အချိန်နဲ့ငွေ နှစ်ဆတိုး ပိုကုန်တဲ့အပြင် အသက်အန္တရာယ်ပါ စိတ်မချရတဲ့ ထားဝယ်-မြိတ်ခရီး

343

သုတကျော် (NP News ) - စက်တင်ဘာလ ၃
မြန်မာနိုင်ငံ အောက်ဘက်ပိုင်းဖြစ်သော တနင်္သာရီတိုင်းဒေသကြီးတွင် အထက်မှအောက် အလျားလိုက် ဖြတ်သန်း ဖောက်လုပ်ထားသော ထားဝယ် - မြိတ် ကားလမ်းသည် ယခုအခါ ကမ္ဘာ့ငွေကုန်ကြေးကျ အများဆုံးလမ်းပိုင်းများအနက် တစ်ခုဖြစ်နေလေပြီ။
ရေလုပ်ငန်းကြောင့် ထင်ရှားသည့်အပြင် သာယာလှပသော ရှုခင်းများကြောင့် ကျော်ကြားသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ် - မြိတ် ကား လမ်းမှာ စီးပွားရေးအရ များစွာအကျိုးသက်ရောက်မှု ရှိသောလမ်းတစ်ခုဖြစ်သည်။ တနင်္သာရီတိုင်း ဒေသ ကြီးမှာ ထိုင်းနိုင်ငံနှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေ သောကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း ယင်းလမ်းပိုင်းကို အသုံးပြုခဲ့ကြသည်။
ယင်းလမ်းပိုင်းသည် ပြည်ထောင်စုလမ်းမ ကြီး (NH1) ဖြစ်သော ဘုရားကြီး-မော်လမြိုင်-ထား ဝယ်-မြိတ်-ဘုတ်ပြင်း- ကော့သောင်း လမ်းမကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းပြည်ထောင်စု လမ်းမကြီး သည် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားခြင်း ဖြစ်သည်။
ထားဝယ် - မြိတ် ကားလမ်း ပါဝင်သော ယင်းလမ်းမကြီးတွင် တောင်ကုန်းတောင်တန်းနှင့် မြေပြန့်ပိုင်းတို့ပါဝင်ပြီး ယခင်က လမ်းပန်းဆက် သွယ်ရေးခက်ခဲခဲ့သောဒေသအတွက် အချိန်တို အတွင်းရောက်နိုင်မည့် အကျိုးပြုလမ်းမကြီးတစ်ခု ဖြစ်လာခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးသို့ ဝင်ရောက် လာမည့် ကုန်စည်နှင့် ခရီးသွားလုပ်ငန်းများ လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် အရေးကြီးသော လမ်းမကြီးတစ်ခုဖြစ်သောကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက လမ်းပိုင်းအဆင့်မြှင့်တင်ရေးများကို နှစ်စဉ်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ယင်းလမ်း ပိုင်းသည် တဖြည်းဖြည်းနှင့် အဆင့်မြင့်လာခဲ့၏။
ထားဝယ် - မြိတ် လမ်းပိုင်းသည် (၁၅၅) မိုင်ခန့်သာရှိပြီး လမ်းပိုင်း အဆင့်မြှင့်တင်မှုများ နောက်တွင် အမြန်ဆုံး ငါးနာရီနှင့် ခြောက်နာရီကြား သွားရုံဖြင့် လိုရာခရီးကိုရောက်နိုင်သော လမ်းပိုင်း တစ်ခုဖြစ်လာခဲ့သည်။ သို့သော် လွယ်လွယ်နှင့် ယင်း အခြေအနေကို ရောက်ခဲ့ခြင်းတော့မဟုတ်။ ဒေသ၏ စီးပွားရေး၊ လူမှုရေးနှင့် တိုက်ရိုက်အချိုးကျသော ယင်းလမ်းပိုင်းသည် ဒေသခံများ၏လိုအပ်ချက်နှင့် ထပ်တူဖြစ်စေရန်အတွက် အချိန်များစွာ ယူခဲ့ရသေး သည်။ " အရင်ကတော့ လမ်းပိုင်းက ခက်တာပေါ့။ နောက်တော့ တဖြည်းဖြည်းနဲ့ အစိုးရကလည်း ပြုပြင်တယ်။ လမ်းပိုင်းကလည်း ကောင်းလာတယ် လေ။ ထားဝယ်ကလည်း ပြောရမယ်ဆို စီးပွားရေး ကောင်းတဲ့ မြို့ထဲပါတယ်။ မြိတ်ကလည်း စီးပွားရေး ကောင်းတဲ့ မြို့ထဲပါတယ်။ အဲဒီတော့ နှစ်မြို့ကြားက