ရွှေဘိုတွင် PDF များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော အိန္ဒိယသာသနာပြုဆရာတော်ကြီး သတ်ဖြတ်ခံလိုက်ရ ကြောင်း သတင်းထွက်နေ

 267

သုတကျော် (NP News) – ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် PDF များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော အိန္ဒိယသာသနာပြု ဆရာတော်ကြီးမှာ သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်ဟု သတင်းထွက်နေကြောင်း NP News သတင်းဌာနက စုံစမ်းသိရှိရသည်။
ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ ဇာတိဖြစ်သော အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၊ ဝင်းဝင်းနို့ဆီမြန်မာကျောင်းဆရာတော် ဒေါက်တာဝိသုတသည် နိုဝင်ဘာလ ၅ ရက်က အိန္ဒိယသို့ ပြန်ကြွရန်အတွက် ရန်ကုန်သို့ကားဖြင့် လာစဉ် ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာ အနီး၌ PDF များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ဆရာတော်သည် အိန္ဒိယနိုင်ငံတွင် ကျောင်းတက်နေသော မြန်မာရဟန်းတော်များအား ကူညီတော်မူနေသည့် ဆရာတော်တစ်ပါးလည်းဖြစ်ကာ အများကျိုးဆောင်ရွက်နေသည့် ဆရာတော်ဖြစ်သောကြောင့် ပြန်လွှတ်ပေးရန် အတွက် သံဃာတော်များ နှင့် လူပုဂ္ဂိုလ်များက တောင်းဆိုခြင်းများ ရှိခဲ့သည်။
ယင်းနောက် ဆရာတော် ပြန်လည်လွတ်မြောက်သည်ဟု သတင်းထွက်ပေါ်ခဲ့သေးသော်လည်း ယနေ့ထက်တိုင် ပြန်လည်လွတ်မြောက်မှု မရှိသေးခြင်းဖြစ်သည်။
“ဘုန်းဘုန်းတို့တော့ အဲဒါနဲ့ပတ်သက်ပြီး သတင်းအစအန လုံးဝ ပျောက်နေပါတယ်။ ဘုန်းဘုန်းတို့လည်း ဒီဘက်ကနေ လိုက်ပြီး ကြိုးစားနေပါတယ်။ ထူးထူးခြားခြား ဘာသတင်းမှ မကြားရဘူးပေါ့နော်” ဟု ဆရာတော်ကြီး လွှတ်မြောက်ရေးအတွက် ဆောင်ရွက်နေသော ရဟန်းတော်တစ်ပါး က NP News ကို မိန့်ကြားသည်။
သို့သော် အခြား ဒေသခံသတင်းရင်းမြစ်တစ်ဦးကမူ မြေပြင်တွင် သိရှိရသော အခြေအနေအရ ဆရာတော်ကြီးမှာ သတ်ဖြတ်ခံရသောကြောင့် ပျံလွန်တော်မူခဲ့ပြီဟု သိရကြောင်း ပြောသည်။
“ထွက်နေတဲ့သတင်းအရတော့ ဆရာတော်ကြီးကို သတ်ဖြတ်လိုက်ကြပြီလို့ ကြားရတယ်။ ပထမတစ်ခါ ဖမ်းပြီးတော့ ကျောင်းမှာ ဘာကျန်သေးလဲ၊ ဘာညာ မေးတယ်လို့ ကြားတယ်။ ကားနဲ့ ပိုက်ဆံကို အကုန်ယူခိုင်းပြီးတော့ နောက်နေ့တော့ သတ်ပစ်တယ်လို့ ကြားတယ်။ ဒါဆိုရင်တော့ ပျံလွန်တော် မူတာ ကြာသွားပြီပေါ့လေ” ဟု အဆိုပါ ဒေသခံက ဆိုသည်။
အခြား သတင်းရင်းမြစ်တစ်ဦးကမူ အလားတူ သတင်းမျိုးကြားရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဆိုသည်။
