စစ်တွေမှ ANP လွှတ်တော် ကိုယ်စားလှယ်ဟောင်းအင်းယားကန်ဘောင်တွင်သေဆုံးလျက်တွေ့ရှိ

 700

သက်ပိုင်(NP News) -ဩဂုတ် ၁၅
ရခိုင်အမျိုးသားပါတီ (ANP) စစ်တွေမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအေးသိန်းကို ရန်ကုန်မြို့ ကမ္ဘာအေးကန်ဘောင်ဘက်ခြမ်း အင်းလျားကန်ဘောင်တွင် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှသိရသည်။
သြဂုတ် (၁၃) ရက် ညပိုင်းတွင် ကမ္ဘာအေးကန်ဘောင်ဘက်ခြမ်း အင်းလျားကန်ဘောင်မှ အသက် (၇၈) နှစ်ခန့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ခဲ့ပြီး အဆိုပါသေဆုံးသူမှာ ဦးအေးသိန်း ဖြစ်ကြောင်း သိရသည်။
ဦးအေးသိန်းသည် ပျောက်ဆုံးသည်ဟုဆိုကာ သြဂုတ် (၁၃) ရက်တွင် မိသားစုဝင်များက ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူပျောက်ကြော်ငြာတင်ခဲ့ပြီးနောက် ညပိုင်းအချိန်တွင် ယခုကဲ့သို့ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအေးသိန်းသည် ဆီးကျိတ်ကင်ဆာရောဂါ ခံစားနေရသူဖြစ်ပြီး စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လာရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်ကာ ရန်ကုန်တွင် မိသားစုများနှင့် နေထိုင်နေသူဖြစ်ကြောင်း သိရသည်။
ကွယ်လွန်သူ ဦးအေးသိန်း ရုပ်အလောင်းကို ဩဂုတ် (၁၅) ရက်တွင်ရေဝေးသုဿန်၌ သဂြိုလ်မည် ဖြစ်ကြောင်း မိသားစုဝင်များက ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။
ဦးအေးသိန်းသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်သလို ရခိုင်အမျိုးသားပါတီ ANP၏ စစ်တွေမြို့နယ် ပါတီ ဥက္ကဌဟောင်းလည်း ဖြစ်သည်။

Zawgyi Version:
စစ္ေတြမွ ANP လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္းအင္းယားကန္ေဘာင္တြင္ေသဆုံးလ်က္ေတြ႕ရွိ
သက္ပိုင္(NP News) -ဩဂုတ္ ၁၅
ရခိုင္အမ်ိဳးသားပါတီ (ANP) စစ္ေတြၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးေအးသိန္းကို ရန္ကုန္ၿမိဳ႕ ကမာၻေအးကန္ေဘာင္ဘက္ျခမ္း အင္းလ်ားကန္ေဘာင္တြင္ ေသဆုံးလ်က္ေတြ႕ရွိခဲ့ရေၾကာင္း လူမႈကယ္ဆယ္ေရးအသင္းမ်ားထံမွသိရသည္။
ၾသဂုတ္ (၁၃) ရက္ ညပိုင္းတြင္ ကမာၻေအးကန္ေဘာင္ဘက္ျခမ္း အင္းလ်ားကန္ေဘာင္မွ အသက္ (၇၈) ႏွစ္ခန႔္ အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းကို ေျမာက္ဥကၠလာေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ေမတၱာသီတာေရစင္ လူမႈကယ္ဆယ္ေရးအသင္းက ထုတ္ျပန္ခဲ့ၿပီး အဆိုပါေသဆုံးသူမွာ ဦးေအးသိန္း ျဖစ္ေၾကာင္း သိရသည္။
ဦးေအးသိန္းသည္ ေပ်ာက္ဆုံးသည္ဟုဆိုကာ ၾသဂုတ္ (၁၃) ရက္တြင္ မိသားစုဝင္မ်ားက ေဖ့စ္ဘြတ္လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ လူေပ်ာက္ေၾကာ္ျငာတင္ခဲ့ၿပီးေနာက္ ညပိုင္းအခ်ိန္တြင္ ယခုကဲ့သို႔ အေလာင္းကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေအးသိန္းသည္ ဆီးက်ိတ္ကင္ဆာေရာဂါ ခံစားေနရသူျဖစ္ၿပီး စစ္ေတြၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္ေဆးကုသမႈခံယူေနျခင္းျဖစ္ကာ ရန္ကုန္တြင္ မိသားစုမ်ားႏွင့္ ေနထိုင္ေနသူျဖစ္ေၾကာင္း သိရသည္။
ကြယ္လြန္သူ ဦးေအးသိန္း ႐ုပ္အေလာင္းကို ဩဂုတ္ (၁၅) ရက္တြင္ေရေဝးသုႆန္၌ သၿဂိဳလ္မည္ ျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေဖ့စ္ဘြတ္ လူမႈကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္ အသိေပးထားသည္။
ဦးေအးသိန္းသည္ ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရသူျဖစ္သလို ရခိုင္အမ်ိဳးသားပါတီ ANP၏ စစ္ေတြၿမိဳ႕နယ္ ပါတီ ဥကၠဌေဟာင္းလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.