စွန်စားခန်းမြို့တော် ကွင်းစ်တောင်းမြို့

93

Pika (NP News) - နိုဝင်ဘာ ၇
ကွင်းစ်တောင်းမြို့သည် နယူးဇီလန်နိုင်ငံ South Island ကျွန်း၏ အနောက်တောင်ဘက်ရှိ Otago ဒေသတွင်ရှိသော အပန်းဖြေမြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့စွန့်စားခန်းမြို့တော်အဖြစ် နာမည်ကျော် ကြားသည်။ ကွင်းစ်တောင်းမြို့သည် ကမ္ဘာ့ပထမဆုံးနှင့်အကျော်ကြားဆုံး ဘန်ဂျီကြိုး ခုန်ခြင်း၊ ကြမ်း တမ်းပြီးလှပသော Shotover မြစ်ထဲတွင် ဂျက်သင်္ဘောစီးရသည့်စွန့်စားခန်းများအတွက် နာမည်ကြီး သည့်မြို့တစ်မြို့လည်းဖြစ်သည်။ ကွင်းစ်တောင်းမြို့သည် Queenstown-Lakes ခရိုင်တွင် အခြေစိုက်ပြီး အဆိုပါခရိုင်၏ အကြီးဆုံးမြို့တစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။ သို့သော်လည်း ကွင်းစ်တောင်းမြို့ သည်အခြားပုံမှန် မြို့များကဲ့သို့ လူဦးရေထူထပ်ခြင်းမျိုးမရှိဘဲ အပန်းဖြေမြို့တစ်မြို့ဖြစ်သည့်အတွက် စုစု ပေါင်း နေထိုင်သူလူဦးရေမှာ(၅၃၀ဝဝ)ခန့်သာရှိကြောင်း သိရသည်။
ကွင်းစ်တောင်းမြို့သည် ရေခဲမြစ်များဖြင့် ဖွဲ့စည်းထားသော Wakatipu ရေကန်၏အနောက် မြောက်ဘက်အစွန်းတွင်တည်ရှိပြီး သာယာလှပသောရှုခင်းများကို The Remarkables နှင်းလျှောစီး အပန်းဖြေစခန်း၊ Cecil Peak တောင်၊ Walter Peak တောင်၊ Ben Lomond တောင်နှင့် Queenstown Hill တောင်တန်းတို့မှ ကြည့်ရှုနိုင်ခြင်းတို့ကြောင့် ခရီးသွားများအကြားတွင် ရေပန်းစားသောမြို့တစ်မြို့ လည်းဖြစ်သည်။ ထို့ပြင် ကွင်းစ်တောင်းမြို့သည် စွန့်စားခန်းများ၊ နှင်း လျှောစီးခရီးသွားလုပ်ငန်းတို့ အ တွက် လူသိများကြောင်းလည်းသိရသည်။
ဥရောပသားများအခြေချနေထိုင်မှု (၁၈၆၀)ပြည့်နှစ်၊ ဥရောပစူးစမ်းရှာဖွေသူများဖြစ်သည့် William Gilbert Rees နှင့် Nicholas von Tunzelmann တို့သည် အဆိုပါဒေသတွင် ပထမဆုံး အခြေချ နေထိုင်ခဲ့ကြသူများဖြစ်သည်။ (၁၈၆၀)ပြည့်နှစ်တွင် William Gilbert Rees သည် လက်ရှိအချိန်တွင် ကွင်းစ်တောင်းမြို့လယ်အဖြစ်ရှိနေသောနေရာတွင် လယ်ယာမြေတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး နေ ထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း (၁၈၆၂) ခုနှစ်တွင် Arrow မြစ်အတွင်း ရွှေရှာဖွေတွေ့ ရှိမှုကြောင့် William Gilbert Rees သည် ၎င်း၏သိုးမွေးတဲကို Queen's Arms အမည်ရှိ ဟိုတယ်အဖြစ် ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် Eichardt's အမည်ရှိဟိုတယ်အဖြစ် လူသိများလာခဲ့ကြောင်းသိရသည်။
