ကာလတစ်ခုကြာရပ်နားထားရသော ရှမ်းပြည်မှ ပြောင်းစိုက်ဧကသိန်းချီကို ယခုနှစ် ပြန်စိုက်နိုင်ရန် ပြင်ဆင်နေ

120

သန့်ဇင် - (NP News) - အောက်တိုဘာလ ၆
ရှမ်းပြည်နယ်တွင် ကာလတစ်ခုကြာရပ် နားထားရသည့် ပြောင်းစိုက်ပျိုးဧကပေါင်း သိန်းနှင့် ချီကို ယခုနှစ်တွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ပြင်ဆင် နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအေးချမ်းအောင်က NP News သို့ ပြောသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြောင်းစိုက်ဧကပေါင်း (၁၆)သိန်းဝန်းကျင်ရှိသည့် အနက် တစ်နိုင်ငံလုံး၏ (၁၅)ရာခိုင်နှုန်းခန့်ကို ရှမ်း ပြည်နယ်တွင်စိုက်ပျိုးကြောင်း သိရသည်။
သို့သော် (၂၀၂၁)ခုနှစ်ကစတင်ခဲ့သည့် နိုင်ငံရေးအခင်းအကျင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် ပြောင်းစိုက်ပျိုးဧကများလျော့ကျသွားခဲ့ရာ (၂၀၂၄)ခုနှစ်တွင် စိုက်ပျိုးဧက သိန်းချီလစ်ဟင်းခဲ့ရကြောင်း သိရသည်။
" ကျွန်တော်တို့ ပြောင်းစိုက်ဧက မြန်မာ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင်တော့ စိုက်ပျိုး ရေးကထုတ်ပြန်တဲ့အချက်အလက်အရဆိုရင် (၁၅)သိန်ဝန်းကျင်ရှိတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေနဲ့ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကောက်ယူတဲ့အချက်အလက်အရဆိုရင် (၁၆) သိန်းဝန်းကျင်လောက်ရှိတယ်။ (၂၀၂၄) ဝန်းကျင်မှာ တော့ ဧကသိန်းနဲ့ချီပြီးလျော့သွားတယ်။ လျော့သွားတဲ့ ဟာက အဓိက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင် ပိုင်းနဲ့ အရှေ့ပိုင်းတိုင်းတွေက မြန်မာတစ်ပြည်လုံးရဲ့ (၁၅)ရာခိုင်နှုန်းက ဒီရှမ်းပြည်ကပြောင်းကို အဓိက စိုက်ပျိုးတာ"ဟု ဦးအေးချမ်းအောင်ကပြောသည်။
ထို့ကြောင့် ယခင်နှစ်များက မစိုက်ပျိုးနိုင်ခဲ့သော ရှမ်းပြည်နယ်အတွင်းရှိ ပြောင်းစိုက်ဧကများ ကို ယခုနှစ်တွင် ပြန်လည်စိုက်ပျိုးနိုင်ရန် လုပ်ဆောင် နေလျက်ရှိကြောင်း ဦးအေးချမ်းအောင်ကဆိုသည်။
" အခု (၂၀၂၅)မှာ ဒီရှမ်းပြည်နယ်မြောက် ပိုင်းမှာ နဂိုမစိုက်နိုင်တဲ့နေရာတွေကို ပြန်စိုက်လာ အောင်လို့ ကျွန်တော်တို့က နည်းလမ်းတွေနဲ့တွန်းအား ပေးပြီးတော့ စိုက်ပျိုးမှုပြန်တက်လာအောင်လုပ်ဆောင် တာပါ"ဟု ၎င်းကပြောသည်။
မြန်မာ့ဒေသထွက်ပြောင်းသီးနှံကို ပြည် တွင်း၌ လုပ်ငန်းအမျိုးမျိုးအတွက် (၃၅)ရာခိုင်နှုန်း အသုံးပြုနေပြီး ပိုလျှံသောပြောင်းနှံအဖြစ် ပြည်ပ နိုင်ငံများသို့ (၆၅) ရာခိုင်နှုန်းတင်ပို့နေကြောင်းသိရသည်။ ပြောင်းဆန်ကို ပြည်ပသို့တင်ပို့ရာတွင် ထိုင်းနိုင်ငံသို့ (၅၀)ရာခိုင်နှုန်းဖြင့် အများဆုံးတင်ပို့ နေပြီး