အင်ပါယာကနေ နောက်ဆုံးတော့ တန်းတူလက်နှုတ်ဆက်ပြီ

765

သန်းထိုက်စိုး (NP News)
နိုင်ငံရေးမှာ ခုနစ်နှစ်ဆိုတာ အချိန်အတော် ကြာပါတယ်။ သံတမန်ရေးမှာဆို ပိုလို့တောင် ကြာပါ သေးတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ လန်ဒန်ကို ပြန်ရောက်ဖို့ အဲဒီလောက်ကြာခဲ့တာပါ။ အရင် ကလို ပြည်ပရောက် အိန္ဒိယလူမျိုးတွေရဲ့ အားပေးပွဲတွေ၊ လူထုစည်းဝေးပွဲတွေက နောက်မှာ ကျန်ခဲ့ပါပြီ။ ဒီတစ်ခါမှာတော့ တိတ်ဆိတ်ပြီး ပိုမိုပြတ်သားတဲ့၊ ပိုမို မဟာဗျူဟာမြောက်တဲ့ မစ်ရှင်တစ်ခုပါ။ ဗုံသံတွေ၊ ကြွေးကြော်သံတွေမရှိဘဲ စာရွက်တွေ၊ ဘောပင်တွေရဲ့ တိတ်တိတ်ဆိတ်ဆိတ် မြည်သံလေးပဲရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီနဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာတို့ လုပ်တော့မယ့်ကိစ္စ ဟာ ပြယုဂ်သက်သက်မဟုတ်ဘဲ သမိုင်းဝင်ကိစ္စတစ်ခုဖြစ်လို့ပါပဲ။
အိန္ဒိယနဲ့ဗြိတိန်တို့ဟာ သုံးနှစ်နီးပါး ကြာမြင့်ခဲ့တဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူစာချုပ် (FTA) ကို အပြီးသတ် ချုပ်ဆိုလုနီးပါးဖြစ်နေပါပြီ။ ဒီလို ကြာရှည်ရှုပ်ထွေးခဲ့တဲ့ အချစ်ဇာတ်လမ်းတစ်ခုဟာ အခုတော့ မင်္ဂလာပွဲဆီ ဦးတည်နေပြီလို့ မြင်နိုင်ပါတယ်။ မေလ (၆) ရက်က ဝန်ကြီး ချုပ်နှစ်ဦး ဖုန်းပြော ဆိုမှုမှာ စေ့စပ်ကြောင်းလမ်းမှုကို ကြေညာခဲ့ပြီးကတည်းက ဥပဒေပိုင်းဆိုင်ရာ စိစစ်မှုတွေ ဆောင်ရွက်နေ တာပါ။ ဒီသဘောတူညီချက်ဟာ သေးနုပ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဟာ ဗြိတိန်ရဲ့ Brexit နောက်ပိုင်း အကြီးမားဆုံး ကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်ပြီး G7 နိုင်ငံတစ်ခုနဲ့ အိန္ဒိယက ပထမ ဆုံးအကြိမ် လက်မှတ်ရေးထိုးတဲ့ FTA လည်း ဖြစ်ပါတယ်။ ဒါဟာ ဆယ်စုနှစ်ရဲ့ စီးပွားရေးဆိုင်ရာ လက်ဆွဲနှုတ်ဆက် မှုတစ်ခု၊ ကမ္ဘာ့ပဉ္စမနဲ့ ဆဋ္ဌမ အကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုကြား မိတ်ဖက်ဆက်ဆံရေးတစ်ခုဖြစ်ပြီး ကိုလို နီခေတ်ဟောင်းဇာတ်လမ်းကို ယခင်ကိုလိုနီခံခဲ့ရတဲ့နိုင်ငံက ပြန်လည်ရေးသားမယ့် အခိုက်အတန့် တစ်ခု ဖြစ်နိုင်ပါတယ်။ ဒီသဘောတူညီချက်ဟာ အပြင်ပန်းကြည့်ရင် သိပ်ပြီးအထင်ကြီးစရာ မကောင်းနိုင်ပေ မယ့် သူ့ရဲ့တိုးတက်တဲ့အားသာချက်တွေဟာ နှစ်နိုင်ငံလုံးအတွက် ကောင်းသောအချိန်ရော ဆိုးသော အ ချိန်မှာပါ အထောက်အကူပြုပါလိမ့်မယ်။
စီးပွားရေး ဆက်စပ်မှုများ
ဒါဟာ နည်းလမ်းများစွာနဲ့ သားရေဟောင်းတွေကိုခွာချနေတဲ့ နိုင်ငံနှစ်ခုရဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဥရောပသမဂ္ဂနဲ့ လမ်းခွဲပြီးတဲ့နောက် အသစ်အသစ်ဖြစ်နေတဲ့ ဗြိတိန်ဟာ ကမ္ဘာတစ်ဝန်းမှာ ကုန်သွယ်ဖက် အသစ်တွေကို ရှာဖွေနေပါတယ်။ ရည်မှန်းချက်ကြီးပြီး ပိုမိုတိုးတက်လာတဲ့ အိန္ဒိယကလည်း သူဘယ်သူနဲ့ တွေ့ဆုံရမလဲဆိုတာနဲ့ပတ်သက်ပြီး ရှက်ရွံ့နေခြင်းမရှိတော့ပါဘူး။ ဗြိတိသျှတို့က အရင်က အိန္ဒိယကနေ တန်ဖိုးတွေကို ထုတ်ယူခဲ့ကြပေမယ့် အခုအခါမှာတော့ ဗြိတိန်ရှိ အိန္ဒိယကုမ္ပဏီတွေက ပေါင် (၉၁) ဘီလီ ယံကျော်ဝင်ငွေရရှိပြီး အလုပ်အကိုင်ပေါင်း (၁၀ဝ,ဝဝဝ) ကျော် ဖန်တီးပေးနေပါတယ်။ ဗြိတိန်မှာ အိန္ဒိယ ကုမ္ပဏီထောင်နဲ့ချီ လည်ပတ်နေပြီး ဗြိတိန်ဘက်ကလည်း အိန္ဒိယမှာ ဒေါ်လာ (၃၆) ဘီလျံကျော် ရင်းနှီး မြှုပ်နှံထားပါတယ်။ ဗြိတိန်မှာ အိန္ဒိယရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ (၂၀) ဘီလျံ ရှိပါတယ်။ ဒါတွေက စားပွဲပေါ်က အြွကင်းအကျန်တွေမဟုတ်ပါဘူး၊ ဒါတွေက အတူတူ ဝေမျှစားတဲ့ထမင်းဝိုင်းတွေပါ။
