွားရောပဲ။ ကိုရီးယား ကျတော့ G to G လေ။ သူတို့ကျရတယ်။ အမှတ် တော့မြှင့်လိုက်တယ်။ (၉၇) အထက်တို့ဘာတို့လုပ် လိုက်တယ်။ ဂျပန်ကတော့ ဒီမှာ (၅)ခုလောက်ပဲဖြေ လို့ရတယ်။ ပြည်ပမှာဖြေရတဲ့စာမေးပွဲက ပိတ်လိုက်တော့ ဒီထဲလည်ပတ်နိုင်စွမ်းကနည်းသွားတာ။ ကုန် ထုတ် Demand တွေလည်းအများကြီးလာတာ။ ကုန်ထုတ်တွေဆို အခုထိကိုလာတုန်း။ ရှာခိုင်းတယ်။ ရှာ လို့မရဘူး။
မေး - နောက်တစ်ခု ကိုရီးယားတို့ဂျပန်တို့ကို ပြည်ပထွက်ခွာခွင့်ပိတ်လိုက်တာ (၁) ထိုင်းကိုတော့ ဒလ ဟောသွားနေတယ်။ တံခါးမရှိ၊ ဓားမရှိ။ ခြံစည်းရိုးကူး လိုက်တာနဲ့ရပြီ။ တကယ် လေယာဉ်ပျံနဲ့သွားရ တဲ့နေရာကျ ကန့်သတ်တယ်။ အဲဒါက ဟိုဘက်မှာရောက်နေတဲ့ ကိုရီးယားရောက်မြန်မာတွေက နည်း နည်းလေး နိုင်ငံရေးနဲ့ပတ်သက်ရင် တအားကြွတယ်။ ဂျပန် ရောက်လူတွေလည်းအဲဒီလိုပဲ။ အဲဒါကြောင့် အမြင် ကတ်ပုဒ်မတွေပါနေမလားလို့လေ။
ဆွေးနွေးဖော် - ကိုရီးယားတော့ဖြစ်နိုင်ပေမယ့် ဂျပန်တော့အဖြစ်နည်းတယ်။ ဂျပန်လုပ်ငန်းရှင်တွေက သူ တို့ဘက်မှာ အထိမ်းအမှတ်နေ့တွေ ဘာနေ့ညာနေ့ဆိုရင် တိုကျိုမြို့ပေါ်မှာပွဲလုပ်ကြရင် လုပ်ငန်းရှင် တွေ က တိုက်ရိုက်ဖုန်းဆက်တယ်။ ကလေးတွေပိတ်ရက်မှာ ဘယ်ပွဲကိုသွားဖို့သတင်းကြားတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင်ပေါ့။ မင်းတို့ဖုန်းဆက်ပြီးတော့ ကလေးတွေကို တားပေးပါဆိုပြီးတော့ လုပ်ငန်းရှင်က ဖုန်း ဆက်ပြီးတော့တားခိုင်းတာ။ ကျွန်တော်တို့လက်ကထွက်သွားတဲ့ကလေးတွေသည် နောက်ဆုံး အေဂျင်စီ ရဲ့စကား နားမထောင်ရင်တောင် သူတို့ကိုသင်ပေးလိုက်တဲ့ ဆရာတွေရဲ့စကားဆိုရင် တစ်သဝေမတိမ်း နားထောင်တာ။ အဲဒီတော့ အေဂျင်စီအနေနဲ့တားလို့ရတာတွေကို တားပေးတယ်။ မရရင်ဆရာကြီး၊ ဆရာ မကြီးတွေကိုခေါ်ပြီး ဖုန်းဆက်ပေးပါဆိုပြီးပြောတာ။ ကျွန်တော်တို့တားလို့မရရင် ဆရာကြီး ဆရာမကြီး တွေက တိုက်ရိုက်ဖုန်းဆက်ပြီးတားတာ။ ဓာတ်ပုံရိုက်လို့မြင်လို့ ဒီဘက်ကိုရောက်လာရင် ပြန်မလာရဘဲ ဖြစ်မယ်နော်ဆိုရင် ကြောက်ကုန်ရော။ ဂျပန်က အဲဒီလို။ ကိုရီးယားမှာ အဲဒါမျိုးမရှိဘူး။ တားလို့လည်း မရ ဘူး။ အစိုးရချင်း လွှတ်တာ။ ကျွန်တော်တို့လိုအေဂျင်စီတွေ မပါဘူး။ သူတို့က အစိုးရချင်း။ တားလည်း နားထောင်မှာမဟုတ်ဘူး။ နောက်တစ်ခုက ကိုရီးယားလုပ်ငန်းရှင်တွေမှာ အဲဒီလိုမျိုး တားမယ့် Ethic ရှိလား မရှိလား မသိဘူး။ ဂျပန်တွေကတော့ ကိုယ်တိုင်ဖုန်းဆက်ပြီး တားပေးပါ ဆိုပြီးပြောတာ။ ကောင်း မွန်တဲ့ လုပ်သားအဖွဲ့အစည်းကို ဂျပန်နိုင်ငံက တည်ဆောက်ပေးထားတယ်။ နိုင်ငံရေးနဲ့မရောယှက်ဘဲနဲ့။ ဟိုမှာလုပ်နေတာတွေက ဘာ တွေလဲဆိုရင် ဟိုးအရင်ကတည်းက အိုက်တိုးပဂေးဆံ နဲ့ရောက်နေတာ။ ရောက်ပြီးတော့ ခုန်ချ အိုတွေဖြစ်။ အဲဒီလိုလူတွေက ဟန်နီထွန်းတို့ဘာတို့ အဲဒီလူတွေက ဖြစ်နေတာ။ သူတို့က လုပ်ပြရမှာလေ။ ယူထားတာကိုး။
မေး - ဂျပန်က ဘာလို့ အစိုးရချင်းမလုပ်နိုင်တာလဲ။ ကိုရီးယားကရပြီး ဂျပန်ကျ ဘာလို့မလုပ်နိုင်တာလဲ။