ကျန် (၁၅)ရာခိုင်နှုန်းအနေဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် စသည့်နိုင်ငံများသို့တင်ပို့နေကြောင်းသိရသည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းများပိတ်ထားသည့်အတွက် ပြောင်းဆန် တင်ပို့ရာတွင် ရေကြောင်းကိုသာ အဓိကအသုံးပြု နေရသည့်အတွက် အထိရောက်ဆုံးတင်ပို့နိုင်သည့် နယ်စပ်လမ်းကြောင်းများပြန်ပွင့်ရန်လည်း ဆန္ဒရှိ နေကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
" နယ်စပ်ကုန်သွယ်ရေးဆိုတာက ကျွန် တော်တို့ ထိုင်းကိုအဓိကတင်ပို့တာက (၇၀)ရာခိုင် နှုန်းလောက်ရှိတယ်လေ။ အဲဒီလိုရှိတဲ့အခါမှာ မူတည် ပြီးတော့ အရင်တုန်းက ထိုင်းကိုတင်ပို့ရင် မြဝတီလမ်း ကြောင်းပဲလေ။ ပြီးရင် တာချီလိတ်လမ်းကြောင်းရှိ တယ်။ ပြီးရင် ရေကြောင်းကတင်ပို့တာရှိတယ်။ မြဝ တီလမ်းကြောင်းကမပွင့်သေးတဲ့အခါကျတော့ ရေ ကြောင်းကပဲပို့ရတယ်။ အကယ်၍ မြဝတီလမ်းကြောင်း ပွင့်သွားတဲ့အခါကျရင်တော့ ဒီဟာကတော့ လမ်း ကြောင်းက အတိုဆုံးနဲ့အထိရောက်ဆုံးဖြစ်တယ်။ ကုန်သည်တိုင်းကတော့ လမ်းကြောင်းတွေအကုန်လုံး ပွင့်နိုင်သမျှပွင့်ရင်တော့ကြိုက်ကြတာပေါ့"ဟု ၎င်းက ပြောသည်။
ယခုနှစ် (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်အ တွင်း ပြည်ပသို့ ပြောင်းဆန်တန်ချိန် (၂)သန်းတင် ပို့ရန်ရည်မှန်းထားပြီး လက်ရှိအချိန်အထိ (၇)လအ တွင်း တန်ချိန်(၁)သန်းကျော်တင်ပို့ထားကြောင်း လည်းသိရသည်။

Zawgyi Version:
ကာလတစ္ခုၾကာရပ္နားထားရေသာ ရွမ္းျပည္မွ ေျပာင္းစိုက္ဧကသိန္းခ်ီကို ယခုႏွစ္ ျပန္စိုက္ႏိုင္ရန္ ျပင္ဆင္ေန
သန႔္ဇင္ - (NP News) - ေအာက္တိုဘာလ ၆
ရွမ္းျပည္နယ္တြင္ ကာလတစ္ခုၾကာရပ္ နားထားရသည့္ ေျပာင္းစိုက္ပ်ိဳးဧကေပါင္း သိန္းႏွင့္ ခ်ီကို ယခုႏွစ္တြင္ ျပန္လည္စိုက္ပ်ိဳးႏိုင္ရန္ ျပင္ဆင္ ေနေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္း ဥကၠ႒ ဦးေအးခ်မ္းေအာင္က NP News သို႔ ေျပာသည္။
ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေျပာင္းစိုက္ဧကေပါင္း (၁၆)သိန္းဝန္းက်င္ရွိသည့္ အနက္ တစ္ႏိုင္ငံလုံး၏ (၁၅)ရာခိုင္ႏႈန္းခန႔္ကို ရွမ္း ျပည္နယ္တြင္စိုက္ပ်ိဳးေၾကာင္း သိရသည္။
သို႔ေသာ္ (၂၀၂၁)ခုႏွစ္ကစတင္ခဲ့သည့္ ႏိုင္ငံေရးအခင္းအက်င္းေၾကာင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေတာင္ပိုင္းႏွင့္အေရွ႕ပိုင္းတို႔တြင္ ေျပာင္းစိုက္ပ်ိဳးဧကမ်ားေလ်ာ့က်သြားခဲ့ရာ (၂၀၂၄)ခုႏွစ္တြင္ စိုက္ပ်ိဳးဧက သိန္းခ်ီလစ္ဟင္းခဲ့ရေၾကာင္း သိရသည္။