ဒါဟာ တစ်ကြိမ်တစ်ခါတည်း သဘောတူညီချက်တစ်ခု မဟုတ်ပါဘူး။ နှစ်နိုင်ငံ ဆက်ဆံရေးကို (၂၀၂၁) ခုနှစ်မှာ ပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Comprehensive Strategic Partnership)အဖြစ် အဆင့်မြှင့်တင်ခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ နှစ်နိုင်ငံစလုံးက ပြင်ဆင်မှု တွေအများကြီးလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာပဲ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှု နှစ်ကြိမ်ရှိခဲ့ ပြီး အနီးစပ်ဆုံးအနေနဲ့ ဇွန်လ G7 အစည်းအဝေးမှာ တွေ့ဆုံခဲ့ကြပါတယ်။ အခု လန်ဒန်ကို ဝန်ကြီးချုပ်မိုဒီ လာရောက်တာဟာ သူဝန်ကြီးချုပ် ဖြစ်ပြီးနောက် စတုတ္ထအကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး ကုန်သွယ်ရေး သဘောတူ စာချုပ်ထက် ပိုမိုနက်ရှိုင်းတဲ့ကိစ္စတွေကို အပြီးသတ်ဖို့မျှော်လင့်ရပါတယ်။ လုပ်ငန်းရှင် ခေါင်း ဆောင်တွေ၊ အဆင့်မြင့်မူဝါဒ ချမှတ်သူတွေနဲ့ ဆွေးနွေးမှုတွေ၊ ပြီးတော့ ဘုရင်ချားလ်စ်နဲ့ တွေ့ဆုံမှုလည်း ရှိပါလိမ့်မယ်။ ဒါကို အပြည့် အစုံသော သံတမန်ရေးလို့ခေါ်ဆိုနိုင်ပါတယ်။
FTA မှာ အိန္ဒိယအတွက် ဘာတွေပါဝင်လဲ
ဒါပေမဲ့ FTA မှာ တကယ်တမ်း ဘာတွေပါဝင်လဲ။ အိန္ဒိယအတွက်ကတော့ အထည်အလိပ်၊ ပင်လယ်စာ၊ ကျောက်မျက်ရတနာနဲ့ လက်ဝတ်ရတနာ ကဏ္ဍတွေအတွက် ဗြိတိန်ဈေးကွက်ကို ဝင်ရောက် ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေဟာ သန်းနဲ့ချီတဲ့ လူတွေကို အလုပ်အကိုင်ပေးစွမ်းပြီး ကမ္ဘာ့ဈေးကွက် မှာ ထင်ရှားပါတယ်။ ဗြိတိန်အတွက်ကတော့ သူ့ရဲ့ ဝီစကီ၊ ကားနဲ့အလှကုန်ပစ္စည်းတွေကို အိန္ဒိယရဲ့ အလယ်အလတ်တန်းစား လူတန်းစားများပြားလာတဲ့ ဈေးကွက်ကို ပိုမိုရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။ အိန္ဒိယ စားသုံးသူတွေဟာ မကြာခင်မှာ Glenfiddich ဝီစကီကိုသောက်၊ Mini Coopers ကားတွေကို မောင်းနှင် နိုင်တော့မှာ ဖြစ်ပြီး အဲဒီပစ္စည်းတွေအတွက် အရင်ကလို များပြားတဲ့အခွန်တွေ ပေးဆောင်ရတော့မှာ မဟုတ်ပါဘူး။ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိ မယ့် ကိစ္စပါပဲ။ ပြည်တွင်းကားထုတ်လုပ်သူ ဒါမှမဟုတ် ပြည် တွင်း ဂျင်ဘီယာချက်လုပ်တဲ့ ကုမ္ပဏီတွေ အတွက်တော့ အကျိုးမရှိနိုင်ပေမယ့် ကုန်သွယ်ရေးဆိုတာ အမြဲ တမ်းနာကျင်မှုတွေမရှိဘဲ မပြီးဆုံးပါဘူး။
စိုက်ပျိုးရေးကဏ္ဍ သို့မဟုတ် ကန့်သတ်နယ်မြေ
အိန္ဒိယက အရေးကြီးတဲ့ကိစ္စရပ်တွေမှာ ခိုင်မာတဲ့ရပ်တည်ချက်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ စိုက် ပျိုးရေးကဏ္ဍကိုဖွင့်ပေးဖို့ ဖိအားတွေရှိခဲ့ပြီး အမေရိကန်တွေကလည်း ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ ကြပါတယ်။ ဒါပေမဲ့ ဒေလီက မျက်တောင်တစ်ချက် မခတ်ခဲ့ပါဘူး။ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (WTO) နဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ၊ အစားအစာဖူလုံရေး အတွက် ကြာရှည်တိုက်ပွဲတွေ၊ လယ်သမားတွေ လမ်း တွေပေါ်မှာဆိုင်းဘုတ်တွေ၊ စပါးအိတ်တွေနဲ့ ချီတက်ခဲ့ကြတဲ့ အမှတ်တရတွေက အခုထိ ကြီးမားနေဆဲပါ။ အိန္ဒိယရဲ့ စိုက်ပျိုးရေးကဏ္ဍဟာ GDP ကိန်းဂဏန်းတစ်ခုထက် ပိုပါတယ်။ ဒါဟာ လူမှုရေးဆိုင်ရာ သဘော တူညီချက်တစ်ခုပါ။ လူဦးရေရဲ့ (၄၀)ရာခိုင်နှုန်းကျော်ကို အလုပ်အကိုင် ပေးစွမ်းနေပြီး ကုန်သွယ်မှုပိုငွေ ဘယ်လောက်များများ ရသည်ဖြစ်စေ၊ ဒီကဏ္ဍကို မတည်မငြိမ်ဖြစ်စေမယ့် နိုင်ငံရေး ဒါမှမဟုတ် လူသား ချင်းဆိုင်ရာ ကုန်ကျ စရိတ်ကို ထည့်မတွက်နိုင်ပါဘူး။