ကွင်းစ်တောင်းမြို့ရှိ လမ်းအများအပြားတွင် ရွှေတူးဖော်ရေးခေတ်မှ အမည်များအပါအဝင် သမိုင်း ဝင်အဆောက်အအုံအချို့ ကျန်ရှိနေသေးကြောင်းသိရသည်။ William's Cottage ပြတိုက်၊ Lake Lodge of Ophir အနုပညာပြခန်း၊ ကွင်းစ် တောင်းရဲစခန်းနှင့် St Peter's Anglican ဘုရားကျောင်းတို့သည် သတ်မှတ်ထားသော သမိုင်းဝင်နယ်မြေအတွင်းတွင် နီးကပ်စွာတည်ရှိသည့် အဆောက်အအုံများဖြစ် သည်။
(၁၉၉၉)ခုနှစ်ရေကြီးမှု
(၁၉၉၉)ခုနှစ် နိုဝင်ဘာလတွင် South Island ကျွန်းတွင် ပြင်းထန်သောရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး Wakatipu ရေကန်အနီးရှိ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်းသိရသည်။ အဆိုပါ အချိန်တွင် Wakatipu ရေကန်၏ ရေမျက်နှာပြင်သည် (၃၁၀ ဒသမ ၅)မီတာမှ (၃၁၂ ဒသမ ၇၇) မီတာအထိမြင့်တက်လာခဲ့ပြီး ကွင်းစ် တောင်းမြို့ မှတ်တမ်းတင်ထားသော သမိုင်းတစ်လျှောက် အဆိုး ရွားဆုံး ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။ ရေကြီးမှုများနှင့်အတူ ကွင်းစ် တောင်းမြို့ အလယ် ပိုင်းရှိ အိမ်ခြံမြေများသည် (၁)မီတာအထိ ရေလွှမ်းမိုးခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့မှု ကြောင့် စုစုပေါင်းအာမခံကြေးတောင်း ဆိုမှုများမှာ အမေရိကန်ဒေါ်လာသန်း(၅၀)နီးပါးရှိခဲ့ကြောင်း သိရ သည်။ ထို့ပြင် Glenorchy နှင့် Kingston မြို့တို့ရှိအိမ်ခြံမြေများလည်း ရေလွှမ်းမိုးခံခဲ့ရပြီး ကွင်းစ်တောင်း မြို့မှ Glenorchy မြို့သို့ သွားသောလမ်းမကြီးမှာ ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့ကြောင်းသိရသည်။
စီးပွားရေး
