စက်ရုံများ ဆိုလာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရန် တိုက်တွန်းစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးဆို

 376

ချယ်ရီ (NP News) - ဩဂုတ် ၂၂
စက်ရုံအချို့တွင် (၆) မဂ္ဂါဝပ်အထိ ဆိုလာစွမ်းအင်ထုတ်ယူ အသုံးချနိုင်ပြီဖြစ်သည့်အတွက် ကျန်စက်ရုံများလည်း ဆိုလာတပ်ဆင်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရန် တိုက်တွန်းစေလိုကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။
အဆိုပါစကားကို ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်)၊ နံနက်ပိုင်းက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်စဉ် ထည်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်သော စီးပွားရေးဇုန်တစ်ခုဖြစ်သည့်အတွက် တိုးတက်မှုရှိပြီးသော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပြီး စက်မှုဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် စက်ရုံအချို့တွင် ဆိုလာစွမ်းအင်ထုတ်ယူ အသုံးချလျက်ရှိရာ (၆) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီဖြစ်၍ ကျန်စက်ရုံများ ဆိုလာတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရန် တိုက်တွန်းစေလိုကြောင်းနှင့် အထူးစီးပွားရေးဇုန်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရေတိုရေရှည်အစီအမံများ ရေးဆွဲရာတွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေအပေါ်မူတည်၍ သုံးသပ်ရေးဆွဲရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အထူးစီးပွားရေးဇုန်၏ Promotion Zone ရှိ ထုတ်ကုန်ပစ္စည်းအများစုကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်နှင့် ပြည်ပကုန်စည်ပြပွဲများ၌ ပါဝင်ပြသနိုင်ရန် ဆက်စပ်ဆောင်ရွက်ပေးရန် လိုအပ်ပြီး အထူးစီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန်တန်ဖိုးကို နှိုင်းယှဉ်ရာ၌ သွင်းကုန်တန်ဖိုးများနေသောကြောင့် တင်သွင်းကုန်များသည် စက်ရုံများ၌ အမှန်တကယ် အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများဖြစ်ရန်လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
စက္႐ုံမ်ား ဆိုလာတပ္ဆင္ၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္ယူသုံးစြဲႏိုင္ရန္ တိုက္တြန္းေစလိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးဆို
ခ်ယ္ရီ (NP News) - ဩဂုတ္ ၂၂
စက္႐ုံအခ်ိဳ႕တြင္ (၆) မဂၢါဝပ္အထိ ဆိုလာစြမ္းအင္ထုတ္ယူ အသုံးခ်ႏိုင္ၿပီျဖစ္သည့္အတြက္ က်န္စက္႐ုံမ်ားလည္း ဆိုလာတပ္ဆင္ကာ လွ်ပ္စစ္ဓာတ္အား ထုတ္ယူသုံးစြဲႏိုင္ရန္ တိုက္တြန္းေစလိုေၾကာင္း ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕ဥကၠ႒၊ ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္က ေျပာသည္။
အဆိုပါစကားကို ယမန္ေန႔ (ဩဂုတ္လ ၂၁ ရက္)၊ နံနက္ပိုင္းက ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕ဥကၠ႒၊ ဘ႑ာေရးႏွင့္ အခြန္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာကံေဇာ္က သီလဝါအထူးစီးပြားေရးဇုန္သို႔ သြားေရာက္စဥ္ ထည္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

သီလဝါအထူးစီးပြားေရးဇုန္သည္ ေအာင္ျမင္ေသာ စီးပြားေရးဇုန္တစ္ခုျဖစ္သည့္အတြက္ တိုးတက္မႈရွိၿပီးေသာ အရွိန္အဟုန္ကို ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္ရန္လိုအပ္ၿပီး စက္မႈဇုန္အလိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ထပ္မံဝင္ေရာက္လာေရးႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ား တိုးတက္ေစေရး ရင္းႏွီးျမႇဳပ္ႏွံထားေသာ ကုမၸဏီမ်ားႏွင့္နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ေစလိုေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ စက္႐ုံအခ်ိဳ႕တြင္ ဆိုလာစြမ္းအင္ထုတ္ယူ အသုံးခ်လ်က္ရွိရာ (၆) မဂၢါဝပ္အထိ ထုတ္လုပ္ႏိုင္ၿပီျဖစ္၍ က်န္စက္႐ုံမ်ား ဆိုလာတပ္ဆင္ၿပီး လွ်ပ္စစ္ဓာတ္အား ထုတ္ယူသုံးစြဲႏိုင္ရန္ တိုက္တြန္းေစလိုေၾကာင္းႏွင့္ အထူးစီးပြားေရးဇုန္၏ ေရွ႕ဆက္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္မ်ားကို ေရတိုေရရွည္အစီအမံမ်ား ေရးဆြဲရာတြင္ ျဖစ္ေပၚတိုးတက္ေနသည့္ အေျခအေနအေပၚမူတည္၍ သုံးသပ္ေရးဆြဲရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။

အထူးစီးပြားေရးဇုန္၏ Promotion Zone ရွိ ထုတ္ကုန္ပစၥည္းအမ်ားစုကို ျပည္ပသို႔တင္ပို႔ေရာင္းခ်ႏိုင္ရန္ႏွင့္ ျပည္ပကုန္စည္ျပပြဲမ်ား၌ ပါဝင္ျပသႏိုင္ရန္ ဆက္စပ္ေဆာင္႐ြက္ေပးရန္ လိုအပ္ၿပီး အထူးစီးပြားေရးဇုန္၏ ပို႔ကုန္သြင္းကုန္တန္ဖိုးကို ႏႈိင္းယွဥ္ရာ၌ သြင္းကုန္တန္ဖိုးမ်ားေနေသာေၾကာင့္ တင္သြင္းကုန္မ်ားသည္ စက္႐ုံမ်ား၌ အမွန္တကယ္ အသုံးျပဳရန္လိုအပ္မည့္ ကုန္ၾကမ္းပစၥည္းမ်ားျဖစ္ရန္လိုအပ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြက ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.