လူဝင်မှုကြီးကြပ်ရေး ကတ်ကိုလည်း အသုံးပြုခဲ့ပြီး ဗြိတိန်ကတော့ သူ့ရင်ဘတ်နားကပ်ထားခဲ့ပါ တယ်။ အိန္ဒိယက သူရဲ့ပညာရှင်တွေအတွက် သွားလာမှု ပိုမိုလွယ်ကူစေချင်ခဲ့ပေမယ့် လန်ဒန်ကတော့ လူဝင်မှုကြီးကြပ်ရေးရဲ့ပုံရိပ်နဲ့ နိုင်ငံရေးကို စိုးရိမ်တာကြောင့် ကျွမ်းကျင် လုပ်သားတွေဖြစ်တဲ့ စားဖိုမှူး တွေ၊ ယောဂဆရာတွေ၊ အိုင်တီပညာရှင် အနည်းငယ်လောက်အတွက်ပဲ ကန့်သတ်ထားတဲ့ဗီဇာလမ်း ကြောင်းကို ကမ်းလှမ်းခဲ့ပါတယ်။ သို့သော်လည်း အိန္ဒိယအတွက် သိသာထင်ရှားတဲ့အောင်ပွဲ တစ်ခုရှိခဲ့ပါ တယ်။ ဒါကတော့ ရေတိုကာလ လုပ် သားတွေအတွက် လူမှုဖူလုံရေး အခွန်ကင်းလွတ် ခွင့်ရရှိတာပဲ ဖြစ် ပါတယ်။ သူတို့ ပြည်ပမှာအလုပ် လုပ်ရတဲ့အတွက် အခွန်နှစ်ခါပေးဆောင်ရတော့မှာ မဟုတ်ပါဘူး။ ဒါဟာ ဆွဲဆောင်မှုမရှိပေမယ့် အိန္ဒိယ ပြည်ပရောက်တွေ ဘယ်သူ့ကိုမဆို မေးကြည့်ပါ၊ ဒါဟာ ရွှေပဲလို့ သူတို့ ပြောပါလိမ့်မယ်။
ကုန်သွယ်ရေးနဲ့ ဗီဇာတွေအပြင် ဆက်ဆံရေးဟာ နယ်ပယ်သစ်တွေဆီပါ တိုးချဲ့လာနေပါတယ်။ Southampton တက္ကသိုလ်က Gurugram မှာ ကျောင်းခွဲတစ်ခု ဖွင့်လှစ်ခဲ့ပြီး ဒါဟာ အိန္ဒိယရဲ့ ပညာရေး မူဝါဒအသစ်အရ ပထမဆုံး နိုင်ငံခြား တက္ကသိုလ် ဖြစ်ပါတယ်။ တခြား ဗြိတိန်တက္ကသိုလ် တွေကလည်း ရွှေ့ပြောင်းဖို့ စဉ်းစားနေကြပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုး ပွားလာနေပြီး ကျန်းမာရေးကဏ္ဍမှာ Oxford-AstraZeneca (Covishield) ကာကွယ်ဆေးရဲ့အောင်မြင်မှုနဲ့ ငှက်ဖျားကာကွယ် ဆေးပူးတွဲတီထွင်မှုတွေက သိပ္ပံပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လို လူ့ အသက်တွေကို ပြောင်းလဲပေးနိုင်လဲဆိုတာ သတိရစေပါတယ်။ ဗြိတိန်ဟာ အိန္ဒိယရဲ့ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တွန်းအားပေးမှုအတွက် အဓိက ငွေကြေးထောက်ပံ့သူ လည်း ဖြစ်ပါတယ်။ ဒါဟာ ပို့ကုန်နဲ့ သွင်း ကုန်သက် သက်မဟုတ်ဘဲ ဒီမိုကရေစီနှစ်ခု ဘယ်လိုအနာဂတ်ကို ပူးတွဲဖန်တီးနိုင်လဲဆိုတာ ပြသတဲ့ နောက်ထပ်လက္ခ ဏာတစ်ခုပါ။
Trump ရဲ့ အရိပ်အောက်က သဘောတူညီချက်လား
ဟုတ်ပါတယ်၊ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာ အရိပ်ကြီးတစ်ခု ထိုးနေပါတယ်။ အဲဒါက တော့ အမေရိကန် ပြည်ထောင်စုပါပဲ။ သမ္မတ ထရမ့်ဟာ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက အိန္ဒိယနဲ့ မကြာမီ ကုန်သွယ်ရေးသဘောတူညီချက် ရရှိတော့မယ်လို့ကြွေးကြော်နေပြီး အိန္ဒိယအနေနဲ့ အမေရိကန် ကုန်ပစ္စည်းတွေအတွက် တံခါးတွေကို ကျယ်ကျယ်ဖွင့်ပေးဖို့အသင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ကခုန်မှုက ပိုပြီးကွဲလွဲနေပါတယ်။ ဝါရှင်တန်က အိန္ဒိယရဲ့ စိုက်ပျိုးရေး၊ ကား အစိတ် အပိုင်းတွေနဲ့ အခွန်ဖွဲ့စည်းပုံတွေကို အပြည့်အဝ ဝင်ရောက်ခွင့်ရချင်နေပါတယ်။ အိန္ဒိယကတော့ ခိုင်မာတဲ့ လက်ဆွဲနှုတ်ဆက်မှုကို ကမ်းလှမ်းနေပေမယ့် ပွေ့ဖက်မှုတော့မဟုတ်သေးပါဘူး။
အလောင်းအစားကကြီးပါတယ်။ အိန္ဒိယနဲ့အမေရိကန်ကြား နှစ်နိုင်ငံကုန်သွယ်မှုက မနှစ်က ဒေါ် လာ (၁၉၀) ဘီလျံကိုရောက်ရှိခဲ့ပါတယ်။ မိုဒီနဲ့ထရမ့်တို့ တစ်ချိန်က သတ်မှတ်ခဲ့တဲ့ ပစ်မှတ် ပမာဏက ဒေါ် လာ (၅၀ဝ) ဘီလျံပါ။ ပြောရတာသာ လွယ်တာပါ။ ထရမ့်ရဲ့ ဧပြီလကကြေညာခဲ့တဲ့ အိန္ဒိယ ကုန်ပစ္စည်း တွေအပေါ် (၂၇)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုတွေဟာ ရပ်ဆိုင်း၊ သက်တမ်းတိုးခဲ့ပြီး အခုတော့ ပြန်ပြီးခြိမ်း ခြောက်နေပြန်ပါပြီ။ အိန္ဒိယကတော့ စိတ်မပျော်ပါဘူး။ ဒါဟာ မှန်ကန်ပါတယ်။ တံခါးကို အမြဲတမ်း ပြောင်းလဲမယ်လို့ ခြိမ်းခြောက်နေတဲ့မိတ်ဖက်နဲ့ ရေရှည်ဆက်ဆံရေးကို တည် ဆောက်လို့မရပါဘူး။
ဗြိတိန်နဲ့ သဘောတူညီချက်က ကြီးမားတဲ့ သဘောတူညီချက်တစ်ခုပါ