ဆွေးနွေးဖော် - ဂျပန်ကိုက ဟိုးနှစ်ပေါင်းများစွာကတည်းက ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဆိုတာရှိခဲ့ တယ်။ အဲဒီကတည်းက ဒါတွေကို တာဝန်ယူ ပြီးတော့ ဒီ လုပ်သား Environment ကိုဖန်တီးပေးခဲ့ တာ။ အဲဒါကိုမြင်သွားပြီးတော့မှ ကိုရီးယားကို လူပို့တာလုပ်တာ။ အရင်တုန်းက ကိုရီးယားက ဒီလောက်ကြီး တိုးတက်တာမရှိသေးဘူး။ ဂျပန်-မြန်မာ ချစ် ကြည်ရေးက ဟိုးအရင်ကတည်းက အဖွဲ့အစည်းတွေ တည် ဆောက်ပြီးတော့ အေဂျင်စီတွေကို လိုင်စင်တွေ ချပေးပြီးတော့ (၂၀ဝ၄) ရှေ့ကာလမှာတည်းက အေဂျင်စီ တွေကို သေသေချာချာလုပ်ပြီးတော့ အေဂျင်စီ တွေကနေပို့လို့ရပါတယ်ဆိုပြီး နဝတ အစိုးရကို သင်ပေးခဲ့ တာ။ ဒီလိုလူတွေပို့၊ ဒီလိုလုပ်သားတွေတည် ဆောက် ဒီလိုစာသင်ဆိုပြီး စခဲ့တာ။ အဲဒါကိုမြင်ပြီးမှ ကိုရီး ယားဆိုတာ (၂၀၁၀) နောက်ပိုင်း တိုးတက်လာ တော့မှ အစိုးရက ကိုရီးယားကိုတော့ အေဂျင်စီတွေကို တော့ ပိုက်ဆံပေးမစားတော့ဘူး။ အစိုးရချင်းလုပ် ပြီးတော့ပဲ အစိုးရကပဲ အေဂျင်စီခယူပြီးတော့လုပ်သား ပို့ရင်း အစိုးရအတွက် ဝင်ငွေ တစ်ဖက်တစ်လမ်းကရ မယ်ဆိုပြီးတော့ နောက်မှ ကိုရီးယားကဖြစ်လာတာ။ အဲဒီတော့ ဂျပန်က အစိုးရချင်းတည်ဆောက်ဖို့က ခက်တယ်။ အကုန်လုံးက အေဂျင်စီတွေနဲ့ သူ့လုပ်သား အဖွဲ့အစည်းတွေ သမဂ္ဂတွေနဲ့ချိတ်ဆက်ပြီး တော့အလုပ်လုပ်နေတာ။ အဲဒီစာချုပ်တွေထဲ ဘာပါလဲဆို တော့ သူတို့အားလုံးစီစဉ်ပြီးလို့ ကလေးတွေ မပို့နိုင်ရင် အေဂျင်စီတွေဘက်က လျော်ရပါမယ်ဆို တာ လည်းပါထားတယ်။ အဲဒါကြောင့်လည်း လျော်ကြေးပေးရမယ်ဆိုပြီး အတင်းပြောတာတွေပါတာ။
ဟုတ်ကဲ့ အခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Zawgyi Version:
သူတို႔သာ ပြင့္ပြင့္လင္းလင္းဖြင့္ေပးရင္ လူ (၂) သိန္းေက်ာ္ ရွိတယ္
Pearl (NP News)
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပသို႔လုပ္သားေစလႊတ္ရာတြင္ အသက္ (၁၈ - ၃၅) ႏွစ္ အတြင္းရွိ လုပ္သားေစလႊတ္ျခင္းကို ကန႔္သတ္ထားသည္။ ထို႔ျပင္ ထိုင္းႏိုင္ငံကဲ့သို႔ လုပ္ခစာနည္းပါး ေသာ ႏိုင္ငံမ်ားသို႔ေစလႊတ္ရန္ Demand တစ္ေစာင္လွ်င္ လုပ္သား (၅၀)အထိ ခြင့္ျပဳေပးထားေသာ္လည္း အလုပ္သမားဥပေဒခိုင္မာေသာ ၊ လုပ္ခလစာမ်ားေသာ ဂ်ပန္ႏိုင္ငံသို႔ လုပ္သားေစလႊတ္ရာတြင္ Demand တစ္ေစာင္လွ်င္ လုပ္သား (၁၅) ဦးသာ ခြင့္ျပဳေပးထားေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံမွအလုပ္ ေခၚစာမ်ား သည္ အလုပ္ရွင္ မတူညီမႈ၊ လုပ္ငန္းအမ်ိဳးအစားမတူညီမႈ၊ လုပ္ခလစာမတူညီမႈ၊ ေနရာေဒသမတူညီမႈမ်ား ေၾကာင့္ Demand တစ္ေစာင္ထဲ၌ အထက္ပါကဲ့သို႔ လုပ္သားဦးေရ (၁၅)ဦးသာ သတ္မွတ္ထားျခင္းမွာ အခက္အခဲမ်ားစြာရွိေနေၾကာင္းလည္း သိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ျပည္ပအလုပ္ အကိုင္ရွာေဖြေရးေအဂ်င္စီလုပ္ကိုင္သူမ်ားႏွင့္ ေက်ာ္ႏုတို႔ေဆြးေႏြးထားခ်က္မ်ားကို NP News က ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

(ယခင္တစ္ပတ္မွအဆက္)

ေမး- အခုႏိုင္ငံေတာ္က တရားဝင္ပို႔တာေတြအျပင္ ထိုင္းကိုက်ေတာ့ ဒလေဟာဝင္ေနတာ။ ထိုင္းမွာ လည္း (၅)သန္း၊ (၆)သန္းျဖစ္ေနၿပီ။ ထိုင္းက သိပ္ၿပီး ျမန္မာ နဲ႔ ဝင္ေငြကြာဟတာလည္းမဟုတ္ဘူး။ ဒါေပမဲ့ ထိုင္း ကိုက်ေတာ့ ဒလေဟာခြင့္ျပဳေပးေနတာျဖစ္တယ္။ ကိုရီးယား၊ ဂ်ပန္တို႔လို ဝင္ေငြေကာင္းတဲ့ႏိုင္ငံေတြ က် ေတာ့ ကန႔္သတ္ထားေတာ့ စနစ္တက်စီမံခန႔္ခြဲမႈက အားနည္းေနတာလား။
