မိုးရာသီကာလအတွင်း ရန်ကုန်ရှိအဝေးပြေးစခန်းနှစ်ခုမှ နေ့စဉ်ခရီးသည် ထောင်ကျော် ဝန်ဆောင်မှုပေးနေ

609

NP News - ဩဂုတ် ၂၇
မိုးကျရာသီကာလအတွင်း ရန်ကုန်မြို့ရှိ အဝေးပြေးကားဝင်း ယာဉ်ရပ်နားစခန်း ၂ ခုမှ တစ်ရက်လျှင် ခရီးသွား ၉,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) မှ သိရသည်။
ရန်ကုန်မြို့ရှိ အဝေးပြေးကားဝင်းများအနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ မြို့များသို့ အများပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရန် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ဝန်ဆောင်မှုပေးရာမှာ အောင်မင်္ဂလာအဝေးပြေးကားဝင်း ယာဉ်ရပ်နားစခန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ယာဉ်လိုင်းပေါင်း ၁၂၀ မှ ယာဉ်အစီးရေ ၄၉၀ စီး၊ နေ့စဉ် ခရီးသွား ၇,၀၀၀ ကျော်ဖြင့်လည်းကောင်း ၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးကားဝင်း ယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်းပေါင်း ၇၆ လိုင်းမှ ယာဉ်အစီးရေ ၂၁၀ စီး၊ နေ့စဉ်ခရီးသွား ၂,၀၀၀ ကျော်ဖြင့် လည်းကောင်း အသီးသီးဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
“မိုးရာသီမှာ အများပြည်သူခရီးသွားတွေ သွားလာမှုအဆင်ပြေစေအောင် အဝေးပြေးကားဝင်းနှစ်ခုကနေ ယာဉ်လိုင်းအများစုက ဝန်ဆောင်မှုပေးနေပါတယ်။ ယာဉ်လိုင်းတွေ လမ်းကြောင်းမှန်မှန်ပြေးဆွဲဖို့၊ ပါဆယ်ပစ္စည်းတွေနဲ့ လူမဲ့တန်ဆာတွေ လာရောက်အပ်နှံတဲ့အခါ ဖွင့်ဖောက်စစ်ဆေးဖို့၊ ယာဉ်တွေ လိုင်စင်မှန်ကန်စွာရှိပြီး သက်တမ်းပြည့်ရေးကို ကြပ်မတ်ဆောင်ရွက်ပြီး ခရီးသွားဝန်ဆောင်မှုကောင်းဖို့ ယာဉ်လိုင်းတွေကို အသိပေးထားပြီး ဆောင်ရွက်နေပါတယ်” ဟု YRTC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါဝန်ဆောင်မှုများနှင့်အတူ ယာဉ်လက်မှတ်များကိုလည်း ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချပေးရန် အသိပေးထားရာ အောင်မင်္ဂလာအဝေးပြေးကားဝင်းအနေဖြင့် ခရီးလမ်းကြောင်းပွင့်သည့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ မြို့များသို့ နေ့စဉ် ဝန်ဆောင်မှုပေးလျက်ရှိပြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးဝင်းမှ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့ နေ့စဉ် ခရီးသွားဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
YRTC အနေဖြင့် အဝေးပြေးယာဉ်လိုင်းများ စည်းကမ်း တကျပြေးဆွဲနိုင်ရန်၊ သတ်မှတ်ထားသော ခရီးစဉ်လမ်းကြောင်းအတိုင်း ပြေးဆွဲရန်၊ အများပြည်သူ ခရီးသွားလာမှု အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ၊ သုညမိုင် နှင့် အောင်မင်္ဂလာအဝေးပြေးကားဝင်းကြား၌ လူနှင့်ပစ္စည်း အတင်အချမပြုလုပ်ရန် စသဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မိုးရာသီကာလအတြင္း ရန္ကုန္ရွိအေဝးေျပးစခန္းႏွစ္ခုမွ ေန႔စဥ္ခရီးသည္ ေထာင္ေက်ာ္ ဝန္ေဆာင္မႈေပးေန