ဒါကြောင့်မို့ ဗြိတိန်နဲ့ သဘောတူညီချက်ဟာ အရမ်းအရေးကြီးတာပါ။ ဒါဟာ ဝါရှင်တန်ကို သာမ က ဘရပ်ဆဲလ်၊ တိုကျို၊ ကန်ဘာရာနဲ့ တခြား သူတွေကိုပါ အိန္ဒိယဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ တခမ်းတနား ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ သူရဲ့ ကိုယ်ပိုင်စည်းကမ်းချက်တွေနဲ့ပဲ ပါဝင်မယ်ဆိုတဲ့ သတင်း စကား ပေးပို့လိုက်တာပါ။ ဩစတြေးလျနဲ့ ယူအေအီးတို့နဲ့ FTA တွေကို လက်မှတ်ရေးထိုးပြီး သားပါ။ ဥရောပသမဂ္ဂ (EU) နဲ့ ဆွေးနွေးမှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။ ကနေဒါလည်း ပါဝင်ခဲ့ ပေမယ့် နိုင်ငံရေးပဋိပက္ခတွေကြောင့် အရှိန်အဟုန် ရပ်တန့်သွားခဲ့ပါတယ်။ အိန္ဒိယဟာ အတန်း ထဲမှာ စကားပြောဖို့ကြောက်ရွံ့နေတဲ့ ကလေးငယ် မဟုတ်တော့ပါဘူး။ သူက သူရဲ့ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းကို ရေးဆွဲနေပါပြီ။
အင်ပါယာက သဘောတူညီချက်တွေ ချုပ်ဆိုနေပြီလား
ဒါတွေအားလုံးမှာ ကဗျာဆန်တဲ့ လှည့်ကွက်တစ်ခုရှိပါတယ်။ နှစ်ရာစုနှစ်ပေါင်းများစွာ ဗြိတိန်ဟာ အိန္ဒိယရဲ့ ကုန်သွယ်ရေးစည်းမျဉ်းတွေကို သူရဲ့အကျိုးစီးပွားအတွက် ပုံဖော်ခဲ့ပါတယ်။ ကုန်ကြမ်းတွေကို လုယူခဲ့တယ်၊ ဆားကို အခွန်စည်းကြပ်ခဲ့တယ်၊ “လွတ်လပ်သော ဈေးကွက်” ဆိုတဲ့ နာမည်အောက်မှာ ပြည်တွင်းလုပ်ငန်းတွေကို ဖျက်ဆီးခဲ့ပါတယ်။ အခုတော့ Brexit နောက်ပိုင်း ဗြိတိန်ဟာ မိတ်ဖက်တွေကို လိုက်ရှာနေတဲ့အချိန်မှာ အိန္ဒိယက တန်ဖိုးရှိတဲ့ ကခုန်ဖက်ဖြစ်လာပါပြီ။ ထိုက်လည်း ထိုက်တန်ပါတယ်။ တစ်ချိန်က ကိုလိုနီခံခဲ့ရတဲ့ နိုင်ငံကစည်း ကမ်းသတ်မှတ်ချက်တွေကို ချိန်ညှိနေပြီး ယခင်အင် ပါယာက တော့ မင်ခြောက်ဖို့ စောင့်ဆိုင်းနေပါတယ်။ အင်ပါယာက ပြန်လည်တိုက်ခိုက်နေတာမဟုတ်ဘဲ သဘော တူညီချက်တွေ ချုပ်ဆိုနေတာပါ။
ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က လူတွေကိုလည်း မမေ့သင့်ပါဘူး။ ဗြိတိန်မှာ ရှိတဲ့ (၁.၈) သန်းသော အိန္ဒိယလူမျိုးတွေဟာ ယဉ်ကျေးမှု၊ စီးပွားရေး၊ စိတ်ခံစားမှုဆိုင်ရာတွေနဲ့ ပါဝင်တဲ့ သက်ရှိ တံတားတစ်ခုကို ဖွဲ့စည်းထားပါတယ်။ သူတို့ဟာ ဆရာဝန်တွေ၊ နည်းပညာရှင်တွေ၊ စားသောက်ဆိုင် ပိုင် ရှင်တွေ၊ ဆိုင်ပိုင်ရှင်တွေ၊ သတင်းစာဆရာတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ငွေကြေးတွေ ပြန်ပို့ကြ တယ်။ စီးပွားရေးလုပ်ငန်းတွေ တည်ဆောက်ကြပြီး နယ်နိမိတ်တွေက ရည်မှန်းချက်တွေကို မပိတ်ဆို့တဲ့အခါ ဘာ တွေ ဖြစ်လာနိုင်လဲဆိုတာကို အကောင်းဆုံး ဖော်ပြနေပါတယ်။ ကုန်သွယ်ရေးသဘောတူညီချက်တိုင်း၊ စီးပွားရေးထိပ်သီးအစည်းအဝေးတိုင်း၊ ဗီဇာအစီအစဉ်အသစ်တိုင်းဟာ သူတို့ရဲ့ဘဝတွေကို ထိခိုက်စေပါ တယ်။
ဒါဟာ ခရီးတိုလေးဖြစ်နိုင်ပေမယ့် ရေရှည်အတွက် ကစားပွဲတစ်ခုပါ။ မိုဒီနဲ့ စတာမာတို့ရဲ့ လက်ဆွဲ နှုတ်ဆက်မှုဟာ ဓလေ့ထုံးတမ်းထက်ပိုပါ တယ်။ ဒါဟာ သမိုင်းကို ပြန်လည်ချိန်ညှိခြင်း၊ အာဏာကို တိတ် ဆိတ်စွာပြန်လည်မျှတအောင် လုပ်ခြင်း၊ ကိုလိုနီခေတ် စာရင်းဇယားကို ပြန်လည် ရေးသားခြင်းပဲ ဖြစ်ပါ တယ်။ စာရင်းဇယားတွေက ဥပဒေကြောင်းအရ စိစစ်မှုတွေ လိုအပ်နေနိုင်တုန်း ပါပဲ။ စာချုပ်ပါ စာပိုဒ်တွေ ကိုလည်း ကောင်းကောင်း ညှိနှိုင်းရဦးမှာပါ။ ဒါပေမဲ့ ခံစားချက်က ရှင်းပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့ စီးပွား ရေးမှာ ပါဝင်ရုံသက်သက် မဟုတ်ပါဘူး။ သူက ကမ္ဘာ့စီးပွားရေးကို ပြန်လည်ပုံဖော်ရာမှာ ကူညီပေးနေ တာပါ။ ဘောပင်တွေဖွင့်ပြီး လက်မှတ်တွေရေးထိုးကြတဲ့အခါ ဒါကိုသတိရပါ။ ကုန်သွယ်ရေးဆိုတာ ကုန် သွယ်ရေးသက်သက် မဟုတ်ပါဘူး။ ဒါဟာ ကိုယ်ပိုင်လက္ခဏာ၊ ရည်မှန်းချက်၊ မှတ်ဉာဏ်၊ ပြိုင်ဆိုင်မှု၊ လွှမ်းမိုးမှုနဲ့ စိတ်ကူးစိတ်သန်းတွေကို သေးငယ်တဲ့စာသားတွေထဲ အသေးစိတ်ထည့်သွင်းထားတာပါ။ အရှေ့အိန္ဒိယကုမ္ပဏီ တည်ထောင်သူတွေကို မေးကြည့်လိုက်ပါ။ လှပတဲ့ စာသားတွေနဲ့အတူ အခန်းသစ် တစ်ခု စတင်လိုက်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကိုလိုနီပြုလုပ်သူနဲ့ ကိုလိုနီပြုခံ ရတဲ့သူမဟုတ်တော့ဘဲ မင်း လည်းအကောင်၊ ငါလည်းအကောင်ပဲဆိုတဲ့ ဇာတိပုည ဂုဏ်မာနနဲ့တန်းတူရည်တူ လက်မှတ်ရေးထိုး တာ ဖြစ်ပါတယ်။

