မြန်မာ့ကျောက်စိမ်းနှင့် ဂွါတီမာလာကျောက်စိမ်း ရောနှောရောင်းချနေမှုများကို စိစစ်အရေးယူရန်လို

 314

Pearl (NP News) - နိုဝင်ဘာ ၄

ကျောက်စိမ်းဈေးကွက်အတွင်း မြန်မာ့ကျောက်စိမ်းထက် အရည်အသွေးညံ့သော ဂွါတီမာလာ နိုင်ငံထွက်ကျောက်စိမ်းများ ရောနှောရောင်းချနေမှုများရှိနေရာ စိစစ်အရေးယူရန်လိုအပ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များ အရသိရသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှထွက်ရှိသည့် မြန်မာ့ကျောက်စိမ်းနှင့် ဂွါတီမာလာနိုင်ငံ Mota­­gua Valley ဒေသမှထွက်ရှိသည့် ဂွါတီမာလာ ကျောက်စိမ်းသည် Natural Jade (A -Jade) ချင်း တူညီပြီး အရည်အသွေးနှင့်ဈေးနှုန်းများကွာဟနေသော်လည်း လက်ရှိဈေးကွက်အတွင်း၌ အချို့ကျောက် ကုန် သည်များက ဂွါတီမာလာကျောက်စိမ်းကို မြန်မာ့ကျောက်စိမ်းဈေးနှုန်းအတိုင်း ရောနှောရောင်းချမှုများ ရှိ နေကြောင်းသိရသည်။ “ဂွါတီမာလာကျောက်က ဝင်နေတာ (၅) နှစ်လောက်ဖြစ်ပြီ။ ဂွါတီမာလာနဲ့ မြန်မာ့ ကျောက်စိမ်းနဲ့က ဖွဲ့စည်းတည်ဆောက်ပုံကွာတယ်။ ဂွါတီမာလာ ကျောက်စိမ်းက Quality နည်းတဲ့အခါ ကျတော့ မြန်မာ့ကျောက်စိမ်းနဲ့တစ်တန်းတည်း ပေးမဝယ်ချင်တာ။ အခုက ရောနေလို့တိုင်ပတ်နေတာ။ ဝယ်တဲ့လူတွေက ဂွါတီမာလာနဲ့မြန်မာ့ကျောက်စိမ်းနဲ့ မခွဲတတ်ရင်ခံရတာပေါ့။ မြန်မာ့ ကျောက် စိမ်းက ကျပ်သိန်း (၁၀ဝ)ဆို ဂွါတီမာလာက ကျပ်သိန်း (၅၀)လောက်ပဲတန်တာ။ တစ်ဝက်လောက်ကို ကွာတာ။ ဝယ်သူပဲခံရတာ။ ကျောက်က တအားချောသွားရင် ကိုယ်တွေတောင်မခွဲတတ်တော့ဘူး။ ကျောက် အရိုင်းမှာတော့ခွဲတတ်တယ်။ ချောသွားရင် မခွဲတတ်တော့ဘူး။ လက်စွပ်ပွင့် အချောထည်လောက်ဆို သွားပြီ” ဟု ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။ မြန်မာ့ကျောက်စိမ်း နှင့် ဂွါတီ မာလာ ကျောက်စိမ်းကို ကျောက်ကုန်သည်များနှင့် ကျောက် အကြောင်းနားလည်သူများကသာ အမျိုး အစားခွဲခြားနိုင်ပြီး ဝယ်ယူသူများအနေဖြင့် သတိထားဝယ်ယူရန်လိုကြောင်းလည်း သိရသည်။
ထို့ပြင် ကျောက်ကုန်သည်များအနေဖြင့် မြန်မာ့ကျောက်စိမ်းနှင့် ဂွါတီမာလာကျောက်စိမ်း ဈေး နှုန်းများကို မှန်မှန်ကန်ကန်ရောင်းဝယ်နိုင်ရန် သက်ဆိုင် ရာတာဝန်ရှိသူများအနေဖြင့်လည်း စိစစ်အရေး ယူရန်လိုအပ်ကြောင်းလည်းသိရသည်။
“Quality လည်းကွာတယ်။ ကျောက်ချင်းလည်းကွာတယ်။ ဈေးကျတော့ တအားပေါတာပေါ့။ တချို့ကျတော့ အသိဈေးနဲ့ရောင်းတာပေါ့။ တချို့ကျတော့ မသိဈေးနဲ့ရောင်းတာပေါ့။ မသိဈေးနဲ့ရောင်း တော့ဈေးရတာပေါ့။ ဝင်နေတာတော့ မတတ်နိုင်ဘူးလေ။ ဘယ်လိုမှ တားဆီးလို့မရဘူးလေ။ ဂွါတီ မာလာမှ မဟုတ်ဘူး၊ အာဖရိကလည်းရှိတယ်။ ဒီ့ပြင် ကျောက်တွေလည်းအများကြီးရှိတယ်။ ဂွါတီမာလာ က အရည်လိုင်းဆိုတော့ နည်းနည်းတော့ကျောက်ရတာပေါ့နော်။ အာဏာပိုင်တွေတောင် ထိန်းလို့ မရ ဘူး။ ကျွန်တော်တို့လည်းသိတယ်။ သိပေမယ့် ဘာမှလုပ်မရဘူး။ နိုင်ငံတော်က သက်ဆိုင်ရာဝန်ကြီးဌာန က သော်လည်းကောင်း လုပ်မှရမှာ။ ဝန်ကြီးဌာနက ဒီကျောက်တွေမရောင်းရဘူး။ တွေ့ရှိရင် ဖမ်းမယ်ဆို ပြီး နည်းနည်းစိစစ်မှရမှာ။ တတ်ကျွမ်းတဲ့လူတွေကတော့ မျက်လုံးနဲ့ကြည့်ရင်သိပါတယ်” ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။

