လာမည့်(၂)ရက်ကြာမှစ၍ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား ပြန်လည်ဝင်ရောက်ဖူးမြော်နိုင်ပြီ

475

ချယ်ရီ (NP News)- စက်တင်ဘာ ၄
လာမည့်(၂)ရက်အကြာ စက်တင်ဘာလ (၆) ရက်မှစ၍ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား ပြန်လည်ဝင်ရောက်ဖူးမြော်နိုင်ပြီ ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးဂေါပကအဖွဲ့မှ ဒုတိယဥက္ကဌ ဦးသန်းဝင်းထံ NP News က ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ကိန်းဝပ်စံပယ်တော်မူရာ ရတနာစံကျောင်း တော်ပင်မဆောင်၊ အောက်ခြေတိုင်များ၊ လှေကားများ၊ စောင်းတန်းတော်၊ ဘုရားရင်ပြင်တော်၊ ဒေသစာရီ ကြွချီပူဇော်ခံရာတွင်ပင့်ဆောင်သည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာ အဆောင်တို့ ထိခိုက်ပျက်စီးခဲ့သည်။
ထိုကြောင့် ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်မည်ဖြစ်သည့်အတွက် ဘုရားဖူးလာရောက်သောပြည်သူများအား ဘုရားပရိဝုဏ်အတွင်း ဝင်ရောက်ခွင့်ကို ဂေါပကအဖွဲ့က ယာယီရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ရာ မနက်ဖြန် (စက်တင်ဘာလ ၅ ရက်)တွင် လုပ်ငန်းပြီးစီး၍ အပ်နှံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပြုပြင်ရမယ့်ဟာတွေ အားလုံးပြီးစီးပါပြီ။ မနက်ဖြန် (၅)ရက်နေ့က လုပ်ငန်းအပ်မယ်ဗျ။ လုပ်ငန်းအပ်ပြီးသွားတော့မှ (၆)ရက်နေ့ကျတော့ ဖွင့်မယ်ဗျ။ (၆) ရက်နေ့ကစပြီးတော့ ပုံမှန်အတိုင်း ခရီးသွားလာပြီး ပြန်လည်ဝင်ဖူးလို့ရပါပြီဗျ” ဟု ၎င်းက ပြောကြားသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများအနေဖြင့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား တော်သလင်း လပြည့်နေ့(စနေနေ့)၊ စက်တင်ဘာလ (၆) ရက်၊ နံနက်ပိုင်းမှစ၍ ဝင်ရောက်ဖူးမြော်ကြည်ညိုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အလားတူ အင်းလေးဖောင်တော်ဦးဘုရားပွဲကို လာမည့် သီတင်းကျွတ်လဆန်း(၁)ရက် (စက်တင်ဘာလ ၂၂ ရက်)မှ သီတင်းကျွတ် လပြည့်ကျော် (၃)ရက် (အောက်တိုဘာ ၉ ရက်) အထိ (၁၈) ကြာ ကျင်းပ ပြလုပ်သွားမည်လည်း ဖြစ်သည်။

Zawgyi Version:
လာမည့္(၂)ရက္ၾကာမွစ၍ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရားအား ျပန္လည္ဝင္ေရာက္ဖူးေျမာ္ႏိုင္ၿပီ
ခ်ယ္ရီ (NP News)- စက္တင္ဘာ ၄
လာမည့္(၂)ရက္အၾကာ စက္တင္ဘာလ (၆) ရက္မွစ၍ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရားအား ျပန္လည္ဝင္ေရာက္ဖူးေျမာ္ႏိုင္ၿပီ ျဖစ္ေၾကာင္း အင္းေလးေဖာင္ေတာ္ဦးေဂါပကအဖြဲ႕မွ ဒုတိယဥကၠဌ ဦးသန္းဝင္းထံ NP News က ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ မတ္လ (၂၈) ရက္က လႈပ္ခတ္ခဲ့သည့္ မႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ ေညာင္ေ႐ႊၿမိဳ႕နယ္ရွိ အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရား႐ုပ္ရွင္ေတာ္ျမတ္မ်ား ကိန္းဝပ္စံပယ္ေတာ္မူရာ ရတနာစံေက်ာင္း ေတာ္ပင္မေဆာင္၊ ေအာက္ေျခတိုင္မ်ား၊ ေလွကားမ်ား၊ ေစာင္းတန္းေတာ္၊ ဘုရားရင္ျပင္ေတာ္၊ ေဒသစာရီ ႂကြခ်ီပူေဇာ္ခံရာတြင္ပင့္ေဆာင္သည့္ ကရဝိက္ေဖာင္ေတာ္ႏွင့္ ေဖာင္ေတာ္ထားရွိရာ အေဆာင္တို႔ ထိခိုက္ပ်က္စီးခဲ့သည္။
ထိုေၾကာင့္ ျပန္လည္ျပဳျပင္မႈမ်ား လုပ္ေဆာင္မည္ျဖစ္သည့္အတြက္ ဘုရားဖူးလာေရာက္ေသာျပည္သူမ်ားအား ဘုရားပရိဝုဏ္အတြင္း ဝင္ေရာက္ခြင့္ကို ေဂါပကအဖြဲ႕က ယာယီရပ္ဆိုင္းထားခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ ျပဳျပင္မြမ္းမံမႈလုပ္ငန္းမ်ား ၿပီးစီးသြားၿပီျဖစ္ရာ မနက္ျဖန္ (စက္တင္ဘာလ ၅ ရက္)တြင္ လုပ္ငန္းၿပီးစီး၍ အပ္ႏွံမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ျပဳျပင္ရမယ့္ဟာေတြ အားလုံးၿပီးစီးပါၿပီ။ မနက္ျဖန္ (၅)ရက္ေန႔က လုပ္ငန္းအပ္မယ္ဗ်။ လုပ္ငန္းအပ္ၿပီးသြားေတာ့မွ (၆)ရက္ေန႔က်ေတာ့ ဖြင့္မယ္ဗ်။ (၆) ရက္ေန႔ကစၿပီးေတာ့ ပုံမွန္အတိုင္း ခရီးသြားလာၿပီး ျပန္လည္ဝင္ဖူးလို႔ရပါၿပီဗ်” ဟု ၎က ေျပာၾကားသည္။
ထို႔ေၾကာင့္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးလာ ျပည္သူမ်ားအေနျဖင့္ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္မ်ားအား ေတာ္သလင္း လျပည့္ေန႔(စေနေန႔)၊ စက္တင္ဘာလ (၆) ရက္၊ နံနက္ပိုင္းမွစ၍ ဝင္ေရာက္ဖူးေျမာ္ၾကည္ညိဳႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
အလားတူ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲကို လာမည့္ သီတင္းကြၽတ္လဆန္း(၁)ရက္ (စက္တင္ဘာလ ၂၂ ရက္)မွ သီတင္းကြၽတ္ လျပည့္ေက်ာ္ (၃)ရက္ (ေအာက္တိုဘာ ၉ ရက္) အထိ (၁၈) ၾကာ က်င္းပ ျပလုပ္သြားမည္လည္း ျဖစ္သည္။