ငြိမ်းချမ်းရေးသူရဲကောင်းများ အလိုရှိသည်

213

စစ်မုန်း (NP News) - စက်တင်ဘာလ ၁ဝ
နိုင်ငံတော်၏လျှောက်လှမ်းခဲ့သောခရီး
မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ (၁၉၄၈)ခုနှစ်မှဆိုလျှင် နှစ်ပေါင်း (၇၀) ကျော် (၈၀)နီးပါးမျှရှိခဲ့ပြီ။ ဤကာလများအတွင်း နိုင်ငံတော်သည် အုပ်ချုပ်ရေးစနစ်မျိုးစုံ၊ အရွှေ့အပြောင်းမျိုးစုံ၊ အလှုပ် အခတ်မျိုးစုံနှင့် ကြုံကြိုက်ခဲ့ရသည်။ ဖဆပလ အုပ် ချုပ်ခဲ့သော ပါလီမန်ဒီမိုကရေစီခေတ်၊ တပ်မတော် အစိုးရအုပ်ချုပ်ခဲ့သော တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်ခဲ့သော ဆို ရှယ်လစ်ဒီမိုကရေစီခေတ်၊ (နဝတ၊ နအဖ) အုပ်ချုပ်ခဲ့ သော စစ်အစိုးရခေတ်၊ ပါတီစုံ ဒီမိုကရေစီခေတ် စသည်များကိုဖြတ်သန်းခဲ့ကြရသည်။ နိုင်ငံသည် လွတ်လပ်ရေးရပြီး (၁၉၄၈) ခုနှစ်တွင်ပင် ပြည်တွင်း သောင်းကျန်းမှုနှင့် ကြုံခဲ့ရသည်။
ပြည်သူများသည် စစ်ဘေးနွံအတွင်း နစ် မွန်းနေခဲ့ရသည်။ ဖြတ်သန်းလာခဲ့ရသောနှစ်ပေါင်း (၈၀)နီးပါးကာလအတွင်း နိုင်ငံတော်၏အတည်ငြိမ် ဆုံးအချိန်ကာလများကိုကြည့်သောအခါ (၁၉၆၂)ခု နှစ် တပ်မတော်က အာဏာကိုသိမ်းယူခဲ့ပြီး၊ (၁၉၇၄) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်အာဏာ ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့်တည်ဆောက်ခဲ့ သည့် (အုပ်ချုပ်ခဲ့သည့်) (၁၉၈၈) ခုနှစ်အထိကာလကို ပြကြရမည်ဖြစ်သည်။ ဤကာလတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအားနည်းခဲ့သည်ဆိုသော်လည်း တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိခဲ့သည်ဆိုခြင်းကိုတော့ ဝန်ခံရ မည်။ ပြည်သူများ၏ အတွင်းသဘောတွင် မည်သို့ပင် ရှိနေသည်ဆိုစေကာမူ တိုင်းရင်းသားပြည်သူများ၏စည်းလုံးညီညွတ်မှုလည်းအားကောင်းခဲ့သည်။ အ လုပ်သမား၊ လယ်သမား၊ ကျောင်းသားစသည့် အလွှာ အသီးသီး၏ညီညွတ်မှုကိုလည်း တွေ့မြင်ခဲ့ရသည်။
ဤကာလအတွင်း ပြည်တွင်းသောင်းကျန်း မှုတို့ချုပ်ငြိမ်းသွားခဲ့သည်။ ပြည်တွင်း တည်ငြိမ်အေး ချမ်းရေးကို အနှောင့်အယှက်ပြုနေသောသူပုန်များ သည် အစုအဖွဲ့ငယ်များအဖြစ် နယ်စွန်နယ်ဖျားဒေသ များသို့ရောက်ရှိသွားခဲ့ကြသည်။ ဗမာပြည် ကွန်မြူနစ် ပါတီ(ဗဟို)ဆိုလျှင် လုံးဝချုပ်ငြိမ်းသွားသည့်အဆင့် သို့ရောက်ရှိသွားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မိမိတို့တိုင်းရင်းသားလူ မျိုးများရှိရာ နေရာဒေသအတွင်းသာ ကွက်၍ လှုပ်ရှား နေနိုင်တော့သည်။ တိုင်းရင်းသားပြည်သူများမှာတည် ငြိမ်အေးချမ်းစွာဖြင့် လုပ်ကိုင်၊ သွားလာ နေထိုင်ခဲ့ကြ ရသည်။
ထို့အတူပင် (၁၉၈၈)ခုနှစ်တွင် နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူထိန်းသိမ်းခဲ့ရသော စစ်အ စိုးရ (နဝတ၊ နအဖ)လက်ထက်မှသည် (၂၀၁၀) ပြည့်နှစ်ကာလအထိလည်း တည်ငြိမ်အေးချမ်းမှုရှိခဲ့ သည်။ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့သဖြင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သည်။ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများကြီးထွား လာသလို၊ ပြည်ပမှရင်းနှီးမြှုပ်နှံမှုများလည်း အထိုက် အလျောက် ဝင်ရောက်လာခဲ့သည်။ စက်ရုံ၊ အလုပ်ရုံ များ ထူထောင်ဖွင့်လှစ်ကြခြင်းဖြင့် ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာခဲ့သည်။