လမ်းက စီးပွားရေးကို တော်တော်အထောက်အကူပြု တယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်းနောက် အဆိုပါလမ်းပိုင်းတွင် အခက်အခဲများ စတင်ရှိလာသည်။ လမ်းမကောင်း၍ တော့မဟုတ်ပါ။ လမ်းမကောင်းလျှင် ရှောင်မောင်း နိုင်မည် ဖြစ်သော်လည်း ယခုတော့ ရှောင်မောင်းလျှင် သေနတ်ဖြင့်အပစ်ခံရနိုင်သည်။ အဘယ်ကြောင့် ဆိုသော် လက်နက်ကိုင်ပုန်ကန်သူတို့က ယင်းလမ်း တွင် ဂိတ်များဖွင့်လှစ်လိုက်သောကြောင့် ဖြစ်သည်။
(၂၀၂၂) ခုနှစ်နောက်ပိုင်းတွင် ယင်းလမ်း ပေါ်သို့ စစ်ရောက်လာပြီးနောက် ထားဝယ် - မြိတ် ကားလမ်းတွင် ပုန်ကန်သူလက်နက်ကိုင်တို့၏ ဂိတ် များရောက်လာသည်။ တစ်ဂိတ်၊ နှစ်ဂိတ်ဆိုလျှင် ဒေသခံတို့အတွက် မထောင်းသာလှသော်လည်း ယခုတော့ ဂိတ်ပေါင်းများစွာတို့က နေရာယူထားကြပြီ ဖြစ်သည်။ လမ်းဘေးဝဲယာတွင်လည်း ခိုအောင်းနိုင် ရန် နေရာကောင်းသည်။ တစ်စုံတစ်ရာဖြစ်လျှင် ယင်းနေရာသို့ တိမ်းရှောင်ခိုအောင်းနိုင်သော အနေ အထားလည်း ရှိနေသည်။ ထို့ကြောင့် စိတ်ချလက်ချ ဂိတ်ဖွင့်ထားနိုင်ဟု ဆိုရဖွယ်ရှိသည်။
ယင်းနှင့်အတူ ဒေသခံများ စိတ်အနှောက် အယှက်ဖြစ်ဖွယ် ကိစ္စများ ပေါ်ပေါက်လာသည်။ အကြောင်းမှာ မကြာခဏ စစ်ဆေးခံနေရခြင်းကြောင့် ဖြစ်သည်။ လမ်းက ကောင်းစွာသွားရသော်လည်း စစ်ဆေးခံရန် မကြာခဏရပ်တန့်နေရခြင်းက ခရီး ဖင့်စေသည်။ လုံခြုံရေးတပ်ဖွဲ့ဂိတ်ထက် လက်နက် ကိုင် ပုန်ကန်သူတို့၏ ဂိတ်ကပိုများသည်။ ထို့ပြင် ယင်း ပုန်ကန်သူတို့၏ ဂိတ်တိုင်းအားလုံးလိုလိုက လည်း စစ်ဆေးလိုနေကြသည်။ ငွေကိုယူသည်၊ လူကို စစ်သည်။ အခန့်မသင့်လျှင် ကားပေါ်မှဆွဲချထား လိုက်မည်ဖြစ်သည်။
" အခုဆို မြိတ်နဲ့ ထားဝယ်ကို ကိုယ်ပိုင် ကားနဲ့မောင်းရင် ရှစ်နာရီ၊ ဆယ်နာရီ ကြာသွားပြီ။ တစ်ခါတစ်လေဆို လမ်းမှာပါညအိပ်နေရတယ်" ဟု ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။
လက်နက်ကိုင်ပုန်ကန်သူတို့၏ ဂိတ်များ တွင် ငွေပေးရသည့်အခါ မြန်မာနိုင်ငံမှ အခြားသော ပုန်ကန်သူတို့၏ ဂိတ်များကဲ့သို့ ဥပဒေတစ်ခုကို အတိအကျလိုက်နာကြကြောင်း တွေ့ရသည်။ ယင်းမှာ အခြားမဟုတ်ပါ။ ငွေတစ်ထောင်၊ နှစ်ထောင် တောင်းခြင်းမဟုတ်ဘဲ သောင်းနှင့်ချီတောင်းခြင်း ဖြစ်သည်။ ဂိတ်ကများသည့်အတွက် တစ်ဂိတ်တွင် တစ်သောင်းခန့်ပေးသည်ထားဦးတော့ ပုန်ကန်သူတို့ ဂိတ် အားလုံးလိုလိုတွင် ပိုက်ဆံပေးရသည်ဖြစ်ရာ ကိုယ်ပိုင်ကားဖြင့်သွားလျှင် ကျပ်သိန်းချီကျသင့် သည်။ ကုန်ကားများဆိုလျှင်တော့ ဆိုဖွယ်ရာမရှိပါ။
" ကုန်ကားဆို အနည်းဆုံး ခြောက်သိန်းလောက် ပေးရတယ်။ ကျန်တဲ့ ခရီးသည်တင်ကားတွေလည်း ပေးရတာပဲ" ဟု အခြား ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။
ထားဝယ်မြို့မှထွက်လိုက်လျှင် (၁၀) မိုင် မရောက်မီကပင် လက်နက်ကိုင်ပုန်ကန်သူတို့၏ ဂိတ်ကိုတွေ့ရတော့သည်ဟု ၎င်းက ဆိုသည်။ ယင်း ဂိတ်များတွင် PDF လည်း ရှိသည်။ KNU လည်း ရှိတယ်။ KTLA ဟု ဆိုသူများလည်း ရှိသည်။ ပုန် ကန်သူတို့သည် ယင်း ဂိတ်များမှငွေ မြိုးမြိုးမြက်မြက် ရလာနေသည်။ တစ်ဖက်တွင်လည်း စစ်ဆေးမှုများက ပြည်သူတို့ကို ထိတ်လန့်စေသည်။