" ကြၽန္ေတာ္တို႔ ေျပာင္းစိုက္ဧက ျမန္မာ တစ္ျပည္လုံးအတိုင္းအတာနဲ႔ဆိုရင္ေတာ့ စိုက္ပ်ိဳး ေရးကထုတ္ျပန္တဲ့အခ်က္အလက္အရဆိုရင္ (၁၅)သိန္ဝန္းက်င္ရွိတယ္။ ကြၽန္ေတာ္တို႔ လုပ္ငန္းေတြနဲ႔ ကုမၸဏီေတြနဲ႔ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ ေကာက္ယူတဲ့အခ်က္အလက္အရဆိုရင္ (၁၆) သိန္းဝန္းက်င္ေလာက္ရွိတယ္။ (၂၀၂၄) ဝန္းက်င္မွာ ေတာ့ ဧကသိန္းနဲ႔ခ်ီၿပီးေလ်ာ့သြားတယ္။ ေလ်ာ့သြားတဲ့ ဟာက အဓိက ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေတာင္ ပိုင္းနဲ႔ အေရွ႕ပိုင္းတိုင္းေတြက ျမန္မာတစ္ျပည္လုံးရဲ႕ (၁၅)ရာခိုင္ႏႈန္းက ဒီရွမ္းျပည္ကေျပာင္းကို အဓိက စိုက္ပ်ိဳးတာ"ဟု ဦးေအးခ်မ္းေအာင္ကေျပာသည္။
ထို႔ေၾကာင့္ ယခင္ႏွစ္မ်ားက မစိုက္ပ်ိဳးႏိုင္ခဲ့ေသာ ရွမ္းျပည္နယ္အတြင္းရွိ ေျပာင္းစိုက္ဧကမ်ား ကို ယခုႏွစ္တြင္ ျပန္လည္စိုက္ပ်ိဳးႏိုင္ရန္ လုပ္ေဆာင္ ေနလ်က္ရွိေၾကာင္း ဦးေအးခ်မ္းေအာင္ကဆိုသည္။
" အခု (၂၀၂၅)မွာ ဒီရွမ္းျပည္နယ္ေျမာက္ ပိုင္းမွာ နဂိုမစိုက္ႏိုင္တဲ့ေနရာေတြကို ျပန္စိုက္လာ ေအာင္လို႔ ကြၽန္ေတာ္တို႔က နည္းလမ္းေတြနဲ႔တြန္းအား ေပးၿပီးေတာ့ စိုက္ပ်ိဳးမႈျပန္တက္လာေအာင္လုပ္ေဆာင္ တာပါ"ဟု ၎ကေျပာသည္။
ျမန္မာ့ေဒသထြက္ေျပာင္းသီးႏွံကို ျပည္ တြင္း၌ လုပ္ငန္းအမ်ိဳးမ်ိဳးအတြက္ (၃၅)ရာခိုင္ႏႈန္း အသုံးျပဳေနၿပီး ပိုလွ်ံေသာေျပာင္းႏွံအျဖစ္ ျပည္ပ ႏိုင္ငံမ်ားသို႔ (၆၅) ရာခိုင္ႏႈန္းတင္ပို႔ေနေၾကာင္းသိရသည္။ ေျပာင္းဆန္ကို ျပည္ပသို႔တင္ပို႔ရာတြင္ ထိုင္းႏိုင္ငံသို႔ (၅၀)ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံးတင္ပို႔ ေနၿပီး က်န္ (၁၅)ရာခိုင္ႏႈန္းအေနျဖင့္ အိႏၵိယ၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ တ႐ုတ္ စသည့္ႏိုင္ငံမ်ားသို႔တင္ပို႔ေနေၾကာင္းသိရသည္။
လက္ရွိတြင္ နယ္စပ္ကုန္သြယ္ေရးလမ္း ေၾကာင္းမ်ားပိတ္ထားသည့္အတြက္ ေျပာင္းဆန္ တင္ပို႔ရာတြင္ ေရေၾကာင္းကိုသာ အဓိကအသုံးျပဳ ေနရသည့္အတြက္ အထိေရာက္ဆုံးတင္ပို႔ႏိုင္သည့္ နယ္စပ္လမ္းေၾကာင္းမ်ားျပန္ပြင့္ရန္လည္း ဆႏၵရွိ ေနေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။
" နယ္စပ္ကုန္သြယ္ေရးဆိုတာက ကြၽန္ ေတာ္တို႔ ထိုင္းကိုအဓိကတင္ပို႔တာက (၇၀)ရာခိုင္ ႏႈန္းေလာက္ရွိတယ္ေလ။ အဲဒီလိုရွိတဲ့အခါမွာ မူတည္ ၿပီးေတာ့ အရင္တုန္းက ထိုင္းကိုတင္ပို႔ရင္ ျမဝတီလမ္း ေၾကာင္းပဲေလ။ ၿပီးရင္ တာခ်ီလိတ္လမ္းေၾကာင္းရွိ တယ္။ ၿပီးရင္ ေရေၾကာင္းကတင္ပို႔တာရွိတယ္။ ျမဝ တီလမ္းေၾကာင္းကမပြင့္ေသးတဲ့အခါက်ေတာ့ ေရ ေၾကာင္းကပဲပို႔ရတယ္။ အကယ္၍ ျမဝတီလမ္းေၾကာင္း ပြင့္သြားတဲ့အခါက်ရင္ေတာ့ ဒီဟာကေတာ့ လမ္း ေၾကာင္းက အတိုဆုံးနဲ႔အထိေရာက္ဆုံးျဖစ္တယ္။ ကုန္သည္တိုင္းကေတာ့ လမ္းေၾကာင္းေတြအကုန္လုံး ပြင့္ႏိုင္သမွ်ပြင့္ရင္ေတာ့ႀကိဳက္ၾကတာေပါ့"ဟု ၎က ေျပာသည္။
ယခုႏွစ္ (၂၀၂၅-၂၀၂၆)ဘ႑ာႏွစ္အ တြင္း ျပည္ပသို႔ ေျပာင္းဆန္တန္ခ်ိန္ (၂)သန္းတင္ ပို႔ရန္ရည္မွန္းထားၿပီး လက္ရွိအခ်ိန္အထိ (၇)လအ တြင္း တန္ခ်ိန္(၁)သန္းေက်ာ္တင္ပို႔ထားေၾကာင္း လည္းသိရသည္။