မန္တလေး - နောင်ချို ခရီး အလှမ်းနီး

476

သုတကျော် (NP News) - သြဂုတ် ၂၁
ဝေးကွာသောအရာတို့ပြန်လည်ဆုံစည်းကြခြင်းမှာ ကြည်နူးစရာကောင်း၏။ မန္တလေး-နောင် ချိုခရီးသည်လည်း ယင်းဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။
နောင်ချိုမြို့သည် ပထဝီ အနေအထားအရ ရှမ်းပြည်နယ်အတွင်းက အချက်အချာကျသော မြို့ တစ်မြို့ဖြစ်သည်။ ယင်းမြို့မှတစ်ဆင့် ရှမ်းပြည်နယ် အတွင်းရှိ အခြားမြို့ရွာများသို့သွားလာနိုင်သည် ဖြစ်ရာ စီးပွားရေးအရ အခြားမြို့များကို အထောက်အပံ့ပြုနေသော မြို့တစ်မြို့လည်း ဖြစ်သည်။
ပြည်ထောင်စုလမ်းမကြီး အဆင့် ကတ္တရာလမ်းများ ဖြတ်သန်းရာ ယင်းမြို့သည် ဖွံ့ဖြိုးတိုးတက်မှု ၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။ ဒေသအတွင်း ပြင်ဦးလွင်-မိုးကြိုး-ဟိုခို-မိုးကုတ်လမ်း၊ အုမ္မသီး-ဟိုခို-မိုးကုတ် လမ်း၊ နောင်ချို-ကျောက်ဂူ-ရပ် စောက်လမ်းများသည် နောင်ချိုမြို့နယ်အတွင်း ကွန်ရက်သဖွယ် ဖြန့် ကြက်လျက်ရှိသဖြင့် မြောက်ဘက်ရှိ မိုးကုတ်၊ မိုးမိတ်မြို့များနှင့် တောင်ဘက်ရှိ ရပ်စောက် မှတစ်ဆင့် တောင်ကြီးခရိုင်နှင့် ရှမ်းပြည်နယ် တောင် ပိုင်းရှိမြို့ရွာများအပြင် ကယားပြည်နယ်အတွင်းရှိ မြို့ရွာ များ သို့ အလွယ်တကူ သွားလာနိုင်သည်။
ထို့ပြင် လားရှိုးမှသည် တရုတ်နယ်စပ် အထိ ပေါက်ရောက်သော လမ်းမကြီးသည် ယင်းမြို့မှ ဖြတ်သန်းလေရာ ခရီးတစ်ထောက်နားမြို့အဖြစ် လည်းကောင်း၊ တရုတ် - မြန်မာ ကုန်သွယ်ရေး လမ်း ပေါ်မှ မြို့အဖြစ်လည်းကောင်း၊ ဒေသတွင်းအတွက် အကျိုးပြုသော မြို့အဖြစ်လည်းကောင်း ဒေသခံ တို့၏ အကျိုးကို ကောင်းစွာဖြစ်ထွန်းစေပြီး နာမည် ကောင်းသော မြို့တစ်မြို့ဖြစ်ခဲ့သည်။
လျှပ်စစ်ဓာတ်အားကွန်ရက်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခြေခံအဆောက် အအုံ များ အဆင်သင့်ရှိပြီး မြို့နယ်လူထုစာတတ် မြောက်နှုန်းမြင့်မားကာ ရေချိုနှင့် မြေသယံဇာတပေါများ သဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင် မှုရှိသော ဒေသတစ်ခုဖြစ်သည့်ပြင် ရှမ်းပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြို့နယ်များတွင် ပါဝင်ပြီး အလုပ်လက်မဲ့နှုန်းနည်းပါးသည့် မြို့နယ် တစ်ခုဖြစ်ခဲ့သည်။
“နောင်ချိုဟာ ရှမ်းတောင်နဲ့ ရှမ်းမြောက် ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ မြို့လည်း ဖြစ် တယ်။ နောင်ချိုကပြောရမယ်ဆိုရင် လမ်းဆုံ နေရာမှာ အချက်အချာကျတဲ့ မြို့ဖြစ်တယ်။ နောင်ချို ကနေ မိုးကုတ်ဆင်းလည်းရတယ်။ နောင်ချိုကနေ ကျောက်မဲကိုသွားလို့ရတဲ့ လမ်းက နှစ်လမ်းလောက် ရှိတယ်။ တောင်ကြီးကို တက်မလားဆိုလည်း ရတယ်”ဟု ရှမ်းပြည်နယ်မှဒေသခံတစ်ဦးက ဆိုသည်။
