PHEV ကားများကို တင်သွင်း/ထုတ်လုပ်ခွင့်ပြုရန် တည်ဆဲအစိုးရက စိတ်ဝင်စားနေ

1142

အေဝိုင်အီး (NP News)
ကားဈေးကွက်အတွင်း၌ PHEV အမျိုး အစားကားများကို စမ်းသပ်မောင်းနှင်မှုများရှိနေပြီး သီးသန့်ရွေးချယ်ထားသော လုပ်ငန်းရှင်အချို့အတွက် တင်သွင်း/ထုတ်လုပ်ခွင့်လိုင်စင်ချထားပေးရန် တည် ဆဲအစိုးရကစိတ်ဝင်စားနေကြောင်း သတင်းရရှိသည်။
(၂၀၂၃)ခုနှစ်ကစတင်ခဲ့သော EV အမျိုး အစားကားများ ဈေးကွက်အတွင်း၌ အောင်မြင်မှု လောက်လောက်လားလားမရှိသေးသည့်အချိန်တွင် နောက်ထပ် နည်းပညာတစ်မျိုးဖြစ်သည့် PHEV ဟု ခေါ်သော Plug-in Hybrid Electric Vehicle ကို တည်ဆဲအာဏာပိုင်အကြီးအကဲများက စိတ်ဝင်စား နေခြင်းဖြစ်ကြောင်း NP News က ဈေးကွက်အတွင်းမှ စုံစမ်းရရှိသည်။
“သူတို့ ကားနှစ်စီးနဲ့ စမ်းပြီးမောင်းကြည့်နေတယ်။ တောင်တွေပတ်တက်ကြည့်တာမျိုးအထိ ပေါ့ဗျာ။ ဈေးကွက်ထဲကိုချပေးဖို့လည်း အစီအစဉ်ရှိ တယ်လို့ကြားတယ်။ ပြောရရင် PHEV တင်သွင်း မယ့်ကုမ္ပဏီက အစိုးရအတွက် နှစ်စီးလှူလိုက်တယ် လို့သိရတာ။ သွင်းလာရင်လည်း ဘာတာစနစ် (ကုန် စည်ချင်းဖလှယ်သည့်စနစ်)နဲ့သွင်းမယ်လို့ကိုကြားနေတာ” ဟု ကားလုပ်ငန်းလောကမှ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
နိုင်ငံတော်အတွက် ကုမ္ပဏီတစ်ခုကလှူ ဒါန်းခဲ့သော PHEV ကားနှစ်စီးကို သိပ္ပံနှင့်နည်း ပညာ ဝန်ကြီးဌာနဘက်က လက်ခံရယူ၍စမ်းသပ်နေခြင်းမျိုးဖြစ်ပြီး ကောင်းကျိုးဆိုးပြစ်များကို နိုင်ငံတော် အကြီးအကဲထံ ပြန်လည်တင်ပြလိမ့်မည်ဟုဆိုသည်။ PHEV ဆိုသည်မှာ စက်သုံးဆီနှင့်လျှပ်စစ်ကို အချိုး တစ်ခုစီပေါင်းစပ်၍မောင်းနှင်ရသော ကားတစ်မျိုးဖြစ်ပြီး လျှပ်စစ်ဖြင့်မောင်းနှင်ခြင်းမပြုလိုပါက စက် သုံးဆီဖြင့် မောင်းနှင်ခြင်းမျိုးဖြစ်ကြောင်း၊ ရန်ကုန်အပါအဝင် မြို့ပြမြို့တွင်းသီးသန့်အတွက်လည်း အဆင် ပြနိုင်သောကားတစ်မျိုးဖြစ်ကြောင်းသိရသည်။ “ခွင့်ပြုပေးဖို့က (၈၀)ရာခိုင်နှုန်းသေချာနေပြီ။ ပြောရရင် PHEV က ဆီကားပါပဲ။ Battery အသေးက 7 kwh ပဲပါပြီးတော့ (၃၅-၄၅) ကီလိုမီတာလောက်ပဲ မောင်း လို့ရတာ။ battery ကုန်သွားရင် ဆီကားဖြစ် သွားတယ်။ EV ကားတုန်းက မသွင်းဘဲစောင့်နေတဲ့ ဆီကား အုပ်စုတွေက အခု PHEV ကို ဝင်တိုးနေကြပြီ။ သိရသလောက် တပ်ချုပ်ကြီးဆီတောင် အသေးစိတ် တင် ပြပြီးသွားပြီ” ဟု အခြားသော ကား လုပ်ငန်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။ အဆိုပါ PHEV များကို တင်သွင်းခြင်း၊ တပ်ဆင်ရောင်း ချခြင်းများအတွက် ဦးဆောင်ကြိုးစားနေသောကုမ္ပဏီ တစ်ခုရှိထားပြီး အဆိုပါ ကုမ္ပဏီ၏နာမည်ကိုမူ NP News အနေဖြင့် လတ်တလော ဖော်ပြလိုခြင်းမရှိသေးပေ။ EV ပေါ်လစီ စတင်စဉ်အချိန်ကလည်း PHEV ကို တင်ပြသူများရှိခဲ့ဖူးပြီး ထိုစဉ်က ခွင့်မပြုကြောင်းသာ အကြောင်းပြန်မှုရှိခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၌ PHEV များလည်း ခေတ် စားနေပြီး Chery ကုမ္ပဏီက မြန်မာဈေးကွက်အတွင်းသို့ မြန်မာလုပ်ငန်းရှင်များမှတစ်ဆင့် ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေသည်ဟုလည်း ကြားသိရသည်။ “တကယ်တော့ PHEV ကလည်း ခေတ်နောက်ကျနေပါပြီ။ ကမ္ဘာမှာက EREV (Extended-range electric vehicles) ကိုတောင်သွားနေကြပြီ”ဟု သတင်းရင်းမြစ်တစ်ဦးကပြောကြားခဲ့ပြီး အခြားသော တစ်ဦးကလည်း” ပေးရင်လည်း အစကတည်းက ပေးသင့်တာ။ အခုပေးမယ်ဆိုရင်လည်း PHEV က တကယ်တော့ဆီကားပါပဲဗျာ။ ဆီကားပဲ ထုတ်ပေးလိုက်ပေါ့။ ဝယ်စီးမယ့်ပြည်သူတွေအတွက် ကောင်း သလိုလိုရှိပေမယ့် ဆီဝယ်စီးရမယ်ဆိုကတည်းက ဆီ ကားနဲ့ထူးမခြားနားပဲ။ ပေးချင်းပေးရင် SKD ပဲ ပေး သင့်တယ်။ တင်သွင်းခွင့်ပေးမယ့်အစားပေါ့”ဟု သုံး သပ်ပြောကြားသည်။
PHEV ကို နော်ဝေ၊ နယ်သာလန်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့၌ သုံးစွဲလျက်ရှိနေပြီး မြန်မာပြည်တွင်းသို့ဝင်လာနိုင်ခြေရှိသောကား များမှာ တရုတ်နိုင်ငံမှကားများသာဖြစ်မည်ဟု သတင်း ရင်းမြစ်တို့က ပြောသည်။ တင်သွင်းရောင်းချခွင့် ပေးအပ်ခြင်းတွင်လည်း EV ကား တင်သွင်း/ထုတ်လုပ် ရောင်းချခွင့်ရထားသောကုမ္ပဏီများကို ဘေးဖယ်ထားရန် အစိုးရဘက်က စဉ်းစားနေပုံရကြောင်းလည်း ကြားသိရသည်။