Zawgyi Version:
အင္ပါယာကေန ေနာက္ဆုံးေတာ့ တန္းတူလက္ႏႈတ္ဆက္ၿပီ
သန္းထိုက္စိုး (NP News)
ႏိုင္ငံေရးမွာ ခုနစ္ႏွစ္ဆိုတာ အခ်ိန္အေတာ္ ၾကာပါတယ္။ သံတမန္ေရးမွာဆို ပိုလို႔ေတာင္ ၾကာပါ ေသးတယ္။ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာမိုဒီ လန္ဒန္ကို ျပန္ေရာက္ဖို႔ အဲဒီေလာက္ၾကာခဲ့တာပါ။ အရင္ ကလို ျပည္ပေရာက္ အိႏၵိယလူမ်ိဳးေတြရဲ႕ အားေပးပြဲေတြ၊ လူထုစည္းေဝးပြဲေတြက ေနာက္မွာ က်န္ခဲ့ပါၿပီ။ ဒီတစ္ခါမွာေတာ့ တိတ္ဆိတ္ၿပီး ပိုမိုျပတ္သားတဲ့၊ ပိုမို မဟာဗ်ဴဟာေျမာက္တဲ့ မစ္ရွင္တစ္ခုပါ။ ဗုံသံေတြ၊ ေႂကြးေၾကာ္သံေတြမရွိဘဲ စာ႐ြက္ေတြ၊ ေဘာပင္ေတြရဲ႕ တိတ္တိတ္ဆိတ္ဆိတ္ ျမည္သံေလးပဲရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အိႏၵိယ ဝန္ႀကီးခ်ဳပ္မိုဒီနဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီယာစတာမာတို႔ လုပ္ေတာ့မယ့္ကိစၥ ဟာ ျပယုဂ္သက္သက္မဟုတ္ဘဲ သမိုင္းဝင္ကိစၥတစ္ခုျဖစ္လို႔ပါပဲ။
အိႏၵိယနဲ႔ၿဗိတိန္တို႔ဟာ သုံးႏွစ္နီးပါး ၾကာျမင့္ခဲ့တဲ့ လြတ္လပ္တဲ့ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ (FTA) ကို အၿပီးသတ္ ခ်ဳပ္ဆိုလုနီးပါးျဖစ္ေနပါၿပီ။ ဒီလို ၾကာရွည္ရႈပ္ေထြးခဲ့တဲ့ အခ်စ္ဇာတ္လမ္းတစ္ခုဟာ အခုေတာ့ မဂၤလာပြဲဆီ ဦးတည္ေနၿပီလို႔ ျမင္ႏိုင္ပါတယ္။ ေမလ (၆) ရက္က ဝန္ႀကီး ခ်ဳပ္ႏွစ္ဦး ဖုန္းေျပာ ဆိုမႈမွာ ေစ့စပ္ေၾကာင္းလမ္းမႈကို ေၾကညာခဲ့ၿပီးကတည္းက ဥပေဒပိုင္းဆိုင္ရာ စိစစ္မႈေတြ ေဆာင္႐ြက္ေန တာပါ။ ဒီသေဘာတူညီခ်က္ဟာ ေသးႏုပ္တဲ့ကိစၥမဟုတ္ပါဘူး။ ဒါဟာ ၿဗိတိန္ရဲ႕ Brexit ေနာက္ပိုင္း အႀကီးမားဆုံး ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ျဖစ္ၿပီး G7 ႏိုင္ငံတစ္ခုနဲ႔ အိႏၵိယက ပထမ ဆုံးအႀကိမ္ လက္မွတ္ေရးထိုးတဲ့ FTA လည္း ျဖစ္ပါတယ္။ ဒါဟာ ဆယ္စုႏွစ္ရဲ႕ စီးပြားေရးဆိုင္ရာ လက္ဆြဲႏႈတ္ဆက္ မႈတစ္ခု၊ ကမာၻ႔ပၪၥမနဲ႔ ဆ႒မ အႀကီးဆုံးစီးပြားေရးႏိုင္ငံႏွစ္ခုၾကား မိတ္ဖက္ဆက္ဆံေရးတစ္ခုျဖစ္ၿပီး ကိုလို နီေခတ္ေဟာင္းဇာတ္လမ္းကို ယခင္ကိုလိုနီခံခဲ့ရတဲ့ႏိုင္ငံက ျပန္လည္ေရးသားမယ့္ အခိုက္အတန႔္ တစ္ခု ျဖစ္ႏိုင္ပါတယ္။ ဒီသေဘာတူညီခ်က္ဟာ အျပင္ပန္းၾကည့္ရင္ သိပ္ၿပီးအထင္ႀကီးစရာ မေကာင္းႏိုင္ေပ မယ့္ သူ႔ရဲ႕တိုးတက္တဲ့အားသာခ်က္ေတြဟာ ႏွစ္ႏိုင္ငံလုံးအတြက္ ေကာင္းေသာအခ်ိန္ေရာ ဆိုးေသာ အ ခ်ိန္မွာပါ အေထာက္အကူျပဳပါလိမ့္မယ္။
စီးပြားေရး ဆက္စပ္မႈမ်ား
ဒါဟာ နည္းလမ္းမ်ားစြာနဲ႔ သားေရေဟာင္းေတြကိုခြာခ်ေနတဲ့ ႏိုင္ငံႏွစ္ခုရဲ႕ဇာတ္လမ္းတစ္ပုဒ္ပါပဲ။ ဥေရာပသမဂၢနဲ႔ လမ္းခြဲၿပီးတဲ့ေနာက္ အသစ္အသစ္ျဖစ္ေနတဲ့ ၿဗိတိန္ဟာ ကမာၻတစ္ဝန္းမွာ ကုန္သြယ္ဖက္ အသစ္ေတြကို ရွာေဖြေနပါတယ္။ ရည္မွန္းခ်က္ႀကီးၿပီး ပိုမိုတိုးတက္လာတဲ့ အိႏၵိယကလည္း သူဘယ္သူနဲ႔ ေတြ႕ဆုံရမလဲဆိုတာနဲ႔ပတ္သက္ၿပီး ရွက္႐ြံ႕ေနျခင္းမရွိေတာ့ပါဘူး။ ၿဗိတိသွ်တို႔က အရင္က အိႏၵိယကေန တန္ဖိုးေတြကို ထုတ္ယူခဲ့ၾကေပမယ့္ အခုအခါမွာေတာ့ ၿဗိတိန္ရွိ အိႏၵိယကုမၸဏီေတြက ေပါင္ (၉၁) ဘီလီ ယံေက်ာ္ဝင္ေငြရရွိၿပီး အလုပ္အကိုင္ေပါင္း (၁၀ဝ,ဝဝဝ) ေက်ာ္ ဖန္တီးေပးေနပါတယ္။ ၿဗိတိန္မွာ အိႏၵိယ ကုမၸဏီေထာင္နဲ႔ခ်ီ လည္ပတ္ေနၿပီး ၿဗိတိန္ဘက္ကလည္း အိႏၵိယမွာ ေဒၚလာ (၃၆) ဘီလ်ံေက်ာ္ ရင္းႏွီး ျမႇဳပ္ႏွံထားပါတယ္။ ၿဗိတိန္မွာ အိႏၵိယရဲ႕ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈက ေဒၚလာ (၂၀) ဘီလ်ံ ရွိပါတယ္။ ဒါေတြက စားပြဲေပၚက ႁအြကင္းအက်န္ေတြမဟုတ္ပါဘူး၊ ဒါေတြက အတူတူ ေဝမွ်စားတဲ့ထမင္းဝိုင္းေတြပါ။