ကွင်းစ်တောင်းမြို့၏စီးပွားရေးသည် Queenstown-Lakes ခရိုင်၏စီးပွားရေးအတွက် အဓိက ကူညီပံ့ပိုးပေးသည့်မြိုတစ်မြို့ဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် Queenstown-Lakes ခရိုင်သည် ကွင်းစ်တောင်းမြို့အပါအဝင် အရှေ့မြောက်ဘက်တွင် Wānaka မြို့၊ အနောက်မြောက်ဘက်တွင် Glenorchy မြို့နှင့် တောင်ဘက်တွင် Kingston မြို့တို့ဖြင့်ဖွဲ့စည်းထားသော ကျယ်ပြန့် သောဧရိယာ တစ်ခုလည်းဖြစ်သည်။
အိမ်ရာ
ကွင်းစ်တောင်းမြို့ရှိ လူနေအိမ်ရာများသည် ခရီးသွားနေရာတစ်ခုဖြစ်ခြင်း၊ မြေနေရာမရှိခြင်းနှင့် နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် နှစ်သက်လိုလားဖွယ်ကောင်းသည့်နေရာတစ်ခုဖြစ် ခြင်းတို့ကဲ့သို့သော အချက်များကြောင့် ဈေးအလွန်ကြီးကြောင်းသိရသည်။ ကွင်းစ်တောင်းမြို့သည် နယူး ဇီလန်နိုင်ငံတွင်းတွင် အိမ်ခြံမြေဝယ်ယူရန် အတတ်နိုင်ဆုံးမြို့တစ်မြို့အဖြစ် သတ်မှတ်ခံထားရသော် လည်း (၂၀၁၇)ခုနှစ်တွင် ကွင်းစ်တောင်းမြို့ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ Auckland မြို့ကို ကျော်တက် သွားခဲ့ကြောင်းသိရသည်။ (၂၀၁၆)ခုနှစ် ဒီဇင်ဘာလတွင် ကွင်းစ်တောင်းမြို့ရှိ ပျမ်းမျှ အိမ်ဈေးနှုန်းသည် နယူးဇီလန် ဒေါ်လာ(၁)သန်းအထိ မြင့်တက်သွားခဲ့ပြီး (၂၀၁၆)ခုနှစ်နှင့်(၂၀၁၉)ခုနှစ်ကြားတွင် ကွင်းစ် တောင်းမြို့ရှိ ပျမ်းမျှအိမ်ငှားရမ်းခများသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ကာ (၂၀၁၆)ခုနှစ်တွင် (၁၀ ဒသမ ၈) ရာခိုင်နှုန်း၊ (၂၀၁၇)ခုနှစ်တွင် (၁၆)ရာခိုင်နှုန်း၊ (၂၀၁၈)ခုနှစ် တွင် (၇ ဒသမ ၄) ရာခိုင်နှုန်းနှင့် (၂၀၁၉) ခုနှစ်တွင် (၉ဒသမ ၆)ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်းသိရသည်။ (၂၀၁၈)ခုနှစ်တွင် ကောက်ယူ ခဲ့သော သန်းခေါင်စာရင်း ဒေတာအချက်အလက်များအရ ကွင်းစ်တောင်းမြို့ရှိ နေအိမ်များ၏ (၂၇)ရာခိုင် နှုန်းတွင် လူမနေထိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
(၂၀၂၀) ပြည့်နှစ် အစောပိုင်းများအတွင်း ကွင်းစ်တောင်းမြို့သည် အငှားအိမ်ရာကျဆင်းမှုများကို ကြုံတွေ့ခဲ့ရသည်။ (၂၀၂၁)ခုနှစ် ဒီဇင်ဘာလနှင့် (၂၀၂၂)ခုနှစ်ဒီဇင်ဘာလကြားတွင် Queenstown-Lakes ခရိုင်တစ်လျှောက် နေအိမ်ငှားရမ်းမှုများမှာ (၄၉)ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။ အလားတူ ပင် စီးပွားရေး၊ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်ဝန်ကြီးဌာန (MBIE) ၏အစီရင်ခံစာအရ (၂၀၂၁)ခုနှစ်၊ နိုဝင်ဘာလနှင့် (၂၀၂၂)ခုနှစ် နိုဝင်ဘာလကြားတွင် Queenstown-Lakes ခရိုင်ရှိ အိမ်ငှားရမ်းသည့် အရေ အတွက်မှာ အလုံးရေ(၁၀ဝ)ခန့် ကျဆင်းသွားခဲ့ကြောင်းသိရသည်။ (၂၀၂၂)ခုနှစ်တွင် အဆောက်အအုံ အရေအတွက်များတိုးလာသော်လည်း Queenstown-Lakes ခရိုင်ရှိ နေအိမ်များ၏(၂၇)ရာခိုင်နှုန်း၏ ပိုင်ရှင်များသည် ၎င်းတို့၏နေအိမ်များကို ငှားရမ်းခြင်းထက် အားလပ်ရက် လည်ပတ်ရန်အိမ်များ သို့ မဟုတ် ရေတိုနေထိုင် ရန်နေရာအဖြစ် အသုံးပြုလိုကြသောကြောင့် လူနေထိုင်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် (၂၀၂၂)ခုနှစ် နိုဝင်ဘာလတွင် Queenstown-Lakes ခရိုင်ရှိ ပျမ်းမျှ အိမ်တစ်လုံး၏ ကုန်ကျစရိတ်မှာ နယူးဇီလန်ဒေါ်လာ (၁ ဒသမ ၇)သန်းဖြစ်ပြီး အိပ်ခန်းသုံးခန်းပါ ငှားရမ်းခမှာ သီတင်း ပတ် တစ်ပတ်လျှင် အနည်းဆုံး နယူးဇီလန် ဒေါ်လာ (၈၀ဝ)ဖြစ်ပြီး အိပ်ခန်းတစ်ခန်းပါ ငှားရမ်းခမှာ သီတင်းပတ်တစ်ပတ်လျှင် နယူးဇီလန်ဒေါ်လာ (၅၀ဝ)သို့မဟုတ် အဆိုပါ ပမာဏထက်ကျော်လွန်ခဲ့ ကြောင်း Radio New Zealand က ရေးသားဖော်ပြခဲ့သည်။

Zawgyi Version:
စြန္စားခန္းၿမိဳ႕ေတာ္ ကြင္းစ္ေတာင္းၿမိဳ႕
Pika (NP News) - ႏိုဝင္ဘာ ၇
ကြင္းစ္ေတာင္းၿမိဳ႕သည္ နယူးဇီလန္ႏိုင္ငံ South Island ကြၽန္း၏ အေနာက္ေတာင္ဘက္ရွိ Otago ေဒသတြင္ရွိေသာ အပန္းေျဖၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ကမာၻ႔စြန႔္စားခန္းၿမိဳ႕ေတာ္အျဖစ္ နာမည္ေက်ာ္ ၾကားသည္။ ကြင္းစ္ေတာင္းၿမိဳ႕သည္ ကမာၻ႔ပထမဆုံးႏွင့္အေက်ာ္ၾကားဆုံး ဘန္ဂ်ီႀကိဳး ခုန္ျခင္း၊ ၾကမ္း တမ္းၿပီးလွပေသာ Shotover ျမစ္ထဲတြင္ ဂ်က္သေဘၤာစီးရသည့္စြန႔္စားခန္းမ်ားအတြက္ နာမည္ႀကီး သည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ကြင္းစ္ေတာင္းၿမိဳ႕သည္ Queenstown-Lakes ခ႐ိုင္တြင္ အေျခစိုက္ၿပီး အဆိုပါခ႐ိုင္၏ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ကြင္းစ္ေတာင္းၿမိဳ႕ သည္အျခားပုံမွန္ ၿမိဳ႕မ်ားကဲ့သို႔ လူဦးေရထူထပ္ျခင္းမ်ိဳးမရွိဘဲ အပန္းေျဖၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္အတြက္ စုစု ေပါင္း ေနထိုင္သူလူဦးေရမွာ(၅၃၀ဝဝ)ခန႔္သာရွိေၾကာင္း သိရသည္။