သို့ရာတွင် ပြည်တွင်းမှ ခလောက်ဆန်သူ များ၏ ပယောဂပူးသတ်ခံရပြီး ပြည်ပအင်အားကြီး နိုင်ငံအချို့၏စီးပွားရေးပိတ်ပင်မှုကြောင့် တိုးတက်နိုင် သလောက်တိုးတက်နိုင်ခြင်းမရှိခဲ့။ သို့ရာတွင် နိုင်ငံ တော်၏အစီအမံဖြင့် လမ်းတံတားများ တိုးချဲ့ဖောက် လုပ်ခြင်း၊ တည်ဆောက်ခြင်းများပြုလုပ်ပေးခဲ့ခြင်း ကြောင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်လာခဲ့သည်။ မြစ်ချောင်းပေါများသော ရခိုင်ပြည်နယ်၊ တောင်တန်း တောင်ကုန်းပေါများသော ချင်းပြည်နယ်ကဲ့သို့ သွားလာရေးခက်ခဲသောနေရာဒေသများတွင် မြို့နယ် ချင်းဆက်၊ ခရိုင်ချင်းဆက်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်ချင်းဆက်လမ်းများ ကွန်ရက်ထိုးသလို ဖြစ် ပေါ်လာခဲ့သည်။ ရခိုင်ပြည်နယ်ဆိုလျှင် ယခင်က ရေလမ်းကြောင်းနှင့်လေကြောင်းလမ်းကိုသာ အားကိုးခဲ့ ရသော်လည်း (၁၉၉၀) ပြည့်လွန်နှစ်များမှစတင်ကာ ပြည်နယ်အတွင်းမှာသာမက ရိုးမအရှေ့ဒေသများသို့ ပါ ကားလမ်းဖြင့် အချိန်မရွေးသွားလာနိုင်ခဲ့သည်။
စစ်တွေ-ရန်ကုန်ခရီးကို (၁၈)နာရီမျှဖြင့် သွားရောက်နိုင်ခဲ့သလို ရခိုင်ပြည်နယ် မြို့နယ် (၁၇) မြို့နယ်အတက် မာန်အောင်မြို့နယ်မှအပ မြို့နယ် များအားလုံးသို့ ကားဖြင့်သွားလာနိုင်ခဲ့ကြသည်။ ဧရာ ဝတီတိုင်းဒေသကြီးတွင်လည်း ရေနက်ကွင်းများရှိနေ သဖြင့် ရန်ကုန်-ပုသိမ်သွားလာရေးခက်ခဲနေခဲ့ရာ ရေ လမ်းဖြင့်သာသွားလာခဲ့ရသည်ကို ကားလမ်းကြောင်း ဖြင့်သွားလာနိုင်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် လည်း လမ်းကွန်ရက်များဖြစ်ပေါ်လာခဲ့သည်။ ထို့အ တူ တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ရေလမ်းခရီး ကိုသာ အဓိကအားထားနေရာမှ ကုန်းလမ်းကြောင်း ဖြင့် ဆက်သွယ်သွားလာနိုင်ခဲ့ကြသည်။ အလားတူပင် အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများတွင်လည်း လမ်းပန်းဆက်သွယ်ရေးတွေတိုးတက်ခဲ့သည်ဆိုခြင်း ကို အားလုံးမျက်မြင်ပင်ဖြစ်သည်။
(နဝတ၊ နအဖ) အစိုးရသည် ဆည်မြောင်း တာတမံ တည်ဆောက်ပေးခြင်းဖြင့် စိုက်ပျိုးရေးတိုးတက်လာစေရန်လုပ်ဆောင်ပေးခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် စီမံဆောင်ရွက်ပေး ခြင်းဖြင့် တိုင်းပြည်၏စီးပွားရေးမှာတည်ငြိမ်တိုးတက်ခဲ့ သည်။ ဤအကြောင်းများကို စာရေးသူရေးသားတင်ပြ နေခြင်းမှာ စစ်အစိုးရအဆက်အဆက်အား ချီးကျူး ထောမနာပြုနေခြင်းကား မဟုတ်ပါ။ သို့ရာတွင် မိမိ တို့နိုင်ငံအနေဖြင့် ရှေ့ဆက်ရမည့်ခရီးစဉ်များတွင် လေ့လာသိရှိစရာများ၊ သင်ခန်းစာယူစရာများရှိက လေ့လာသိရှိနိုင်ရန်ရည်ရွယ်ပြီး တင်ပြရခြင်းသာဖြစ် သည်။ လေ့လာသင်ယူနိုင်ရန်သာဖြစ်သည်။
တပ်မတော်၏ပါဝင်ခဲ့မှု
အဆိုပါကာလများအတွင်း (၁၉၆၄) ခုနှစ် မှစတင်ခဲ့သည့် ဆိုရှယ်လစ်စီးပွားရေးစနစ်ဆိုသည့် ခေါင်းစဉ်အောက်တွင် မြန်မာပြည်သူများသည် ဆင်း ရဲကျပ်တည်းသော စီးပွားရေးလူနေမှုစနစ်ကိုဖြတ် သန်းခဲ့ရသည်။ တရားမဝင် မှောင်ခိုစီးပွားရေးလုပ်ငန်း ဖြင့် ဘဝကိုဖြတ်သန်းခဲ့ကြရသည်။ (၁၉၆၂) ခုနှစ်မှ (၂၀၁၀)ပြည့်နှစ်အထိ အုပ်ချုပ်ရေးကဏ္ဍအသီးသီး တွင် တပ်မတော်၏အုပ်ချုပ်မှုအောက်၌နေခဲ့ကြရ သည်။ (၁၉၇၄) ခုနှစ်မှ (၁၉၈၈) ခုနှစ်အထိ လမ်းစဉ် ပါတီ အရပ်သားအစိုးရဟုဆိုသော်လည်း တပ်မတော် အရာရှိ (အငြိမ်းစား)များကသာ ရပ်ကွက်/ကျေးရွာ အဆင့်မှသည် ဗဟိုအဆင့်အထိ တပ်မတော်သား (အငြိမ်းစား)အများစုကသာ ထိပ်ပိုင်းနေရာများရယူ ထားခဲ့သည်။
တပ်မတော်သည် ပြည်သူများနှင့်အဓိက ထိတွေ့ဆက်ဆံရသောစီမံခန့်ခွဲရေးတာဝန်များကို ယူခဲ့သဖြင့် ပြည်သူများ၏အမြင်မှားမှုစသည်များကို တပ်မတော်ကခံယူခဲ့ရသည်။ (၁၉၈၈)ခုနှစ်မှ (၂၀၁၀)ပြည့်နှစ်အထိကာလကား တပ်မတော်အစိုးရ စစ်စစ်ဖြစ်ရာ တပ်မတော်၏ဦးဆောင်မှုများရှိခဲ့သည်။ (၁၉၈၈)ခုနှစ်နောက်ပိုင်းတွင် တပ်မတော်ထောက် လှမ်းရေးတပ်ဖွဲ့၏အာဏာကြီးထွားလာမှုဒဏ်ကို လည်း ပြည်သူများ ခါးစည်းခံခဲ့ရာ တပ်မတော်အပေါ် ပြည်သူများ၏ အမြင်မကြည်လင်မှုများစွာရှိခဲ့သည်။ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဖွဲ့စည်းဖြစ် ပေါ်ခဲ့သည့် ဒီမိုကရေစီအစိုးရဟုဆိုသည့် သမ္မတ ဦး သိန်းစိန်အစိုးရလက်ထက်တွင်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအားလုံးနီးပါးသည် တပ်မတော်သား(အငြိမ်းစား)များသာဖြစ်ခဲ့သည်။ တပ်မတော်၏အငွေ့အသက်များကား မကင်းခဲ့။ ထို့ အတူပင် NLD ပါတီတွင်းမှာပင် တပ်မတော်သား (အငြိမ်းစား)များကို နေရာပေးခဲ့ရသည်။ ပါတီ၏ပဲ့ ကိုင်ရှင် ဦးတင်ဦး၊ ဦးဝင်းထိန် စသည့်သူများ၊ ပါတီ စတင်ဖွဲ့စည်းစဉ်ကပါဝင်ခဲ့သည့် ဦးအောင်ကြည်၊ ဦး အောင်ရွှေစသည့်သူများဖြစ်ကြသည်။ ပြောရမည်ဆို ပါက ခေတ်ကာလများကို သုံးသပ်ပြောကြားမည်ဆို လျှင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသည်များကို ခြုံငုံသုံးသပ်ရမည်ဖြစ်သော်လည်း ဤဆောင်းပါး သည် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကလေ့လာတင် ပြခြင်းဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရှိခဲ့ခြင်း၊ မရှိခဲ့ ခြင်းအပေါ် သုံးသပ်တင်ပြရခြင်းဖြစ်သည်။
အစိုးရအဆက်ဆက် လုပ်ဆောင်ချက်များ သည် အားလုံးကောင်းပါသည်ဟုကားဆို၍ရနိုင်မည် မဟုတ်ပေ။ မည်သို့ဆိုပါစေ အစိုးရအဆက်ဆက် ခေါင်းဆောင်များသည် နိုင်ငံအတွက်လုပ်ဆောင်ရန် လိုအပ်သည်များကိုကား ဆက်လက်လုပ်ဆောင်သွား ကြသည်သာဖြစ်သည်။ လုပ်ဆောင်နေကြမည်သာ ဖြစ်သည်။ ကောင်း၏ဆိုး၏ကို အချိန်ကအဖြေပေး ပေလိမ့်မည်။ စစ်အစိုးရဖြစ်သော(နအဖ)သည် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင် စွာရေးဆွဲခဲ့ပြီး၊ (၂၀၁၀)ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေ စီစနစ်သို့ ပထမဆုံးခြေလှမ်းကို စတင်လှမ်းနိုင်ခဲ့ကြ သည်။ ထိုအချိန်ထိုကာလများသည် နိုင်ငံအဝန်း တည်ငြိမ်အေးချမ်းစွာရှိခဲ့ကြောင်း မည်သူမျှငြင်းကွယ် နိုင်ကြမည်မဟုတ်ပေ။ အထူးသဖြင့် နယ်စပ်ဒေသများ ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (လက်နက်ကိုင် တော်လှန်ရေးဝါရင့်၊ သမ္ဘာရင့်များဖြစ်သော ကရင်၊ ကချင်) စသည်များအပါအဝင် (၁၇) ဖွဲ့နှင့် ငြိမ်းချမ်း ရေးတည်ဆောက်နိုင်ခဲ့ကာ မြန်မာနိုင်ငံ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်နိုင် ခဲ့ကြသည်။ (၂၀၁၀)ပြည့်နှစ်တွင် (၂၀ဝ၈)ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို စတင်ကျင့်သုံးခဲ့ပြီး ပါတီစုံဒီ မိုကရေစီရွေးကောက်ပွဲကိုကျင်းပကာ၊ အနိုင်ရပါတီ ကဦးဆောင်၍ ဒီမိုကရေစီအစိုးရဖွဲ့စည်းပြီး နိုင်ငံ့တာ ဝန်ကို လွှဲပြောင်းလက်ခံယူခဲ့သည်။ (၂၀ဝ၈)ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပြည်သူများ၏ဆန္ဒဖြင့် ရွေး ချယ်တင်မြှောက်ခြင်းခံရသည့် သမ္မတဦးသိန်းစိန်အစိုး ရသည် တပ်မတော်အစိုးရ၏လုပ်ဆောင်ခဲ့သည့် (ကောင်းမွေ၊ ဆိုးမွေ)များကို လက်ဆင့်ကမ်းရယူကာ နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး
နိုင်ငံတစ်နိုင်ငံ၏အခြေခံအဆောက်အအုံ ဖြစ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အခြားသောလုပ်ငန်းရပ်အသီးသီးတို့ ဖွံဖြိုးတိုးတက်အောင်ဆောင် ရွက်နိုင်ရန်မှာ နိုင်ငံတည်ငြိမ်ရေးနှင့် အေးချမ်းသာယာ ရှိရန်လိုအပ်ပေသည်။ ငြိမ်းချမ်းရေးရှိမှသာလျှင် သာယာဝပြောသောနိုင်ငံတော်ကိုတည်ဆောက်နိုင်ကြပေ မည်။ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ကို နှစ်ပေါင်း(၈၀) နီးပါးမျှ ခါးသီးစွာကြုံတွေ့နေခဲ့ရသောနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်မငြိမ်မှု များနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများထူပြောသော နိုင်ငံလည်းဖြစ်သည်။ မြန်မာပြည်သူများသည် ဗြိတိ သျှလက်အောက် နှစ်ပေါင်း (၁၀ဝ)ကျော် သူ့ကျွန်ဘဝနှင့်နေခဲ့ရစဉ်ကတည်းကပင် လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြရသလို၊ လွတ်လပ် ရေးရပြီးနောက်ပိုင်းတွင်လည်း အယူအဆ သဘော တရားရေးရာကွဲလွဲမှုများ၊ တိုင်းရင်းသားလူမျိုးအချင်း ချင်း အယုံအကြည်လွဲမှားမှုများကြောင့် ပဋိပက္ခများ ဖြစ်ကာ တိုက်ပွဲများဆက်လက်ဆင်နွှဲနေကြသဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် ထိခိုက် ဆုံးရှုံးမှုများ၊ အားနည်းချက်များ ဖြစ်ပေါ်ခဲ့ရသည်။ တစ်နေရာတွင် တည်ဆောက်လိုက်၊ တစ်နေရာတွင် ဖျက်ဆီးလိုက်နှင့် သမင်မွေးရင်း ကျားစားရင်းဖြင့် လုံး ချာလိုက်နေခဲ့ရသည်။ ဖျက်ဆီးခံလိုက်ရသော လမ်း၊ တံတားများ၊ စက်ရုံ၊ အလုပ်ရုံများ စသည်တို့သည် ပြည်သူများ၏ဘဏ္ဍာငွေများဖြစ်ကြသည်။ ဖျက်ဆီးခံ လိုက်ရသဖြင့် ပြည်သူ့ဘဏ္ဍာများ နစ်နာဆုံးရှုံးရသကဲ့ သို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများလုပ် ဆောင်နေရသဖြင့် အချိန်ကုန်ခဲ့ရသည်။ အချိန်ကုန်၊ ငွေကုန်ခဲ့ကြရသည်။
မြန်မာနိုင်ငံနည်းတူ တိုင်းတစ်ပါး နိုင်ငံခြား သားတို့၏ အသိမ်းပိုက်ခံ၊ အအုပ်ချုပ်ခံဘဝသို့ရောက် ရှိခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့သော အိမ်နီးချင်း နိုင်ငံများမှာမူ လွတ်လပ်ရေးရပြီးနောက် နိုင်ငံထူ ထောင်ရေးလုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ရင်း တိုးတက်သွားခဲ့ကြသည်ကို လေ့လာတွေ့မြင်ရသည်။ တောင်အာရှနိုင်ငံများမှ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ စသည်တို့သည်လည်းကောင်း၊ အရှေ့တောင်အာရှနိုင် ငံများမှ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံတို့သည်လည်းကောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်လာ နေကြသည်မှာ အားကျစရာပင်ဖြစ်သည်။ အဆိုပါ နိုင်ငံများ ယခုကဲ့သို့ တိုးတက်အောင်မြင်လာခြင်းမှာ ပြည်တွင်းပဋိပက္ခများ၊ စစ်ပွဲများမရှိသောကြာင့်ဖြစ် သည်။ အားကျအတုယူစရာကောင်းသော သင်ခန်းစာ ပင်ဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိပြီး၊ နိုင်ငံတိုးတက်သာယာမည်ဆို ခြင်းကို ခေတ်အဆက်ဆက် နိုင်ငံရေးခေါင်းဆောင် များသိမြင်ခဲ့ကြသည်။ ထို့ကြောင့် ပြည်တွင်းတည်ငြိမ် အေးချမ်းရေးရရန်အတွက် နိုင်ငံတော် အစိုးရအဆက် ဆက်တို့က မိမိတို့တတ်နိုင်သလို ကြိုးစားအားထုတ်ခဲ့ ကြသည်။ အလျှော့အတင်း၊ အပေးအယူများဖြင့် လုပ် ဆောင်ခဲ့ကြသည်။ အောင်မြင်ခြင်းကား မရှိခဲ့။ အယူ သည်း၊ အစွဲအလမ်းကြီးမှု၊ ကိုယ်ကျိုးအတ္တကြီးမှု စ သည့်အချက်များကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ မအောင်မမြင်ဖြစ်ခဲ့ရခြင်းဖြစ်သည်။ တကယ်ငြိမ်းချမ်း ရေးလိုလားကြလျှင် ရိုးသားပွင့်လင်းသည့် အခြေခံသ ဘောထားများထားရှိကြရန်လည်းလိုသည်။
သို့ရာတွင် အချို့သောအဖွဲ့အစည်များမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအကြောင်းပြု၍ နိုင်ငံရေး အမြတ်ထုတ်သွားသည်များကိုမြင်တွေ့ခဲ့ရသည်။ မည်သို့ဆိုစေ၊ (၂၀၁၀)ပြည့်နှစ်တွင်တာဝန်ယူခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရသည် တပ်မတော်အစိုးရ (နအဖ)လက်ထက်ကရယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များမှတစ်ဆင့် ထာဝရ အပစ်အ ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အတွက် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသူနိုင်ငံသား များ တွေ့ကြုံခံစားနေကြရသည့်စစ်ပွဲများ၏အနိဋ္ဌာရုံ မှာနှစ်ပေါင်း (၇၀)ကျော်ကြာမြင့်ခဲ့ပြီး ခါးသီးသော အ တွေ့အကြုံများကိုတွေ့ခဲ့ကြရသည်။ နိုင်ငံသူနိုင်ငံ သားများအနေဖြင့် စစ်ပွဲများ၏ဒဏ်ရာဒဏ်ချက် ကြောင့် မိသားစုများ အကွဲကွဲ၊ အပြားပြားဖြစ်ခဲ့ရ သည်။ လင်သေ၊ သားဆုံးဘဝ အနိဋ္ဌာရုံများကို ကြုံ တွေ့ခဲ့ကြရသည်။ စည်းစိမ်ဥစ္စာရတနာတို့ ဆုံးပါးခဲ့ ကြရသည်။ အိုးပစ် အိမ်ပစ် ဒေသရပ်ရွာကိုစွန့်ခွာကာ တစ်နယ်တစ်ကျေးသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာကြာမြင့်နေသည့် ပဋိ ပက္ခဆိုးမွေများကိုအဆုံးသတ်၍ ဖက်ဒရယ်နှင့်ဒီမိုက ရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် သမ္မတ ဦးသိန်းစိန်အစိုးရသည် ကြေညာချက်အမှတ် (၁/ ၂၀၁၁)ဖြင့် (၂၀၁၁)ခုနှစ် ဩဂုတ်လ (၁၈)ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို ကမ်းလှမ်းဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ၿငိမ္းခ်မ္းေရးသူရဲေကာင္းမ်ား အလိုရွိသည္
စစ္မုန္း (NP News) - စက္တင္ဘာလ ၁ဝ
ႏိုင္ငံေတာ္၏ေလွ်ာက္လွမ္းခဲ့ေသာခရီး
ျမန္မာႏိုင္ငံလြတ္လပ္ေရးရခဲ့သည္မွာ (၁၉၄၈)ခုႏွစ္မွဆိုလွ်င္ ႏွစ္ေပါင္း (၇၀) ေက်ာ္ (၈၀)နီးပါးမွ်ရွိခဲ့ၿပီ။ ဤကာလမ်ားအတြင္း ႏိုင္ငံေတာ္သည္ အုပ္ခ်ဳပ္ေရးစနစ္မ်ိဳးစုံ၊ အေ႐ႊ႕အေျပာင္းမ်ိဳးစုံ၊ အလႈပ္ အခတ္မ်ိဳးစုံႏွင့္ ႀကဳံႀကိဳက္ခဲ့ရသည္။ ဖဆပလ အုပ္ ခ်ဳပ္ခဲ့ေသာ ပါလီမန္ဒီမိုကေရစီေခတ္၊ တပ္မေတာ္ အစိုးရအုပ္ခ်ဳပ္ခဲ့ေသာ ေတာ္လွန္ေရးေကာင္စီေခတ္၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီအုပ္ခ်ဳပ္ခဲ့ေသာ ဆို ရွယ္လစ္ဒီမိုကေရစီေခတ္၊ (နဝတ၊ နအဖ) အုပ္ခ်ဳပ္ခဲ့ ေသာ စစ္အစိုးရေခတ္၊ ပါတီစုံ ဒီမိုကေရစီေခတ္ စသည္မ်ားကိုျဖတ္သန္းခဲ့ၾကရသည္။ ႏိုင္ငံသည္ လြတ္လပ္ေရးရၿပီး (၁၉၄၈) ခုႏွစ္တြင္ပင္ ျပည္တြင္း ေသာင္းက်န္းမႈႏွင့္ ႀကဳံခဲ့ရသည္။
ျပည္သူမ်ားသည္ စစ္ေဘးႏြံအတြင္း နစ္ မြန္းေနခဲ့ရသည္။ ျဖတ္သန္းလာခဲ့ရေသာႏွစ္ေပါင္း (၈၀)နီးပါးကာလအတြင္း ႏိုင္ငံေတာ္၏အတည္ၿငိမ္ ဆုံးအခ်ိန္ကာလမ်ားကိုၾကည့္ေသာအခါ (၁၉၆၂)ခု ႏွစ္ တပ္မေတာ္က အာဏာကိုသိမ္းယူခဲ့ၿပီး၊ (၁၉၇၄) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ႏိုင္ငံေတာ္အာဏာ ကို ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ျဖင့္တည္ေဆာက္ခဲ့ သည့္ (အုပ္ခ်ဳပ္ခဲ့သည့္) (၁၉၈၈) ခုႏွစ္အထိကာလကို ျပၾကရမည္ျဖစ္သည္။ ဤကာလတြင္ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈအားနည္းခဲ့သည္ဆိုေသာ္လည္း တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းမႈရွိခဲ့သည္ဆိုျခင္းကိုေတာ့ ဝန္ခံရ မည္။ ျပည္သူမ်ား၏ အတြင္းသေဘာတြင္ မည္သို႔ပင္ ရွိေနသည္ဆိုေစကာမူ တိုင္းရင္းသားျပည္သူမ်ား၏စည္းလုံးညီၫြတ္မႈလည္းအားေကာင္းခဲ့သည္။ အ လုပ္သမား၊ လယ္သမား၊ ေက်ာင္းသားစသည့္ အလႊာ အသီးသီး၏ညီၫြတ္မႈကိုလည္း ေတြ႕ျမင္ခဲ့ရသည္။
ဤကာလအတြင္း ျပည္တြင္းေသာင္းက်န္း မႈတို႔ခ်ဳပ္ၿငိမ္းသြားခဲ့သည္။ ျပည္တြင္း တည္ၿငိမ္ေအး ခ်မ္းေရးကို အေႏွာင့္အယွက္ျပဳေနေသာသူပုန္မ်ား သည္ အစုအဖြဲ႕ငယ္မ်ားအျဖစ္ နယ္စြန္နယ္ဖ်ားေဒသ မ်ားသို႔ေရာက္ရွိသြားခဲ့ၾကသည္။ ဗမာျပည္ ကြန္ျမဴနစ္ ပါတီ(ဗဟို)ဆိုလွ်င္ လုံးဝခ်ဳပ္ၿငိမ္းသြားသည့္အဆင့္ သို႔ေရာက္ရွိသြားခဲ့သည္။ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသည္လည္း မိမိတို႔တိုင္းရင္းသားလူ မ်ိဳးမ်ားရွိရာ ေနရာေဒသအတြင္းသာ ကြက္၍ လႈပ္ရွား ေနႏိုင္ေတာ့သည္။ တိုင္းရင္းသားျပည္သူမ်ားမွာတည္ ၿငိမ္ေအးခ်မ္းစြာျဖင့္ လုပ္ကိုင္၊ သြားလာ ေနထိုင္ခဲ့ၾက ရသည္။