ဒါဟာ တစ္ႀကိမ္တစ္ခါတည္း သေဘာတူညီခ်က္တစ္ခု မဟုတ္ပါဘူး။ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကို (၂၀၂၁) ခုႏွစ္မွာ ျပည့္စုံေသာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရး (Comprehensive Strategic Partnership)အျဖစ္ အဆင့္ျမႇင့္တင္ခဲ့ တာျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းမွာ ႏွစ္ႏိုင္ငံစလုံးက ျပင္ဆင္မႈ ေတြအမ်ားႀကီးလုပ္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့တစ္ႏွစ္အတြင္းမွာပဲ ေခါင္းေဆာင္ႏွစ္ဦးေတြ႕ဆုံမႈ ႏွစ္ႀကိမ္ရွိခဲ့ ၿပီး အနီးစပ္ဆုံးအေနနဲ႔ ဇြန္လ G7 အစည္းအေဝးမွာ ေတြ႕ဆုံခဲ့ၾကပါတယ္။ အခု လန္ဒန္ကို ဝန္ႀကီးခ်ဳပ္မိုဒီ လာေရာက္တာဟာ သူဝန္ႀကီးခ်ဳပ္ ျဖစ္ၿပီးေနာက္ စတုတၳအႀကိမ္ေျမာက္ခရီးစဥ္ျဖစ္ၿပီး ကုန္သြယ္ေရး သေဘာတူ စာခ်ဳပ္ထက္ ပိုမိုနက္ရႈိင္းတဲ့ကိစၥေတြကို အၿပီးသတ္ဖို႔ေမွ်ာ္လင့္ရပါတယ္။ လုပ္ငန္းရွင္ ေခါင္း ေဆာင္ေတြ၊ အဆင့္ျမင့္မူဝါဒ ခ်မွတ္သူေတြနဲ႔ ေဆြးေႏြးမႈေတြ၊ ၿပီးေတာ့ ဘုရင္ခ်ားလ္စ္နဲ႔ ေတြ႕ဆုံမႈလည္း ရွိပါလိမ့္မယ္။ ဒါကို အျပည့္ အစုံေသာ သံတမန္ေရးလို႔ေခၚဆိုႏိုင္ပါတယ္။
FTA မွာ အိႏၵိယအတြက္ ဘာေတြပါဝင္လဲ
ဒါေပမဲ့ FTA မွာ တကယ္တမ္း ဘာေတြပါဝင္လဲ။ အိႏၵိယအတြက္ကေတာ့ အထည္အလိပ္၊ ပင္လယ္စာ၊ ေက်ာက္မ်က္ရတနာနဲ႔ လက္ဝတ္ရတနာ က႑ေတြအတြက္ ၿဗိတိန္ေဈးကြက္ကို ဝင္ေရာက္ ခြင့္ရမွာ ျဖစ္ပါတယ္။ ဒီက႑ေတြဟာ သန္းနဲ႔ခ်ီတဲ့ လူေတြကို အလုပ္အကိုင္ေပးစြမ္းၿပီး ကမာၻ႔ေဈးကြက္ မွာ ထင္ရွားပါတယ္။ ၿဗိတိန္အတြက္ကေတာ့ သူ႔ရဲ႕ ဝီစကီ၊ ကားနဲ႔အလွကုန္ပစၥည္းေတြကို အိႏၵိယရဲ႕ အလယ္အလတ္တန္းစား လူတန္းစားမ်ားျပားလာတဲ့ ေဈးကြက္ကို ပိုမိုေရာင္းခ်ႏိုင္ဖို႔ ျဖစ္ပါတယ္။ အိႏၵိယ စားသုံးသူေတြဟာ မၾကာခင္မွာ Glenfiddich ဝီစကီကိုေသာက္၊ Mini Coopers ကားေတြကို ေမာင္းႏွင္ ႏိုင္ေတာ့မွာ ျဖစ္ၿပီး အဲဒီပစၥည္းေတြအတြက္ အရင္ကလို မ်ားျပားတဲ့အခြန္ေတြ ေပးေဆာင္ရေတာ့မွာ မဟုတ္ပါဘူး။ ဒါဟာ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိ မယ့္ ကိစၥပါပဲ။ ျပည္တြင္းကားထုတ္လုပ္သူ ဒါမွမဟုတ္ ျပည္ တြင္း ဂ်င္ဘီယာခ်က္လုပ္တဲ့ ကုမၸဏီေတြ အတြက္ေတာ့ အက်ိဳးမရွိႏိုင္ေပမယ့္ ကုန္သြယ္ေရးဆိုတာ အၿမဲ တမ္းနာက်င္မႈေတြမရွိဘဲ မၿပီးဆုံးပါဘူး။
စိုက္ပ်ိဳးေရးက႑ သို႔မဟုတ္ ကန႔္သတ္နယ္ေျမ
အိႏၵိယက အေရးႀကီးတဲ့ကိစၥရပ္ေတြမွာ ခိုင္မာတဲ့ရပ္တည္ခ်က္ကို ထိန္းသိမ္းထားခဲ့ပါတယ္။ စိုက္ ပ်ိဳးေရးက႑ကိုဖြင့္ေပးဖို႔ ဖိအားေတြရွိခဲ့ၿပီး အေမရိကန္ေတြကလည္း ျပင္းျပင္းထန္ထန္ တြန္းအားေပးခဲ့ ၾကပါတယ္။ ဒါေပမဲ့ ေဒလီက မ်က္ေတာင္တစ္ခ်က္ မခတ္ခဲ့ပါဘူး။ ကမာၻ႔ကုန္သြယ္ ေရးအဖြဲ႕ (WTO) နဲ႔ ပတ္သက္တဲ့ ပဋိပကၡေတြ၊ အစားအစာဖူလုံေရး အတြက္ ၾကာရွည္တိုက္ပြဲေတြ၊ လယ္သမားေတြ လမ္း ေတြေပၚမွာဆိုင္းဘုတ္ေတြ၊ စပါးအိတ္ေတြနဲ႔ ခ်ီတက္ခဲ့ၾကတဲ့ အမွတ္တရေတြက အခုထိ ႀကီးမားေနဆဲပါ။ အိႏၵိယရဲ႕ စိုက္ပ်ိဳးေရးက႑ဟာ GDP ကိန္းဂဏန္းတစ္ခုထက္ ပိုပါတယ္။ ဒါဟာ လူမႈေရးဆိုင္ရာ သေဘာ တူညီခ်က္တစ္ခုပါ။ လူဦးေရရဲ႕ (၄၀)ရာခိုင္ႏႈန္းေက်ာ္ကို အလုပ္အကိုင္ ေပးစြမ္းေနၿပီး ကုန္သြယ္မႈပိုေငြ ဘယ္ေလာက္မ်ားမ်ား ရသည္ျဖစ္ေစ၊ ဒီက႑ကို မတည္မၿငိမ္ျဖစ္ေစမယ့္ ႏိုင္ငံေရး ဒါမွမဟုတ္ လူသား ခ်င္းဆိုင္ရာ ကုန္က် စရိတ္ကို ထည့္မတြက္ႏိုင္ပါဘူး။
