ရွှေဆိုင်ပေါင်း(၁၀ဝဝဝ) ကျော်တွင် ထက်ဝက်နီးပါးက တရားဝင်ရွှေဆိုင် ဖြစ်မနေသေး

 341

Pearl(NP News)-ဩဂုတ် ၂၅
ရွှေဆိုင်ပေါင်း(၁၀ဝဝဝ) ထက်မနည်းရှိသော်လည်း ရွှေလုပ်ငန်းလိုင်စင်လျှောက်လွှာပေါင်းအစောင် (၅၅၀ဝ) ကျော်သာ လာရောက်လျှောက် ထားကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များနှင့် နီးစပ်သူများနှင့် သတ္တုတွင်းဦးစီးဌာနတို့ထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
နေပြည်တော်၊ လုပ်ငန်းလိုင်စင်စိစစ်ရေး အဖွဲ့ထံ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်လွှာစောင်ရေ (၅၅၀ဝ)ကျော် ရောက်ရှိပြီးဖြစ်ကာ ဓာတ်သတ္ထု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ပါ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း စိစစ် ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လျှောက်လွှာ (၁၇၇၂)စောင် ခွင့်ပြုထားပြီး လုပ်ငန်းလိုင်စင် စိစစ်ရေးအဖွဲ့ အစည်းအဝေးတွင် တင်ပြ၍ ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီသို့ (၁၃၉၆)စောင် တင်ပြခွင့်တင်ထားပြီးဖြစ် ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုထားသည့် လိုင်စင်(၁၇၇၂)စောင်အနက် ပြီးခဲ့သည့် ဩဂုတ်လ (၁၉)ရက်အထိ (၁၅၇၉)စောင် လာရောက်ထုတ်ယူပြီးဖြစ်ကြောင်း လည်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရွှေဆိုင်ပေါင်း (၅၅၀ဝ)ထက်မနည်းရှိကြောင်း အထူးစုံစမ်းစစ်ဆေး ရေးဌာန၏ အငြိမ်းစားအရာရှိ တစ်ဦးက ပြောဆိုထားသည်။
“တစ်နိုင်ငံလုံးကတော့ ရွှေဆိုင် (၅၅၀ဝ) မကဘူးပေါ့။ လမ်းကြို လမ်းကြားမှာရှိတဲ့ ရွှေဆိုင်တွေ တစ်ခုမှ မလုပ် လောက်ဘူး။ ရှင်းနေတာပဲ။ မှန်ပုံး လေးနဲ့ ‌‌ရွှေများ ဝယ်သည်၊ ရောင်းသည် ဆိုတဲ့ဆိုင် တွေ လိုင်စင်တွေ ရှိမှာ မဟုတ်ဘူး။ လမ်းကြားတွေမှာ အဆောင်တွေနားမှာ ရွှေဆိုင်တွေက လိုင်စင်တင်မှာ လည်းမဟုတ်ဘူး” ဟု ၎င်းက NP News သို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၌ အသင်းဝင်ပေါင်း (၆၀ဝ)ခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၌ ရွှေဆိုင်ပေါင်း (၁၀,ဝဝဝ) ကျော်ရှိကြောင်းလည်း ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလက ရွှေလုပ်ငန်းရှင်များ အသင်း၏ ထုတ် ပြန်ထားဖူးသည့်အချက်အလက်များအရ သိရသည်။
လုပ်ငန်းလိုင်စင် လျှောက်ထားလိုသူများ အနေဖြင့်လည်း သတ်မှတ်စာရွက်စာတမ်းများနှင့်အတူ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကနဦးစိစစ်ရေး အဖွဲ့များထံ သွားရောက် လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေ႐ႊဆိုင္ေပါင္း(၁၀ဝဝဝ) ေက်ာ္တြင္ ထက္ဝက္နီးပါးက တရားဝင္ေ႐ႊဆိုင္ ျဖစ္မေနေသး
