ပြောင်းတင်ပို့မှုရာသီချိန်အတွင်းတန်ချိန်တစ်သန်းကျော် ထိုင်းသို့တင်ပို့ထား

86

NP News ဩဂုတ် (၁၆)ရက်
မြန်မာနိုင်ငံဒေသများမှထွက်ရှိသည့် ပြောင်းကို ပြည်ပနိုင်ငံများသို့ တင်ပို့နေပြီး ယခုနှစ် ပြောင်းရာသီဖြစ်သည့် ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း တန်ချိန် (၁)သန်းကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ကျွန်တော်တို့အနေနဲ့ ပုံမှန်ပို့နေကျအတိုင်း ထိုင်းအကောက်ခွန်ကင်းလွတ်ခွင့်ပြုတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပို့တယ်၊ ဩဂုတ်လအထိပါ။ ဒါကြောင့် ဩဂုတ်လကုန်ဆိုရင်တော့ ကင်းလွတ်ခွင့်ကာလပြီးဆုံးမှာဖြစ်ပါတယ်။ ပို့တာက ရန်ကုန်ဆိပ်ကမ်းရယ်၊ နယ်စပ်ဆိုရင်တော့ တာချီလိတ်ကနေပို့တယ်။ ခန့်မှန်းခြေတော့ ဒီနှစ်ပြောင်းရာသီမှာထိုင်းနိုင်ငံကိုတန်ချိန် တစ်သန်းကျော်လောက်ပို့နိုင်တယ်လို့ ခန့်မှန်းပါတယ်။ ပြီးရင် ဖိလစ်ပိုင် ပို့တယ်၊ အိန္ဒိယပို့တယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထိုင်းနိုင်ငံသို့ တင်ပို့မှုအနေဖြင့် ယခုနှစ် ပြောင်းအထွက်နှုန်းအနည်းငယ်ကျဆင်းသည့်အတွက် ယမန်နှစ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက အနည်းငယ် လျော့ကျသွားကြောင်းနှင့် ပြောင်းဈေးနှုန်းအားဖြင့်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံဘက်၌ အကျဘက်သို့ အနည်းငယ်ရောက်ရှိနေသည့်အတွက် ယမန်နှစ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။
zawgyi version
ေျပာင္းတင္ပို႔မႈရာသီခ်ိန္အတြင္းတန္ခ်ိန္တစ္သန္းေက်ာ္ ထိုင္းသို႔တင္ပို႔ထား
NP News ဩဂုတ္ (၁၆)ရက္
ျမန္မာႏိုင္ငံေဒသမ်ားမွထြက္ရွိသည့္ ေျပာင္းကို ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ေနၿပီး ယခုႏွစ္ ေျပာင္းရာသီျဖစ္သည့္ ေဖေဖာ္ဝါရီလမွ ဩဂုတ္လအတြင္း တန္ခ်ိန္ (၁)သန္းေက်ာ္ကို ထိုင္းႏိုင္ငံသို႔ တင္ပို႔ထားႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။
“ကြၽန္ေတာ္တို႔အေနနဲ႔ ပုံမွန္ပို႔ေနက်အတိုင္း ထိုင္းအေကာက္ခြန္ကင္းလြတ္ခြင့္ျပဳတဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကေနစပို႔တယ္၊ ဩဂုတ္လအထိပါ။ ဒါေၾကာင့္ ဩဂုတ္လကုန္ဆိုရင္ေတာ့ ကင္းလြတ္ခြင့္ကာလၿပီးဆုံးမွာျဖစ္ပါတယ္။ ပို႔တာက ရန္ကုန္ဆိပ္ကမ္းရယ္၊ နယ္စပ္ဆိုရင္ေတာ့ တာခ်ီလိတ္ကေနပို႔တယ္။ ခန႔္မွန္းေျခေတာ့ ဒီႏွစ္ေျပာင္းရာသီမွာထိုင္းႏိုင္ငံကိုတန္ခ်ိန္ တစ္သန္းေက်ာ္ေလာက္ပို႔ႏိုင္တယ္လို႔ ခန႔္မွန္းပါတယ္။ ၿပီးရင္ ဖိလစ္ပိုင္ ပို႔တယ္၊ အိႏၵိယပို႔တယ္” ဟု ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။
ထိုင္းႏိုင္ငံသို႔ တင္ပို႔မႈအေနျဖင့္ ယခုႏွစ္ ေျပာင္းအထြက္ႏႈန္းအနည္းငယ္က်ဆင္းသည့္အတြက္ ယမန္ႏွစ္ တင္ပို႔မႈႏွင့္ႏႈိင္းယွဥ္ပါက အနည္းငယ္ ေလ်ာ့က်သြားေၾကာင္းႏွင့္ ေျပာင္းေဈးႏႈန္းအားျဖင့္လည္း ယခုႏွစ္တြင္ ထိုင္းႏိုင္ငံဘက္၌ အက်ဘက္သို႔ အနည္းငယ္ေရာက္ရွိေနသည့္အတြက္ ယမန္ႏွစ္ထက္ ေဈးႏႈန္းအနည္းငယ္က်ဆင္းေနေၾကာင္း သိရသည္။