လူဝင္မႈႀကီးၾကပ္ေရး ကတ္ကိုလည္း အသုံးျပဳခဲ့ၿပီး ၿဗိတိန္ကေတာ့ သူ႔ရင္ဘတ္နားကပ္ထားခဲ့ပါ တယ္။ အိႏၵိယက သူရဲ႕ပညာရွင္ေတြအတြက္ သြားလာမႈ ပိုမိုလြယ္ကူေစခ်င္ခဲ့ေပမယ့္ လန္ဒန္ကေတာ့ လူဝင္မႈႀကီးၾကပ္ေရးရဲ႕ပုံရိပ္နဲ႔ ႏိုင္ငံေရးကို စိုးရိမ္တာေၾကာင့္ ကြၽမ္းက်င္ လုပ္သားေတြျဖစ္တဲ့ စားဖိုမႉး ေတြ၊ ေယာဂဆရာေတြ၊ အိုင္တီပညာရွင္ အနည္းငယ္ေလာက္အတြက္ပဲ ကန႔္သတ္ထားတဲ့ဗီဇာလမ္း ေၾကာင္းကို ကမ္းလွမ္းခဲ့ပါတယ္။ သို႔ေသာ္လည္း အိႏၵိယအတြက္ သိသာထင္ရွားတဲ့ေအာင္ပြဲ တစ္ခုရွိခဲ့ပါ တယ္။ ဒါကေတာ့ ေရတိုကာလ လုပ္ သားေတြအတြက္ လူမႈဖူလုံေရး အခြန္ကင္းလြတ္ ခြင့္ရရွိတာပဲ ျဖစ္ ပါတယ္။ သူတို႔ ျပည္ပမွာအလုပ္ လုပ္ရတဲ့အတြက္ အခြန္ႏွစ္ခါေပးေဆာင္ရေတာ့မွာ မဟုတ္ပါဘူး။ ဒါဟာ ဆြဲေဆာင္မႈမရွိေပမယ့္ အိႏၵိယ ျပည္ပေရာက္ေတြ ဘယ္သူ႔ကိုမဆို ေမးၾကည့္ပါ၊ ဒါဟာ ေ႐ႊပဲလို႔ သူတို႔ ေျပာပါလိမ့္မယ္။
ကုန္သြယ္ေရးနဲ႔ ဗီဇာေတြအျပင္ ဆက္ဆံေရးဟာ နယ္ပယ္သစ္ေတြဆီပါ တိုးခ်ဲ႕လာေနပါတယ္။ Southampton တကၠသိုလ္က Gurugram မွာ ေက်ာင္းခြဲတစ္ခု ဖြင့္လွစ္ခဲ့ၿပီး ဒါဟာ အိႏၵိယရဲ႕ ပညာေရး မူဝါဒအသစ္အရ ပထမဆုံး ႏိုင္ငံျခား တကၠသိုလ္ ျဖစ္ပါတယ္။ တျခား ၿဗိတိန္တကၠသိုလ္ ေတြကလည္း ေ႐ႊ႕ေျပာင္းဖို႔ စဥ္းစားေနၾကပါတယ္။ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးမွာလည္း ပူးေပါင္းေဆာင္႐ြက္မႈေတြ တိုး ပြားလာေနၿပီး က်န္းမာေရးက႑မွာ Oxford-AstraZeneca (Covishield) ကာကြယ္ေဆးရဲ႕ေအာင္ျမင္မႈနဲ႔ ငွက္ဖ်ားကာကြယ္ ေဆးပူးတြဲတီထြင္မႈေတြက သိပၸံပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြ ဘယ္လို လူ႔ အသက္ေတြကို ေျပာင္းလဲေပးႏိုင္လဲဆိုတာ သတိရေစပါတယ္။ ၿဗိတိန္ဟာ အိႏၵိယရဲ႕ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ တြန္းအားေပးမႈအတြက္ အဓိက ေငြေၾကးေထာက္ပံ့သူ လည္း ျဖစ္ပါတယ္။ ဒါဟာ ပို႔ကုန္နဲ႔ သြင္း ကုန္သက္ သက္မဟုတ္ဘဲ ဒီမိုကေရစီႏွစ္ခု ဘယ္လိုအနာဂတ္ကို ပူးတြဲဖန္တီးႏိုင္လဲဆိုတာ ျပသတဲ့ ေနာက္ထပ္လကၡ ဏာတစ္ခုပါ။
Trump ရဲ႕ အရိပ္ေအာက္က သေဘာတူညီခ်က္လား
ဟုတ္ပါတယ္၊ ဒီကိစၥေတြအားလုံးရဲ႕ ေနာက္ကြယ္မွာ အရိပ္ႀကီးတစ္ခု ထိုးေနပါတယ္။ အဲဒါက ေတာ့ အေမရိကန္ ျပည္ေထာင္စုပါပဲ။ သမၼတ ထရမ့္ဟာ လြန္ခဲ့တဲ့ လေပါင္းမ်ားစြာကတည္းက အိႏၵိယနဲ႔ မၾကာမီ ကုန္သြယ္ေရးသေဘာတူညီခ်က္ ရရွိေတာ့မယ္လို႔ေႂကြးေၾကာ္ေနၿပီး အိႏၵိယအေနနဲ႔ အေမရိကန္ ကုန္ပစၥည္းေတြအတြက္ တံခါးေတြကို က်ယ္က်ယ္ဖြင့္ေပးဖို႔အသင့္ျဖစ္ေနၿပီလို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ကြယ္မွာေတာ့ ကခုန္မႈက ပိုၿပီးကြဲလြဲေနပါတယ္။ ဝါရွင္တန္က အိႏၵိယရဲ႕ စိုက္ပ်ိဳးေရး၊ ကား အစိတ္ အပိုင္းေတြနဲ႔ အခြန္ဖြဲ႕စည္းပုံေတြကို အျပည့္အဝ ဝင္ေရာက္ခြင့္ရခ်င္ေနပါတယ္။ အိႏၵိယကေတာ့ ခိုင္မာတဲ့ လက္ဆြဲႏႈတ္ဆက္မႈကို ကမ္းလွမ္းေနေပမယ့္ ေပြ႕ဖက္မႈေတာ့မဟုတ္ေသးပါဘူး။
အေလာင္းအစားကႀကီးပါတယ္။ အိႏၵိယနဲ႔အေမရိကန္ၾကား ႏွစ္ႏိုင္ငံကုန္သြယ္မႈက မႏွစ္က ေဒၚ လာ (၁၉၀) ဘီလ်ံကိုေရာက္ရွိခဲ့ပါတယ္။ မိုဒီနဲ႔ထရမ့္တို႔ တစ္ခ်ိန္က သတ္မွတ္ခဲ့တဲ့ ပစ္မွတ္ ပမာဏက ေဒၚ လာ (၅၀ဝ) ဘီလ်ံပါ။ ေျပာရတာသာ လြယ္တာပါ။ ထရမ့္ရဲ႕ ဧၿပီလကေၾကညာခဲ့တဲ့ အိႏၵိယ ကုန္ပစၥည္း ေတြအေပၚ (၂၇)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈေတြဟာ ရပ္ဆိုင္း၊ သက္တမ္းတိုးခဲ့ၿပီး အခုေတာ့ ျပန္ၿပီးၿခိမ္း ေျခာက္ေနျပန္ပါၿပီ။ အိႏၵိယကေတာ့ စိတ္မေပ်ာ္ပါဘူး။ ဒါဟာ မွန္ကန္ပါတယ္။ တံခါးကို အၿမဲတမ္း ေျပာင္းလဲမယ္လို႔ ၿခိမ္းေျခာက္ေနတဲ့မိတ္ဖက္နဲ႔ ေရရွည္ဆက္ဆံေရးကို တည္ ေဆာက္လို႔မရပါဘူး။
ၿဗိတိန္နဲ႔ သေဘာတူညီခ်က္က ႀကီးမားတဲ့ သေဘာတူညီခ်က္တစ္ခုပါ