မန္တလေးမြို့သည်ကား စာဖတ်သူတို့ သိကြသည့်အတိုင်းပင် အဓိကမြို့ကြီးများအနက် ခေါင်းဆောင်မြို့တစ်မြို့ဖြစ်သည့်အပြင် မင်းနေပြည်တော်ပြည်တော်လည်း ဖြစ်ခဲ့သည်။ ယင်းမြို့ကြီးနှင့် ချိတ်ဆက်ရာ နောင်ချိုသို့လည်း ကုန်စည်တို့သည် ယင်းမြို့နှစ်မြို့အကြား ကူးသန်းသွားလာခဲ့ကြမည် ဆိုခြင်းမှာကား ပြောရန်ပင်လိုမည်မထင်ပေ။
အထက်ဒေသများမှလာသော ကုန်များစွာတို့သည် နောင်ချိုကိုဖြတ်သန်းကာ မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောက်ရှိပြီး အောက်ပိုင်း ဒေသများစွာ တို့မှကုန်တို့သည်လည်း အထက်ဒေသများအထိ ပြန့်နှံ့ရောက်ရှိခဲ့ကြသည်။
“နောင်ချိုအနေနဲ့ ရှမ်းတောင်ကနေ လာလည်း အဆင်ပြေတယ်။ မန္တလေးကနေလာလည်း အဆင်ပြေတယ်။ ရှမ်းမြောက်နဲ့လည်း ချိတ်ဆက်မှု ရှိတယ်။ ဆိုတော့ ရှမ်းပြည်နယ်က ကုန်ပစ္စည်းတွေ က နောင်ချိုကနေ အားကောင်းကောင်းနဲ့ စီးဆင်းခဲ့ကြတာ” ဟု အထက်ပါဒေသခံက ပြောသည်။
သို့သော် ယင်းကဲ့သို့ စီးပွားရေး ကောင်းသော၊ အချက်အချာကျသောမြို့အတွက် ကြမ္မာငင်သော နေ့တစ်နေ့ကို ရောက်လာသည်။ ကြမ္မာငင်ခြင်း အတွက် လက်သည်တရားခံသည်ကား စစ်ဖြစ်သည်။ စစ် ကိုခေါ်သူများက ခေါ်လာခဲ့ကြသောအခါ တိုးတက်ရန်အားယူနေသော ရေခံမြေခံရှိသော နောင်ချို မြို့ အပေါ် စစ်ဟူသောတိမ်မည်းတို့က အုပ်စိုးလာ သည်။ ထို့နောက်တွင်ကား အားသွန်ခွန်စိုက်ပင် ရွာသွန်း လေတော့၏။
TNLA အဖွဲ့ နှင့် PDF အဖွဲ့များသည် (၂၀၂၄) ခုနှစ် ဇွန် (၂၅) ရက်မှစတင်၍ နောင်ချို မြို့နှင့် မြို့ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ရင်း /တပ်ဖွဲ့၊ ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အပြင် ပြည်သူတို့၏ နေအိမ်များစွာတို့ကို ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် ပြည်သူတို့မှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသည်။ ထိုအခါ နောင်ချိုသည် ယခင်က အားယူနေပြီး ဖြစ်ခဲ့သော အရာ ဟူသမျှမှာ ဆုံးရှုံးသွားခဲ့ရသည်။ မျှော်လင့်ချက်တို့ ပျက်စီးသည်။ မြို့သည် စစ်ကြောင့် ကြေခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေးမှာလည်း ပြတ်တောက်ခဲ့ရသည်။ လမ်းဟု မည်ကာမတ္တသာ ဆိုနိုင်မည့် လမ်း များကို အသုံးပြုရသည်။ ပုံမှန် သွားရိုးလမ်းများကဲ့သို့ ချောမွေ့ခြင်းမရှိသည့်အပြင် လုံခြုံမှု အခြေအနေ ကလည်း ဆိုးဝါးလှသည်။