ေဆြးေႏြးေဖာ္ - အဲဒါေၾကာင့္လည္း ေအဂ်င္စီေတြအကုန္လုံးက သူတို႔ကိုတိုက္တြန္းတာေပါ့။ ဂ်ပန္လို ႏိုင္ငံ မ်ိဳး။ အထူးသျဖင့္ training လုပ္သားမေျပာလိုဘူး။ နည္းပညာ Skillful Worker ေတြက အရင္လိုလည္း (၃)ႏွစ္မဟုတ္ေတာ့ဘူး။ (၅) ႏွစ္ ဗီဇာရတယ္။ အဲဒီ(၅)ႏွစ္ကို ေနာက္ထပ္စာေမးပြဲထပ္ေျဖရင္ (၁၀) ႏွစ္ရ တယ္။ သူတို႔ ဟိုမွာအလုပ္ေတြ အမ်ားႀကီးလုပ္လို႔ ပိုက္ဆံေတြအမ်ားႀကီးရရင္ ဒီကိုအမ်ား ႀကီးပို႔ႏိုင္မယ္။ တစ္ခ်ိန္သူျပန္လာရင္ သူ႔ဆီကပါလာမယ့္နည္းပညာေတြအမ်ားႀကီးျပန္အသုံးခ်လို႔ရတယ္။ ဒါေပမဲ့ ဂ်ပန္၊ ကိုရီးယားေတြကို ပိုလႊတ္ေပးၿပီးခြင့္ျပဳေပးရမယ့္အစား ဘာေၾကာင့္လဲေတာ့ မသိဘူး။ ထိုင္းႏိုင္ငံကို (၅၀) သတ္မွတ္ထားတယ္။ သူတို႔လည္း ကြၽန္ေတာ္တို႔လိုပဲျဖစ္မွာပါ။ လုပ္ငန္းတစ္ခု၊ ကုမၸဏီ တစ္ခု De­mand တစ္ေစာင္ကို လူ (၅၀)။ ဒါေပမဲ့ဂ်ပန္ကို လူ (၁၅) ေယာက္လို႔သတ္မွတ္ထားေပမယ့္ အမ်ားႀကီးပဲ တစ္လ ကို ပို႔စမ္းပါ(၁၅)ေယာက္။ ျပႆနာက De­mandကလည္း တစ္ေစာင္တည္း။ ကုမၸဏီကလည္း တူရမယ္။ လုပ္ငန္းအမ်ိဳးအစားကလည္း တူရမယ္ဆိုေတာ့ ဂ်ပန္မွာ အဲဒါမ်ိဳး မရွိဘူး။ လူ (၁၅)ေယာက္ပို႔ဆိုလည္းရ တယ္။ ကုမၸဏီတူ လုပ္ငန္းတူမဟုတ္ဘူး။ အဲဒါမ်ိဳးကို လက္ခံတယ္ဆိုရင္ေတာင္ နည္းနည္းေလး ေတာ္ ေသး။ ကုမၸဏီကြဲတယ္။ လုပ္ငန္းကြဲတယ္။ လူကေတာ့ (၁၅)ေယာက္ ပဲ။ အဲဒါ ဆို လူ (၁၅)ေယာက္ပို႔ဆိုရင္ (၁၅)ေယာက္ပဲပို႔မွာ။ တျခားကန႔္သတ္ခ်က္ေတြေတာ့ မထည့္သင့္ဘူး။ အဲဒါမွလည္း ဒီမွာရွိေနတဲ့ ႏွစ္ ေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံၿပီးေတာ့စာသင္ခဲ့တဲ့ ပိုက္ဆံ‌ေတြ၊ ေခ်းၿပီးေတာ့ အတိုးေတြနဲ႔နစ္ေနတဲ့ ဒီကေလး ေတြရဲ႕အနာဂတ္အတြက္ အဆင္ေျပမွာ။ ရင္းႏွီးျမႇဳပ္ႏွံထားတာ မနည္းဘူး။ အခုဆို N3 ေအာင္မွ ဆိုတာ ျဖစ္လာတာ။ အရင္က N4 ။ ကေလးေတြက တကယ့္ တကယ္ Skillful မဟုတ္ဘူး။ ေက်ာင္းမွာက ေရးပဲ ေျဖရတာေလ။ စာဖတ္တတ္တယ္။ အဲဒီေတာ့ သူတို႔ မထြက္ခင္ အနည္းဆုံး (၆)လေလာက္ Camp ဝင္ရ တယ္။ အနည္းဆုံး စားေသာက္ဆိုင္ဆို စားေသာက္ ဆိုင္၊ ဘိုးဘြားေစာင့္ေရွာက္ဆို ဘိုးဘြားေစာင့္ေရွာက္ အကုန္သင္ရတာ။
ေမး - ဖိလစ္ပိုင္တို႔ဘာတို႔မွာ စာေမးပြဲသြားေျဖရတာမ်ိဳးေတြက်ေတာ့ လက္ရွိအေျခအေနက ဘယ္လိုလဲ။
ေဆြးေႏြးေဖာ္ - အဲဒီကိစၥကိုလည္း ေျပာခ်င္ေနတာ။ အစေဖာ္ေပးေတာ့လည္း ေျပာရမွာေပါ့။ ကြၽန္ေတာ္ တို႔ႏိုင္ငံမွာ ကြၽမ္းက်င္ဆိုၿပီးေတာ့ ဂ်ပန္က အမ်ိဳးအစား(၁၁)မ်ိဳးေခၚတယ္။ အဲဒါေတြက စာေမးပြဲေျဖၿပီးမွ ေအာင္မွသြားလို႔ရတဲ့အလုပ္ေတြ။ ေအာင္လက္မွတ္ မရွိရင္လႊတ္လို႔မရဘူး။ အဲဒီစာေမးပြဲေတြကို ဘယ္လို ေျဖရလဲဆိုေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေျဖခြင့္ရတာ (၅)မ်ိဳးပဲရွိတယ္။ အခုဆိုရင္ (၁၄)မ်ိဳးျဖစ္သြားၿပီ သူ တို႔ႏိုင္ငံမွာ။ အဲဒီေတာ့ (၅)မ်ိဳးပဲ ကိုယ့္ႏိုင္ငံကို လာၿပီးေတာ့က်င္းပတယ္။ ေျဖေပးရတယ္။ ဘာေတြလဲဆို ေတာ့ စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရး၊ ဘိုးဘြားေစာင့္ေရွာက္ ေျဖလို႔ရတယ္။ အရင္တုန္းက စားပြဲထိုးလိုမ်ိဳးေပါ့။ အရင္တုန္းက အဲဒီ(၃)မ်ိဳးကို က်င္းပေပးတယ္။ ေနာက္ပိုင္း ဟိုတယ္ဝန္ေဆာင္မႈနဲ႔ေဆာက္လုပ္ေရး။ အဲဒီ (၅) ခုကို ေျဖလို႔ရတယ္။ အဲဒါေၾကာင့္ ေဆာက္လုပ္ေရး၊ သန႔္ရွင္းေရးက အခုရသြားၿပီ။ အရင္က ထိုင္း မွာ သြား ေျဖရတာ။ အဲဒီေတာ့ ကေလးေတြက ဘာလုပ္လဲဆိုေတာ့ ထိုင္း၊ ဖိလစ္ပိုင္၊ ကေမာၻဒီးယား ႏိုင္ငံအ လိုက္ သြားေျဖရတာ။ PV နဲ႔ပဲသြားသြား။ PJ နဲ႔ပဲသြားသြား။ သြားေျဖရတယ္ ခြင့္ျပဳေပးတယ္။ ေနာက္ပိုင္း က်ေတာ့ တစ္ဆင့္ပိတ္တယ္။ PJ သမားကို ခြင့္မျပဳေတာ့ဘူး။ PJ သမားသြားေျဖခ်င္ရင္ ေအဂ်င္စီက တစ္ ဆင့္ သြားရတယ္။ ေထာက္ခံခ်က္နဲ႔ ယာယီ OWIC ကတ္နဲ႔။သြားေျဖၿပီးျပန္လာရင္ ကတ္ျပန္အပ္။ အဲဒါကို လည္း ေအဂ်င္စီက (၁၀ဝ)ရာခိုင္ႏႈန္း တာဝန္ယူရတယ္။ သြားေျဖၿပီးရင္ တတိယ ႏိုင္ငံကိုသြားရင္ ေအဂ်င္ စီ လိုင္စင္သိမ္းခံရမွာ။ ေအဂ်င္စီကလည္း မလုပ္ရဲဘူး။ လူေပါင္းမ်ားစြာ သြားေျဖတယ္။ တစ္ေယာက္မွ အမွားမျဖစ္ခဲ့ဘူး။ အကုန္ျပန္လာတယ္။ ဂ်ပန္သြားမယ့္ကေလးသည္ ဘယ္ႏိုင္ငံမွ မသြားဘူး။ ေအာက္ လမ္းက သြားလည္းမရဘူး။ ဟိုက ကြၽန္းႏိုင္ငံေလ။ သူတို႔သည္ လက္မွတ္ယူလာတယ္။ ၿပီးရင္ အင္တာဗ်ဴး ျပန္ဝင္။ ေအာင္ၿပီးေတာ့မွ တရားဝင္လမ္းေၾကာင္းနဲ႔သြားရတယ္။ အရင္က ‌ေအဂ်င္စီေတြကို ခြင့္ျပဳေပး ေသးတယ္။ ေနာက္တစ္ဆင့္ ထပ္ၾကပ္တယ္။ ေအဂ်င္စီေတြ ကို Demand တင္ရမယ္တို႔။ ရွင္းရွင္းေျပာရ ရင္ ေအဂ်င္စီေတြသည္ အလုပ္လာလို႔တင္သလိုမ်ား။ စာေမးပြဲသြားေျဖမယ့္ကေလးေတြကို Demand တင္ ၿပီးေတာ့ေျဖဖို႔ၾကပ္တယ္။ ျမန္မာႏိုင္ငံက ကေလးေတြသည္ လက္မွတ္စုံမွ အင္တာဗ်ဴးေျဖလို႔ရမယ္။ ဂ်ပန္ လည္း ဒီကေလးကို လက္မွတ္စုံမွ Pass ေပးတယ္။ ဒီကေလးသည္ လက္မွတ္မစုံဘဲ Pass ေပးလိုက္ရင္ သူတို႔အတြက္ အခ်ိန္ေပးရမယ္။ လူထပ္ေျပာင္းရမယ္။ သူတို႔အလုပ္ရႈပ္တယ္။ သူတို႔ က Demand အရင္ မေပးဘူး။ လက္မွတ္အရင္လာ။ ဂ်ပန္မွာ ေနာက္ထပ္လုပ္ငန္းတစ္မ်ိဳး လုပ္သားေခၚတာမ်ားတဲ့လုပ္ငန္း ကုန္ထုတ္လုပ္ငန္း။ အဲဒီလုပ္ငန္းအတြက္ ကုန္ထုတ္ လုပ္ငန္းဆိုၿပီး ေျဖရတယ္။ အဲဒီ လုပ္ငန္းအတြက္ စာေမးပြဲက ျမန္မာျပည္မွာမရွိဘူး။ အမ်ားဆုံးက ဖိလစ္ပိုင္နဲ႔ဗီယက္နမ္မွာ သြားေျဖရတယ္။ ဖိလစ္ပိုင္မွာ ေျဖၾကတာမ်ားတယ္။ အင္ဒိုနီးရွားလည္း သြားတယ္။ ေအဂ်င္စီရဲ႕ေထာက္ခံခ်က္နဲ႔။ အဲဒါကိုကန႔္သတ္ တယ္။ အခုေနာက္ပိုင္း PV နဲ႔လည္း ေပးမေျဖေတာ့ဘူး။ အခုဟာက ပထမဦးဆုံးထြက္ မယ့္လူေတြမွာ PV ေတြ ဘယ္ေလာက္ေပါက္လဲဆိုေတာ့ စရဖ မွာ (၄၀)ေပါက္ေနတယ္။ ခရီးသြားမယ္ ဆိုရင္ေတာင္ ေလဆိပ္ ကတက္ၿပီး လဝက ဝင္တဲ့ေရွ႕မွာ စၿပီးေတာ့ တားၿပီ။ တားၿပီးေတာ့ လမ္းေၾကာင္း အရင္ခင္းထား။ ခင္း မထားရင္ အဲဒီေနရာ သြားညႇိလည္းမရဘူး။ ၾကားထဲက ေအးဂ်င့္နဲ႔ေပါ့။ လမ္းေၾကာင္းရွိတယ္။ အခု ေလာ ေလာဆယ္ (၄၀) ေပါက္တယ္။ ဘယ္လိုခြဲယူလဲ မသိဘူး။ တာခ်ီလိတ္ လမ္း ေၾကာင္းကလည္း တစ္ပတ္ ေလာက္ေတာ့ပိတ္လိုက္ေသးတယ္။ အခုျပန္ကူးခိုင္းေနၿပီ။ တစ္ ရက္ကို(၇၀)ေလာက္။ အခု လမ္းေၾကာင္း ျပန္ျဖစ္ေနၿပီ။ အရင္တုန္းက ကမ္းကူးတာပါတယ္။ ေလဆိပ္အတြင္းမွာ ရွင္းေပးတာ (၂၀) ေလာက္အထိ ေပါက္တယ္။ ဘန္ေကာက္ေလဆိပ္အထိကို အရင္တုန္းက (၂၀) နဲ႔ (၂၂) သိန္းပတ္ခ်ာလည္ဆိုရင္ အခု (၂၈)သိန္းပတ္ခ်ာလည္ေပါက္ေနၿပီ။ တစ္ရက္ကို (၇၀)ကူး တယ္။ အရင္က (၁၃၀) ဝန္းက်င္ကူးတယ္။ အရင္လို ဗုံးေပါလေအာေတာ့ ေနာက္မွာ တုံးမထုေပး ေတာ့ ဘူး။ (၇၀)ေလာက္ေတာ့ ထုေပးေနတယ္။
ေမး- အရင္တုန္းက တစ္ရာေလာက္ကိုကိုက္ေအာင္ ေဈးတိုးေတာင္းတာလား။ ဝင္ေငြေလ်ာ့မသြား ေအာင္။
