Overflow Music Festival ဖျော်​ဖြေပွဲတွင် ညစ်ညမ်းသောစကားများပြောဆို၊ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖမ်းဆီး အရေးယူ

 1596

သုတကျော် (NP News) - နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် Eastern Yangon Eventpark ၌ကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထံ က သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ ကျင်းပပြုလုပ် သည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက် တို့ ဦးဆောင်သည့်အဖွဲ့မှ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖျော်ဖြေပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြသည့် စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်နေ တင်ရတနာသိမ့် (၂၈)နှစ်၊ မရမ်းကုန်းမြို့နယ်၊ စည်ပင်မီးသတ်ရုံးဝန်ထမ်းအိမ်ရာနေ ဟန်လင်းထက် (၂၇)နှစ်နှင့် သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်နေ အောင်ခန့်မော်(ခ) ဂျပန်ကြီး (၂၉)နှစ်တို့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ Overflow Music Festival ဖျော်ဖြေပွဲအား နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ဖျော်ဖြေပွဲပြုလုပ်နိုင်ရန် စီစဉ်ခဲ့ကြောင်း၊ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ Bkho Bain (ခ) သိန်းမင်းထိုက် တို့အား နိုဝင်ဘာလ ၂ ရက်နေ့ညတွင် အခြားအဆိုတော်များနှင့်အတူ ဖျော်ဖြေပေးရန် ငှားရမ်း ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့ညတွင် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထိုက် တို့နှစ်ဦးသည် “ရပါတယ်နှင့် 5.55566" သီချင်းအပါအဝင် သီချင်း ၁၂ ပုဒ်အား သီဆိုဖျော်ဖြေခဲ့ကြောင်း၊ “5.55566” သီချင်းကို ဖျော်ဖြေရာတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များအတွင်းသို့ “ကွန်ဒုံးများ” ဖြန့်ကြဲပြီးနောက် သီဆိုဖျော်ဖြေခဲ့ကြောင်း၊ ထို့သို့ဖျော်ဖြေ နေစဉ် ၎င်းတို့နှစ်ဦးအပါအဝင် ၁၃ ဦးခန့်မှ စင်ပေါ်တက်ရောက်၍ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့ဖော်ထုတ်ချက်အရ အခင်းဖြစ်နေ့တွင်သီဆိုဖျော်ဖြေ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်း များတွင် ပါဝင်ခဲ့ကြသူများအား ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ရာ သီဆိုဖျော်ဖြေရာတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့သစ်(က)ရပ်ကွက်နေ It's Phyo (ခ) ဖြိုးသန့်အောင်(ခ) ကိုဖြိုး (၂၈)နှစ်အား နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “What's Up Café ဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ စတိတ်စင်ပေါ်၌ သီဆိုကခုန်ခဲ့သည့် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ပြည့်စုံထွန်း (ခ) စိုင်းမွမ်းဖ (၂၇)နှစ်အား ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်တွင် သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ သက်လှိုင်ဝင်း(ခ) ကိုသက် (၂၉)နှစ်၊ ချမ်းမြသာစည်မြို့နယ်နေကြသူများဖြစ်ကြသည့် အာကာဖြိုး(ခ)အာကြီး (၂၇)နှစ်၊ မင်းမော်ထွန်း(ခ) မော်ကြီး (၂၇)နှစ်၊ ဟိန်းလွင်ထွန်း (ခ) ဖိုးထန်း (၁၆)နှစ်၊ စိုင်းအောင်ခေး (၂၅)နှစ်တို့အား နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီတွင် ၎င်းတို့၏ နေအိမ်များမှလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆) ရပ်ကွက်နေ ဝေလင်းအောင် (၂၂)နှစ်အား ယင်းနေ့ည ၈ နာရီ ၁၅ မိနစ်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပဝတီရပ်ကွက်နေသူများဖြစ်ကြသည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ ပြည့်ဇော်အောင်(ခ) Pause (၂၃)နှစ်နှင့် ထိုက်အောင်ကျော်မြတ်(ခ) ဗြဲကြီး (၂၁)နှစ်တို့အား နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍လည်းကောင်း ဖမ်းဆီးခဲ့သည်။