“လမ်းမကြီးကို သုံးလို့မရတော့ ကွင်းလမ်းတွေ သုံးရတယ်။ ကွင်းလမ်းတွေကတော့ နံပါတ် တစ် အန္တရာယ်များတယ်။ ပြီးတော့ ဆက်ကြေးတွေ ပေးရတယ်။ ပြီးတော့ အရေးပေါ်လူနာတွေဆိုရင် လည်း အသက်တွေဆုံးရှုံးရတဲ့ အနေအထားတွေ ဖြစ်တယ်။ ကွင်းလမ်းမှာဆိုရင် တော်တော်ကြာကြာ လေး မောင်းရတယ်။ ကားပျက်တယ်ဆိုရင်၊ လမ်းပျက်တယ်ဆိုရင် နေ့တစ်ပိုင်းကြာတာတွေ ဖြစ်ခဲ့တယ်” ဟု ယင်းက ဆိုသည်။
နောင်ချို - ကျောက်ကြမ်း - အုမ္မခါး - အုမ္မသီး - ပြင်ဦးလွင် - မန္တလေးလမ်းကြောင်းကြီး ပိတ်သွား သော အခြေအနေမှာ နောင်ချိုနှင့် ဆက်စပ်ရာဒေသများမှ ပြည်သူများအတွက် အခက်အခဲဆုံး ကာလ များဖြစ်ခဲ့သည်။ ကုန်တို့သည် ယခင်ကဲ့သို့ အလွယ်တကူ ဖြတ်သန်းနိုင်ခြင်း မရှိတော့။ ဂိတ်များက စစ် ဆေးရာတွင် အစိုးမရ။ လိုချင်သော ပစ္စည်းများကို လက်နက်ကိုင်တို့က နှိုက်ယူလိုက်ခြင်းများလည်း ရှိ လာသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် သွားရေးလာရေးအဆင်မပြေသောကြောင့် နောင်ချို မြို့ဘက် ခရီးသွားမည်ဆိုပါက ယခင်ထက် ဈေးအဆမတန်မြင့်တက်ခြင်းမျိုး ကြုံရသည်။ မတတ်သာမှ သာ သွားရသောအခြေအနေထိတိုင် ဆိုက်ရောက်သွားခဲ့သည်။
ယင်းကာလက ပြည်သူများစွာတို့သည် အခက်အခဲများစွာ ကြုံတွေ့လာရသည်။ TNLA လက် အောက်က ပြည်သူများစွာတို့မှာ လမ်းခရီးလည်း အဆင်မပြေ။ စိုးထိတ်မှုတို့ကလည်း ဒင်းကြမ်း။ သူပုန် တို့ လက်အောက်တွင် မျက်နှာကြည့်နေရသည်ကလည်း ဒုက္ခတစ်မျိုးပင်။
နောင်ချို - မန္တလေး ခရီးကား ယင်းသို့ နိမ့်ကျခဲ့ပြီးနောက်၊ အဆင်မပြေမှုများ ရှိခဲ့ပြီးနောက် ပြန် လည် ထင်းအခြေအနေမှ မှန်ကင်းသို့ အလှည့် ပြောင်းရန် အကြောင်းဖန်လာသည်။ တပ်မတော် စစ် ကြောင်းများက ဇူလိုင်လ (၁၆) ရက်တွင် နောင်ချို မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆင် ရေးကာလ (၁၁) လအတွင်း အကြမ်းဖက် သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး (၂၀) ကြိမ်နှင့် ထိတွေ့မှု ပေါင်း (၅၆၆) ကြိမ်ဖြစ်ပွားပြီးနောက် နောင်ချိုမြို့နှင့်အတူ ယင်းမြို့၏ အရေးပါမှုကို ပြန်လည် မြှင့်တင် နိုင်ခဲ့သည်။
“နောင်ချိုကိုရသွားတဲ့အခါ ရှမ်းတောင်ကို တက်တဲ့ ရပ်စောက် - ကျောက်ဂူ - နောင်ချို လမ်းမှာ ကုန်စည် စီးဆင်းမှုရှိသွားတဲ့အတွက် အရင်ထက် စာရင် ပိုအဆင်ပြေတယ်။ ဒါတော့ တစ်ချက်ပေါ့။ ပြီး တော့ နောင်ချိုကနေ ကျောက်မဲကို သွားလို့မရသေးဘူးပေါ့။ ရှမ်းတောင်ကနေ လာလည်း အဆင်ပြေပြီ။ မန္တလေးကနေလာလည်း အဆင်ပြေပြီ” ဟု နောင်ချိုမြို့ခံတစ်ဦးက ဆိုသည်။