ကြင္းစ္ေတာင္းၿမိဳ႕သည္ ေရခဲျမစ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ Wakatipu ေရကန္၏အေနာက္ ေျမာက္ဘက္အစြန္းတြင္တည္ရွိၿပီး သာယာလွပေသာရႈခင္းမ်ားကို The Remarkables ႏွင္းေလွ်ာစီး အပန္းေျဖစခန္း၊ Cecil Peak ေတာင္၊ Walter Peak ေတာင္၊ Ben Lomond ေတာင္ႏွင့္ Queenstown Hill ေတာင္တန္းတို႔မွ ၾကည့္ရႈႏိုင္ျခင္းတို႔ေၾကာင့္ ခရီးသြားမ်ားအၾကားတြင္ ေရပန္းစားေသာၿမိဳ႕တစ္ၿမိဳ႕ လည္းျဖစ္သည္။ ထို႔ျပင္ ကြင္းစ္ေတာင္းၿမိဳ႕သည္ စြန႔္စားခန္းမ်ား၊ ႏွင္း ေလွ်ာစီးခရီးသြားလုပ္ငန္းတို႔ အ တြက္ လူသိမ်ားေၾကာင္းလည္းသိရသည္။
ဥေရာပသားမ်ားအေျခခ်ေနထိုင္မႈ (၁၈၆၀)ျပည့္ႏွစ္၊ ဥေရာပစူးစမ္းရွာေဖြသူမ်ားျဖစ္သည့္ William Gilbert Rees ႏွင့္ Nicholas von Tunzelmann တို႔သည္ အဆိုပါေဒသတြင္ ပထမဆုံး အေျခခ် ေနထိုင္ခဲ့ၾကသူမ်ားျဖစ္သည္။ (၁၈၆၀)ျပည့္ႏွစ္တြင္ William Gilbert Rees သည္ လက္ရွိအခ်ိန္တြင္ ကြင္းစ္ေတာင္းၿမိဳ႕လယ္အျဖစ္ရွိေနေသာေနရာတြင္ လယ္ယာေျမတစ္ခုကို စတင္တည္ေထာင္ခဲ့ၿပီး ေန ထိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း (၁၈၆၂) ခုႏွစ္တြင္ Arrow ျမစ္အတြင္း ေ႐ႊရွာေဖြေတြ႕ ရွိမႈေၾကာင့္ William Gilbert Rees သည္ ၎၏သိုးေမြးတဲကို Queen's Arms အမည္ရွိ ဟိုတယ္အျဖစ္ ေျပာင္းလဲခဲ့ၿပီး ေနာက္ပိုင္းတြင္ Eichardt's အမည္ရွိဟိုတယ္အျဖစ္ လူသိမ်ားလာခဲ့ေၾကာင္းသိရသည္။
ကြင္းစ္ေတာင္းၿမိဳ႕ရွိ လမ္းအမ်ားအျပားတြင္ ေ႐ႊတူးေဖာ္ေရးေခတ္မွ အမည္မ်ားအပါအဝင္ သမိုင္း ဝင္အေဆာက္အအုံအခ်ိဳ႕ က်န္ရွိေနေသးေၾကာင္းသိရသည္။ William's Cottage ျပတိုက္၊ Lake Lodge of Ophir အႏုပညာျပခန္း၊ ကြင္းစ္ ေတာင္းရဲစခန္းႏွင့္ St Peter's Anglican ဘုရားေက်ာင္းတို႔သည္ သတ္မွတ္ထားေသာ သမိုင္းဝင္နယ္ေျမအတြင္းတြင္ နီးကပ္စြာတည္ရွိသည့္ အေဆာက္အအုံမ်ားျဖစ္ သည္။
(၁၉၉၉)ခုႏွစ္ေရႀကီးမႈ