Zawgyi Verion:
ျမန္မာ့ေက်ာက္စိမ္းႏွင့္ ဂြါတီမာလာေက်ာက္စိမ္း ေရာေႏွာေရာင္းခ်ေနမႈမ်ားကို စိစစ္အေရးယူရန္လို
Pearl (NP News) - ႏိုဝင္ဘာ ၄
ေက်ာက္စိမ္းေဈးကြက္အတြင္း ျမန္မာ့ေက်ာက္စိမ္းထက္ အရည္အေသြးညံ့ေသာ ဂြါတီမာလာ ႏိုင္ငံထြက္ေက်ာက္စိမ္းမ်ား ေရာေႏွာေရာင္းခ်ေနမႈမ်ားရွိေနရာ စိစစ္အေရးယူရန္လိုအပ္ေၾကာင္း ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ား အရသိရသည္။
ကခ်င္ျပည္နယ္ ဖားကန႔္ေဒသမွထြက္ရွိသည့္ ျမန္မာ့ေက်ာက္စိမ္းႏွင့္ ဂြါတီမာလာႏိုင္ငံ Mota­­gua Valley ေဒသမွထြက္ရွိသည့္ ဂြါတီမာလာ ေက်ာက္စိမ္းသည္ Natural Jade (A -Jade) ခ်င္း တူညီၿပီး အရည္အေသြးႏွင့္ေဈးႏႈန္းမ်ားကြာဟေနေသာ္လည္း လက္ရွိေဈးကြက္အတြင္း၌ အခ်ိဳ႕ေက်ာက္ ကုန္ သည္မ်ားက ဂြါတီမာလာေက်ာက္စိမ္းကို ျမန္မာ့ေက်ာက္စိမ္းေဈးႏႈန္းအတိုင္း ေရာေႏွာေရာင္းခ်မႈမ်ား ရွိ ေနေၾကာင္းသိရသည္။ “ဂြါတီမာလာေက်ာက္က ဝင္ေနတာ (၅) ႏွစ္ေလာက္ျဖစ္ၿပီ။ ဂြါတီမာလာနဲ႔ ျမန္မာ့ ေက်ာက္စိမ္းနဲ႔က ဖြဲ႕စည္းတည္ေဆာက္ပုံကြာတယ္။ ဂြါတီမာလာ ေက်ာက္စိမ္းက Quality နည္းတဲ့အခါ က်ေတာ့ ျမန္မာ့ေက်ာက္စိမ္းနဲ႔တစ္တန္းတည္း ေပးမဝယ္ခ်င္တာ။ အခုက ေရာေနလို႔တိုင္ပတ္ေနတာ။ ဝယ္တဲ့လူေတြက ဂြါတီမာလာနဲ႔ျမန္မာ့ေက်ာက္စိမ္းနဲ႔ မခြဲတတ္ရင္ခံရတာေပါ့။ ျမန္မာ့ ေက်ာက္ စိမ္းက က်ပ္သိန္း (၁၀ဝ)ဆို ဂြါတီမာလာက က်ပ္သိန္း (၅၀)ေလာက္ပဲတန္တာ။ တစ္ဝက္ေလာက္ကို ကြာတာ။ ဝယ္သူပဲခံရတာ။ ေက်ာက္က တအားေခ်ာသြားရင္ ကိုယ္ေတြေတာင္မခြဲတတ္ေတာ့ဘူး။ ေက်ာက္ အ႐ိုင္းမွာေတာ့ခြဲတတ္တယ္။ ေခ်ာသြားရင္ မခြဲတတ္ေတာ့ဘူး။ လက္စြပ္ပြင့္ အေခ်ာထည္ေလာက္ဆို