ထို႔အတူပင္ (၁၉၈၈)ခုႏွစ္တြင္ ႏိုင္ငံေတာ္ အာဏာကို လႊဲေျပာင္းရယူထိန္းသိမ္းခဲ့ရေသာ စစ္အ စိုးရ (နဝတ၊ နအဖ)လက္ထက္မွသည္ (၂၀၁၀) ျပည့္ႏွစ္ကာလအထိလည္း တည္ၿငိမ္ေအးခ်မ္းမႈရွိခဲ့ သည္။ ေဈးကြက္စီးပြားေရးစနစ္ကိုက်င့္သုံးခဲ့သျဖင့္ စီးပြားေရးလုပ္ငန္းမ်ားဖြံ႕ၿဖိဳးလာခဲ့သည္။ ျပည္တြင္းမွ စီးပြားေရးလုပ္ငန္းရွင္မ်ား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားႀကီးထြား လာသလို၊ ျပည္ပမွရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလည္း အထိုက္ အေလ်ာက္ ဝင္ေရာက္လာခဲ့သည္။ စက္႐ုံ၊ အလုပ္႐ုံ မ်ား ထူေထာင္ဖြင့္လွစ္ၾကျခင္းျဖင့္ ျပည္တြင္းအလုပ္ အကိုင္အခြင့္အလမ္းမ်ား ေပၚထြန္းလာခဲ့သည္။
သို႔ရာတြင္ ျပည္တြင္းမွ ခေလာက္ဆန္သူ မ်ား၏ ပေယာဂပူးသတ္ခံရၿပီး ျပည္ပအင္အားႀကီး ႏိုင္ငံအခ်ိဳ႕၏စီးပြားေရးပိတ္ပင္မႈေၾကာင့္ တိုးတက္ႏိုင္ သေလာက္တိုးတက္ႏိုင္ျခင္းမရွိခဲ့။ သို႔ရာတြင္ ႏိုင္ငံ ေတာ္၏အစီအမံျဖင့္ လမ္းတံတားမ်ား တိုးခ်ဲ႕ေဖာက္ လုပ္ျခင္း၊ တည္ေဆာက္ျခင္းမ်ားျပဳလုပ္ေပးခဲ့ျခင္း ေၾကာင့္ လမ္းပန္းဆက္သြယ္ေရးတိုးတက္လာခဲ့သည္။ ျမစ္ေခ်ာင္းေပါမ်ားေသာ ရခိုင္ျပည္နယ္၊ ေတာင္တန္း ေတာင္ကုန္းေပါမ်ားေသာ ခ်င္းျပည္နယ္ကဲ့သို႔ သြားလာေရးခက္ခဲေသာေနရာေဒသမ်ားတြင္ ၿမိဳ႕နယ္ ခ်င္းဆက္၊ ခ႐ိုင္ခ်င္းဆက္၊ တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္ခ်င္းဆက္လမ္းမ်ား ကြန္ရက္ထိုးသလို ျဖစ္ ေပၚလာခဲ့သည္။ ရခိုင္ျပည္နယ္ဆိုလွ်င္ ယခင္က ေရလမ္းေၾကာင္းႏွင့္ေလေၾကာင္းလမ္းကိုသာ အားကိုးခဲ့ ရေသာ္လည္း (၁၉၉၀) ျပည့္လြန္ႏွစ္မ်ားမွစတင္ကာ ျပည္နယ္အတြင္းမွာသာမက ႐ိုးမအေရွ႕ေဒသမ်ားသို႔ ပါ ကားလမ္းျဖင့္ အခ်ိန္မေ႐ြးသြားလာႏိုင္ခဲ့သည္။
စစ္ေတြ-ရန္ကုန္ခရီးကို (၁၈)နာရီမွ်ျဖင့္ သြားေရာက္ႏိုင္ခဲ့သလို ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ (၁၇) ၿမိဳ႕နယ္အတက္ မာန္ေအာင္ၿမိဳ႕နယ္မွအပ ၿမိဳ႕နယ္ မ်ားအားလုံးသို႔ ကားျဖင့္သြားလာႏိုင္ခဲ့ၾကသည္။ ဧရာ ဝတီတိုင္းေဒသႀကီးတြင္လည္း ေရနက္ကြင္းမ်ားရွိေန သျဖင့္ ရန္ကုန္-ပုသိမ္သြားလာေရးခက္ခဲေနခဲ့ရာ ေရ လမ္းျဖင့္သာသြားလာခဲ့ရသည္ကို ကားလမ္းေၾကာင္း ျဖင့္သြားလာႏိုင္ခဲ့သည္။ ဧရာဝတီတိုင္းေဒသႀကီးတြင္ လည္း လမ္းကြန္ရက္မ်ားျဖစ္ေပၚလာခဲ့သည္။ ထို႔အ တူ တနသၤာရီတိုင္းေဒသႀကီးတြင္လည္း ေရလမ္းခရီး ကိုသာ အဓိကအားထားေနရာမွ ကုန္းလမ္းေၾကာင္း ျဖင့္ ဆက္သြယ္သြားလာႏိုင္ခဲ့ၾကသည္။ အလားတူပင္ အျခားျပည္နယ္မ်ား၊ တိုင္းေဒသႀကီးမ်ားတြင္လည္း လမ္းပန္းဆက္သြယ္ေရးေတြတိုးတက္ခဲ့သည္ဆိုျခင္း ကို အားလုံးမ်က္ျမင္ပင္ျဖစ္သည္။
(နဝတ၊ နအဖ) အစိုးရသည္ ဆည္ေျမာင္း တာတမံ တည္ေဆာက္ေပးျခင္းျဖင့္ စိုက္ပ်ိဳးေရးတိုးတက္လာေစရန္လုပ္ေဆာင္ေပးျခင္း၊ ေရအားလွ်ပ္စစ္ စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေပးျခင္းျဖင့္ လွ်ပ္စစ္ဓာတ္အားသုံးစြဲႏိုင္ရန္ စီမံေဆာင္႐ြက္ေပး ျခင္းျဖင့္ တိုင္းျပည္၏စီးပြားေရးမွာတည္ၿငိမ္တိုးတက္ခဲ့ သည္။ ဤအေၾကာင္းမ်ားကို စာေရးသူေရးသားတင္ျပ ေနျခင္းမွာ စစ္အစိုးရအဆက္အဆက္အား ခ်ီးက်ဴး ေထာမနာျပဳေနျခင္းကား မဟုတ္ပါ။ သို႔ရာတြင္ မိမိ တို႔ႏိုင္ငံအေနျဖင့္ ေရွ႕ဆက္ရမည့္ခရီးစဥ္မ်ားတြင္ ေလ့လာသိရွိစရာမ်ား၊ သင္ခန္းစာယူစရာမ်ားရွိက ေလ့လာသိရွိႏိုင္ရန္ရည္႐ြယ္ၿပီး တင္ျပရျခင္းသာျဖစ္ သည္။ ေလ့လာသင္ယူႏိုင္ရန္သာျဖစ္သည္။
တပ္မေတာ္၏ပါဝင္ခဲ့မႈ
အဆိုပါကာလမ်ားအတြင္း (၁၉၆၄) ခုႏွစ္ မွစတင္ခဲ့သည့္ ဆိုရွယ္လစ္စီးပြားေရးစနစ္ဆိုသည့္ ေခါင္းစဥ္ေအာက္တြင္ ျမန္မာျပည္သူမ်ားသည္ ဆင္း ရဲက်ပ္တည္းေသာ စီးပြားေရးလူေနမႈစနစ္ကိုျဖတ္ သန္းခဲ့ရသည္။ တရားမဝင္ ေမွာင္ခိုစီးပြားေရးလုပ္ငန္း ျဖင့္ ဘဝကိုျဖတ္သန္းခဲ့ၾကရသည္။ (၁၉၆၂) ခုႏွစ္မွ (၂၀၁၀)ျပည့္ႏွစ္အထိ အုပ္ခ်ဳပ္ေရးက႑အသီးသီး တြင္ တပ္မေတာ္၏အုပ္ခ်ဳပ္မႈေအာက္၌ေနခဲ့ၾကရ သည္။ (၁၉၇၄) ခုႏွစ္မွ (၁၉၈၈) ခုႏွစ္အထိ လမ္းစဥ္ ပါတီ အရပ္သားအစိုးရဟုဆိုေသာ္လည္း တပ္မေတာ္ အရာရွိ (အၿငိမ္းစား)မ်ားကသာ ရပ္ကြက္/ေက်း႐ြာ အဆင့္မွသည္ ဗဟိုအဆင့္အထိ တပ္မေတာ္သား (အၿငိမ္းစား)အမ်ားစုကသာ ထိပ္ပိုင္းေနရာမ်ားရယူ ထားခဲ့သည္။