ေဆြးေႏြးေဖာ္ - သူတို႔က လူခ်ိန္းတယ္ေလ။ ေရွ႕လူ က (၂၀ဝဝ) ရသြားလား။ (၃၀ဝဝ) ရသြားလား မသိဘူး ေလ။ အခုက သူမကိုက္လို႔ျဖစ္မယ္။ တာခ်ီလိတ္ က ေအးဂ်င့္ကေတာင္ ဖုန္းေတြဆက္တယ္။ လူရွိရင္ ထည့္ေပးပါဦး အျမန္ဆုံးခ်ိတ္ေပးပါမယ္ဆိုၿပီး။ လူနည္းေနလို႔တဲ့။ ေနျပည္ေတာ္ကအဖြဲ႕ေတြေတာင္ ကင္း ရဲ႕လားမသိဘူးပို႔ဆြမ္းေတြ။ ကြၽန္ေတာ္တို႔ကသာ ေနာက္မွသိတာ။ လုပ္ေနတာ ၾကာခဲ့ၿပီေလ။ ပိတ္ေနၿပီ ေဟ့ဆိုကတည္းက ဇန္နဝါရီ (၃၀)စတယ္။ အဲဒီအခ်ိန္ကတည္းက လုပ္တဲ့လူေတြ စလုပ္ေနတာ။ စထြက္ တဲ့အခ်ိန္ကတည္းက ေအဂ်င့္ဖုန္းနံပါတ္ကိုေပး ၿပီးဖုန္းဆက္ခိုင္းတာ။ အဲဒီကေန ေလဆိပ္ကေနထြက္ သြားလိုက္လုပ္တာ။ ေအးဂ်င့္က တာဝန္ထူထားတာ တာခ်ီလိတ္ မယ္ဆိုင္။ တာခ်ီလိတ္အထိကို ေလယာဥ္နဲ႔ သူတို႔ပါ ပါၿပီးေတာ့ ဒီေန႔ (၅)ေယာက္ထြက္ရင္ (၅)ေယာက္။ ေနာက္ထပ္ (၅)ေယာက္က တာဝန္ခံတစ္ေယာက္နဲ႔တစ္ေယာက္စီခြဲၿပီးေတာ့ ကမ္းအတူတူ ကူးတယ္။ ေနာက္ဆုံး ဒီကေလးေတြကို ဘတ္စကား ‌ေပၚေရာက္ၿပီး ဓာတ္ပုံပို႔ၿပီး Report ပို႔တယ္။ ပို႔ၿပီးမွ ဒီဘက္ကမ္း ျပန္ကူးတာ။ အဲဒီမွာ ေအဂ်င္စီကတာဝန္ရွိသူက ဘန္ေကာက္မွာသြားေစာင့္တယ္။ ဘတ္စကား တက္လာၿပီဆိုတာနဲ႔သြားႀကိဳ တယ္။ ဂ်ပန္ကိုသြားတဲ့ ေလယာဥ္တိုင္းသည္ ည (၁၂) နာရီေနာက္ပိုင္းမွာမွ ထြက္တယ္။ ဒီကေန ညဘက္ စီးမွ ဟိုကို မနက္ (၇)နာရီေရာက္တယ္။ ဘယ္ Air Line မဆို အဲဒီလိုပဲ။ တာဝန္ခံသည္ ကေလးေတြကို ေလဆိပ္အထိ လိုက္ပို႔ေပးတယ္။
ေမး - အလုပ္အကိုင္ေအဂ်င္စီေတြအကုန္လုံးရဲ႕ တကယ္သြားခ်င္တဲ့ပုံစံက တရားဝင္လမ္းေၾကာင္းဖြင့္ ေပး။ ဖြင့္ေပးတာ အကုန္လုံးဖြင့္ေပးလို႔လည္းမရဘူး။ လက္ရွိႏိုင္ငံရဲ႕အေျခအေနက ျပည္တြင္းလုပ္သား ေတြမရွိဘူး။ ျပည္ပႏိုင္ငံကလည္း သြားမွ ႏိုင္ငံျခားဝင္ ေငြရမွာ။ အဲဒီႏွစ္ခုၾကားမွာ ပါးပါးေလးလုပ္ဖို႔ ဘယ္ သူ႔မွာတာဝန္ရွိလဲ။
ေဆြးေႏြးေဖာ္ - တစ္ခုေျပာျပမယ္။ ေအဂ်င္စီေတြနဲ႔ ျပည္ပထြက္ခြာတဲ့လုပ္သားေတြရဲ႕အခက္အခဲ စတဲ့ ဟာ အားလုံးသည္ (၂၀၂၄) ခုႏွစ္ထဲမွာ တပ္ခ်ဳပ္ႀကီး လႈိင္သာယာစက္မႈဇုန္ေတြကိုသြားၾကည့္တဲ့အခ်ိန္က စတယ္။ အဲဒီတုန္းက စက္မႈဇုန္သြားၾကည့္တုန္းကပါ သြားတာကလည္း ေ႐ႊ႕ေျပာင္းလုပ္သားကလည္းမ ဟုတ္ဘူး။ ေ႐ႊ႕ေျပာင္းကလည္းမဟုတ္ဘူး။ ျပည္တြင္းလုပ္သားကလည္း မဟုတ္ဘူး။ ပါသြားတဲ့ ၫႊန္မႉး က အလည ရဲ႕ ၫႊန္မႉးေပါ့ေနာ္။ ၫႊန္ခ်ဳပ္ထင္ပါတယ္။ လူမႈဖူလုံေရးကပါသြားတာ။ သြားလည္းၾကည့္ေရာ ဘာအခက္အခဲရွိလဲဆိုေတာ့။ လုပ္သားေတြမရွိဘူး။ ရွားပါးတယ္ဆိုၿပီး လုပ္ငန္းရွင္ေတြကတင္ျပတယ္။ အလည ၫႊန္ခ်ဳပ္ကို တပ္ခ်ဳပ္ကေမးတယ္။ တကယ့္ တကယ္တမ္းမွာ မီးကို လုံေလာက္စြာမေပးႏိုင္ဘူး။ အထူးသျဖင့္ စက္မႈဇုန္ေတြကို မီးမေပးတဲ့အေနအထားမ်ိဳးပဲ။ ဒီဇယ္နဲ႔ရေအာင္ လည္ပတ္ၾကဆိုတဲ့အ ေနအထားမ်ိဳးပဲ။ ဘယ္စက္႐ုံပဲျဖစ္ျဖစ္ သူ႔စရိတ္နဲ႔သူ လည္ပတ္ရတာျဖစ္တယ္။ မီးမလာေတာ့ ဒီဇယ္ေဈး ေထာင္းေတာ့ တကယ္အလုပ္ျဖစ္ႏိုင္တဲ့လုပ္ငန္းကပဲ ဒီဇယ္နဲ႔လုပ္ေတာ့တယ္။ တျခားစက္႐ုံေတြသည္ လုပ္သားေတြေလွ်ာ့ခ်တယ္၊ လုပ္ငန္းေတြေလွ်ာ့ခ် တယ္။ စရိတ္စကႀကီးလာတာျဖစ္တဲ့အတြက္ လုပ္ သားေလွ်ာ့ခံရတယ္။ ေနာက္တစ္ခု စစ္မႈထမ္း။ စစ္မႈထမ္းက ေယာက်ာ္းေလးေတြပဲေခၚတာဆိုေပမယ့္ အဲဒီေယာက်ာ္းေလးပါသြားတာပဲျဖစ္ျဖစ္ ေနာက္တစ္ဆင့္ ျပည္ပကိုသြားတာျဖစ္ျဖစ္၊ လြတ္ေျမာက္ နယ္ ေျမကိုေျပးခ်င္ေျပး။ အဲဒီေတာ့ ဒီလူက မရွိေတာ့တာျဖစ္တဲ့အတြက္ အိမ္ေထာင္စုမွာ သူ႔လုပ္ငန္းတာဝန္ ေတြက မိန္းမေတြအေပၚက်ေရာက္လာတယ္။ အဲဒီေတာ့ ဒီ စက္႐ုံက မိန္းကေလးသည္ နယ္မွာရွိတဲ့လူ ေတြကို