သြားၿပီ” ဟု ေက်ာက္စိမ္းလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။ ျမန္မာ့ေက်ာက္စိမ္း ႏွင့္ ဂြါတီ မာလာ ေက်ာက္စိမ္းကို ေက်ာက္ကုန္သည္မ်ားႏွင့္ ေက်ာက္ အေၾကာင္းနားလည္သူမ်ားကသာ အမ်ိဳး အစားခြဲျခားႏိုင္ၿပီး ဝယ္ယူသူမ်ားအေနျဖင့္ သတိထားဝယ္ယူရန္လိုေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေက်ာက္ကုန္သည္မ်ားအေနျဖင့္ ျမန္မာ့ေက်ာက္စိမ္းႏွင့္ ဂြါတီမာလာေက်ာက္စိမ္း ေဈး ႏႈန္းမ်ားကို မွန္မွန္ကန္ကန္ေရာင္းဝယ္ႏိုင္ရန္ သက္ဆိုင္ ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း စိစစ္အေရး ယူရန္လိုအပ္ေၾကာင္းလည္းသိရသည္။
“Quality လည္းကြာတယ္။ ေက်ာက္ခ်င္းလည္းကြာတယ္။ ေဈးက်ေတာ့ တအားေပါတာေပါ့။ တခ်ိဳ႕က်ေတာ့ အသိေဈးနဲ႔ေရာင္းတာေပါ့။ တခ်ိဳ႕က်ေတာ့ မသိေဈးနဲ႔ေရာင္းတာေပါ့။ မသိေဈးနဲ႔ေရာင္း ေတာ့ေဈးရတာေပါ့။ ဝင္ေနတာေတာ့ မတတ္ႏိုင္ဘူးေလ။ ဘယ္လိုမွ တားဆီးလို႔မရဘူးေလ။ ဂြါတီ မာလာမွ မဟုတ္ဘူး၊ အာဖရိကလည္းရွိတယ္။ ဒီ့ျပင္ ေက်ာက္ေတြလည္းအမ်ားႀကီးရွိတယ္။ ဂြါတီမာလာ က အရည္လိုင္းဆိုေတာ့ နည္းနည္းေတာ့ေက်ာက္ရတာေပါ့ေနာ္။ အာဏာပိုင္ေတြေတာင္ ထိန္းလို႔ မရ ဘူး။ ကြၽန္ေတာ္တို႔လည္းသိတယ္။ သိေပမယ့္ ဘာမွလုပ္မရဘူး။ ႏိုင္ငံေတာ္က သက္ဆိုင္ရာဝန္ႀကီးဌာန က ေသာ္လည္းေကာင္း လုပ္မွရမွာ။ ဝန္ႀကီးဌာနက ဒီေက်ာက္ေတြမေရာင္းရဘူး။ ေတြ႕ရွိရင္ ဖမ္းမယ္ဆို ၿပီး နည္းနည္းစိစစ္မွရမွာ။ တတ္ကြၽမ္းတဲ့လူေတြကေတာ့ မ်က္လုံးနဲ႔ၾကည့္ရင္သိပါတယ္” ဟု ျမန္မာႏိုင္ငံ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။

Related news

© 2021. All rights reserved.