ထို့အတူ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ အဆိုတော် Bkho Bain (ခ) သိန်းမင်းထက် (၂၉)နှစ်နှင့် ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ လင်းလင်းထွန်း(ခ) လင်းထွန်း (၂၃)နှစ်တို့သည် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံသဖြင့် အသီးသီး အမှုဖြင့်ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများ ပြောဆိုကာ “ကွန်ဒုံးများ" ဖြန့်ဝေပြီး သီဆိုကခုန်ခဲ့ကြသူများဖြစ်ကြသည့် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထက် တို့ပါ အမျိုးသား ၁၃ ဦးနှင့် ပွဲစီစဉ်သူများ ဖြစ်ကြသည့် တင်ရတနာသိမ့်၊ ဟန်လင်းထက်နှင့် အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့အား သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း၌ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version

Overflow Music Festival ေဖ်ာ္​ေျဖပြဲတြင္ ညစ္ညမ္းေသာစကားမ်ားေျပာဆို၊ သီဆိုကခုန္ေဖ်ာ္ေျဖခဲ့ၾကသူမ်ားအား ဖမ္းဆီး အေရးယူ

သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၈

ရန္ကုန္တိုင္းေဒသႀကီး၊သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ(၂၉)ရပ္ကြက္ Eastern Yangon Eventpark ၌က်င္းပသည့္ Overflow Music Festival ေဖ်ာ္ေျဖပြဲတြင္ အမ်ားျပည္သူအား စိုးရိမ္ထိတ္လန႔္မႈျဖစ္ေပၚေစၿပီး ညစ္ညမ္းေသာစကားမ်ားေျပာဆိုကာ သီဆိုကခုန္ေဖ်ာ္ေျဖခဲ့ၾကသူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး အေရးယူထားေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာန ထံ က သိရသည္။

ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂ ရက္ေန႔ညပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္း ၿမိဳ႕နယ္၊ သုဝဏၰ(၂၉)ရပ္ကြက္ ေပၚဆန္းေမႊးလမ္းရွိ Eastern Yangon Eventpark ၌ က်င္းပျပဳလုပ္ သည့္ Overflow Music Festival ေဖ်ာ္ေျဖပြဲတြင္ အဆိုေတာ္ Wink (ခ) ရဲဝင့္ေအာင္ (ခ) ဗလႏွင့္ Bkho Bain (ခ) သိန္းမင္းထိုက္ တို႔ ဦးေဆာင္သည့္အဖြဲ႕မွ အမ်ားျပည္သူအား စိုးရိမ္ထိတ္လန႔္မႈ ျဖစ္ေပၚေစၿပီး ညစ္ညမ္းေသာစကားမ်ားေျပာဆိုကာ သီဆိုကခုန္ေဖ်ာ္ေျဖခဲ့ၾကသျဖင့္ အေရးယူ ေဆာင္႐ြက္ႏိုင္ေရး စုံစမ္းေဖာ္ထုတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေဖ်ာ္ေျဖပြဲျဖစ္ေျမာက္ေရး စီစဥ္ေဆာင္႐ြက္ခဲ့ၾကသူမ်ား ျဖစ္ၾကသည့္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ မုန႔္လုပ္ေဆာင္းကုန္း(ေတာင္)ရပ္ကြက္ေန တင္ရတနာသိမ့္ (၂၈)ႏွစ္၊ မရမ္းကုန္းၿမိဳ႕နယ္၊ စည္ပင္မီးသတ္႐ုံးဝန္ထမ္းအိမ္ရာေန ဟန္လင္းထက္ (၂၇)ႏွစ္ႏွင့္ သဃၤန္းကြၽန္း ၿမိဳ႕နယ္၊ သုဝဏၰ(၂၉)ရပ္ကြက္ေန ေအာင္ခန႔္ေမာ္(ခ) ဂ်ပန္ႀကီး (၂၉)ႏွစ္တို႔သည္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ(၂၉)ရပ္ကြက္ ေပၚဆန္းေမႊးလမ္းရွိ Eastern Yangon Eventpark ၌ Overflow Music Festival ေဖ်ာ္ေျဖပြဲအား ႏိုဝင္ဘာလ ၁ ရက္ေန႔ႏွင့္ ၂ ရက္ေန႔တို႔တြင္ ေဖ်ာ္ေျဖပြဲျပဳလုပ္ႏိုင္ရန္ စီစဥ္ခဲ့ေၾကာင္း၊ အဆိုေတာ္ Wink (ခ) ရဲဝင့္ေအာင္ (ခ) ဗလ၊ Bkho Bain (ခ) သိန္းမင္းထိုက္ တို႔အား ႏိုဝင္ဘာလ ၂ ရက္ေန႔ညတြင္ အျခားအဆိုေတာ္မ်ားႏွင့္အတူ ေဖ်ာ္ေျဖေပးရန္ ငွားရမ္း ခဲ့ေၾကာင္း၊ ႏိုဝင္ဘာလ ၂ ရက္ေန႔ညတြင္ အဆိုေတာ္ Wink (ခ) ရဲဝင့္ေအာင္ (ခ) ဗလႏွင့္ Bkho Bain (ခ) သိန္းမင္းထိုက္ တို႔ႏွစ္ဦးသည္ “ရပါတယ္ႏွင့္ 5.55566" သီခ်င္းအပါအဝင္ သီခ်င္း ၁၂ ပုဒ္အား သီဆိုေဖ်ာ္ေျဖခဲ့ေၾကာင္း၊ “5.55566” သီခ်င္းကို ေဖ်ာ္ေျဖရာတြင္ အမ်ားျပည္သူအား စိုးရိမ္ထိတ္လန႔္မႈ ျဖစ္ေပၚေစၿပီး ညစ္ညမ္းေသာစကားမ်ားေျပာဆိုကာ လာေရာက္ၾကည့္ရႈသည့္ ပရိတ္သတ္မ်ားအတြင္းသို႔ “ကြန္ဒုံးမ်ား” ျဖန႔္ႀကဲၿပီးေနာက္ သီဆိုေဖ်ာ္ေျဖခဲ့ေၾကာင္း၊ ထို႔သို႔ေဖ်ာ္ေျဖ ေနစဥ္ ၎တို႔ႏွစ္ဦးအပါအဝင္ ၁၃ ဦးခန႔္မွ စင္ေပၚတက္ေရာက္၍ ကခုန္ျခင္း၊ Video ႐ိုက္ကူးျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ထိုသို႔ေဖာ္ထုတ္ခ်က္အရ အခင္းျဖစ္ေန႔တြင္သီဆိုေဖ်ာ္ေျဖ ကခုန္ျခင္း၊ Video ႐ိုက္ကူးျခင္း မ်ားတြင္ ပါဝင္ခဲ့ၾကသူမ်ားအား ဖမ္းဆီးရမိႏိုင္ေရးဆက္လက္ေဆာင္႐ြက္ခဲ့ရာ သီဆိုေဖ်ာ္ေျဖရာတြင္ ပါဝင္ခဲ့သည့္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(က)ရပ္ကြက္ေန It's Phyo (ခ) ၿဖိဳးသန႔္ေအာင္(ခ) ကိုၿဖိဳး (၂၈)ႏွစ္အား ႏိုဝင္ဘာလ ၅ ရက္ေန႔ ညေန ၃ နာရီတြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္ရွိ “What's Up Café ဆိုင္၌ ဖမ္းဆီးရမိခဲ့ၿပီး ၎၏ ေဖာ္ထုတ္ခ်က္အရ စတိတ္စင္ေပၚ၌ သီဆိုကခုန္ခဲ့သည့္ တာေမြၿမိဳ႕နယ္၊ ေမတၱာၫြန႔္ရပ္ကြက္ေန ျပည့္စုံထြန္း (ခ) စိုင္းမြမ္းဖ (၂၇)ႏွစ္အား ယင္းေန႔ ညေန ၄ နာရီခြဲအခ်ိန္တြင္ သုဝဏၰနယ္ေျမ ရဲစခန္းသို႔ ခ်ိတ္ဆက္ေခၚယူ၍လည္းေကာင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ေန သက္လႈိင္ဝင္း(ခ) ကိုသက္ (၂၉)ႏွစ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနၾကသူမ်ားျဖစ္ၾကသည့္ အာကာၿဖိဳး(ခ)အာႀကီး (၂၇)ႏွစ္၊ မင္းေမာ္ထြန္း(ခ) ေမာ္ႀကီး (၂၇)ႏွစ္၊ ဟိန္းလြင္ထြန္း (ခ) ဖိုးထန္း (၁၆)ႏွစ္၊ စိုင္းေအာင္ေခး (၂၅)ႏွစ္တို႔အား ႏိုဝင္ဘာလ ၅ ရက္ေန႔ ည ၈ နာရီတြင္ ၎တို႔၏ ေနအိမ္မ်ားမွလည္းေကာင္း၊ ရန္ကုန္တိုင္း ေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၆) ရပ္ကြက္ေန ေဝလင္းေအာင္ (၂၂)ႏွစ္အား ယင္းေန႔ည ၈ နာရီ ၁၅ မိနစ္တြင္ သုဝဏၰနယ္ေျမရဲစခန္းသို႔ ခ်ိတ္ဆက္ေခၚယူ၍လည္းေကာင္း၊ ခ်မ္းျမသာစည္ ၿမိဳ႕နယ္၊ တမၸဝတီရပ္ကြက္ေနသူမ်ားျဖစ္ၾကသည့္ အဆိုေတာ္ Wink (ခ) ရဲဝင့္ေအာင္ (ခ) ဗလ၊ ျပည့္ေဇာ္ေအာင္(ခ) Pause (၂၃)ႏွစ္ႏွင့္ ထိုက္ေအာင္ေက်ာ္ျမတ္(ခ) ၿဗဲႀကီး (၂၁)ႏွစ္တို႔အား ႏိုဝင္ဘာလ ၆ ရက္ေန႔ မြန္းလြဲ ၂ နာရီတြင္ သုဝဏၰနယ္ေျမရဲစခန္းသို႔ ခ်ိတ္ဆက္ေခၚယူ၍လည္းေကာင္း ဖမ္းဆီးခဲ့သည္။

