ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသား(၁၀၀)ဦးကို နိုင်ဂျီးရီးယားအစိုးရ အောင်မြင်စွာကယ်တင်

137

Pika (NP News) - ဒီဇင်ဘာ ၁ဝ
ပြီးခဲ့တဲ့လတုန်းက နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ စိန့်မေရီဘုရားကျောင်းကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသား(၁၀၀)ဦးကို နိုင်ဂျီးရီးယားအစိုးရက အောင်မြင်စွာပြန်လည်ကယ်တင်နိုင်ခဲ့တယ်လို့ နိုင်ဂျီးရီးယား ခရစ်ယာန်အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အဲဒီကယ်ဆယ်မှုကို နိုင်ဂျီးရီးယားအစိုးရ အရာရှိတွေက အတည်ပြုခဲ့တယ်လို့ နိုင်ဂျီးရီးယားခရစ်ယာန်အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပေမယ့်လည်း အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားအစိုးရအရာရှိတွေက လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၁)ရက်တုန်းက သေနတ်သမားတွေဟာ စိန့်မေရီဘုရား ကျောင်းကနေ ကျောင်းသား(၃၀၀)ကျော်နဲ့ ဝန်ထမ်း(၁၂)ဦးကို ပြန်ပေးဆွဲသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြန်ပေးဆွဲမှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာမှာ ကျောင်းသား(၅၀)ဦးက ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ပေမယ့်လည်း အသက်(၆)နှစ်အရွယ် ကလေးတွေနဲ့ ပျောက်ဆုံးနေတဲ့ ကျောင်းဝန်ထမ်းအချို့ရဲ့ နေရာတွေကိုတော့ လက်ရှိအချိန်အထိ မသိရှိရသေးဘူးလို့လည်း နိုင်ဂျီးရီးယားအစိုးရအရာရှိတွေက ပြောကြားခဲ့ပါ တယ်။

Zawgyi Version:
ျပန္ေပးဆြဲခံခဲ့ရတဲ့ ေက်ာင္းသား(၁၀၀)ဦးကို ႏိုင္ဂ်ီးရီးယားအစိုးရ ေအာင္ျမင္စြာကယ္တင္
Pika (NP News) - ဒီဇင္ဘာ ၁ဝ
ၿပီးခဲ့တဲ့လတုန္းက ႏိုင္ဂ်ီးရီးယားႏိုင္ငံ အလယ္ပိုင္းမွာရွိတဲ့ စိန႔္ေမရီဘုရားေက်ာင္းကေန ျပန္ေပးဆြဲခံခဲ့ရတဲ့ ေက်ာင္းသား(၁၀၀)ဦးကို ႏိုင္ဂ်ီးရီးယားအစိုးရက ေအာင္ျမင္စြာျပန္လည္ကယ္တင္ႏိုင္ခဲ့တယ္လို႔ ႏိုင္ဂ်ီးရီးယား ခရစ္ယာန္အသင္းရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အဲဒီကယ္ဆယ္မႈကို ႏိုင္ဂ်ီးရီးယားအစိုးရ အရာရွိေတြက အတည္ျပဳခဲ့တယ္လို႔ ႏိုင္ဂ်ီးရီးယားခရစ္ယာန္အသင္း၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ေပမယ့္လည္း အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ ကယ္ဆယ္ေရးနဲ႔ပတ္သက္ၿပီး ႏိုင္ဂ်ီးရီးယားအစိုးရအရာရွိေတြက လူသိရွင္ၾကား မွတ္ခ်က္ေပးတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ(၂၁)ရက္တုန္းက ေသနတ္သမားေတြဟာ စိန႔္ေမရီဘုရား ေက်ာင္းကေန ေက်ာင္းသား(၃၀၀)ေက်ာ္နဲ႔ ဝန္ထမ္း(၁၂)ဦးကို ျပန္ေပးဆြဲသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ျပန္ေပးဆြဲမႈျဖစ္ပြားၿပီးေနာက္ နာရီပိုင္းအၾကာမွာ ေက်ာင္းသား(၅၀)ဦးက ျပန္လည္ထြက္ေျပး လြတ္ေျမာက္လာခဲ့ေပမယ့္လည္း အသက္(၆)ႏွစ္အ႐ြယ္ ကေလးေတြနဲ႔ ေပ်ာက္ဆုံးေနတဲ့ ေက်ာင္းဝန္ထမ္းအခ်ိဳ႕ရဲ႕ ေနရာေတြကိုေတာ့ လက္ရွိအခ်ိန္အထိ မသိရွိရေသးဘူးလို႔လည္း ႏိုင္ဂ်ီးရီးယားအစိုးရအရာရွိေတြက ေျပာၾကားခဲ့ပါ တယ္။