" စစ်တာဆေးတာက အစိုးရဝန်ထမ်း ရယ်၊ ပြီးတော့ သူတို့မိသားစုဝင်တွေရယ်ဆို ပို မသွားကြဘူး။ သတိထားကြတယ်။ ပြီးတော့ အရပ်သား သာမန်လူဆိုရင်လည်း အခန့်မသင့်လို့ မှားပြီး လုပ်မိတာမျိုးလည်း ရှိတယ်။ ဒါဆိုရင်လည်း ဖမ်းလိုက်မှာ။ သတ်ပြီးရင်လည်း တောင်းပန်နေမှာ မဟုတ်ဘူး" ဟု အခြား ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။
ယင်းသို့ စစ်ဆေးရာတွင် ဖိနပ်စီးပုံကိုလည်း ကြည့်သည်။ ကိုယ်ဟန် အမူအရာကိုလည်း ကြည့်စစ် သည်ဟု ဆိုသည်။ ထို့ပြင် ဗမာစကားပြောသူများမှာ လည်း ယင်းလမ်းပိုင်းတွင် အထူးသတိထားစောင့် ကြည့်ခံရသည်။ အကြောင်းပြချက်တောင်းသည်။ ကောင်းစွာ အကြောင်းမပြနိုင်လျှင်၊ ထိတ်လန့်လွန်း သောကြောင့် အမူအရာပျက်လျှင် မည်သူနှင့်မျှ မပတ်သက်ပါဘဲလျက် ဖမ်းဆီးခံရနိုင်သည်။
"ဗမာစကားပြောရင် သူတို့က သေချာ စစ်တော့တာ။ တခြား တိုင်းရင်းသားစကားပြောတယ်၊ ဝဲတဲတဲဆိုရင်တော့ ရတယ်။ မဟုတ်ရင်တော့ မရဘူး။ သေချာစစ်တာ ခံရမှာ" ဟု ယင်းက တိတိကျကျဆို သည်။
NP News က အဆိုပါ သတင်းရင်းမြစ်ကို ၎င်းအနေဖြင့် ထားဝယ် - မြိတ် ကားလမ်းကို ယခုသွားရမည်ဆိုပါလျှင် သွားမည် လောဟုမေးကြည့်ရာ မသွားရဲဟုဆိုသည်။ ၎င်းအနေဖြင့် မည်သည့် နိုင်ငံရေး၊ စီးပွားရေးကိစ္စမျှ ပတ်သက်နေခြင်းမရှိသော်လည်း ဥပဒေပြင်ပမှ သူပုန်တို့၏ စစ်ဆေးခံရမည့်ဘေးကို ကြောက် သည်ဟု ဆိုသည်။
ယင်းသို့သွားလျှင် မည်သည့်အကြောင်း မှန်းမသိဘဲ ပျောက်ဆုံးသွားကြရသူများလည်း ရှိ သည်။ မေးမြန်းရန်အတွက်လည်း လက်လှမ်းမမီကြ သောကြောင့် ပျောက်ဆုံးသွားလျှင် လုပ်စရာ နှစ်မျိုး သာရှိသည်။ ဘေးကင်းကင်းဖြင့် ပြန်ရောက်လာရေး ဆုတောင်းရန်နှင့် ကျန်တစ်မျိုးမှာ အချိန်အတန် အကြာသည်အထိ အဆက်အသွယ်မရပါက သက် ပျောက်ဆွမ်းသွတ်ရန်သာ ဖြစ်သည်။
ယင်းအတွက် အမှန်တကယ်ဖြစ်စဉ်များ လည်း ရှိနေသည်။ လက်နက်ကိုင်သူပုန်အဖွဲ့က စစ် ဆေးသည်ဟုဆိုကာ ညှဉ်းပန်းနှိပ်စက်သောကြောင့် ကိုယ်အင်္ဂါချို့တဲ့ရသူများလည်းရှိသည်။ မျက်နှာ ပျက်စီးရသူများလည်းရှိသည်။ အချို့ကို မှား၍ ဖမ်းပြီး စစ်မိသည်ဟုဆိုကာ ပြန်လွှတ်သည်။ အချို့ကိုတော့ ပြန်မလွှတ်မီ၊ အမှန်တရားမသိမီတွင် လက်လွန်သွား ခဲ့လေပြီ။
ထို့ပြင် ယင်းလမ်းပိုင်းတွင် စိတ်တထင့် ထင့်ဖြင့်သွားရင်း တိုက်ပွဲဖြစ်မည်ကိုလည်း စိုးရိမ် ကြသည်။ ထိုသို့သောအခါမျိုးတွင် အသက်ဘေး အတွက် ဆွမ်းခံရင်း ငှက်သင့်သွားနိုင်သည့်အပြင် သူပုန်တို့၏ လူသားတံတိုင်းလုပ်ခြင်းမျိုးကိုလည်း ခံနိုင်သည်။ ထို့သို့သော အဖြစ်အပျက်မျိုး ကြုံခဲ့ဖူးသူ တစ်ဦးကို NP News က တွေ့ဆုံ မေးမြန်းခွင့်ရခဲ့သည်။