ဒါေၾကာင့္မို႔ ၿဗိတိန္နဲ႔ သေဘာတူညီခ်က္ဟာ အရမ္းအေရးႀကီးတာပါ။ ဒါဟာ ဝါရွင္တန္ကို သာမ က ဘရပ္ဆဲလ္၊ တိုက်ိဳ၊ ကန္ဘာရာနဲ႔ တျခား သူေတြကိုပါ အိႏၵိယဟာ ကမာၻ႔စင္ျမင့္ေပၚမွာ တခမ္းတနား ပါဝင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ။ ဒါေပမဲ့ သူရဲ႕ ကိုယ္ပိုင္စည္းကမ္းခ်က္ေတြနဲ႔ပဲ ပါဝင္မယ္ဆိုတဲ့ သတင္း စကား ေပးပို႔လိုက္တာပါ။ ဩစေၾတးလ်နဲ႔ ယူေအအီးတို႔နဲ႔ FTA ေတြကို လက္မွတ္ေရးထိုးၿပီး သားပါ။ ဥေရာပသမဂၢ (EU) နဲ႔ ေဆြးေႏြးမႈေတြလည္း ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ကေနဒါလည္း ပါဝင္ခဲ့ ေပမယ့္ ႏိုင္ငံေရးပဋိပကၡေတြေၾကာင့္ အရွိန္အဟုန္ ရပ္တန႔္သြားခဲ့ပါတယ္။ အိႏၵိယဟာ အတန္း ထဲမွာ စကားေျပာဖို႔ေၾကာက္႐ြံ႕ေနတဲ့ ကေလးငယ္ မဟုတ္ေတာ့ပါဘူး။ သူက သူရဲ႕ကိုယ္ပိုင္သင္႐ိုးၫႊန္းတမ္းကို ေရးဆြဲေနပါၿပီ။
အင္ပါယာက သေဘာတူညီခ်က္ေတြ ခ်ဳပ္ဆိုေနၿပီလား
ဒါေတြအားလုံးမွာ ကဗ်ာဆန္တဲ့ လွည့္ကြက္တစ္ခုရွိပါတယ္။ ႏွစ္ရာစုႏွစ္ေပါင္းမ်ားစြာ ၿဗိတိန္ဟာ အိႏၵိယရဲ႕ ကုန္သြယ္ေရးစည္းမ်ဥ္းေတြကို သူရဲ႕အက်ိဳးစီးပြားအတြက္ ပုံေဖာ္ခဲ့ပါတယ္။ ကုန္ၾကမ္းေတြကို လုယူခဲ့တယ္၊ ဆားကို အခြန္စည္းၾကပ္ခဲ့တယ္၊ “လြတ္လပ္ေသာ ေဈးကြက္” ဆိုတဲ့ နာမည္ေအာက္မွာ ျပည္တြင္းလုပ္ငန္းေတြကို ဖ်က္ဆီးခဲ့ပါတယ္။ အခုေတာ့ Brexit ေနာက္ပိုင္း ၿဗိတိန္ဟာ မိတ္ဖက္ေတြကို လိုက္ရွာေနတဲ့အခ်ိန္မွာ အိႏၵိယက တန္ဖိုးရွိတဲ့ ကခုန္ဖက္ျဖစ္လာပါၿပီ။ ထိုက္လည္း ထိုက္တန္ပါတယ္။ တစ္ခ်ိန္က ကိုလိုနီခံခဲ့ရတဲ့ ႏိုင္ငံကစည္း ကမ္းသတ္မွတ္ခ်က္ေတြကို ခ်ိန္ညႇိေနၿပီး ယခင္အင္ ပါယာက ေတာ့ မင္ေျခာက္ဖို႔ ေစာင့္ဆိုင္းေနပါတယ္။ အင္ပါယာက ျပန္လည္တိုက္ခိုက္ေနတာမဟုတ္ဘဲ သေဘာ တူညီခ်က္ေတြ ခ်ဳပ္ဆိုေနတာပါ။
ဒီကိန္းဂဏန္းေတြရဲ႕ ေနာက္ကြယ္က လူေတြကိုလည္း မေမ့သင့္ပါဘူး။ ၿဗိတိန္မွာ ရွိတဲ့ (၁.၈) သန္းေသာ အိႏၵိယလူမ်ိဳးေတြဟာ ယဥ္ေက်းမႈ၊ စီးပြားေရး၊ စိတ္ခံစားမႈဆိုင္ရာေတြနဲ႔ ပါဝင္တဲ့ သက္ရွိ တံတားတစ္ခုကို ဖြဲ႕စည္းထားပါတယ္။ သူတို႔ဟာ ဆရာဝန္ေတြ၊ နည္းပညာရွင္ေတြ၊ စားေသာက္ဆိုင္ ပိုင္ ရွင္ေတြ၊ ဆိုင္ပိုင္ရွင္ေတြ၊ သတင္းစာဆရာေတြ ျဖစ္ၾကပါတယ္။ သူတို႔ဟာ ေငြေၾကးေတြ ျပန္ပို႔ၾက တယ္။ စီးပြားေရးလုပ္ငန္းေတြ တည္ေဆာက္ၾကၿပီး နယ္နိမိတ္ေတြက ရည္မွန္းခ်က္ေတြကို မပိတ္ဆို႔တဲ့အခါ ဘာ ေတြ ျဖစ္လာႏိုင္လဲဆိုတာကို အေကာင္းဆုံး ေဖာ္ျပေနပါတယ္။ ကုန္သြယ္ေရးသေဘာတူညီခ်က္တိုင္း၊ စီးပြားေရးထိပ္သီးအစည္းအေဝးတိုင္း၊ ဗီဇာအစီအစဥ္အသစ္တိုင္းဟာ သူတို႔ရဲ႕ဘဝေတြကို ထိခိုက္ေစပါ တယ္။
ဒါဟာ ခရီးတိုေလးျဖစ္ႏိုင္ေပမယ့္ ေရရွည္အတြက္ ကစားပြဲတစ္ခုပါ။ မိုဒီနဲ႔ စတာမာတို႔ရဲ႕ လက္ဆြဲ ႏႈတ္ဆက္မႈဟာ ဓေလ့ထုံးတမ္းထက္ပိုပါ တယ္။ ဒါဟာ သမိုင္းကို ျပန္လည္ခ်ိန္ညႇိျခင္း၊ အာဏာကို တိတ္ ဆိတ္စြာျပန္လည္မွ်တေအာင္ လုပ္ျခင္း၊ ကိုလိုနီေခတ္ စာရင္းဇယားကို ျပန္လည္ ေရးသားျခင္းပဲ ျဖစ္ပါ တယ္။ စာရင္းဇယားေတြက ဥပေဒေၾကာင္းအရ စိစစ္မႈေတြ လိုအပ္ေနႏိုင္တုန္း ပါပဲ။ စာခ်ဳပ္ပါ စာပိုဒ္ေတြ ကိုလည္း ေကာင္းေကာင္း ညႇိႏႈိင္းရဦးမွာပါ။ ဒါေပမဲ့ ခံစားခ်က္က ရွင္းပါတယ္။ အိႏၵိယဟာ ကမာၻ႔ စီးပြား ေရးမွာ ပါဝင္႐ုံသက္သက္ မဟုတ္ပါဘူး။ သူက ကမာၻ႔စီးပြားေရးကို ျပန္လည္ပုံေဖာ္ရာမွာ ကူညီေပးေန တာပါ။ ေဘာပင္ေတြဖြင့္ၿပီး လက္မွတ္ေတြေရးထိုးၾကတဲ့အခါ ဒါကိုသတိရပါ။ ကုန္သြယ္ေရးဆိုတာ ကုန္ သြယ္ေရးသက္သက္ မဟုတ္ပါဘူး။ ဒါဟာ ကိုယ္ပိုင္လကၡဏာ၊ ရည္မွန္းခ်က္၊ မွတ္ဉာဏ္၊ ၿပိဳင္ဆိုင္မႈ၊ လႊမ္းမိုးမႈနဲ႔ စိတ္ကူးစိတ္သန္းေတြကို ေသးငယ္တဲ့စာသားေတြထဲ အေသးစိတ္ထည့္သြင္းထားတာပါ။ အေရွ႕အိႏၵိယကုမၸဏီ တည္ေထာင္သူေတြကို ေမးၾကည့္လိုက္ပါ။ လွပတဲ့ စာသားေတြနဲ႔အတူ အခန္းသစ္ တစ္ခု စတင္လိုက္ပါၿပီ။ ဒီတစ္ႀကိမ္မွာေတာ့ ကိုလိုနီျပဳလုပ္သူနဲ႔ ကိုလိုနီျပဳခံ ရတဲ့သူမဟုတ္ေတာ့ဘဲ မင္း လည္းအေကာင္၊ ငါလည္းအေကာင္ပဲဆိုတဲ့ ဇာတိပုည ဂုဏ္မာနနဲ႔တန္းတူရည္တူ လက္မွတ္ေရးထိုး တာ ျဖစ္ပါတယ္။