ထို႔အတူ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီးမ်က္ရွင္ရပ္ကြက္ေန အဆိုေတာ္ Bkho Bain (ခ) သိန္းမင္းထက္ (၂၉)ႏွစ္ႏွင့္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္ေန လင္းလင္းထြန္း(ခ) လင္းထြန္း (၂၃)ႏွစ္တို႔သည္ သုဝဏၰနယ္ေျမရဲစခန္းသို႔ လာေရာက္အဖမ္းခံသျဖင့္ အသီးသီး အမႈျဖင့္ဖမ္းဆီး စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ အမ်ားျပည္သူအား စိုးရိမ္ထိတ္လန႔္မႈ ျဖစ္ေပၚေစၿပီး ညစ္ညမ္းေသာစကားမ်ား ေျပာဆိုကာ “ကြန္ဒုံးမ်ား" ျဖန႔္ေဝၿပီး သီဆိုကခုန္ခဲ့ၾကသူမ်ားျဖစ္ၾကသည့္ အဆိုေတာ္ Wink (ခ) ရဲဝင့္ေအာင္ (ခ) ဗလႏွင့္ Bkho Bain (ခ) သိန္းမင္းထက္ တို႔ပါ အမ်ိဳးသား ၁၃ ဦးႏွင့္ ပြဲစီစဥ္သူမ်ား ျဖစ္ၾကသည့္ တင္ရတနာသိမ့္၊ ဟန္လင္းထက္ႏွင့္ ေအာင္ခန႔္ေမာ္(ခ) ဂ်ပန္ႀကီးတို႔အား သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰနယ္ေျမရဲစခန္း၌ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ္ႀကီး ပုဒ္မ-၅၀၅-က/၂၉၄/၁၁၄ အရ အမႈေရးဖြင့္ထားရွိေၾကာင္းႏွင့္ ၎တို႔အား ဥပေဒႏွင့္အညီ ထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.