" တစ်ခါသွားလိုက်တာ ကြောက်သွားတယ်။ သူတို့ပြောတဲ့ စခန်းသိမ်းတိုက်ပွဲဆိုတာလေ။ လမ်းပေါ် ကားအများကြီးပိတ်မိတာ။ လေယာဉ်က ခေါင်းပေါ်ဝဲနေတယ်။ သူတို့က ကျွန်တော်တို့ခရီး သွားတွေကြားမှာလာနေတော့ လေယာဉ်ကလည်း ဗုံးချလို့မရဘူး။ သတ္တိရှိရင် ခရီးသည်နဲ့ဝေးဝေး နေလေ။ လမ်းဘေးမှာအိပ်လိုက်ရတယ်" ဟု ၎င်းက အဆိုပါအဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။
ယင်းသို့ စစ်ဆေးမှုများပြီး လုံခြုံစိတ်ချရမှု မရှိသော၊ ကုန်ပစ္စည်းတင်ပို့ရန်အတွက်လည်း စိတ်မချရသော ထားဝယ် - မြိတ် ကားလမ်းသည် တစ်စတစ်စ အသုံးပြုသူနည်းပါးလာသော အနေအ ထားဖြစ်သည်။ ခရီးသည်တို့အနေဖြင့် ကုန်းလမ်းမှ သွားလာ၍ အဆင်မပြေသောအခါ ရေလမ်းခရီးကို ရွေးချယ်စရာအဖြစ် သဘောထားလာသည်။
" အခုက ရေကြောင်းကနေ ပိုပြီးသွားလာ ကြတာပေါ့။ ဒါပေမဲ့လည်း ရေကြောင်းသွားဖို့ စပိဘုတ်ကျတော့ ခရီးသွားတွေအတွက် ငွေကြေး ချို့တဲ့သူတွေ မသုံးနိုင်သေးဘူးပေါ့။ ရေကြောင်း ကနေ တွင်ကျယ်လာမယ်ဆိုရင်တော့ ရေကြောင်းကို ပိုပြီး အားထားလာကြမယ့်သဘောရှိတယ်" ဟု မြိတ် ဒေသခံတစ်ဦးက ဆိုသည်။
လေကြောင်းခရီးအတွက်ဆိုပါကလည်း မြိတ်-ကော့သောင်း လမ်းကြောင်းအတွက် လေ ယာဉ်လက်မှတ်ခက ဈေးကြီးသည်။ ထို့အတွက် လေယာဉ်သည်လည်း ရွေးစရာလမ်းကြောင်း တစ်ခု ဖြစ်လာသော်လည်း အများစုလက်လှမ်းမီသော ခရီးလမ်းကြောင်းတစ်ခု မဟုတ်ပေ။
ယင်းက လမ်းကြောင်းအတွက်သာဖြစ်ပြီး ဒေသခံများအနေဖြင့် လက်နက်ကိုင်ပုန်ကန်သူတို့၏ ဘေးကိုလည်း ဒေသအတွင်းတွင် ရင်ဆိုင်နေရ သည်။ ရေလုပ်သား အများအပြားရှိရာ ထားဝယ်နှင့် မြိတ်ဒေသတွင် PDF တို့၏ ဆက်ကြေးကောက် ခြင်းကို မလွတ်နိုင်ကြပါ။
" KNU တို့ PDF တို့က စုံနေတာလေ။ လှေလေးနဲ့ ထွက်လာတာလေ။ ထားဝယ်တို့ဘက်က ငါးဖမ်းလို့ ကျွန်းနားကပ်ရင် ဒီကောင်တွေကို ကြောက် ရတာ။ ပင်လယ်ကမ်းခြေ ရွာတွေ၊ မြို့နဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ ရွာသားယောင်ဆောင်ပြီးနေရတာ။ ပြီးရင် လှေငယ်နဲ့ထွက်တာ။ မောင်းပြေးရင် သူတို့က လိုက် မမီတော့ မောင်းပြေးတာရှိတယ်။ လောင်းလုံးဘက်နဲ့ ပလော ဘက်မှာများတယ်။ လှေငယ်တွေလေ ပိုက် လှေတို့ ဘာတို့ဆို တစ်လ တစ်သိန်း၊ နှစ်သိန်း ဆက် ကြေးပေးနေရတာ" ဟု မြိတ်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။
လက်နက်ကိုကြောက်၍သာ ပြည်သူများ အနေဖြင့် င်္ဏီ အပါအဝင် သူပုန်များကို ဆက် ကြေးပေး၊ ဂိတ်ကြေးပေးနေရသော်လည်း ၎င်းတို့၏ အင်အားမှာ ငွေတောင်းကောင်းရုံပုံစံမျိုးသာ ဖွဲ့စည်း ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ "သူတို့က ခုနစ်ယောက်မှာ ဗိုလ်ကြီးတစ်ယောက် တစ်ဖွဲ့၊ အဖွဲ့ပေါင်းက စုံနေတယ်။ ဒီအဖွဲ့ပေးလို့လည်း မရ ဘူး။ အကြီးဆုံးကိုပေးလို့လည်း မရဘူး" ဟု ၎င်းက ရင်ဖွင့်သည်။
ထားဝယ် - မြိတ် ခရီးကား တစ်စတစ်စ နှင့် လမ်းပေါ် သူပုန်တို့ဂိတ်များရောက်လာရာမှ ယခု အခါ ဆိုးရွားသောအခြေအနေကို ဒေသခံတို့ ကြုံ တွေ့နေကြရလေပြီ။ အကောင်းဆုံးအဖြေနှင့် ရင် တွင်းခံစားချက်ကိုလိုချင်ပါက ဒေသခံတို့ကိုမေး ကြည့်နိုင်ပါသည်။လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ရန်နှင့် ဒေသတည်ငြိမ်ရေးကို လိုလားကြကြောင်း ဖြေကြားကြမည်မှာ ဧကန်မလွဲပင်ဖြစ်ပေလိမ့်မည်။