ယင်းပြင် ရှမ်းတောင်မှ ကုန်များသည် လည်း မြန်မာနိုင်ငံအလယ်ပိုင်းသို့ နောင်ချိုမြို့မှ တဆင့် ရွေးချယ်စရာလမ်းကြောင်းတစ်ခုတိုးကာ ဝင်ရောက်နိုင်မည်ဖြစ်ရာ ကုန်ဈေးနှုန်းအပေါ်လည်း သက် ရောက်ဖွယ်ရှိသည်။ အထူးသဖြင့် အကျိုးသက် ရောက်မှု ရှိသည်ကား နောင်ချိုမြို့ပင်။ ယခင် သူပုန် တို့ လက်အောက် ရှိနေစဉ်က အစစအရာရာ ရှားပါးခဲ့ ခြင်းသည် ယခုတော့ အဆင်ပြေသွားနိုင်ခဲ့ပြီ ဖြစ် သည်။
နောင်ချို- ကျောက်ကြမ်း - အုမ္မခါး - အုမ္မသီး - ပြင်ဦးလွင် - မန္တလေးလမ်းကြောင်းကြီးလည်း ပွင့်သွားပြီဖြစ်ရာ နောင်ချိုမြို့၏ အနောက် မြောက်ဘက် (၇) မိုင်ခန့်အကွာ Crown ဘိလပ်မြေ စက်ရုံ ထုတ် ဘိလပ်မြေများကို နောင်ချိုမြို့သိမ်းပြီး ပထမဆုံးအကြိမ်အဖြစ် ယင်းလမ်းကြောင်းကို သုံးပြီး မန္တလေးသို့ စတင်ပို့ဆောင်ပေးခြင်းဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
“လမ်းပိုင်းက တရားဝင်ပွင့်တော့ အရင်အခက်အခဲဖြစ်ခဲ့တာတွေကနေ ကောင်းတဲ့ဘက်ကို ရောက်သွားပြီ။ အခုက ကုန်တွေကဝင်နေပြီ။ မြို့ထဲမှာကလည်း လူကဖြည်းဖြည်းချင်းရောက်လာနေပြီ လေ။ အဓိကတော့ ငြိမ်းချမ်းပြီဆိုရင် စီးပွားရေးက ဖြည်းဖြည်းချင်း ပြန်စလို့ရတယ်။ ငြိမ်းချမ်းရေးပဲလို တာ။ ဒေသခံတွေက စစ်ကိုကြုံခဲ့ကြရတော့ တော်တော်လေး ကြောက်သွားကြတယ်။ ငြိမ်းချမ်းတဲ့ နေရာ အဖြစ် ကိုယ့်မြို့လေးကို ကိုယ်ပြန်ပြီးတော့ ပုံဖော်ချင်တာကတော့ ဒေသခံအားလုံးရဲ့ ရင်ထဲက ဆန္ဒပါ” ဟု လက်ရှိအခြေအနေကို ၎င်းကပြောပြသည်။
တစ်ဖက်တွင်လည်း စစ်ဘက်ဆိုင်ရာအရ နောင်ချိုမြို့ကို ရလိုက်ခြင်းမှာ တပ်မတော်အတွက် အဓိက နေရာတစ်ခုကို အသာစီးယူနိုင်သွားခြင်း ဖြစ် သည်။
“နောင်ချိုကို ရလိုက်တယ်ဆိုရင် သူတို့ ရှမ်းပြည်တောင်ပိုင်းကိုလည်း ဖောက်မရတော့ဘူး။ ကျောက်ဆည်လွင်ပြင်ကိုလည်း ထိုးဖောက်လို့မရတော့ဘူး။ အင်တော - ကျောက်ဂူ ကိုလည်း ထိုး ဖောက်လို့မရတော့ဘူး။ နောက်တစ်ခုက မိုးကုတ်နဲ့ မန္တလေးကြား ဆူးတစ်ခု ဖြစ်သွားပြီ။ နောက် တစ်ခု က နောင်ချိုကို ရခြင်းအားဖြင့် လားရှိုး ရမခနဲ့ က Line of Communication အခက်အခဲ လျော့တယ်” ဟု စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ဆိုသည်။
စစ်သည် ငြိမ်းချမ်းရေးအတွက် ရန်သူဖြစ်ပြီး ပြည်သူတို့၏ ဘဝကို ကျိုးကြေ ပျက်စီးစေသော အရာ ဖြစ်သည်။ စစ်အပြီး ပြန်လည်ထူထောင်ရေး သည် ဖျက်ဆီးရသည်ထက် ပိုမိုခက်ခဲပါသည်။ နောင် ချိုကား ပြန်လည် ရုန်းထနေသည် နည်းတူ ယခု ပွင့်သွားသောလမ်းကလည်း မြို့ နာလန်ထရေးအတွက် အပြည့်အဝကူညီပေးနိုင်ပေလိမ့်မည်။

Zawgyi Version:
မႏၲေလး - ေနာင္ခ်ိဳ ခရီး အလွမ္းနီး
သုတေက်ာ္ (NP News) - ၾသဂုတ္ ၂၁
ေဝးကြာေသာအရာတို႔ျပန္လည္ဆုံစည္းၾကျခင္းမွာ ၾကည္ႏူးစရာေကာင္း၏။ မႏၲေလး-ေနာင္ ခ်ိဳခရီးသည္လည္း ယင္းျဖစ္စဥ္မ်ားထဲမွ တစ္ခုျဖစ္ခဲ့သည္။
ေနာင္ခ်ိဳၿမိဳ႕သည္ ပထဝီ အေနအထားအရ ရွမ္းျပည္နယ္အတြင္းက အခ်က္အခ်ာက်ေသာ ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္။ ယင္းၿမိဳ႕မွတစ္ဆင့္ ရွမ္းျပည္နယ္ အတြင္းရွိ အျခားၿမိဳ႕႐ြာမ်ားသို႔သြားလာႏိုင္သည္ ျဖစ္ရာ စီးပြားေရးအရ အျခားၿမိဳ႕မ်ားကို အေထာက္အပံ့ျပဳေနေသာ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္သည္။
ျပည္ေထာင္စုလမ္းမႀကီး အဆင့္ ကတၱရာလမ္းမ်ား ျဖတ္သန္းရာ ယင္းၿမိဳ႕သည္ ဖြံ႕ၿဖိဳးတိုးတက္မႈ ၏ ျပယုဂ္တစ္ခု ျဖစ္ခဲ့သည္။ ေဒသအတြင္း ျပင္ဦးလြင္-မိုးႀကိဳး-ဟိုခို-မိုးကုတ္လမ္း၊ အုမၼသီး-ဟိုခို-မိုးကုတ္ လမ္း၊ ေနာင္ခ်ိဳ-ေက်ာက္ဂူ-ရပ္ ေစာက္လမ္းမ်ားသည္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္း ကြန္ရက္သဖြယ္ ျဖန႔္ ၾကက္လ်က္ရွိသျဖင့္ ေျမာက္ဘက္ရွိ မိုးကုတ္၊ မိုးမိတ္ၿမိဳ႕မ်ားႏွင့္ ေတာင္ဘက္ရွိ ရပ္ေစာက္ မွတစ္ဆင့္ ေတာင္ႀကီးခ႐ိုင္ႏွင့္ ရွမ္းျပည္နယ္ ေတာင္ ပိုင္းရွိၿမိဳ႕႐ြာမ်ားအျပင္ ကယားျပည္နယ္အတြင္းရွိ ၿမိဳ႕႐ြာ မ်ား သို႔ အလြယ္တကူ သြားလာႏိုင္သည္။
ထို႔ျပင္ လားရႈိးမွသည္ တ႐ုတ္နယ္စပ္ အထိ ေပါက္ေရာက္ေသာ လမ္းမႀကီးသည္ ယင္းၿမိဳ႕မွ ျဖတ္သန္းေလရာ ခရီးတစ္ေထာက္နားၿမိဳ႕အျဖစ္ လည္းေကာင္း၊ တ႐ုတ္ - ျမန္မာ ကုန္သြယ္ေရး လမ္း ေပၚမွ ၿမိဳ႕အျဖစ္လည္းေကာင္း၊ ေဒသတြင္းအတြက္ အက်ိဳးျပဳေသာ ၿမိဳ႕အျဖစ္လည္းေကာင္း ေဒသခံ တို႔၏ အက်ိဳးကို ေကာင္းစြာျဖစ္ထြန္းေစၿပီး နာမည္ ေကာင္းေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့သည္။
လွ်ပ္စစ္ဓာတ္အားကြန္ရက္၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး အေျခခံအေဆာက္ အအုံ မ်ား အဆင္သင့္ရွိၿပီး ၿမိဳ႕နယ္လူထုစာတတ္ ေျမာက္ႏႈန္းျမင့္မားကာ ေရခ်ိဳႏွင့္ ေျမသယံဇာတေပါမ်ား သျဖင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ဆြဲေဆာင္ မႈရွိေသာ ေဒသတစ္ခုျဖစ္သည့္ျပင္ ရွမ္းျပည္နယ္အတြင္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအရွိဆုံးၿမိဳ႕နယ္မ်ားတြင္ ပါဝင္ၿပီး အလုပ္လက္မဲ့ႏႈန္းနည္းပါးသည့္ ၿမိဳ႕နယ္ တစ္ခုျဖစ္ခဲ့သည္။