ဒီကေနေထာက္ပံ့လို႔မရေတာ့ဘူး။ ျပန္ၿပီးေစာင့္ေရွာက္ရမွာျဖစ္တဲ့အတြက္ အိမ္ျပန္တာမ်ိဳး ေတြရွိ လာတဲ့အတြက္ အလုပ္ေတြထြက္သြားၾကတယ္။ လုပ္သားေတြ မရွိၾကဘူး။ သူတို႔က အဲဒါေတြကိုမေထာက္ ျပဘူး။ ကိုေက်ာ္ႏုေျပာဖူးတာ နားေထာင္ဖူးတယ္။ စစ္မႈထမ္းေတြစေခၚေတာ့ ပိုက္ဆံေတြေပးရတယ္ ေျပာေတာ့ ဘယ္လိုလုပ္ပါလားဆိုၿပီး ေျပာထားအႀကံေပးထားတာ ရွိတယ္။ ဘယ္ၿမိဳ႕နယ္က ဘယ္လိုစု ရင္ ဘယ္ေလာက္ ရမယ္ဆိုတာမ်ိဳး တြက္ျပထားတာရွိတယ္။ ေနာက္ဆုံး သူတို႔မလုပ္ႏိုင္ရင္ ကိုေက်ာ္ႏု ေျပာတဲ့အတိုင္းပဲ လိုက္ လုပ္ဦး။ ရွင္းရွင္းေလးစုလို႔ရတယ္။ အဓိပၸာယ္မရွိတဲ့ ျပည္တြင္းလုပ္သားရွားပါးလို႔ ျပည္ပထြက္ခြာခြင့္ပိတ္ တယ္ဆိုတာကေတာ့ နည္းမမွန္လမ္းမမွန္။ အဲဒီၫႊန္ ခ်ဳပ္က ဘာေျပာလဲဆိုေတာ့ ဒီေလာက္ ေအဂ်င္စီေတြ ပြထေနမွေတာ့ လုပ္သားေတြလႊတ္ေနမွေတာ့ ကြၽန္ ေတာ္တို႔ႏိုင္ငံမွာ လုပ္သား ေတြ ဘယ္က်န္ပါ့မလဲဆိုတဲ့ေခါင္းစဥ္ကိုခ်ျပလိုက္ေတာ့ ဟိုက ဦးျမင့္ေနာင္ကို ေခၚၿပီးေတာ့ ေအဂ်င္စီေတြ ဒီေလာက္ပြထၿပီးေတာ့ အမ်ားႀကီးျဖစ္ေနတာကို အေရးမယူဘဲနဲ႔ ဘာမွမလုပ္ဘဲနဲ႔ လူေတြကိုလႊတ္ေနၿပီး ေတာ့ ေအဂ်င္စီေတြကိုလည္း ခ်ေပးခ်င္တိုင္းခ်‌ေပးေနၿပီးေတာ့ ပြထေနတဲ့အတြက္ လုပ္သားမရွိဘူးဆိုတဲ့ ေခါင္းစဥ္ စြဲသြားပုံရတယ္။ အဲဒီက စၾကပ္လိုက္တာပဲ။ ေနာက္ဆုံး ဦးျမင့္ေနာင္နဲ႔ အတိုက္အခံေတြျဖစ္။ ဦးျမင့္ေနာင္က မိသားစုလႊဲေငြ ေတြျပန္ရတယ္။ ေအဂ်င္စီေတြက အခြန္ေတြေဆာင္ ေတာ့ အခြန္ရတယ္။ လုပ္သားေတြ ျပည္ပမွာအခြန္ေဆာင္ေတာ့ အခြန္ေတြရတယ္။ အဲဒါမ်ိဳးေတြရွိပါ တယ္ေျပာလည္း လက္ မခံဘူး။ စစ္မႈထမ္းအတြက္ လည္းလူဆုံးရႈံးတယ္။ ျပည္ပကိုလည္း လူေတြထြက္ေနတာ လက္မခံႏိုင္ဘူး ေျပာၿပီးေတာ့ အတိုက္အခံျဖစ္ၾကၿပီး ဦးျမင့္ေနာင္ကနားသြားတယ္။ ၿပီးေတာ့ ဦးခ်စ္ေဆြေရာက္လာ တယ္။ ေရာက္လာၿပီးတဲ့ေနာက္ ပိုင္း ဦးတင္ကိုကိုေရာက္ၿပီး ႏွစ္လအၾကာ ဦးခ်စ္ေဆြ ေရာက္ၿပီး တစ္လ အၾကာမွာပဲ (၁၈-၃၅)ဆိုတဲ့ေပၚလ စီကို ဇန္နဝါရီလမွာထုတ္ျပန္လိုက္တယ္။ အဲဒီလို ထုတ္ျပန္ၿပီး အားလုံး ကေမာက္ကမျဖစ္ကုန္တာ။ ဘယ္သူ႔မွာတာဝန္ရွိလဲဆိုတာ ကြၽန္ေတာ္ေျပာသြားတာအေျဖပဲ။ ရွင္းရွင္း ေလး။ ဒါေတြပိတ္တာသည္ စစ္မႈထမ္းေၾကာင့္သာဆိုရင္ သူတို႔ ဘာမွမလုပ္တတ္ရင္ ကိုေက်ာ္ႏုေျပာတာ ျပန္ဖြင့္။
ေမး - ျပည္ပကို အလုပ္သမားတင္ပို႔တာက စစ္မႈထမ္းဥပေဒကို အေႏွာင့္အယွက္ျဖစ္တယ္လို႔ေျပာရင္ မွန္ လား။
ေဆြးေႏြးေဖာ္ - ဘယ္လိုလုပ္မွန္မွာလဲ ။ အခုက ပိတ္ထားတာ ေယာက်ာ္းေလးေရာ မိန္းကေလးေရာေလ။ သူတို႔မိန္းကေလးပါေခၚရင္မိန္းကေလးပိတ္တယ္ဆိုတာအဓိပၸာယ္ရွိတယ္။မိန္းကေလးကလည္း အေႏွာင့္ အယွက္မျဖစ္ဘဲနဲ႔။ ေယာက်ာ္းေလးပို႔လို႔မရရင္ေတာင္‌ မိန္းကေလးပို႔လို႔ရေသးတယ္။ ေယာက်ာ္းေလးဆို တာမွလႊတ္လိုက္ရင္ ဟိုမွာေတြ႕တဲ့ ဗီယက္နမ္ပဲျဖစ္ျဖစ္ ဂ်ပန္ကေတာ့ ယူတာရွားတယ္။ တ႐ုတ္ပဲ ျဖစ္ျဖစ္ ယူၿပီး အေျခခ်ၾကတယ္။ ဗမာမိန္းကေလးေတြက အဲဒီလိုမဟုတ္ဘူး။ ကိုယ့္ႏိုင္ငံျပန္လာၿပီး ဒီမွာပဲေနၾက တာ။ ေယာက်ာ္းေလးေတြပိတ္လိုက္လို႔ Effect ရွိလားဆို ရွိလို႔ပိတ္တယ္ဆို ပိတ္လိုက္။ ေအဂ်င္စီေတြ လည္းနားလည္တယ္။ (၃၅)အထက္ပဲရမယ္ဆို ပို႔လို႔ရရင္ပို႔မယ္ မရရင္မပို႔ဘူး။ ဒါေပမဲ့ မိန္းကေလးေတြ မပိတ္နဲ႔ေလ။ အခုလိုပိတ္ေတာ့ အခြန္နစ္နာတယ္။ ဥပမာ ၿပီးခဲ့တဲ့ႏွစ္က