Zawgyi Version:
အခ်ိန္နဲ႔ေငြ ႏွစ္ဆတိုး ပိုကုန္တဲ့အျပင္ အသက္အႏၲရာယ္ပါ စိတ္မခ်ရတဲ့ ထားဝယ္-ၿမိတ္ခရီး
သုတေက်ာ္ (NP News ) - စက္တင္ဘာလ ၃
ျမန္မာႏိုင္ငံ ေအာက္ဘက္ပိုင္းျဖစ္ေသာ တနသၤာရီတိုင္းေဒသႀကီးတြင္ အထက္မွေအာက္ အလ်ားလိုက္ ျဖတ္သန္း ေဖာက္လုပ္ထားေသာ ထားဝယ္ - ၿမိတ္ ကားလမ္းသည္ ယခုအခါ ကမာၻ႔ေငြကုန္ေၾကးက် အမ်ားဆုံးလမ္းပိုင္းမ်ားအနက္ တစ္ခုျဖစ္ေနေလၿပီ။
ေရလုပ္ငန္းေၾကာင့္ ထင္ရွားသည့္အျပင္ သာယာလွပေသာ ရႈခင္းမ်ားေၾကာင့္ ေက်ာ္ၾကားသည့္ တနသၤာရီတိုင္းေဒသႀကီးတြင္ ထားဝယ္ - ၿမိတ္ ကား လမ္းမွာ စီးပြားေရးအရ မ်ားစြာအက်ိဳးသက္ေရာက္မႈ ရွိေသာလမ္းတစ္ခုျဖစ္သည္။ တနသၤာရီတိုင္း ေဒသ ႀကီးမွာ ထိုင္းႏိုင္ငံႏွင့္လည္း နယ္နိမိတ္ခ်င္း ထိစပ္ေန ေသာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးအတြက္လည္း ယင္းလမ္းပိုင္းကို အသုံးျပဳခဲ့ၾကသည္။
ယင္းလမ္းပိုင္းသည္ ျပည္ေထာင္စုလမ္းမ ႀကီး (NH1) ျဖစ္ေသာ ဘုရားႀကီး-ေမာ္လၿမိဳင္-ထား ဝယ္-ၿမိတ္-ဘုတ္ျပင္း- ေကာ့ေသာင္း လမ္းမႀကီး ၏ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ယင္းျပည္ေထာင္စု လမ္းမႀကီး သည္ ပဲခူးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔ကို ဆက္သြယ္ထားျခင္း ျဖစ္သည္။
ထားဝယ္ - ၿမိတ္ ကားလမ္း ပါဝင္ေသာ ယင္းလမ္းမႀကီးတြင္ ေတာင္ကုန္းေတာင္တန္းႏွင့္ ေျမျပန႔္ပိုင္းတို႔ပါဝင္ၿပီး ယခင္က လမ္းပန္းဆက္ သြယ္ေရးခက္ခဲခဲ့ေသာေဒသအတြက္ အခ်ိန္တို အတြင္းေရာက္ႏိုင္မည့္ အက်ိဳးျပဳလမ္းမႀကီးတစ္ခု ျဖစ္လာခဲ့သည္။
တနသၤာရီတိုင္းေဒသႀကီးသို႔ ဝင္ေရာက္ လာမည့္ ကုန္စည္ႏွင့္ ခရီးသြားလုပ္ငန္းမ်ား လြယ္ကူ ေခ်ာေမြ႕စြာ သြားလာႏိုင္ေရးအတြက္ အေရးႀကီးေသာ လမ္းမႀကီးတစ္ခုျဖစ္ေသာေၾကာင့္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက လမ္းပိုင္းအဆင့္ျမႇင့္တင္ေရးမ်ားကို ႏွစ္စဥ္ေဆာင္႐ြက္ခဲ့သည္။ ထို႔ေၾကာင့္ ယင္းလမ္း ပိုင္းသည္ တျဖည္းျဖည္းႏွင့္ အဆင့္ျမင့္လာခဲ့၏။
ထားဝယ္ - ၿမိတ္ လမ္းပိုင္းသည္ (၁၅၅) မိုင္ခန႔္သာရွိၿပီး လမ္းပိုင္း အဆင့္ျမႇင့္တင္မႈမ်ား ေနာက္တြင္ အျမန္ဆုံး ငါးနာရီႏွင့္ ေျခာက္နာရီၾကား သြား႐ုံျဖင့္ လိုရာခရီးကိုေရာက္ႏိုင္ေသာ လမ္းပိုင္း တစ္ခုျဖစ္လာခဲ့သည္။ သို႔ေသာ္ လြယ္လြယ္ႏွင့္ ယင္း အေျခအေနကို ေရာက္ခဲ့ျခင္းေတာ့မဟုတ္။ ေဒသ၏ စီးပြားေရး၊ လူမႈေရးႏွင့္ တိုက္႐ိုက္အခ်ိဳးက်ေသာ ယင္းလမ္းပိုင္းသည္ ေဒသခံမ်ား၏လိုအပ္ခ်က္ႏွင့္ ထပ္တူျဖစ္ေစရန္အတြက္ အခ်ိန္မ်ားစြာ ယူခဲ့ရေသး သည္။ " အရင္ကေတာ့ လမ္းပိုင္းက ခက္တာေပါ့။ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ အစိုးရကလည္း ျပဳျပင္တယ္။ လမ္းပိုင္းကလည္း ေကာင္းလာတယ္ ေလ။ ထားဝယ္ကလည္း ေျပာရမယ္ဆို စီးပြားေရး ေကာင္းတဲ့ ၿမိဳ႕ထဲပါတယ္။ ၿမိတ္ကလည္း စီးပြားေရး ေကာင္းတဲ့ ၿမိဳ႕ထဲပါတယ္။ အဲဒီေတာ့ ႏွစ္ၿမိဳ႕ၾကားက လမ္းက စီးပြားေရးကို ေတာ္ေတာ္အေထာက္အကူျပဳ တယ္" ဟု ေဒသခံတစ္ဦးက ဆိုသည္။