“ေနာင္ခ်ိဳဟာ ရွမ္းေတာင္နဲ႔ ရွမ္းေျမာက္ ကုန္စည္စီးဆင္းမႈအတြက္ အေရးပါတဲ့ ၿမိဳ႕လည္း ျဖစ္ တယ္။ ေနာင္ခ်ိဳကေျပာရမယ္ဆိုရင္ လမ္းဆုံ ေနရာမွာ အခ်က္အခ်ာက်တဲ့ ၿမိဳ႕ျဖစ္တယ္။ ေနာင္ခ်ိဳ ကေန မိုးကုတ္ဆင္းလည္းရတယ္။ ေနာင္ခ်ိဳကေန ေက်ာက္မဲကိုသြားလို႔ရတဲ့ လမ္းက ႏွစ္လမ္းေလာက္ ရွိတယ္။ ေတာင္ႀကီးကို တက္မလားဆိုလည္း ရတယ္”ဟု ရွမ္းျပည္နယ္မွေဒသခံတစ္ဦးက ဆိုသည္။
မႏၲေလးၿမိဳ႕သည္ကား စာဖတ္သူတို႔ သိၾကသည့္အတိုင္းပင္ အဓိကၿမိဳ႕ႀကီးမ်ားအနက္ ေခါင္းေဆာင္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္အျပင္ မင္းေနျပည္ေတာ္ျပည္ေတာ္လည္း ျဖစ္ခဲ့သည္။ ယင္းၿမိဳ႕ႀကီးႏွင့္ ခ်ိတ္ဆက္ရာ ေနာင္ခ်ိဳသို႔လည္း ကုန္စည္တို႔သည္ ယင္းၿမိဳ႕ႏွစ္ၿမိဳ႕အၾကား ကူးသန္းသြားလာခဲ့ၾကမည္ ဆိုျခင္းမွာကား ေျပာရန္ပင္လိုမည္မထင္ေပ။
အထက္ေဒသမ်ားမွလာေသာ ကုန္မ်ားစြာတို႔သည္ ေနာင္ခ်ိဳကိုျဖတ္သန္းကာ ျမန္မာႏိုင္ငံ ေအာက္ပိုင္းသို႔ ေရာက္ရွိၿပီး ေအာက္ပိုင္း ေဒသမ်ားစြာ တို႔မွကုန္တို႔သည္လည္း အထက္ေဒသမ်ားအထိ ျပန႔္ႏွံ႔ေရာက္ရွိခဲ့ၾကသည္။
“ေနာင္ခ်ိဳအေနနဲ႔ ရွမ္းေတာင္ကေန လာလည္း အဆင္ေျပတယ္။ မႏၲေလးကေနလာလည္း အဆင္ေျပတယ္။ ရွမ္းေျမာက္နဲ႔လည္း ခ်ိတ္ဆက္မႈ ရွိတယ္။ ဆိုေတာ့ ရွမ္းျပည္နယ္က ကုန္ပစၥည္းေတြ က ေနာင္ခ်ိဳကေန အားေကာင္းေကာင္းနဲ႔ စီးဆင္းခဲ့ၾကတာ” ဟု အထက္ပါေဒသခံက ေျပာသည္။
သို႔ေသာ္ ယင္းကဲ့သို႔ စီးပြားေရး ေကာင္းေသာ၊ အခ်က္အခ်ာက်ေသာၿမိဳ႕အတြက္ ၾကမၼာငင္ေသာ ေန႔တစ္ေန႔ကို ေရာက္လာသည္။ ၾကမၼာငင္ျခင္း အတြက္ လက္သည္တရားခံသည္ကား စစ္ျဖစ္သည္။ စစ္ ကိုေခၚသူမ်ားက ေခၚလာခဲ့ၾကေသာအခါ တိုးတက္ရန္အားယူေနေသာ ေရခံေျမခံရွိေသာ ေနာင္ခ်ိဳ ၿမိဳ႕ အေပၚ စစ္ဟူေသာတိမ္မည္းတို႔က အုပ္စိုးလာ သည္။ ထို႔ေနာက္တြင္ကား အားသြန္ခြန္စိုက္ပင္ ႐ြာသြန္း ေလေတာ့၏။
TNLA အဖြဲ႕ ႏွင့္ PDF အဖြဲ႕မ်ားသည္ (၂၀၂၄) ခုႏွစ္ ဇြန္ (၂၅) ရက္မွစတင္၍ ေနာင္ခ်ိဳ ၿမိဳ႕ႏွင့္ ၿမိဳ႕ လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ရင္း /တပ္ဖြဲ႕၊ ဌာနခ်ဳပ္မ်ားအား အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္ တိုက္ခိုက္ခဲ့သည့္အျပင္ ျပည္သူတို႔၏ ေနအိမ္မ်ားစြာတို႔ကို ဖ်က္ဆီးခဲ့ၾကသည္။ ထို႔ေၾကာင့္ ျပည္သူတို႔မွာ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ခဲ့ၾကရသည္။ ထိုအခါ ေနာင္ခ်ိဳသည္ ယခင္က အားယူေနၿပီး ျဖစ္ခဲ့ေသာ အရာ ဟူသမွ်မွာ ဆုံးရႈံးသြားခဲ့ရသည္။ ေမွ်ာ္လင့္ခ်က္တို႔ ပ်က္စီးသည္။ ၿမိဳ႕သည္ စစ္ေၾကာင့္ ေၾကျခင္းႏွင့္အတူ လမ္းပန္းဆက္သြယ္ေရးမွာလည္း ျပတ္ေတာက္ခဲ့ရသည္။ လမ္းဟု မည္ကာမတၱသာ ဆိုႏိုင္မည့္ လမ္း မ်ားကို အသုံးျပဳရသည္။ ပုံမွန္ သြား႐ိုးလမ္းမ်ားကဲ့သို႔ ေခ်ာေမြ႕ျခင္းမရွိသည့္အျပင္ လုံၿခဳံမႈ အေျခအေန ကလည္း ဆိုးဝါးလွသည္။