“ပျံလွန်တော်မူသွားတာဖြစ်ဖို့ များတယ်လို့ ပြောတယ်။ အတည်တော့ မပြုနိုင်ဘူး။ ဒါတော့ စုံစမ်းသိရှိရသလောက်ပေါ့။ လက်ရှိက သတင်းကိ အစအန မရဘူးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ေ႐ႊဘိုတြင္ PDF မ်ား၏ ဖမ္းဆီးျခင္းကို ခံခဲ့ရေသာ အိႏၵိယသာသနာျပဳဆရာေတာ္ႀကီး သတ္ျဖတ္ခံလိုက္ရ ေၾကာင္း သတင္းထြက္ေန
သုတေက်ာ္ (NP News) – ဒီဇင္ဘာ ၁၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ PDF မ်ား၏ ဖမ္းဆီးျခင္းကို ခံခဲ့ရေသာ အိႏၵိယသာသနာျပဳ ဆရာေတာ္ႀကီးမွာ သတ္ျဖတ္ခံလိုက္ရၿပီျဖစ္သည္ဟု သတင္းထြက္ေနေၾကာင္း NP News သတင္းဌာနက စုံစမ္းသိရွိရသည္။
ေ႐ႊဘိုၿမိဳ႕နယ္၊ ျမင္းစီး႐ြာ ဇာတိျဖစ္ေသာ အိႏၵိယႏိုင္ငံ၊ ဗုဒၶဂယာ၊ ဝင္းဝင္းႏို႔ဆီျမန္မာေက်ာင္းဆရာေတာ္ ေဒါက္တာဝိသုတသည္ ႏိုဝင္ဘာလ ၅ ရက္က အိႏၵိယသို႔ ျပန္ႂကြရန္အတြက္ ရန္ကုန္သို႔ကားျဖင့္ လာစဥ္ ေ႐ႊဘိုၿမိဳ႕နယ္၊ ကင္းဗ်ား႐ြာ အနီး၌ PDF မ်ား၏ ဖမ္းဆီးျခင္းကို ခံခဲ့ရျခင္းျဖစ္သည္။
ဆရာေတာ္သည္ အိႏၵိယႏိုင္ငံတြင္ ေက်ာင္းတက္ေနေသာ ျမန္မာရဟန္းေတာ္မ်ားအား ကူညီေတာ္မူေနသည့္ ဆရာေတာ္တစ္ပါးလည္းျဖစ္ကာ အမ်ားက်ိဳးေဆာင္႐ြက္ေနသည့္ ဆရာေတာ္ျဖစ္ေသာေၾကာင့္ ျပန္လႊတ္ေပးရန္ အတြက္ သံဃာေတာ္မ်ား ႏွင့္ လူပုဂၢိဳလ္မ်ားက ေတာင္းဆိုျခင္းမ်ား ရွိခဲ့သည္။
ယင္းေနာက္ ဆရာေတာ္ ျပန္လည္လြတ္ေျမာက္သည္ဟု သတင္းထြက္ေပၚခဲ့ေသးေသာ္လည္း ယေန႔ထက္တိုင္ ျပန္လည္လြတ္ေျမာက္မႈ မရွိေသးျခင္းျဖစ္သည္။
“ဘုန္းဘုန္းတို႔ေတာ့ အဲဒါနဲ႔ပတ္သက္ၿပီး သတင္းအစအန လုံးဝ ေပ်ာက္ေနပါတယ္။ ဘုန္းဘုန္းတို႔လည္း ဒီဘက္ကေန လိုက္ၿပီး ႀကိဳးစားေနပါတယ္။ ထူးထူးျခားျခား ဘာသတင္းမွ မၾကားရဘူးေပါ့ေနာ္” ဟု ဆရာေတာ္ႀကီး လႊတ္ေျမာက္ေရးအတြက္ ေဆာင္႐ြက္ေနေသာ ရဟန္းေတာ္တစ္ပါး က NP News ကို မိန႔္ၾကားသည္။
သို႔ေသာ္ အျခား ေဒသခံသတင္းရင္းျမစ္တစ္ဦးကမူ ေျမျပင္တြင္ သိရွိရေသာ အေျခအေနအရ ဆရာေတာ္ႀကီးမွာ သတ္ျဖတ္ခံရေသာေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ၿပီဟု သိရေၾကာင္း ေျပာသည္။
“ထြက္ေနတဲ့သတင္းအရေတာ့ ဆရာေတာ္ႀကီးကို သတ္ျဖတ္လိုက္ၾကၿပီလို႔ ၾကားရတယ္။ ပထမတစ္ခါ ဖမ္းၿပီးေတာ့ ေက်ာင္းမွာ ဘာက်န္ေသးလဲ၊ ဘာညာ ေမးတယ္လို႔ ၾကားတယ္။ ကားနဲ႔ ပိုက္ဆံကို အကုန္ယူခိုင္းၿပီးေတာ့ ေနာက္ေန႔ေတာ့ သတ္ပစ္တယ္လို႔ ၾကားတယ္။ ဒါဆိုရင္ေတာ့ ပ်ံလြန္ေတာ္ မူတာ ၾကာသြားၿပီေပါ့ေလ” ဟု အဆိုပါ ေဒသခံက ဆိုသည္။
အျခား သတင္းရင္းျမစ္တစ္ဦးကမူ အလားတူ သတင္းမ်ိဳးၾကားရေသာ္လည္း အတည္မျပဳႏိုင္ေသးေၾကာင္း ဆိုသည္။
“ပ်ံလြန္ေတာ္မူသြားတာျဖစ္ဖို႔ မ်ားတယ္လို႔ ေျပာတယ္။ အတည္ေတာ့ မျပဳႏိုင္ဘူး။ ဒါေတာ့ စုံစမ္းသိရွိရသေလာက္ေပါ့။ လက္ရွိက သတင္းကိ အစအန မရဘူးျဖစ္ေနတယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.