ယင္းေနာက္ အဆိုပါလမ္းပိုင္းတြင္ အခက္အခဲမ်ား စတင္ရွိလာသည္။ လမ္းမေကာင္း၍ ေတာ့မဟုတ္ပါ။ လမ္းမေကာင္းလွ်င္ ေရွာင္ေမာင္း ႏိုင္မည္ ျဖစ္ေသာ္လည္း ယခုေတာ့ ေရွာင္ေမာင္းလွ်င္ ေသနတ္ျဖင့္အပစ္ခံရႏိုင္သည္။ အဘယ္ေၾကာင့္ ဆိုေသာ္ လက္နက္ကိုင္ပုန္ကန္သူတို႔က ယင္းလမ္း တြင္ ဂိတ္မ်ားဖြင့္လွစ္လိုက္ေသာေၾကာင့္ ျဖစ္သည္။
(၂၀၂၂) ခုႏွစ္ေနာက္ပိုင္းတြင္ ယင္းလမ္း ေပၚသို႔ စစ္ေရာက္လာၿပီးေနာက္ ထားဝယ္ - ၿမိတ္ ကားလမ္းတြင္ ပုန္ကန္သူလက္နက္ကိုင္တို႔၏ ဂိတ္ မ်ားေရာက္လာသည္။ တစ္ဂိတ္၊ ႏွစ္ဂိတ္ဆိုလွ်င္ ေဒသခံတို႔အတြက္ မေထာင္းသာလွေသာ္လည္း ယခုေတာ့ ဂိတ္ေပါင္းမ်ားစြာတို႔က ေနရာယူထားၾကၿပီ ျဖစ္သည္။ လမ္းေဘးဝဲယာတြင္လည္း ခိုေအာင္းႏိုင္ ရန္ ေနရာေကာင္းသည္။ တစ္စုံတစ္ရာျဖစ္လွ်င္ ယင္းေနရာသို႔ တိမ္းေရွာင္ခိုေအာင္းႏိုင္ေသာ အေန အထားလည္း ရွိေနသည္။ ထို႔ေၾကာင့္ စိတ္ခ်လက္ခ် ဂိတ္ဖြင့္ထားႏိုင္ဟု ဆိုရဖြယ္ရွိသည္။
ယင္းႏွင့္အတူ ေဒသခံမ်ား စိတ္အေႏွာက္ အယွက္ျဖစ္ဖြယ္ ကိစၥမ်ား ေပၚေပါက္လာသည္။ အေၾကာင္းမွာ မၾကာခဏ စစ္ေဆးခံေနရျခင္းေၾကာင့္ ျဖစ္သည္။ လမ္းက ေကာင္းစြာသြားရေသာ္လည္း စစ္ေဆးခံရန္ မၾကာခဏရပ္တန႔္ေနရျခင္းက ခရီး ဖင့္ေစသည္။ လုံၿခဳံေရးတပ္ဖြဲ႕ဂိတ္ထက္ လက္နက္ ကိုင္ ပုန္ကန္သူတို႔၏ ဂိတ္ကပိုမ်ားသည္။ ထို႔ျပင္ ယင္း ပုန္ကန္သူတို႔၏ ဂိတ္တိုင္းအားလုံးလိုလိုက လည္း စစ္ေဆးလိုေနၾကသည္။ ေငြကိုယူသည္၊ လူကို စစ္သည္။ အခန႔္မသင့္လွ်င္ ကားေပၚမွဆြဲခ်ထား လိုက္မည္ျဖစ္သည္။
" အခုဆို ၿမိတ္နဲ႔ ထားဝယ္ကို ကိုယ္ပိုင္ ကားနဲ႔ေမာင္းရင္ ရွစ္နာရီ၊ ဆယ္နာရီ ၾကာသြားၿပီ။ တစ္ခါတစ္ေလဆို လမ္းမွာပါညအိပ္ေနရတယ္" ဟု ထားဝယ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
လက္နက္ကိုင္ပုန္ကန္သူတို႔၏ ဂိတ္မ်ား တြင္ ေငြေပးရသည့္အခါ ျမန္မာႏိုင္ငံမွ အျခားေသာ ပုန္ကန္သူတို႔၏ ဂိတ္မ်ားကဲ့သို႔ ဥပေဒတစ္ခုကို အတိအက်လိုက္နာၾကေၾကာင္း ေတြ႕ရသည္။ ယင္းမွာ အျခားမဟုတ္ပါ။ ေငြတစ္ေထာင္၊ ႏွစ္ေထာင္ ေတာင္းျခင္းမဟုတ္ဘဲ ေသာင္းႏွင့္ခ်ီေတာင္းျခင္း ျဖစ္သည္။ ဂိတ္ကမ်ားသည့္အတြက္ တစ္ဂိတ္တြင္ တစ္ေသာင္းခန႔္ေပးသည္ထားဦးေတာ့ ပုန္ကန္သူတို႔ ဂိတ္ အားလုံးလိုလိုတြင္ ပိုက္ဆံေပးရသည္ျဖစ္ရာ ကိုယ္ပိုင္ကားျဖင့္သြားလွ်င္ က်ပ္သိန္းခ်ီက်သင့္ သည္။ ကုန္ကားမ်ားဆိုလွ်င္ေတာ့ ဆိုဖြယ္ရာမရွိပါ။
" ကုန္ကားဆို အနည္းဆုံး ေျခာက္သိန္းေလာက္ ေပးရတယ္။ က်န္တဲ့ ခရီးသည္တင္ကားေတြလည္း ေပးရတာပဲ" ဟု အျခား ထားဝယ္ေဒသခံတစ္ဦးက ဆိုသည္။