“လမ္းမႀကီးကို သုံးလို႔မရေတာ့ ကြင္းလမ္းေတြ သုံးရတယ္။ ကြင္းလမ္းေတြကေတာ့ နံပါတ္ တစ္ အႏၲရာယ္မ်ားတယ္။ ၿပီးေတာ့ ဆက္ေၾကးေတြ ေပးရတယ္။ ၿပီးေတာ့ အေရးေပၚလူနာေတြဆိုရင္ လည္း အသက္ေတြဆုံးရႈံးရတဲ့ အေနအထားေတြ ျဖစ္တယ္။ ကြင္းလမ္းမွာဆိုရင္ ေတာ္ေတာ္ၾကာၾကာ ေလး ေမာင္းရတယ္။ ကားပ်က္တယ္ဆိုရင္၊ လမ္းပ်က္တယ္ဆိုရင္ ေန႔တစ္ပိုင္းၾကာတာေတြ ျဖစ္ခဲ့တယ္” ဟု ယင္းက ဆိုသည္။
ေနာင္ခ်ိဳ - ေက်ာက္ၾကမ္း - အုမၼခါး - အုမၼသီး - ျပင္ဦးလြင္ - မႏၲေလးလမ္းေၾကာင္းႀကီး ပိတ္သြား ေသာ အေျခအေနမွာ ေနာင္ခ်ိဳႏွင့္ ဆက္စပ္ရာေဒသမ်ားမွ ျပည္သူမ်ားအတြက္ အခက္အခဲဆုံး ကာလ မ်ားျဖစ္ခဲ့သည္။ ကုန္တို႔သည္ ယခင္ကဲ့သို႔ အလြယ္တကူ ျဖတ္သန္းႏိုင္ျခင္း မရွိေတာ့။ ဂိတ္မ်ားက စစ္ ေဆးရာတြင္ အစိုးမရ။ လိုခ်င္ေသာ ပစၥည္းမ်ားကို လက္နက္ကိုင္တို႔က ႏႈိက္ယူလိုက္ျခင္းမ်ားလည္း ရွိ လာသည္။
လမ္းပန္းဆက္သြယ္ေရးခက္ခဲသည့္အျပင္ သြားေရးလာေရးအဆင္မေျပေသာေၾကာင့္ ေနာင္ခ်ိဳ ၿမိဳ႕ဘက္ ခရီးသြားမည္ဆိုပါက ယခင္ထက္ ေဈးအဆမတန္ျမင့္တက္ျခင္းမ်ိဳး ႀကဳံရသည္။ မတတ္သာမွ သာ သြားရေသာအေျခအေနထိတိုင္ ဆိုက္ေရာက္သြားခဲ့သည္။
ယင္းကာလက ျပည္သူမ်ားစြာတို႔သည္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕လာရသည္။ TNLA လက္ ေအာက္က ျပည္သူမ်ားစြာတို႔မွာ လမ္းခရီးလည္း အဆင္မေျပ။ စိုးထိတ္မႈတို႔ကလည္း ဒင္းၾကမ္း။ သူပုန္ တို႔ လက္ေအာက္တြင္ မ်က္ႏွာၾကည့္ေနရသည္ကလည္း ဒုကၡတစ္မ်ိဳးပင္။
ေနာင္ခ်ိဳ - မႏၲေလး ခရီးကား ယင္းသို႔ နိမ့္က်ခဲ့ၿပီးေနာက္၊ အဆင္မေျပမႈမ်ား ရွိခဲ့ၿပီးေနာက္ ျပန္ လည္ ထင္းအေျခအေနမွ မွန္ကင္းသို႔ အလွည့္ ေျပာင္းရန္ အေၾကာင္းဖန္လာသည္။ တပ္မေတာ္ စစ္ ေၾကာင္းမ်ားက ဇူလိုင္လ (၁၆) ရက္တြင္ ေနာင္ခ်ိဳ ၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ စစ္ဆင္ ေရးကာလ (၁၁) လအတြင္း အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး (၂၀) ႀကိမ္ႏွင့္ ထိေတြ႕မႈ ေပါင္း (၅၆၆) ႀကိမ္ျဖစ္ပြားၿပီးေနာက္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္အတူ ယင္းၿမိဳ႕၏ အေရးပါမႈကို ျပန္လည္ ျမႇင့္တင္ ႏိုင္ခဲ့သည္။
“ေနာင္ခ်ိဳကိုရသြားတဲ့အခါ ရွမ္းေတာင္ကို တက္တဲ့ ရပ္ေစာက္ - ေက်ာက္ဂူ - ေနာင္ခ်ိဳ လမ္းမွာ ကုန္စည္ စီးဆင္းမႈရွိသြားတဲ့အတြက္ အရင္ထက္ စာရင္ ပိုအဆင္ေျပတယ္။ ဒါေတာ့ တစ္ခ်က္ေပါ့။ ၿပီး ေတာ့ ေနာင္ခ်ိဳကေန ေက်ာက္မဲကို သြားလို႔မရေသးဘူးေပါ့။ ရွမ္းေတာင္ကေန လာလည္း အဆင္ေျပၿပီ။ မႏၲေလးကေနလာလည္း အဆင္ေျပၿပီ” ဟု ေနာင္ခ်ိဳၿမိဳ႕ခံတစ္ဦးက ဆိုသည္။
