ဖားကန့်မြို့နယ်၊မှော်စီစာကျေးရွာတွင် အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေ

437
သက်ပိုင်(NP News) - ဩဂုတ် ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှော်စီစာကျေးရွာအတွင်းတွင် ယနေ့(ဩဂုတ်လ ၂၂ရက်)နံနက်ပိုင်းက အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ မိန်းလမ်းမပေါ်တွင် အမျိုးသားတစ်ဦးနှင့် ကျေးရွာ၏ ရွာလည် လမ်းဆုံတွင် အမျိုးသားတစ်ဦး စုစုပေါင်းနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
“မိန်းလမ်းမပေါ်စိန်ချိုကွမ်းယာဆိုင်နားမှာ ကိုချစ်နိုင်(၄၅)နှစ် ပစ်သတ်ခံထားရတယ်။ နောက်ပြီးတော့ ရွာလယ်လမ်းဆုံကလမ်းမပေါ်မှာ နောက်တစ်ယောက်ထပ်ပြီး ပစ်သတ်ခံထားတယ်လို့တော့ သိရတယ်။ ဘယ်သူပစ်မှန်းတော့ မသိရဘူး ” ဟု ၎င်းကဆိုသည်။
ဖားကန့်ဒေသတွင် တပ်မတော်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် KIA အဖွဲ့မှ ညမထွက်ရအမိန့် ကြေညာကာ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများရှိခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူအချို့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံခဲ့ကြရကာ လက်ရှိတွင် တရားခံမပေါ်ဘဲ ပစ်သတ်ခံရသူ ၁၅ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။
Zawgyi Version:
ဖားကန႔္ၿမိဳ႕နယ္၊ေမွာ္စီစာေက်း႐ြာတြင္ အမ်ိဳးသားႏွစ္ဦး ေသနတ္ဒဏ္ရာမ်ားျဖင့္ေသဆုံးေန
သက္ပိုင္(NP News) - ဩဂုတ္ ၂၂
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္ေမွာ္စီစာေက်း႐ြာအတြင္းတြင္ ယေန႔(ဩဂုတ္လ ၂၂ရက္)နံနက္ပိုင္းက အမ်ိဳးသားႏွစ္ဦး ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဖားကန႔္ၿမိဳ႕နယ္၊ ေမွာ္စီစာေက်း႐ြာ မိန္းလမ္းမေပၚတြင္ အမ်ိဳးသားတစ္ဦးႏွင့္ ေက်း႐ြာ၏ ႐ြာလည္ လမ္းဆုံတြင္ အမ်ိဳးသားတစ္ဦး စုစုေပါင္းႏွစ္ဦး ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း ဖားကန႔္ေဒသခံတစ္ဦးက ဆိုသည္။
“မိန္းလမ္းမေပၚစိန္ခ်ိဳကြမ္းယာဆိုင္နားမွာ ကိုခ်စ္ႏိုင္(၄၅)ႏွစ္ ပစ္သတ္ခံထားရတယ္။ ေနာက္ၿပီးေတာ့ ႐ြာလယ္လမ္းဆုံကလမ္းမေပၚမွာ ေနာက္တစ္ေယာက္ထပ္ၿပီး ပစ္သတ္ခံထားတယ္လို႔ေတာ့ သိရတယ္။ ဘယ္သူပစ္မွန္းေတာ့ မသိရဘူး ” ဟု ၎ကဆိုသည္။
ဖားကန႔္ေဒသတြင္ တပ္မေတာ္မွ စစ္ေၾကာင္းထိုးဝင္ေရာက္လာၿပီးေနာက္ KIA အဖြဲ႕မွ ညမထြက္ရအမိန႔္ ေၾကညာကာ ျပည္သူမ်ားကို ပစ္ခတ္သတ္ျဖတ္မႈမ်ားရွိခဲ့ၿပီး ေနာက္ပိုင္းတြင္ ျပည္သူအခ်ိဳ႕ လက္သည္မေပၚဘဲ ပစ္သတ္ခံခဲ့ၾကရကာ လက္ရွိတြင္ တရားခံမေပၚဘဲ ပစ္သတ္ခံရသူ ၁၅ ဦးခန႔္ရွိလာၿပီျဖစ္ေၾကာင္း ေဒသခံမ်ားကဆိုသည္။