NP News - ဩဂုတ္ ၂၇
မိုးက်ရာသီကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ အေဝးေျပးကားဝင္း ယာဥ္ရပ္နားစခန္း ၂ ခုမွ တစ္ရက္လွ်င္ ခရီးသြား ၉,၀၀၀ ေက်ာ္ကို ဝန္ေဆာင္မႈေပးေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ(YRTC) မွ သိရသည္။
ရန္ကုန္ၿမိဳ႕ရွိ အေဝးေျပးကားဝင္းမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕မ်ားသို႔ အမ်ားျပည္သူမ်ား ခရီးသြားလာမႈအဆင္ေျပေစရန္ ဝန္ေဆာင္မႈေပးေနျခင္းျဖစ္ေၾကာင္းႏွင့္ ထိုသို႔ ဝန္ေဆာင္မႈေပးရာမွာ ေအာင္မဂၤလာအေဝးေျပးကားဝင္း ယာဥ္ရပ္နားစခန္းမွ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို႔ ယာဥ္လိုင္းေပါင္း ၁၂၀ မွ ယာဥ္အစီးေရ ၄၉၀ စီး၊ ေန႔စဥ္ ခရီးသြား ၇,၀၀၀ ေက်ာ္ျဖင့္လည္းေကာင္း ၊ လႈိင္သာယာ အေနာက္ပိုင္းၿမိဳ႕နယ္ရွိ ဒဂုံဧရာအေဝးေျပးကားဝင္း ယာဥ္ရပ္နားစခန္းမွ ယာဥ္လိုင္းေပါင္း ၇၆ လိုင္းမွ ယာဥ္အစီးေရ ၂၁၀ စီး၊ ေန႔စဥ္ခရီးသြား ၂,၀၀၀ ေက်ာ္ျဖင့္ လည္းေကာင္း အသီးသီးဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရသည္။
“မိုးရာသီမွာ အမ်ားျပည္သူခရီးသြားေတြ သြားလာမႈအဆင္ေျပေစေအာင္ အေဝးေျပးကားဝင္းႏွစ္ခုကေန ယာဥ္လိုင္းအမ်ားစုက ဝန္ေဆာင္မႈေပးေနပါတယ္။ ယာဥ္လိုင္းေတြ လမ္းေၾကာင္းမွန္မွန္ေျပးဆြဲဖို႔၊ ပါဆယ္ပစၥည္းေတြနဲ႔ လူမဲ့တန္ဆာေတြ လာေရာက္အပ္ႏွံတဲ့အခါ ဖြင့္ေဖာက္စစ္ေဆးဖို႔၊ ယာဥ္ေတြ လိုင္စင္မွန္ကန္စြာရွိၿပီး သက္တမ္းျပည့္ေရးကို ၾကပ္မတ္ေဆာင္႐ြက္ၿပီး ခရီးသြားဝန္ေဆာင္မႈေကာင္းဖို႔ ယာဥ္လိုင္းေတြကို အသိေပးထားၿပီး ေဆာင္႐ြက္ေနပါတယ္” ဟု YRTC မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အထက္ပါဝန္ေဆာင္မႈမ်ားႏွင့္အတူ ယာဥ္လက္မွတ္မ်ားကိုလည္း ပုံမွန္ေဈးႏႈန္းအတိုင္း ေရာင္းခ်ေပးရန္ အသိေပးထားရာ ေအာင္မဂၤလာအေဝးေျပးကားဝင္းအေနျဖင့္ ခရီးလမ္းေၾကာင္းပြင့္သည့္ အထက္ျမန္မာျပည္ႏွင့္ ေအာက္ျမန္မာျပည္မွ ၿမိဳ႕မ်ားသို႔ ေန႔စဥ္ ဝန္ေဆာင္မႈေပးလ်က္ရွိၿပီး လႈိင္သာယာ (အေနာက္ပိုင္း)ၿမိဳ႕နယ္ရွိ ဒဂုံဧရာအေဝးေျပးဝင္းမွ ဧရာဝတီတိုင္းေဒသႀကီးရွိ ၿမိဳ႕မ်ားသို႔ ေန႔စဥ္ ခရီးသြားဝန္ေဆာင္မႈေပးေနျခင္းျဖစ္သည္။
YRTC အေနျဖင့္ အေဝးေျပးယာဥ္လိုင္းမ်ား စည္းကမ္း တက်ေျပးဆြဲႏိုင္ရန္၊ သတ္မွတ္ထားေသာ ခရီးစဥ္လမ္းေၾကာင္းအတိုင္း ေျပးဆြဲရန္၊ အမ်ားျပည္သူ ခရီးသြားလာမႈ အဆင္ေျပေခ်ာေမြ႕စြာ သြားလာႏိုင္ရန္ ၊ သုညမိုင္ ႏွင့္ ေအာင္မဂၤလာအေဝးေျပးကားဝင္းၾကား၌ လူႏွင့္ပစၥည္း အတင္အခ်မျပဳလုပ္ရန္ စသျဖင့္ ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။