နှစ်ပေါင်း (၁၀၀)ကျော်မှ ပေါက်သည်ဆိုသည့် ရှမ်းပြည်(တောင်ပိုင်း)ရှိ နန်းလုံဟွမ်ပန်းခင်းကို စိတ်ဝင်စားသူ မြှင့်တက်

 2388

စော (NP News) - ဩဂုတ် ၂၄
နှစ်ပေါင်း (၁၀၀)ကျော်မှ ပေါက်သည်ဆိုသည့် ရှမ်းပြည်(တောင်ပိုင်း) ရှိ နန်းလုံဟွမ်ပန်းခင်းကို စိတ်ဝင်စားသူမြှင့်တက်နေကာ လည်ပတ်သူများပြားနေကြောင်း မောဝ်းပေး Car Rental Service and Tour မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါပန်းခင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ ထမ်းဆမ်းလိုဏ်ဂူအနီးရှိ တောင်ကုန်းတစ်ခု ပေါ်တွင် အလေ့ကျ‌ပေါက်ရောက်နေသော ပန်းဖြစ်ကာ အရောင်အနေဖြင့် ခရမ်းဖျော့ရောင်ဖြစ်ကြောင်း သိရသည်။
“ဟုတ် လည်ပါတယ်။ သူက တကယ်တော့ အလေ့ကျပေါက်တဲ့ပန်းတစ်မျိုးပဲ။ ဒါပေမဲ့ တစ်ချို့ကျတော့လည်း နှစ်နှစ်ဆယ်မှ တစ်ကြိမ်ပေါက်တယ်ပြောတယ်။ တစ်ချို့ကျတော့လည်း နှစ်(၁၀၀)မှ တစ်ကြိမ်ပေါက်တယ် ပြောတယ်။ ကျွန်တော်တို့ အသက်‌ (၃၀)ကျော်အရွယ်ရောက်ပြီ ဒီလိုမျိုးပေါက်တာ ပထမဦးဆုံးဖြစ်ဖူးခြင်းပဲ။ ကျွန်တော်တို့သိတာကတော့ အဲဒီပန်းပေါက်နေတာ နှစ်ပတ်လောက်တော့ရှိပြီ။ တစ်ချို့ပြောတာတော့ အဲဒီပန်းက (၅)လလောက်ထိ ခံတယ်လို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။
နှစ်ပေါင်း (၁၀၀)ခန့်ကြာမှ ပွင့်သောပန်းကို စိတ်ဝင်စားသူများသည် အဆိုပါပန်းခင်း၏ မြင်ကွင်းကို အွန်လိုင်းမှ တဆင့် တွေ့မြင်ကာ သွားရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
“အများဆုံးလည်ပတ်တာကတော့ လွန်ခဲ့တဲ့ လကွယ်နေ့၊ ကြာသပတေးနေ့ပေါ့။ မနေ့က စနေရယ်၊ ဒီနေ့ တနင်္ဂနွေရယ် တော်တော်များတယ်။ ကားလမ်းပိတ်တဲ့အထိကို များတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပန်းခင်းကို လာရောက်လည်ပတ်သူများအနေဖြင့် ပန်းများကို မခူးရန်နှင့် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုရန် ၎င်းက တိုက်တွန်းထားပြီး ပန်းများကို အိမ်တွင် စိုက်ပျိုးကြရန် ခူးယူလာသည့်သူများပြားလာကြောင်း သိရသည်။

Zawgyi Version:
ႏွစ္ေပါင္း (၁၀၀)ေက်ာ္မွ ေပါက္သည္ဆိုသည့္ ရွမ္းျပည္(ေတာင္ပိုင္း)ရွိ နန္းလုံဟြမ္ပန္းခင္းကို စိတ္ဝင္စားသူ ျမႇင့္တက္
ေစာ (NP News) - ဩဂုတ္ ၂၄
ႏွစ္ေပါင္း (၁၀၀)ေက်ာ္မွ ေပါက္သည္ဆိုသည့္ ရွမ္းျပည္(ေတာင္ပိုင္း) ရွိ နန္းလုံဟြမ္ပန္းခင္းကို စိတ္ဝင္စားသူျမႇင့္တက္ေနကာ လည္ပတ္သူမ်ားျပားေနေၾကာင္း ေမာဝ္းေပး Car Rental Service and Tour မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါပန္းခင္းသည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဟိုပုံးၿမိဳ႕နယ္၊ ထမ္းဆမ္းလိုဏ္ဂူအနီးရွိ ေတာင္ကုန္းတစ္ခု ေပၚတြင္ အေလ့က်‌ေပါက္ေရာက္ေနေသာ ပန္းျဖစ္ကာ အေရာင္အေနျဖင့္ ခရမ္းေဖ်ာ့ေရာင္ျဖစ္ေၾကာင္း သိရသည္။
“ဟုတ္ လည္ပါတယ္။ သူက တကယ္ေတာ့ အေလ့က်ေပါက္တဲ့ပန္းတစ္မ်ိဳးပဲ။ ဒါေပမဲ့ တစ္ခ်ိဳ႕က်ေတာ့လည္း ႏွစ္ႏွစ္ဆယ္မွ တစ္ႀကိမ္ေပါက္တယ္ေျပာတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း ႏွစ္(၁၀၀)မွ တစ္ႀကိမ္ေပါက္တယ္ ေျပာတယ္။ ကြၽန္ေတာ္တို႔ အသက္‌ (၃၀)ေက်ာ္အ႐ြယ္ေရာက္ၿပီ ဒီလိုမ်ိဳးေပါက္တာ ပထမဦးဆုံးျဖစ္ဖူးျခင္းပဲ။ ကြၽန္ေတာ္တို႔သိတာကေတာ့ အဲဒီပန္းေပါက္ေနတာ ႏွစ္ပတ္ေလာက္ေတာ့ရွိၿပီ။ တစ္ခ်ိဳ႕ေျပာတာေတာ့ အဲဒီပန္းက (၅)လေလာက္ထိ ခံတယ္လို႔ ေျပာၾကတယ္” ဟု ၎က ေျပာသည္။
ႏွစ္ေပါင္း (၁၀၀)ခန႔္ၾကာမွ ပြင့္ေသာပန္းကို စိတ္ဝင္စားသူမ်ားသည္ အဆိုပါပန္းခင္း၏ ျမင္ကြင္းကို အြန္လိုင္းမွ တဆင့္ ေတြ႕ျမင္ကာ သြားေရာက္လည္ပတ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
“အမ်ားဆုံးလည္ပတ္တာကေတာ့ လြန္ခဲ့တဲ့ လကြယ္ေန႔၊ ၾကာသပေတးေန႔ေပါ့။ မေန႔က စေနရယ္၊ ဒီေန႔ တနဂၤေႏြရယ္ ေတာ္ေတာ္မ်ားတယ္။ ကားလမ္းပိတ္တဲ့အထိကို မ်ားတယ္” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါပန္းခင္းကို လာေရာက္လည္ပတ္သူမ်ားအေနျဖင့္ ပန္းမ်ားကို မခူးရန္ႏွင့္ အမႈိက္မ်ားကို စည္းကမ္းမဲ့ စြန႔္ပစ္ျခင္းမျပဳရန္ ၎က တိုက္တြန္းထားၿပီး ပန္းမ်ားကို အိမ္တြင္ စိုက္ပ်ိဳးၾကရန္ ခူးယူလာသည့္သူမ်ားျပားလာေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.