(၁၉၉၉)ခုႏွစ္ ႏိုဝင္ဘာလတြင္ South Island ကြၽန္းတြင္ ျပင္းထန္ေသာရာသီဥတုျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ၿပီး Wakatipu ေရကန္အနီးရွိ ေဒသမ်ားတြင္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ေၾကာင္းသိရသည္။ အဆိုပါ အခ်ိန္တြင္ Wakatipu ေရကန္၏ ေရမ်က္ႏွာျပင္သည္ (၃၁၀ ဒသမ ၅)မီတာမွ (၃၁၂ ဒသမ ၇၇) မီတာအထိျမင့္တက္လာခဲ့ၿပီး ကြင္းစ္ ေတာင္းၿမိဳ႕ မွတ္တမ္းတင္ထားေသာ သမိုင္းတစ္ေလွ်ာက္ အဆိုး ႐ြားဆုံး ေရႀကီးမႈကို ျဖစ္ေပၚေစခဲ့ေၾကာင္းသိရသည္။ ေရႀကီးမႈမ်ားႏွင့္အတူ ကြင္းစ္ ေတာင္းၿမိဳ႕ အလယ္ ပိုင္းရွိ အိမ္ၿခံေျမမ်ားသည္ (၁)မီတာအထိ ေရလႊမ္းမိုးခံခဲ့ရၿပီး ပ်က္စီးဆုံးရႈံးမႈမ်ားစြာ ျဖစ္ေပၚေစခဲ့မႈ ေၾကာင့္ စုစုေပါင္းအာမခံေၾကးေတာင္း ဆိုမႈမ်ားမွာ အေမရိကန္ေဒၚလာသန္း(၅၀)နီးပါးရွိခဲ့ေၾကာင္း သိရ သည္။ ထို႔ျပင္ Glenorchy ႏွင့္ Kingston ၿမိဳ႕တို႔ရွိအိမ္ၿခံေျမမ်ားလည္း ေရလႊမ္းမိုးခံခဲ့ရၿပီး ကြင္းစ္ေတာင္း ၿမိဳ႕မွ Glenorchy ၿမိဳ႕သို႔ သြားေသာလမ္းမႀကီးမွာ ေရႀကီးမႈေၾကာင့္ ပ်က္စီးသြားခဲ့ေၾကာင္းသိရသည္။
စီးပြားေရး
ကြင္းစ္ေတာင္းၿမိဳ႕၏စီးပြားေရးသည္ Queenstown-Lakes ခ႐ိုင္၏စီးပြားေရးအတြက္ အဓိက ကူညီပံ့ပိုးေပးသည့္ၿမိဳတစ္ၿမိဳ႕ျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ Queenstown-Lakes ခ႐ိုင္သည္ ကြင္းစ္ေတာင္းၿမိဳ႕အပါအဝင္ အေရွ႕ေျမာက္ဘက္တြင္ Wānaka ၿမိဳ႕၊ အေနာက္ေျမာက္ဘက္တြင္ Glenorchy ၿမိဳ႕ႏွင့္ ေတာင္ဘက္တြင္ Kingston ၿမိဳ႕တို႔ျဖင့္ဖြဲ႕စည္းထားေသာ က်ယ္ျပန႔္ ေသာဧရိယာ တစ္ခုလည္းျဖစ္သည္။
အိမ္ရာ
ကြင္းစ္ေတာင္းၿမိဳ႕ရွိ လူေနအိမ္ရာမ်ားသည္ ခရီးသြားေနရာတစ္ခုျဖစ္ျခင္း၊ ေျမေနရာမရွိျခင္းႏွင့္ ႏိုင္ငံျခားသားမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား အတြက္ ႏွစ္သက္လိုလားဖြယ္ေကာင္းသည့္ေနရာတစ္ခုျဖစ္ ျခင္းတို႔ကဲ့သို႔ေသာ အခ်က္မ်ားေၾကာင့္ ေဈးအလြန္ႀကီးေၾကာင္းသိရသည္။ ကြင္းစ္ေတာင္းၿမိဳ႕သည္ နယူး ဇီလန္ႏိုင္ငံတြင္းတြင္ အိမ္ၿခံေျမဝယ္ယူရန္ အတတ္ႏိုင္ဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရေသာ္ လည္း (၂၀၁၇)ခုႏွစ္တြင္ ကြင္းစ္ေတာင္းၿမိဳ႕ရွိ အိမ္ၿခံေျမေဈးႏႈန္းမ်ားမွာ Auckland ၿမိဳ႕ကို ေက်ာ္တက္ သြားခဲ့ေၾကာင္းသိရသည္။ (၂၀၁၆)ခုႏွစ္ ဒီဇင္ဘာလတြင္ ကြင္းစ္ေတာင္းၿမိဳ႕ရွိ ပ်မ္းမွ် အိမ္ေဈးႏႈန္းသည္ နယူးဇီလန္ ေဒၚလာ(၁)သန္းအထိ ျမင့္တက္သြားခဲ့ၿပီး (၂၀၁၆)ခုႏွစ္ႏွင့္(၂၀၁၉)ခုႏွစ္ၾကားတြင္ ကြင္းစ္ ေတာင္းၿမိဳ႕ရွိ ပ်မ္းမွ်အိမ္ငွားရမ္းခမ်ားသည္ တျဖည္းျဖည္းျမင့္တက္လာခဲ့ကာ (၂၀၁၆)ခုႏွစ္တြင္ (၁၀ ဒသမ ၈) ရာခိုင္ႏႈန္း၊ (၂၀၁၇)ခုႏွစ္တြင္ (၁၆)ရာခိုင္ႏႈန္း၊ (၂၀၁၈)ခုႏွစ္ တြင္ (၇ ဒသမ ၄) ရာခိုင္ႏႈန္းႏွင့္ (၂၀၁၉) ခုႏွစ္တြင္ (၉ဒသမ ၆)ရာခိုင္ႏႈန္း အသီးသီးရွိခဲ့ေၾကာင္းသိရသည္။ (၂၀၁၈)ခုႏွစ္တြင္ ေကာက္ယူ ခဲ့ေသာ သန္းေခါင္စာရင္း ေဒတာအခ်က္အလက္မ်ားအရ ကြင္းစ္ေတာင္းၿမိဳ႕ရွိ ေနအိမ္မ်ား၏ (၂၇)ရာခိုင္ ႏႈန္းတြင္ လူမေနထိုင္ေၾကာင္း ေတြ႕ရွိခဲ့ရသည္။
(၂၀၂၀) ျပည့္ႏွစ္ အေစာပိုင္းမ်ားအတြင္း ကြင္းစ္ေတာင္းၿမိဳ႕သည္ အငွားအိမ္ရာက်ဆင္းမႈမ်ားကို ႀကဳံေတြ႕ခဲ့ရသည္။ (၂၀၂၁)ခုႏွစ္ ဒီဇင္ဘာလႏွင့္ (၂၀၂၂)ခုႏွစ္ဒီဇင္ဘာလၾကားတြင္ Queenstown-Lakes ခ႐ိုင္တစ္ေလွ်ာက္ ေနအိမ္ငွားရမ္းမႈမ်ားမွာ (၄၉)ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ေၾကာင္း သိရသည္။ အလားတူ ပင္ စီးပြားေရး၊ ဆန္းသစ္တီထြင္မႈႏွင့္ အလုပ္အကိုင္ဝန္ႀကီးဌာန (MBIE) ၏အစီရင္ခံစာအရ (၂၀၂၁)ခုႏွစ္၊ ႏိုဝင္ဘာလႏွင့္ (၂၀၂၂)ခုႏွစ္ ႏိုဝင္ဘာလၾကားတြင္ Queenstown-Lakes ခ႐ိုင္ရွိ အိမ္ငွားရမ္းသည့္ အေရ အတြက္မွာ အလုံးေရ(၁၀ဝ)ခန႔္ က်ဆင္းသြားခဲ့ေၾကာင္းသိရသည္။ (၂၀၂၂)ခုႏွစ္တြင္ အေဆာက္အအုံ အေရအတြက္မ်ားတိုးလာေသာ္လည္း Queenstown-Lakes ခ႐ိုင္ရွိ ေနအိမ္မ်ား၏(၂၇)ရာခိုင္ႏႈန္း၏ ပိုင္ရွင္မ်ားသည္ ၎တို႔၏ေနအိမ္မ်ားကို ငွားရမ္းျခင္းထက္ အားလပ္ရက္ လည္ပတ္ရန္အိမ္မ်ား သို႔ မဟုတ္ ေရတိုေနထိုင္ ရန္ေနရာအျဖစ္ အသုံးျပဳလိုၾကေသာေၾကာင့္ လူေနထိုင္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ (၂၀၂၂)ခုႏွစ္ ႏိုဝင္ဘာလတြင္ Queenstown-Lakes ခ႐ိုင္ရွိ ပ်မ္းမွ် အိမ္တစ္လုံး၏ ကုန္က်စရိတ္မွာ နယူးဇီလန္ေဒၚလာ (၁ ဒသမ ၇)သန္းျဖစ္ၿပီး အိပ္ခန္းသုံးခန္းပါ ငွားရမ္းခမွာ သီတင္း ပတ္ တစ္ပတ္လွ်င္ အနည္းဆုံး နယူးဇီလန္ ေဒၚလာ (၈၀ဝ)ျဖစ္ၿပီး အိပ္ခန္းတစ္ခန္းပါ ငွားရမ္းခမွာ သီတင္းပတ္တစ္ပတ္လွ်င္ နယူးဇီလန္ေဒၚလာ (၅၀ဝ)သို႔မဟုတ္ အဆိုပါ ပမာဏထက္ေက်ာ္လြန္ခဲ့ ေၾကာင္း Radio New Zealand က ေရးသားေဖာ္ျပခဲ့သည္။