ကြၽန္ေတာ္ သိန္း (၈၀ဝ) ေဆာင္ ရတယ္ဆို ေဆာင္တယ္ေလ။ ဒီႏွစ္မွာ လည္း အဲဒီလိုသာဆက္သြားခဲ့ရင္ သိန္း(၈၀ဝ) မကဘူး သိန္းေထာင္ ေက်ာ္ ေဆာင္ခ်င္ေဆာင္ရမွာ။ ဒါေပ မဲ့ သူတို႔ပိတ္တယ္။ ပိတ္ေတာ့ ေနာက္ဆုံးလမ္းေၾကာင္း ေ႐ြးရေတာ့ လူေတြအမ်ားႀကီး ေအာက္လမ္းကထြက္သြားတယ္။ ဥပမာ အေယာက္ (၈၀)ဆိုရင္ အခြန္မရွိဘူးဆို အနည္းဆုံး သိန္း (၅၀ဝ)ရွိတယ္။ အဲဒီေတာ့ သိန္း (၅၀ဝ)ေဆာင္စရာမလိုဘူးေလ။ ဘယ္ေတာ့ဖမ္းမလဲ မသိဘူး။ ဖမ္းေတာ့လည္း ကြၽန္ေတာ္ပါသြားမွာ ေပါ့။ ပါသြားလည္း ေအဂ်င္စီ (၂၀ဝ)ေက်ာ္ (၃၀ဝ)ကို ဒီမ်က္ႏွာေတြ ဒီလိုပဲျပန္ျမင္ရမွာပဲ။ လူ(၃၀ဝ)ေလာက္က မ်က္ႏွာေတြျမင္ေနရမွာေပါ့။ အားလုံး အ တူတူ ေတြခ်ည္းပဲ။
ေမး - ဂ်ပန္ကေတာ့ လုပ္ခလစာျမင့္တယ္။ ျမန္မာနဲ႔ ပတ္သက္ၿပီးေတာ့ ႏွစ္စဥ္ Demand ကေတာ့ ပ်မ္းမွ် ဘယ္ေလာက္ေလာက္ရွိလဲ။
ေဆြးေႏြးေဖာ္ - သူတို႔သာ ပြင့္ပြင့္လင္းလင္းဖြင့္ေပး ရင္ လူ(၂)သိန္းေလာက္ရွိမယ္။ တစ္ႏွစ္ကို (၁)သိန္း ခြဲ (၂)သိန္းၾကား။
ေမး - ပို႔ေကာပို႔ႏိုင္လား။
ေဆြးေႏြးေဖာ္ - ကြၽန္ေတာ္တို႔ကေတာ့မပို႔ႏိုင္ဘူး။ မလြယ္ဘူး။ ေမြးထုတ္ရေသးတယ္ေလ။ ဒီအတိုင္းျဖစ္ လာတာမဟုတ္ဘူး။ ထိုင္းဆိုရင္ေတာ့ရတာေပါ့။ (၁) သိန္း(၂)သိန္းမကဘူး။ သန္းနဲ႔ခ်ီ။ အခုက ေမြးရေသး တယ္ေလ။ ေမြးၿပီး ျပဳစုပ်ိဳးေထာင္ရေသးတယ္ေလ။ လြယ္လြယ္နဲ႔မျဖစ္လာဘူး။
ေမး - ဟာသေျပာရရင္ ထိုင္းဆိုရင္ ႏိုင္ငံလိုက္ပါ ေျပာင္းေပးလို႔ရတယ္။
ေဆြးေႏြးေဖာ္ - ထိုင္းေတြ ေျပာေနက်စကားရွိတယ္ ေလ။ မဲေဆာက္က အလံရယ္ ဘဏ္ရယ္ အစိုးရဝန္ ထမ္းရယ္ပဲက်န္တာ။ က်န္တာ ဗမာေတြခ်ည္းပဲ။ အခု က ဘန္ေကာက္မွာလည္းအဲဒီလိုျဖစ္ေနၿပီ။ ဟိုနား ေတြ႕လည္း ဗမာ၊ ဒီနားေတြ႕လည္း ဗမာ။ ဗမာလိုေတြ ခ်ည္းႏႈတ္ဆက္ၾကတာ။
ေမး - အဲဒီေတာ့ ဂ်ပန္က Demand ရွိတယ္။ ကိုယ့္ ဘက္က မပို႔ႏိုင္ဘူး ။ ပို႔ဖို႔မလြယ္ဘူး။ ထပ္ကန႔္သတ္ လိုက္ေတာ့ ၿပီးေရာ။ ကိုရီးယားက်ေတာ့ေရာ။
ေဆြးေႏြးေဖာ္ - ဟုတ္တယ္။ သြားေရာပဲ။ ကိုရီးယား က်ေတာ့ G to G ေလ။ သူတို႔က်ရတယ္။ အမွတ္ ေတာ့ျမႇင့္လိုက္တယ္။ (၉၇) အထက္တို႔ဘာတို႔လုပ္ လိုက္တယ္။ ဂ်ပန္ကေတာ့ ဒီမွာ (၅)ခုေလာက္ပဲေျဖ လို႔ရတယ္။ ျပည္ပမွာေျဖရတဲ့စာေမးပြဲက ပိတ္လိုက္ေတာ့ ဒီထဲလည္ပတ္ႏိုင္စြမ္းကနည္းသြားတာ။ ကုန္ ထုတ္ Demand ေတြလည္းအမ်ားႀကီးလာတာ။ ကုန္ထုတ္ေတြဆို အခုထိကိုလာတုန္း။ ရွာခိုင္းတယ္။ ရွာ လို႔မရဘူး။
ေမး - ေနာက္တစ္ခု ကိုရီးယားတို႔ဂ်ပန္တို႔ကို ျပည္ပထြက္ခြာခြင့္ပိတ္လိုက္တာ (၁) ထိုင္းကိုေတာ့ ဒလ ေဟာသြားေနတယ္။ တံခါးမရွိ၊ ဓားမရွိ။ ၿခံစည္း႐ိုးကူး လိုက္တာနဲ႔ရၿပီ။ တကယ္ ေလယာဥ္ပ်ံနဲ႔သြားရ တဲ့ေနရာက် ကန႔္သတ္တယ္။ အဲဒါက ဟိုဘက္မွာေရာက္ေနတဲ့ ကိုရီးယားေရာက္ျမန္မာေတြက နည္း နည္းေလး ႏိုင္ငံေရးနဲ႔ပတ္သက္ရင္ တအားႂကြတယ္။ ဂ်ပန္ ေရာက္လူေတြလည္းအဲဒီလိုပဲ။ အဲဒါေၾကာင့္ အျမင္ ကတ္ပုဒ္မေတြပါေနမလားလို႔ေလ။
