(၂)နှစ်ကျော်ကြာ ခေတ္တရပ်ထားခဲ့သော မကွေးလေဆိပ်မှ လေယာဉ်ခရီးစဉ်များကို မနက်ဖြန်မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည်

 347

စော (NP News) - ဩဂုတ် ၂၄
၂ဝ၂၃ ခုနှစ်၊ ဩဂုတ်လမှစတင်ကာ ခေတ္တရပ်ထားခဲ့သော မကွေးလေဆိပ်မှ လေယာဉ်ခရီးစဉ်များကို မနက်ဖြန် (ဩဂုတ်လ ၂၅ ရက်) မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ပြန်လည်ပြေးဆွဲရာတွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းများမှ အပတ်စဉ် တနင်္လာနှင့် ကြာသပတေးများတွင် တစ်ပတ်နှစ်ရက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါပြေးဆွဲသွားမည့်ခရီးစဉ်များမှာ မန္တလေး- မကွေး၊ မြစ်ကြီးနား-မကွေး ၊ မကွေး-နေပြည်တော်၊ မကွေး- ရန်ကုန်ခရီးစဉ်များဖြစ်ပြီး လေယာဉ်လက်မှတ်ခအနေဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ မကွေး- ရန်ကုန်ကို ငွေကျပ် (၃၀၀၀၀၀)၊ မကွေး-နေပြည်တော်ကို (၁၇၀၀၀၀)နှင့် မန္တလေး-မကွေးကို ငွေကျပ် (၁၉၆၀၀၀) တို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ခရီးသည်များ အဆင်ပြေသွားလာနိုင်စေရန် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
(၂)ႏွစ္ေက်ာ္ၾကာ ေခတၱရပ္ထားခဲ့ေသာ မေကြးေလဆိပ္မွ ေလယာဥ္ခရီးစဥ္မ်ားကို မနက္ျဖန္မွ စတင္ကာ ျပန္လည္ေျပးဆြဲသြားမည္
ေစာ (NP News) - ဩဂုတ္ ၂၄
၂ဝ၂၃ ခုႏွစ္၊ ဩဂုတ္လမွစတင္ကာ ေခတၱရပ္ထားခဲ့ေသာ မေကြးေလဆိပ္မွ ေလယာဥ္ခရီးစဥ္မ်ားကို မနက္ျဖန္ (ဩဂုတ္လ ၂၅ ရက္) မွ စတင္ကာ ျပန္လည္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ျပန္လည္ေျပးဆြဲရာတြင္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းႏွင့္ အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္းမ်ားမွ အပတ္စဥ္ တနလၤာႏွင့္ ၾကာသပေတးမ်ားတြင္ တစ္ပတ္ႏွစ္ရက္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါေျပးဆြဲသြားမည့္ခရီးစဥ္မ်ားမွာ မႏၲေလး- မေကြး၊ ျမစ္ႀကီးနား-မေကြး ၊ မေကြး-ေနျပည္ေတာ္၊ မေကြး- ရန္ကုန္ခရီးစဥ္မ်ားျဖစ္ၿပီး ေလယာဥ္လက္မွတ္ခအေနျဖင့္ အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္းလိုင္းမွ မေကြး- ရန္ကုန္ကို ေငြက်ပ္ (၃၀၀၀၀၀)၊ မေကြး-ေနျပည္ေတာ္ကို (၁၇၀၀၀၀)ႏွင့္ မႏၲေလး-မေကြးကို ေငြက်ပ္ (၁၉၆၀၀၀) တို႔ ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ခရီးသည္မ်ား အဆင္ေျပသြားလာႏိုင္ေစရန္ ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.