သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသည့် CNG သုံးစွဲမှု မြှင့်တင်ရန် ဆောင်ရွက်နေ ဟုဆို

 260

Pearl (NP News) - စက်တင်ဘာ ၁

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသည့် CNG သုံးစွဲမှု မြှင့်တင်ရန် ဆောင်ရွက်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။


ယမန်နေ့ (သြဂုတ်လ ၃၁ရက်)က ကျင်းပခဲ့သော နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းသဘာဝ ဓာတ်ငွေ့သုံး စွဲမှုအား အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း ၊ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးအတွက် အဓိကတာဝန်ရှိသည့် စွမ်းအင်ဝန် ကြီးဌာန အနေဖြင့် နိုင်ငံအတွက်လိုအပ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ် လုပ်နိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ဖြန့်ဖြူးရောင်းချခြင်းအပြင် ပြည်တွင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖြန့်ဖြူးပေးခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (Compressed Natural Gas–CNG) ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့နိုင်ငံ၌ လက်ရှိတွင် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် ၈ ရာခိုင်နှုန်းကို စက်မှု/ကုန် ထုတ်လုပ်မှုကဏ္ဍတို့တွင် အသုံးပြုနေပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ၇ ရာခိုင်နှုန်းခန့် သုံးစွဲလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

မော်တော်ယာဉ်များတွင် CNG သုံးစွဲခြင်းသည် ဓာတ်ဆီ၊ ဒီဇယ်ဆီများ သုံးစွဲခြင်းထက် ကုန်ကျစရိတ်များ စွာသက်သာပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသောကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG သုံးစွဲမှုကို မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများ ခရီးသွားလာရာတွင် ဈေးနှုန်းသက်သာစေရန် CNG ကို YBS ယာဉ်များနှင့် အငှားယာဉ် (Taxi) များအား ဦးစားပေး၍ အထူးသက်သာသော ဈေးနှုန်းဖြင့် စိုက်ထုတ်ရောင်း ချပေးလျက်ရှိကြောင်း ပြောကြားသည်။

Zawgyi Version:
သယ္ယူပို႔ေဆာင္ေရးက႑တြင္ ကာဗြန္ထုတ္လႊတ္မႈေလ်ာ့နည္းသည့္ CNG သုံးစြဲမႈ ျမႇင့္တင္ရန္ ေဆာင္႐ြက္ေန ဟုဆို
Pearl (NP News) - စက္တင္ဘာ ၁

သယ္ယူပို႔ေဆာင္ေရးက႑တြင္ ကာဗြန္ထုတ္လႊတ္မႈေလ်ာ့နည္းသည့္ CNG သုံးစြဲမႈ ျမႇင့္တင္ရန္ ေဆာင္႐ြက္ေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလြင္က ေျပာသည္။


ယမန္ေန႔ (ၾသဂုတ္လ ၃၁ရက္)က က်င္းပခဲ့ေသာ ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္တြင္းသဘာဝ ဓာတ္ေငြ႕သုံး စြဲမႈအား အက်ိဳးရွိထိေရာက္စြာ အသုံးျပဳႏိုင္ေရးညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ ေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စြမ္းအင္က႑သည္ လြန္စြာအေရးႀကီးေၾကာင္း ၊ စြမ္းအင္လုံၿခဳံေရးႏွင့္ စြမ္းအင္ဖူလုံေရးအတြက္ အဓိကတာဝန္ရွိသည့္ စြမ္းအင္ဝန္ ႀကီးဌာန အေနျဖင့္ ႏိုင္ငံအတြက္လိုအပ္ေသာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ား တိုးတက္ထုတ္ လုပ္ႏိုင္ေရး နည္းလမ္းမ်ိဳးစုံျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ေနသကဲ့သို႔ ထြက္ရွိလာသည့္ သဘာဝဓာတ္ေငြ႕ကို ျပည္ပသို႔ တင္ပို႔ျဖန႔္ျဖဴးေရာင္းခ်ျခင္းအျပင္ ျပည္တြင္းတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရးႏွင့္ စက္႐ုံအလုပ္႐ုံမ်ား၏ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ျဖန႔္ျဖဴးေပးျခင္း၊ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးက႑ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ ဖိအားျမႇင့္သဘာဝဓာတ္ေငြ႕ (Compressed Natural Gas–CNG) ျဖန႔္ျဖဴးေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ မိမိတို႔ႏိုင္ငံ၌ လက္ရွိတြင္ ျပည္တြင္းသုံးသဘာဝဓာတ္ေငြ႕၏ ၈၅ ရာခိုင္ႏႈန္းကို လွ်ပ္စစ္ဓာတ္အားက႑ႏွင့္ ၈ ရာခိုင္ႏႈန္းကို စက္မႈ/ကုန္ ထုတ္လုပ္မႈက႑တို႔တြင္ အသုံးျပဳေနၿပီး သယ္ယူပို႔ေဆာင္ေရးက႑၌ ၇ ရာခိုင္ႏႈန္းခန႔္ သုံးစြဲလ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

ေမာ္ေတာ္ယာဥ္မ်ားတြင္ CNG သုံးစြဲျခင္းသည္ ဓာတ္ဆီ၊ ဒီဇယ္ဆီမ်ား သုံးစြဲျခင္းထက္ ကုန္က်စရိတ္မ်ား စြာသက္သာၿပီး ကာဗြန္ထုတ္လႊတ္မႈေလ်ာ့နည္းေသာေၾကာင့္ သယ္ယူပို႔ေဆာင္ေရးက႑တြင္ CNG သုံးစြဲမႈကို ျမႇင့္တင္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူမ်ား ခရီးသြားလာရာတြင္ ေဈးႏႈန္းသက္သာေစရန္ CNG ကို YBS ယာဥ္မ်ားႏွင့္ အငွားယာဥ္ (Taxi) မ်ားအား ဦးစားေပး၍ အထူးသက္သာေသာ ေဈးႏႈန္းျဖင့္ စိုက္ထုတ္ေရာင္း ခ်ေပးလ်က္ရွိေၾကာင္း ေျပာၾကားသည္။

Related news

© 2021. All rights reserved.