ေဆြးေႏြးေဖာ္ - ကိုရီးယားေတာ့ျဖစ္ႏိုင္ေပမယ့္ ဂ်ပန္ေတာ့အျဖစ္နည္းတယ္။ ဂ်ပန္လုပ္ငန္းရွင္ေတြက သူ တို႔ဘက္မွာ အထိမ္းအမွတ္ေန႔ေတြ ဘာေန႔ညာေန႔ဆိုရင္ တိုက်ိဳၿမိဳ႕ေပၚမွာပြဲလုပ္ၾကရင္ လုပ္ငန္းရွင္ ေတြ က တိုက္႐ိုက္ဖုန္းဆက္တယ္။ ကေလးေတြပိတ္ရက္မွာ ဘယ္ပြဲကိုသြားဖို႔သတင္းၾကားတယ္။ ႏိုင္ငံေရးနဲ႔ ပတ္သက္ရင္ေပါ့။ မင္းတို႔ဖုန္းဆက္ၿပီးေတာ့ ကေလးေတြကို တားေပးပါဆိုၿပီးေတာ့ လုပ္ငန္းရွင္က ဖုန္း ဆက္ၿပီးေတာ့တားခိုင္းတာ။ ကြၽန္ေတာ္တို႔လက္ကထြက္သြားတဲ့ကေလးေတြသည္ ေနာက္ဆုံး ေအဂ်င္စီ ရဲ႕စကား နားမေထာင္ရင္ေတာင္ သူတို႔ကိုသင္ေပးလိုက္တဲ့ ဆရာေတြရဲ႕စကားဆိုရင္ တစ္သေဝမတိမ္း နားေထာင္တာ။ အဲဒီေတာ့ ေအဂ်င္စီအေနနဲ႔တားလို႔ရတာေတြကို တားေပးတယ္။ မရရင္ဆရာႀကီး၊ ဆရာ မႀကီးေတြကိုေခၚၿပီး ဖုန္းဆက္ေပးပါဆိုၿပီးေျပာတာ။ ကြၽန္ေတာ္တို႔တားလို႔မရရင္ ဆရာႀကီး ဆရာမႀကီး ေတြက တိုက္႐ိုက္ဖုန္းဆက္ၿပီးတားတာ။ ဓာတ္ပုံ႐ိုက္လို႔ျမင္လို႔ ဒီဘက္ကိုေရာက္လာရင္ ျပန္မလာရဘဲ ျဖစ္မယ္ေနာ္ဆိုရင္ ေၾကာက္ကုန္ေရာ။ ဂ်ပန္က အဲဒီလို။ ကိုရီးယားမွာ အဲဒါမ်ိဳးမရွိဘူး။ တားလို႔လည္း မရ ဘူး။ အစိုးရခ်င္း လႊတ္တာ။ ကြၽန္ေတာ္တို႔လိုေအဂ်င္စီေတြ မပါဘူး။ သူတို႔က အစိုးရခ်င္း။ တားလည္း နားေထာင္မွာမဟုတ္ဘူး။ ေနာက္တစ္ခုက ကိုရီးယားလုပ္ငန္းရွင္ေတြမွာ အဲဒီလိုမ်ိဳး တားမယ့္ Ethic ရွိလား မရွိလား မသိဘူး။ ဂ်ပန္ေတြကေတာ့ ကိုယ္တိုင္ဖုန္းဆက္ၿပီး တားေပးပါ ဆိုၿပီးေျပာတာ။ ေကာင္း မြန္တဲ့ လုပ္သားအဖြဲ႕အစည္းကို ဂ်ပန္ႏိုင္ငံက တည္ေဆာက္ေပးထားတယ္။ ႏိုင္ငံေရးနဲ႔မေရာယွက္ဘဲနဲ႔။ ဟိုမွာလုပ္ေနတာေတြက ဘာ ေတြလဲဆိုရင္ ဟိုးအရင္ကတည္းက အိုက္တိုးပေဂးဆံ နဲ႔ေရာက္ေနတာ။ ေရာက္ၿပီးေတာ့ ခုန္ခ် အိုေတြျဖစ္။ အဲဒီလိုလူေတြက ဟန္နီထြန္းတို႔ဘာတို႔ အဲဒီလူေတြက ျဖစ္ေနတာ။ သူတို႔က လုပ္ျပရမွာေလ။ ယူထားတာကိုး။
ေမး - ဂ်ပန္က ဘာလို႔ အစိုးရခ်င္းမလုပ္ႏိုင္တာလဲ။ ကိုရီးယားကရၿပီး ဂ်ပန္က် ဘာလို႔မလုပ္ႏိုင္တာလဲ။
ေဆြးေႏြးေဖာ္ - ဂ်ပန္ကိုက ဟိုးႏွစ္ေပါင္းမ်ားစြာကတည္းက ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္းဆိုတာရွိခဲ့ တယ္။ အဲဒီကတည္းက ဒါေတြကို တာဝန္ယူ ၿပီးေတာ့ ဒီ လုပ္သား Environment ကိုဖန္တီးေပးခဲ့ တာ။ အဲဒါကိုျမင္သြားၿပီးေတာ့မွ ကိုရီးယားကို လူပို႔တာလုပ္တာ။ အရင္တုန္းက ကိုရီးယားက ဒီေလာက္ႀကီး တိုးတက္တာမရွိေသးဘူး။ ဂ်ပန္-ျမန္မာ ခ်စ္ ၾကည္ေရးက ဟိုးအရင္ကတည္းက အဖြဲ႕အစည္းေတြ တည္ ေဆာက္ၿပီးေတာ့ ေအဂ်င္စီေတြကို လိုင္စင္ေတြ ခ်ေပးၿပီးေတာ့ (၂၀ဝ၄) ေရွ႕ကာလမွာတည္းက ေအဂ်င္စီ ေတြကို ေသေသခ်ာခ်ာလုပ္ၿပီးေတာ့ ေအဂ်င္စီ ေတြကေနပို႔လို႔ရပါတယ္ဆိုၿပီး နဝတ အစိုးရကို သင္ေပးခဲ့ တာ။ ဒီလိုလူေတြပို႔၊ ဒီလိုလုပ္သားေတြတည္ ေဆာက္ ဒီလိုစာသင္ဆိုၿပီး စခဲ့တာ။ အဲဒါကိုျမင္ၿပီးမွ ကိုရီး ယားဆိုတာ (၂၀၁၀) ေနာက္ပိုင္း တိုးတက္လာ ေတာ့မွ အစိုးရက ကိုရီးယားကိုေတာ့ ေအဂ်င္စီေတြကို ေတာ့ ပိုက္ဆံေပးမစားေတာ့ဘူး။ အစိုးရခ်င္းလုပ္ ၿပီးေတာ့ပဲ အစိုးရကပဲ ေအဂ်င္စီခယူၿပီးေတာ့လုပ္သား ပို႔ရင္း အစိုးရအတြက္ ဝင္ေငြ တစ္ဖက္တစ္လမ္းကရ မယ္ဆိုၿပီးေတာ့ ေနာက္မွ ကိုရီးယားကျဖစ္လာတာ။ အဲဒီေတာ့ ဂ်ပန္က အစိုးရခ်င္းတည္ေဆာက္ဖို႔က ခက္တယ္။ အကုန္လုံးက ေအဂ်င္စီေတြနဲ႔ သူ႔လုပ္သား အဖြဲ႕အစည္းေတြ သမဂၢေတြနဲ႔ခ်ိတ္ဆက္ၿပီး ေတာ့အလုပ္လုပ္ေနတာ။ အဲဒီစာခ်ဳပ္ေတြထဲ ဘာပါလဲဆို ေတာ့ သူတို႔အားလုံးစီစဥ္ၿပီးလို႔ ကေလးေတြ မပို႔ႏိုင္ရင္ ေအဂ်င္စီေတြဘက္က ေလ်ာ္ရပါမယ္ဆို တာ လည္းပါထားတယ္။ အဲဒါေၾကာင့္လည္း ေလ်ာ္ေၾကးေပးရမယ္ဆိုၿပီး အတင္းေျပာတာေတြပါတာ။
ဟုတ္ကဲ့ အခုလိုေဆြးေႏြးေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.