ထားဝယ္ၿမိဳ႕မွထြက္လိုက္လွ်င္ (၁၀) မိုင္ မေရာက္မီကပင္ လက္နက္ကိုင္ပုန္ကန္သူတို႔၏ ဂိတ္ကိုေတြ႕ရေတာ့သည္ဟု ၎က ဆိုသည္။ ယင္း ဂိတ္မ်ားတြင္ PDF လည္း ရွိသည္။ KNU လည္း ရွိတယ္။ KTLA ဟု ဆိုသူမ်ားလည္း ရွိသည္။ ပုန္ ကန္သူတို႔သည္ ယင္း ဂိတ္မ်ားမွေငြ ၿမိဳးၿမိဳးျမက္ျမက္ ရလာေနသည္။ တစ္ဖက္တြင္လည္း စစ္ေဆးမႈမ်ားက ျပည္သူတို႔ကို ထိတ္လန႔္ေစသည္။
" စစ္တာေဆးတာက အစိုးရဝန္ထမ္း ရယ္၊ ၿပီးေတာ့ သူတို႔မိသားစုဝင္ေတြရယ္ဆို ပို မသြားၾကဘူး။ သတိထားၾကတယ္။ ၿပီးေတာ့ အရပ္သား သာမန္လူဆိုရင္လည္း အခန႔္မသင့္လို႔ မွားၿပီး လုပ္မိတာမ်ိဳးလည္း ရွိတယ္။ ဒါဆိုရင္လည္း ဖမ္းလိုက္မွာ။ သတ္ၿပီးရင္လည္း ေတာင္းပန္ေနမွာ မဟုတ္ဘူး" ဟု အျခား ထားဝယ္ေဒသခံတစ္ဦးက ဆိုသည္။
ယင္းသို႔ စစ္ေဆးရာတြင္ ဖိနပ္စီးပုံကိုလည္း ၾကည့္သည္။ ကိုယ္ဟန္ အမူအရာကိုလည္း ၾကည့္စစ္ သည္ဟု ဆိုသည္။ ထို႔ျပင္ ဗမာစကားေျပာသူမ်ားမွာ လည္း ယင္းလမ္းပိုင္းတြင္ အထူးသတိထားေစာင့္ ၾကည့္ခံရသည္။ အေၾကာင္းျပခ်က္ေတာင္းသည္။ ေကာင္းစြာ အေၾကာင္းမျပႏိုင္လွ်င္၊ ထိတ္လန႔္လြန္း ေသာေၾကာင့္ အမူအရာပ်က္လွ်င္ မည္သူႏွင့္မွ် မပတ္သက္ပါဘဲလ်က္ ဖမ္းဆီးခံရႏိုင္သည္။
"ဗမာစကားေျပာရင္ သူတို႔က ေသခ်ာ စစ္ေတာ့တာ။ တျခား တိုင္းရင္းသားစကားေျပာတယ္၊ ဝဲတဲတဲဆိုရင္ေတာ့ ရတယ္။ မဟုတ္ရင္ေတာ့ မရဘူး။ ေသခ်ာစစ္တာ ခံရမွာ" ဟု ယင္းက တိတိက်က်ဆို သည္။
NP News က အဆိုပါ သတင္းရင္းျမစ္ကို ၎အေနျဖင့္ ထားဝယ္ - ၿမိတ္ ကားလမ္းကို ယခုသြားရမည္ဆိုပါလွ်င္ သြားမည္ ေလာဟုေမးၾကည့္ရာ မသြားရဲဟုဆိုသည္။ ၎အေနျဖင့္ မည္သည့္ ႏိုင္ငံေရး၊ စီးပြားေရးကိစၥမွ် ပတ္သက္ေနျခင္းမရွိေသာ္လည္း ဥပေဒျပင္ပမွ သူပုန္တို႔၏ စစ္ေဆးခံရမည့္ေဘးကို ေၾကာက္ သည္ဟု ဆိုသည္။
ယင္းသို႔သြားလွ်င္ မည္သည့္အေၾကာင္း မွန္းမသိဘဲ ေပ်ာက္ဆုံးသြားၾကရသူမ်ားလည္း ရွိ သည္။ ေမးျမန္းရန္အတြက္လည္း လက္လွမ္းမမီၾက ေသာေၾကာင့္ ေပ်ာက္ဆုံးသြားလွ်င္ လုပ္စရာ ႏွစ္မ်ိဳး သာရွိသည္။ ေဘးကင္းကင္းျဖင့္ ျပန္ေရာက္လာေရး ဆုေတာင္းရန္ႏွင့္ က်န္တစ္မ်ိဳးမွာ အခ်ိန္အတန္ အၾကာသည္အထိ အဆက္အသြယ္မရပါက သက္ ေပ်ာက္ဆြမ္းသြတ္ရန္သာ ျဖစ္သည္။
ယင္းအတြက္ အမွန္တကယ္ျဖစ္စဥ္မ်ား လည္း ရွိေနသည္။ လက္နက္ကိုင္သူပုန္အဖြဲ႕က စစ္ ေဆးသည္ဟုဆိုကာ ညႇဥ္းပန္းႏွိပ္စက္ေသာေၾကာင့္ ကိုယ္အဂၤါခ်ိဳ႕တဲ့ရသူမ်ားလည္းရွိသည္။ မ်က္ႏွာ ပ်က္စီးရသူမ်ားလည္းရွိသည္။ အခ်ိဳ႕ကို မွား၍ ဖမ္းၿပီး စစ္မိသည္ဟုဆိုကာ ျပန္လႊတ္သည္။ အခ်ိဳ႕ကိုေတာ့ ျပန္မလႊတ္မီ၊ အမွန္တရားမသိမီတြင္ လက္လြန္သြား ခဲ့ေလၿပီ။
ထို႔ျပင္ ယင္းလမ္းပိုင္းတြင္ စိတ္တထင့္ ထင့္ျဖင့္သြားရင္း တိုက္ပြဲျဖစ္မည္ကိုလည္း စိုးရိမ္ ၾကသည္။ ထိုသို႔ေသာအခါမ်ိဳးတြင္ အသက္ေဘး အတြက္ ဆြမ္းခံရင္း ငွက္သင့္သြားႏိုင္သည့္အျပင္ သူပုန္တို႔၏ လူသားတံတိုင္းလုပ္ျခင္းမ်ိဳးကိုလည္း ခံႏိုင္သည္။ ထို႔သို႔ေသာ အျဖစ္အပ်က္မ်ိဳး ႀကဳံခဲ့ဖူးသူ တစ္ဦးကို NP News က ေတြ႕ဆုံ ေမးျမန္းခြင့္ရခဲ့သည္။