Zawgyi Version:
PHEV ကားမ်ားကို တင္သြင္း/ထုတ္လုပ္ခြင့္ျပဳရန္ တည္ဆဲအစိုးရက စိတ္ဝင္စားေန
ေအဝိုင္အီး (NP News)
ကားေဈးကြက္အတြင္း၌ PHEV အမ်ိဳး အစားကားမ်ားကို စမ္းသပ္ေမာင္းႏွင္မႈမ်ားရွိေနၿပီး သီးသန႔္ေ႐ြးခ်ယ္ထားေသာ လုပ္ငန္းရွင္အခ်ိဳ႕အတြက္ တင္သြင္း/ထုတ္လုပ္ခြင့္လိုင္စင္ခ်ထားေပးရန္ တည္ ဆဲအစိုးရကစိတ္ဝင္စားေနေၾကာင္း သတင္းရရွိသည္။
(၂၀၂၃)ခုႏွစ္ကစတင္ခဲ့ေသာ EV အမ်ိဳး အစားကားမ်ား ေဈးကြက္အတြင္း၌ ေအာင္ျမင္မႈ ေလာက္ေလာက္လားလားမရွိေသးသည့္အခ်ိန္တြင္ ေနာက္ထပ္ နည္းပညာတစ္မ်ိဳးျဖစ္သည့္ PHEV ဟု ေခၚေသာ Plug-in Hybrid Electric Vehicle ကို တည္ဆဲအာဏာပိုင္အႀကီးအကဲမ်ားက စိတ္ဝင္စား ေနျခင္းျဖစ္ေၾကာင္း NP News က ေဈးကြက္အတြင္းမွ စုံစမ္းရရွိသည္။
“သူတို႔ ကားႏွစ္စီးနဲ႔ စမ္းၿပီးေမာင္းၾကည့္ေနတယ္။ ေတာင္ေတြပတ္တက္ၾကည့္တာမ်ိဳးအထိ ေပါ့ဗ်ာ။ ေဈးကြက္ထဲကိုခ်ေပးဖို႔လည္း အစီအစဥ္ရွိ တယ္လို႔ၾကားတယ္။ ေျပာရရင္ PHEV တင္သြင္း မယ့္ကုမၸဏီက အစိုးရအတြက္ ႏွစ္စီးလႉလိုက္တယ္ လို႔သိရတာ။ သြင္းလာရင္လည္း ဘာတာစနစ္ (ကုန္ စည္ခ်င္းဖလွယ္သည့္စနစ္)နဲ႔သြင္းမယ္လို႔ကိုၾကားေနတာ” ဟု ကားလုပ္ငန္းေလာကမွ သတင္းရင္းျမစ္ တစ္ဦးက ေျပာသည္။
ႏိုင္ငံေတာ္အတြက္ ကုမၸဏီတစ္ခုကလႉ ဒါန္းခဲ့ေသာ PHEV ကားႏွစ္စီးကို သိပၸံႏွင့္နည္း ပညာ ဝန္ႀကီးဌာနဘက္က လက္ခံရယူ၍စမ္းသပ္ေနျခင္းမ်ိဳးျဖစ္ၿပီး ေကာင္းက်ိဳးဆိုးျပစ္မ်ားကို ႏိုင္ငံေတာ္ အႀကီးအကဲထံ ျပန္လည္တင္ျပလိမ့္မည္ဟုဆိုသည္။ PHEV ဆိုသည္မွာ စက္သုံးဆီႏွင့္လွ်ပ္စစ္ကို အခ်ိဳး တစ္ခုစီေပါင္းစပ္၍ေမာင္းႏွင္ရေသာ ကားတစ္မ်ိဳးျဖစ္ၿပီး လွ်ပ္စစ္ျဖင့္ေမာင္းႏွင္ျခင္းမျပဳလိုပါက စက္ သုံးဆီျဖင့္ ေမာင္းႏွင္ျခင္းမ်ိဳးျဖစ္ေၾကာင္း၊ ရန္ကုန္အပါအဝင္ ၿမိဳ႕ျပၿမိဳ႕တြင္းသီးသန႔္အတြက္လည္း အဆင္ ျပႏိုင္ေသာကားတစ္မ်ိဳးျဖစ္ေၾကာင္းသိရသည္။ “ခြင့္ျပဳေပးဖို႔က (၈၀)ရာခိုင္ႏႈန္းေသခ်ာေနၿပီ။ ေျပာရရင္ PHEV က ဆီကားပါပဲ။ Battery အေသးက 7 kwh ပဲပါၿပီးေတာ့ (၃၅-၄၅) ကီလိုမီတာေလာက္ပဲ ေမာင္း လို႔ရတာ။ battery ကုန္သြားရင္ ဆီကားျဖစ္ သြားတယ္။ EV ကားတုန္းက မသြင္းဘဲေစာင့္ေနတဲ့ ဆီကား အုပ္စုေတြက အခု PHEV ကို ဝင္တိုးေနၾကၿပီ။ သိရသေလာက္ တပ္ခ်ဳပ္ႀကီးဆီေတာင္ အေသးစိတ္ တင္ ျပၿပီးသြားၿပီ” ဟု အျခားေသာ ကား လုပ္ငန္းသတင္းရင္းျမစ္တစ္ဦးကေျပာသည္။ အဆိုပါ PHEV မ်ားကို တင္သြင္းျခင္း၊ တပ္ဆင္ေရာင္း ခ်ျခင္းမ်ားအတြက္ ဦးေဆာင္ႀကိဳးစားေနေသာကုမၸဏီ တစ္ခုရွိထားၿပီး အဆိုပါ ကုမၸဏီ၏နာမည္ကိုမူ NP News အေနျဖင့္ လတ္တေလာ ေဖာ္ျပလိုျခင္းမရွိေသးေပ။ EV ေပၚလစီ စတင္စဥ္အခ်ိန္ကလည္း PHEV ကို တင္ျပသူမ်ားရွိခဲ့ဖူးၿပီး ထိုစဥ္က ခြင့္မျပဳေၾကာင္းသာ အေၾကာင္းျပန္မႈရွိခဲ့သည္ဟု ဆိုသည္။
တ႐ုတ္ႏိုင္ငံ၌ PHEV မ်ားလည္း ေခတ္ စားေနၿပီး Chery ကုမၸဏီက ျမန္မာေဈးကြက္အတြင္းသို႔ ျမန္မာလုပ္ငန္းရွင္မ်ားမွတစ္ဆင့္ ဝင္ေရာက္ခြင့္ရရန္ ႀကိဳးပမ္းေနသည္ဟုလည္း ၾကားသိရသည္။ “တကယ္ေတာ့ PHEV ကလည္း ေခတ္ေနာက္က်ေနပါၿပီ။ ကမာၻမွာက EREV (Extended-range electric vehicles) ကိုေတာင္သြားေနၾကၿပီ”ဟု သတင္းရင္းျမစ္တစ္ဦးကေျပာၾကားခဲ့ၿပီး အျခားေသာ တစ္ဦးကလည္း” ေပးရင္လည္း အစကတည္းက ေပးသင့္တာ။ အခုေပးမယ္ဆိုရင္လည္း PHEV က တကယ္ေတာ့ဆီကားပါပဲဗ်ာ။ ဆီကားပဲ ထုတ္ေပးလိုက္ေပါ့။ ဝယ္စီးမယ့္ျပည္သူေတြအတြက္ ေကာင္း သလိုလိုရွိေပမယ့္ ဆီဝယ္စီးရမယ္ဆိုကတည္းက ဆီ ကားနဲ႔ထူးမျခားနားပဲ။ ေပးခ်င္းေပးရင္ SKD ပဲ ေပး သင့္တယ္။ တင္သြင္းခြင့္ေပးမယ့္အစားေပါ့”ဟု သုံး သပ္ေျပာၾကားသည္။
PHEV ကို ေနာ္ေဝ၊ နယ္သာလန္၊ ဂ်ာမနီ၊ ၿဗိတိန္၊ ဂ်ပန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔၌ သုံးစြဲလ်က္ရွိေနၿပီး ျမန္မာျပည္တြင္းသို႔ဝင္လာႏိုင္ေျခရွိေသာကား မ်ားမွာ တ႐ုတ္ႏိုင္ငံမွကားမ်ားသာျဖစ္မည္ဟု သတင္း ရင္းျမစ္တို႔က ေျပာသည္။ တင္သြင္းေရာင္းခ်ခြင့္ ေပးအပ္ျခင္းတြင္လည္း EV ကား တင္သြင္း/ထုတ္လုပ္ ေရာင္းခ်ခြင့္ရထားေသာကုမၸဏီမ်ားကို ေဘးဖယ္ထားရန္ အစိုးရဘက္က စဥ္းစားေနပုံရေၾကာင္းလည္း ၾကားသိရသည္။