ယင္းျပင္ ရွမ္းေတာင္မွ ကုန္မ်ားသည္ လည္း ျမန္မာႏိုင္ငံအလယ္ပိုင္းသို႔ ေနာင္ခ်ိဳၿမိဳ႕မွ တဆင့္ ေ႐ြးခ်ယ္စရာလမ္းေၾကာင္းတစ္ခုတိုးကာ ဝင္ေရာက္ႏိုင္မည္ျဖစ္ရာ ကုန္ေဈးႏႈန္းအေပၚလည္း သက္ ေရာက္ဖြယ္ရွိသည္။ အထူးသျဖင့္ အက်ိဳးသက္ ေရာက္မႈ ရွိသည္ကား ေနာင္ခ်ိဳၿမိဳ႕ပင္။ ယခင္ သူပုန္ တို႔ လက္ေအာက္ ရွိေနစဥ္က အစစအရာရာ ရွားပါးခဲ့ ျခင္းသည္ ယခုေတာ့ အဆင္ေျပသြားႏိုင္ခဲ့ၿပီ ျဖစ္ သည္။
ေနာင္ခ်ိဳ- ေက်ာက္ၾကမ္း - အုမၼခါး - အုမၼသီး - ျပင္ဦးလြင္ - မႏၲေလးလမ္းေၾကာင္းႀကီးလည္း ပြင့္သြားၿပီျဖစ္ရာ ေနာင္ခ်ိဳၿမိဳ႕၏ အေနာက္ ေျမာက္ဘက္ (၇) မိုင္ခန႔္အကြာ Crown ဘိလပ္ေျမ စက္႐ုံ ထုတ္ ဘိလပ္ေျမမ်ားကို ေနာင္ခ်ိဳၿမိဳ႕သိမ္းၿပီး ပထမဆုံးအႀကိမ္အျဖစ္ ယင္းလမ္းေၾကာင္းကို သုံးၿပီး မႏၲေလးသို႔ စတင္ပို႔ေဆာင္ေပးျခင္းျဖင့္ ျပန္လည္ဖြင့္လွစ္ခဲ့သည္။
“လမ္းပိုင္းက တရားဝင္ပြင့္ေတာ့ အရင္အခက္အခဲျဖစ္ခဲ့တာေတြကေန ေကာင္းတဲ့ဘက္ကို ေရာက္သြားၿပီ။ အခုက ကုန္ေတြကဝင္ေနၿပီ။ ၿမိဳ႕ထဲမွာကလည္း လူကျဖည္းျဖည္းခ်င္းေရာက္လာေနၿပီ ေလ။ အဓိကေတာ့ ၿငိမ္းခ်မ္းၿပီဆိုရင္ စီးပြားေရးက ျဖည္းျဖည္းခ်င္း ျပန္စလို႔ရတယ္။ ၿငိမ္းခ်မ္းေရးပဲလို တာ။ ေဒသခံေတြက စစ္ကိုႀကဳံခဲ့ၾကရေတာ့ ေတာ္ေတာ္ေလး ေၾကာက္သြားၾကတယ္။ ၿငိမ္းခ်မ္းတဲ့ ေနရာ အျဖစ္ ကိုယ့္ၿမိဳ႕ေလးကို ကိုယ္ျပန္ၿပီးေတာ့ ပုံေဖာ္ခ်င္တာကေတာ့ ေဒသခံအားလုံးရဲ႕ ရင္ထဲက ဆႏၵပါ” ဟု လက္ရွိအေျခအေနကို ၎ကေျပာျပသည္။
တစ္ဖက္တြင္လည္း စစ္ဘက္ဆိုင္ရာအရ ေနာင္ခ်ိဳၿမိဳ႕ကို ရလိုက္ျခင္းမွာ တပ္မေတာ္အတြက္ အဓိက ေနရာတစ္ခုကို အသာစီးယူႏိုင္သြားျခင္း ျဖစ္ သည္။
“ေနာင္ခ်ိဳကို ရလိုက္တယ္ဆိုရင္ သူတို႔ ရွမ္းျပည္ေတာင္ပိုင္းကိုလည္း ေဖာက္မရေတာ့ဘူး။ ေက်ာက္ဆည္လြင္ျပင္ကိုလည္း ထိုးေဖာက္လို႔မရေတာ့ဘူး။ အင္ေတာ - ေက်ာက္ဂူ ကိုလည္း ထိုး ေဖာက္လို႔မရေတာ့ဘူး။ ေနာက္တစ္ခုက မိုးကုတ္နဲ႔ မႏၲေလးၾကား ဆူးတစ္ခု ျဖစ္သြားၿပီ။ ေနာက္ တစ္ခု က ေနာင္ခ်ိဳကို ရျခင္းအားျဖင့္ လားရႈိး ရမခနဲ႔ က Line of Communication အခက္အခဲ ေလ်ာ့တယ္” ဟု စစ္ေရး ေလ့လာသုံးသပ္သူ ေဒါက္တာေအာင္မ်ိဳးက ဆိုသည္။
စစ္သည္ ၿငိမ္းခ်မ္းေရးအတြက္ ရန္သူျဖစ္ၿပီး ျပည္သူတို႔၏ ဘဝကို က်ိဳးေၾက ပ်က္စီးေစေသာ အရာ ျဖစ္သည္။ စစ္အၿပီး ျပန္လည္ထူေထာင္ေရး သည္ ဖ်က္ဆီးရသည္ထက္ ပိုမိုခက္ခဲပါသည္။ ေနာင္ ခ်ိဳကား ျပန္လည္ ႐ုန္းထေနသည္ နည္းတူ ယခု ပြင့္သြားေသာလမ္းကလည္း ၿမိဳ႕ နာလန္ထေရးအတြက္ အျပည့္အဝကူညီေပးႏိုင္ေပလိမ့္မည္။