" တစ္ခါသြားလိုက္တာ ေၾကာက္သြားတယ္။ သူတို႔ေျပာတဲ့ စခန္းသိမ္းတိုက္ပြဲဆိုတာေလ။ လမ္းေပၚ ကားအမ်ားႀကီးပိတ္မိတာ။ ေလယာဥ္က ေခါင္းေပၚဝဲေနတယ္။ သူတို႔က ကြၽန္ေတာ္တို႔ခရီး သြားေတြၾကားမွာလာေနေတာ့ ေလယာဥ္ကလည္း ဗုံးခ်လို႔မရဘူး။ သတၱိရွိရင္ ခရီးသည္နဲ႔ေဝးေဝး ေနေလ။ လမ္းေဘးမွာအိပ္လိုက္ရတယ္" ဟု ၎က အဆိုပါအျဖစ္အပ်က္ကို ျပန္ေျပာင္းေျပာျပသည္။
ယင္းသို႔ စစ္ေဆးမႈမ်ားၿပီး လုံၿခဳံစိတ္ခ်ရမႈ မရွိေသာ၊ ကုန္ပစၥည္းတင္ပို႔ရန္အတြက္လည္း စိတ္မခ်ရေသာ ထားဝယ္ - ၿမိတ္ ကားလမ္းသည္ တစ္စတစ္စ အသုံးျပဳသူနည္းပါးလာေသာ အေနအ ထားျဖစ္သည္။ ခရီးသည္တို႔အေနျဖင့္ ကုန္းလမ္းမွ သြားလာ၍ အဆင္မေျပေသာအခါ ေရလမ္းခရီးကို ေ႐ြးခ်ယ္စရာအျဖစ္ သေဘာထားလာသည္။
" အခုက ေရေၾကာင္းကေန ပိုၿပီးသြားလာ ၾကတာေပါ့။ ဒါေပမဲ့လည္း ေရေၾကာင္းသြားဖို႔ စပိဘုတ္က်ေတာ့ ခရီးသြားေတြအတြက္ ေငြေၾကး ခ်ိဳ႕တဲ့သူေတြ မသုံးႏိုင္ေသးဘူးေပါ့။ ေရေၾကာင္း ကေန တြင္က်ယ္လာမယ္ဆိုရင္ေတာ့ ေရေၾကာင္းကို ပိုၿပီး အားထားလာၾကမယ့္သေဘာရွိတယ္" ဟု ၿမိတ္ ေဒသခံတစ္ဦးက ဆိုသည္။
ေလေၾကာင္းခရီးအတြက္ဆိုပါကလည္း ၿမိတ္-ေကာ့ေသာင္း လမ္းေၾကာင္းအတြက္ ေလ ယာဥ္လက္မွတ္ခက ေဈးႀကီးသည္။ ထို႔အတြက္ ေလယာဥ္သည္လည္း ေ႐ြးစရာလမ္းေၾကာင္း တစ္ခု ျဖစ္လာေသာ္လည္း အမ်ားစုလက္လွမ္းမီေသာ ခရီးလမ္းေၾကာင္းတစ္ခု မဟုတ္ေပ။
ယင္းက လမ္းေၾကာင္းအတြက္သာျဖစ္ၿပီး ေဒသခံမ်ားအေနျဖင့္ လက္နက္ကိုင္ပုန္ကန္သူတို႔၏ ေဘးကိုလည္း ေဒသအတြင္းတြင္ ရင္ဆိုင္ေနရ သည္။ ေရလုပ္သား အမ်ားအျပားရွိရာ ထားဝယ္ႏွင့္ ၿမိတ္ေဒသတြင္ PDF တို႔၏ ဆက္ေၾကးေကာက္ ျခင္းကို မလြတ္ႏိုင္ၾကပါ။
" KNU တို႔ PDF တို႔က စုံေနတာေလ။ ေလွေလးနဲ႔ ထြက္လာတာေလ။ ထားဝယ္တို႔ဘက္က ငါးဖမ္းလို႔ ကြၽန္းနားကပ္ရင္ ဒီေကာင္ေတြကို ေၾကာက္ ရတာ။ ပင္လယ္ကမ္းေျခ ႐ြာေတြ၊ ၿမိဳ႕နဲ႔ အလွမ္းေဝးတဲ့ ႐ြာေတြမွာ ႐ြာသားေယာင္ေဆာင္ၿပီးေနရတာ။ ၿပီးရင္ ေလွငယ္နဲ႔ထြက္တာ။ ေမာင္းေျပးရင္ သူတို႔က လိုက္ မမီေတာ့ ေမာင္းေျပးတာရွိတယ္။ ေလာင္းလုံးဘက္နဲ႔ ပေလာ ဘက္မွာမ်ားတယ္။ ေလွငယ္ေတြေလ ပိုက္ ေလွတို႔ ဘာတို႔ဆို တစ္လ တစ္သိန္း၊ ႏွစ္သိန္း ဆက္ ေၾကးေပးေနရတာ" ဟု ၿမိတ္ၿမိဳ႕မွ ေဒသခံတစ္ဦးက ဆိုသည္။
လက္နက္ကိုေၾကာက္၍သာ ျပည္သူမ်ား အေနျဖင့္ ဏႌ အပါအဝင္ သူပုန္မ်ားကို ဆက္ ေၾကးေပး၊ ဂိတ္ေၾကးေပးေနရေသာ္လည္း ၎တို႔၏ အင္အားမွာ ေငြေတာင္းေကာင္း႐ုံပုံစံမ်ိဳးသာ ဖြဲ႕စည္း ထားျခင္း ျဖစ္သည္ဟုလည္း ၎က ဆိုသည္။ "သူတို႔က ခုနစ္ေယာက္မွာ ဗိုလ္ႀကီးတစ္ေယာက္ တစ္ဖြဲ႕၊ အဖြဲ႕ေပါင္းက စုံေနတယ္။ ဒီအဖြဲ႕ေပးလို႔လည္း မရ ဘူး။ အႀကီးဆုံးကိုေပးလို႔လည္း မရဘူး" ဟု ၎က ရင္ဖြင့္သည္။
ထားဝယ္ - ၿမိတ္ ခရီးကား တစ္စတစ္စ ႏွင့္ လမ္းေပၚ သူပုန္တို႔ဂိတ္မ်ားေရာက္လာရာမွ ယခု အခါ ဆိုး႐ြားေသာအေျခအေနကို ေဒသခံတို႔ ႀကဳံ ေတြ႕ေနၾကရေလၿပီ။ အေကာင္းဆုံးအေျဖႏွင့္ ရင္ တြင္းခံစားခ်က္ကိုလိုခ်င္ပါက ေဒသခံတို႔ကိုေမး ၾကည့္ႏိုင္ပါသည္။လမ္းပန္းဆက္သြယ္ေရးေကာင္း မြန္ရန္ႏွင့္ ေဒသတည္ၿငိမ္ေရးကို လိုလားၾကေၾကာင္း ေျဖၾကားၾကမည္မွာ ဧကန္မလြဲပင္ျဖစ္ေပလိမ့္မည္။