Pearl(NP News)-ဩဂုတ္ ၂၅
ေ႐ႊဆိုင္ေပါင္း(၁၀ဝဝဝ) ထက္မနည္းရွိေသာ္လည္း ေ႐ႊလုပ္ငန္းလိုင္စင္ေလွ်ာက္လႊာေပါင္းအေစာင္ (၅၅၀ဝ) ေက်ာ္သာ လာေရာက္ေလွ်ာက္ ထားေၾကာင္း ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားႏွင့္ နီးစပ္သူမ်ားႏွင့္ သတၱဳတြင္းဦးစီးဌာနတို႔ထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ေနျပည္ေတာ္၊ လုပ္ငန္းလိုင္စင္စိစစ္ေရး အဖြဲ႕ထံ ဓာတ္သတၱဳ(ေ႐ႊ) ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ ေလွ်ာက္လႊာေစာင္ေရ (၅၅၀ဝ)ေက်ာ္ ေရာက္ရွိၿပီးျဖစ္ကာ ဓာတ္သတၳဳ(ေ႐ႊ) ေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ခြင့္အမိန႔္ပါ စိစစ္ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအတိုင္း စိစစ္ ခြင့္ျပဳေပးလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ေလွ်ာက္လႊာ (၁၇၇၂)ေစာင္ ခြင့္ျပဳထားၿပီး လုပ္ငန္းလိုင္စင္ စိစစ္ေရးအဖြဲ႕ အစည္းအေဝးတြင္ တင္ျပ၍ ဝန္ႀကီးဌာနစီမံခန႔္ခြဲေရးေကာ္မတီသို႔ (၁၃၉၆)ေစာင္ တင္ျပခြင့္တင္ထားၿပီးျဖစ္ ေၾကာင္း သိရသည္။
ထိုသို႔ ခြင့္ျပဳထားသည့္ လိုင္စင္(၁၇၇၂)ေစာင္အနက္ ၿပီးခဲ့သည့္ ဩဂုတ္လ (၁၉)ရက္အထိ (၁၅၇၉)ေစာင္ လာေရာက္ထုတ္ယူၿပီးျဖစ္ေၾကာင္း လည္း သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေ႐ႊဆိုင္ေပါင္း (၅၅၀ဝ)ထက္မနည္းရွိေၾကာင္း အထူးစုံစမ္းစစ္ေဆး ေရးဌာန၏ အၿငိမ္းစားအရာရွိ တစ္ဦးက ေျပာဆိုထားသည္။
“တစ္ႏိုင္ငံလုံးကေတာ့ ေ႐ႊဆိုင္ (၅၅၀ဝ) မကဘူးေပါ့။ လမ္းႀကိဳ လမ္းၾကားမွာရွိတဲ့ ေ႐ႊဆိုင္ေတြ တစ္ခုမွ မလုပ္ ေလာက္ဘူး။ ရွင္းေနတာပဲ။ မွန္ပုံး ေလးနဲ႔ ‌‌ေ႐ႊမ်ား ဝယ္သည္၊ ေရာင္းသည္ ဆိုတဲ့ဆိုင္ ေတြ လိုင္စင္ေတြ ရွိမွာ မဟုတ္ဘူး။ လမ္းၾကားေတြမွာ အေဆာင္ေတြနားမွာ ေ႐ႊဆိုင္ေတြက လိုင္စင္တင္မွာ လည္းမဟုတ္ဘူး” ဟု ၎က NP News သို႔ ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ား အသင္း၌ အသင္းဝင္ေပါင္း (၆၀ဝ)ခန႔္ရွိၿပီး ရန္ကုန္တိုင္းေဒသႀကီး တစ္ခုလုံး၌ ေ႐ႊဆိုင္ေပါင္း (၁၀,ဝဝဝ) ေက်ာ္ရွိေၾကာင္းလည္း ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္၊ ဒီဇင္ဘာလက ေ႐ႊလုပ္ငန္းရွင္မ်ား အသင္း၏ ထုတ္ ျပန္ထားဖူးသည့္အခ်က္အလက္မ်ားအရ သိရသည္။
လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားလိုသူမ်ား အေနျဖင့္လည္း သတ္မွတ္စာ႐ြက္စာတမ္းမ်ားႏွင့္အတူ သက္ဆိုင္ရာ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ကနဦးစိစစ္ေရး အဖြဲ႕မ်ားထံ သြားေရာက္ ေလွ်ာက္ထား ႏိုင္ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.