တပ္မေတာ္သည္ ျပည္သူမ်ားႏွင့္အဓိက ထိေတြ႕ဆက္ဆံရေသာစီမံခန႔္ခြဲေရးတာဝန္မ်ားကို ယူခဲ့သျဖင့္ ျပည္သူမ်ား၏အျမင္မွားမႈစသည္မ်ားကို တပ္မေတာ္ကခံယူခဲ့ရသည္။ (၁၉၈၈)ခုႏွစ္မွ (၂၀၁၀)ျပည့္ႏွစ္အထိကာလကား တပ္မေတာ္အစိုးရ စစ္စစ္ျဖစ္ရာ တပ္မေတာ္၏ဦးေဆာင္မႈမ်ားရွိခဲ့သည္။ (၁၉၈၈)ခုႏွစ္ေနာက္ပိုင္းတြင္ တပ္မေတာ္ေထာက္ လွမ္းေရးတပ္ဖြဲ႕၏အာဏာႀကီးထြားလာမႈဒဏ္ကို လည္း ျပည္သူမ်ား ခါးစည္းခံခဲ့ရာ တပ္မေတာ္အေပၚ ျပည္သူမ်ား၏ အျမင္မၾကည္လင္မႈမ်ားစြာရွိခဲ့သည္။ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ဖြဲ႕စည္းျဖစ္ ေပၚခဲ့သည့္ ဒီမိုကေရစီအစိုးရဟုဆိုသည့္ သမၼတ ဦး သိန္းစိန္အစိုးရလက္ထက္တြင္လည္း ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္မ်ားအားလုံးနီးပါးသည္ တပ္မေတာ္သား(အၿငိမ္းစား)မ်ားသာျဖစ္ခဲ့သည္။ တပ္မေတာ္၏အေငြ႕အသက္မ်ားကား မကင္းခဲ့။ ထို႔ အတူပင္ NLD ပါတီတြင္းမွာပင္ တပ္မေတာ္သား (အၿငိမ္းစား)မ်ားကို ေနရာေပးခဲ့ရသည္။ ပါတီ၏ပဲ့ ကိုင္ရွင္ ဦးတင္ဦး၊ ဦးဝင္းထိန္ စသည့္သူမ်ား၊ ပါတီ စတင္ဖြဲ႕စည္းစဥ္ကပါဝင္ခဲ့သည့္ ဦးေအာင္ၾကည္၊ ဦး ေအာင္ေ႐ႊစသည့္သူမ်ားျဖစ္ၾကသည္။ ေျပာရမည္ဆို ပါက ေခတ္ကာလမ်ားကို သုံးသပ္ေျပာၾကားမည္ဆို လွ်င္ စီးပြားေရး၊ ႏိုင္ငံေရး၊ လူမႈေရး စသည္မ်ားကို ၿခဳံငုံသုံးသပ္ရမည္ျဖစ္ေသာ္လည္း ဤေဆာင္းပါး သည္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို အဓိကေလ့လာတင္ ျပျခင္းျဖစ္သျဖင့္ တည္ၿငိမ္ေအးခ်မ္းမႈ ရွိခဲ့ျခင္း၊ မရွိခဲ့ ျခင္းအေပၚ သုံးသပ္တင္ျပရျခင္းျဖစ္သည္။
အစိုးရအဆက္ဆက္ လုပ္ေဆာင္ခ်က္မ်ား သည္ အားလုံးေကာင္းပါသည္ဟုကားဆို၍ရႏိုင္မည္ မဟုတ္ေပ။ မည္သို႔ဆိုပါေစ အစိုးရအဆက္ဆက္ ေခါင္းေဆာင္မ်ားသည္ ႏိုင္ငံအတြက္လုပ္ေဆာင္ရန္ လိုအပ္သည္မ်ားကိုကား ဆက္လက္လုပ္ေဆာင္သြား ၾကသည္သာျဖစ္သည္။ လုပ္ေဆာင္ေနၾကမည္သာ ျဖစ္သည္။ ေကာင္း၏ဆိုး၏ကို အခ်ိန္ကအေျဖေပး ေပလိမ့္မည္။ စစ္အစိုးရျဖစ္ေသာ(နအဖ)သည္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေအာင္ျမင္ စြာေရးဆြဲခဲ့ၿပီး၊ (၂၀၁၀)ျပည့္ႏွစ္တြင္ ပါတီစုံဒီမိုကေရ စီစနစ္သို႔ ပထမဆုံးေျခလွမ္းကို စတင္လွမ္းႏိုင္ခဲ့ၾက သည္။ ထိုအခ်ိန္ထိုကာလမ်ားသည္ ႏိုင္ငံအဝန္း တည္ၿငိမ္ေအးခ်မ္းစြာရွိခဲ့ေၾကာင္း မည္သူမွ်ျငင္းကြယ္ ႏိုင္ၾကမည္မဟုတ္ေပ။ အထူးသျဖင့္ နယ္စပ္ေဒသမ်ား ရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (လက္နက္ကိုင္ ေတာ္လွန္ေရးဝါရင့္၊ သမာၻရင့္မ်ားျဖစ္ေသာ ကရင္၊ ကခ်င္) စသည္မ်ားအပါအဝင္ (၁၇) ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္း ေရးတည္ေဆာက္ႏိုင္ခဲ့ကာ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအး ခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကိုလုပ္ေဆာင္ႏိုင္ ခဲ့ၾကသည္။ (၂၀၁၀)ျပည့္ႏွစ္တြင္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕ စည္းပုံအေျခခံဥပေဒကို စတင္က်င့္သုံးခဲ့ၿပီး ပါတီစုံဒီ မိုကေရစီေ႐ြးေကာက္ပြဲကိုက်င္းပကာ၊ အႏိုင္ရပါတီ ကဦးေဆာင္၍ ဒီမိုကေရစီအစိုးရဖြဲ႕စည္းၿပီး ႏိုင္ငံ့တာ ဝန္ကို လႊဲေျပာင္းလက္ခံယူခဲ့သည္။ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕ စည္းပုံအေျခခံဥပေဒအရ ျပည္သူမ်ား၏ဆႏၵျဖင့္ ေ႐ြး ခ်ယ္တင္ေျမႇာက္ျခင္းခံရသည့္ သမၼတဦးသိန္းစိန္အစိုး ရသည္ တပ္မေတာ္အစိုးရ၏လုပ္ေဆာင္ခဲ့သည့္ (ေကာင္းေမြ၊ ဆိုးေမြ)မ်ားကို လက္ဆင့္ကမ္းရယူကာ ႏိုင္ငံတာဝန္မ်ားကို ဆက္လက္ထမ္းေဆာင္ခဲ့သည္။
ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတည္ေဆာက္ေရး
ႏိုင္ငံတစ္ႏိုင္ငံ၏အေျခခံအေဆာက္အအုံ ျဖစ္ေသာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္အျခားေသာလုပ္ငန္းရပ္အသီးသီးတို႔ ဖြံၿဖိဳးတိုးတက္ေအာင္ေဆာင္ ႐ြက္ႏိုင္ရန္မွာ ႏိုင္ငံတည္ၿငိမ္ေရးႏွင့္ ေအးခ်မ္းသာယာ ရွိရန္လိုအပ္ေပသည္။ ၿငိမ္းခ်မ္းေရးရွိမွသာလွ်င္ သာယာဝေျပာေသာႏိုင္ငံေတာ္ကိုတည္ေဆာက္ႏိုင္ၾကေပ မည္။ ျမန္မာႏိုင္ငံသည္ ျပည္တြင္းစစ္ကို ႏွစ္ေပါင္း(၈၀) နီးပါးမွ် ခါးသီးစြာႀကဳံေတြ႕ေနခဲ့ရေသာႏိုင္ငံျဖစ္သည္။
ျမန္မာႏိုင္ငံသည္ ႏိုင္ငံေရးမတည္မၿငိမ္မႈ မ်ားႏွင့္အတူ လက္နက္ကိုင္ပဋိပကၡမ်ားထူေျပာေသာ ႏိုင္ငံလည္းျဖစ္သည္။ ျမန္မာျပည္သူမ်ားသည္ ၿဗိတိ သွ်လက္ေအာက္ ႏွစ္ေပါင္း (၁၀ဝ)ေက်ာ္ သူ႔ကြၽန္ဘဝႏွင့္ေနခဲ့ရစဥ္ကတည္းကပင္ လြတ္လပ္ေရးအတြက္ ႐ုန္းကန္လႈပ္ရွားတိုက္ပြဲဝင္ခဲ့ၾကရသလို၊ လြတ္လပ္ ေရးရၿပီးေနာက္ပိုင္းတြင္လည္း အယူအဆ သေဘာ တရားေရးရာကြဲလြဲမႈမ်ား၊ တိုင္းရင္းသားလူမ်ိဳးအခ်င္း ခ်င္း အယုံအၾကည္လြဲမွားမႈမ်ားေၾကာင့္ ပဋိပကၡမ်ား ျဖစ္ကာ တိုက္ပြဲမ်ားဆက္လက္ဆင္ႏႊဲေနၾကသျဖင့္ တိုင္းျပည္တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ ထိခိုက္ ဆုံးရႈံးမႈမ်ား၊ အားနည္းခ်က္မ်ား ျဖစ္ေပၚခဲ့ရသည္။ တစ္ေနရာတြင္ တည္ေဆာက္လိုက္၊ တစ္ေနရာတြင္ ဖ်က္ဆီးလိုက္ႏွင့္ သမင္ေမြးရင္း က်ားစားရင္းျဖင့္ လုံး ခ်ာလိုက္ေနခဲ့ရသည္။ ဖ်က္ဆီးခံလိုက္ရေသာ လမ္း၊ တံတားမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား စသည္တို႔သည္ ျပည္သူမ်ား၏ဘ႑ာေငြမ်ားျဖစ္ၾကသည္။ ဖ်က္ဆီးခံ လိုက္ရသျဖင့္ ျပည္သူ႔ဘ႑ာမ်ား နစ္နာဆုံးရႈံးရသကဲ့ သို႔ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားလုပ္ ေဆာင္ေနရသျဖင့္ အခ်ိန္ကုန္ခဲ့ရသည္။ အခ်ိန္ကုန္၊ ေငြကုန္ခဲ့ၾကရသည္။
ျမန္မာႏိုင္ငံနည္းတူ တိုင္းတစ္ပါး ႏိုင္ငံျခား သားတို႔၏ အသိမ္းပိုက္ခံ၊ အအုပ္ခ်ဳပ္ခံဘဝသို႔ေရာက္ ရွိခဲ့ရၿပီး ျပန္လည္လြတ္ေျမာက္ခဲ့ေသာ အိမ္နီးခ်င္း ႏိုင္ငံမ်ားမွာမူ လြတ္လပ္ေရးရၿပီးေနာက္ ႏိုင္ငံထူ ေထာင္ေရးလုပ္ငန္းမ်ားကို ေဇာက္ခ်လုပ္ကိုင္ရင္း တိုးတက္သြားခဲ့ၾကသည္ကို ေလ့လာေတြ႕ျမင္ရသည္။ ေတာင္အာရွႏိုင္ငံမ်ားမွ အိႏၵိယႏိုင္ငံ၊ ပါကစၥတန္ႏိုင္ငံ စသည္တို႔သည္လည္းေကာင္း၊ အေရွ႕ေတာင္အာရွႏိုင္ ငံမ်ားမွ ဖိလစ္ပိုင္ႏိုင္ငံ၊ မေလးရွားႏိုင္ငံ၊ အင္ဒိုနီးရွား ႏိုင္ငံတို႔သည္လည္းေကာင္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္လာ ေနၾကသည္မွာ အားက်စရာပင္ျဖစ္သည္။ အဆိုပါ ႏိုင္ငံမ်ား ယခုကဲ့သို႔ တိုးတက္ေအာင္ျမင္လာျခင္းမွာ ျပည္တြင္းပဋိပကၡမ်ား၊ စစ္ပြဲမ်ားမရွိေသာၾကာင့္ျဖစ္ သည္။ အားက်အတုယူစရာေကာင္းေသာ သင္ခန္းစာ ပင္ျဖစ္သည္။
တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမွ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈရွိၿပီး၊ ႏိုင္ငံတိုးတက္သာယာမည္ဆို ျခင္းကို ေခတ္အဆက္ဆက္ ႏိုင္ငံေရးေခါင္းေဆာင္ မ်ားသိျမင္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ျပည္တြင္းတည္ၿငိမ္ ေအးခ်မ္းေရးရရန္အတြက္ ႏိုင္ငံေတာ္ အစိုးရအဆက္ ဆက္တို႔က မိမိတို႔တတ္ႏိုင္သလို ႀကိဳးစားအားထုတ္ခဲ့ ၾကသည္။ အေလွ်ာ့အတင္း၊ အေပးအယူမ်ားျဖင့္ လုပ္ ေဆာင္ခဲ့ၾကသည္။ ေအာင္ျမင္ျခင္းကား မရွိခဲ့။ အယူ သည္း၊ အစြဲအလမ္းႀကီးမႈ၊ ကိုယ္က်ိဳးအတၱႀကီးမႈ စ သည့္အခ်က္မ်ားေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတို႔ မေအာင္မျမင္ျဖစ္ခဲ့ရျခင္းျဖစ္သည္။ တကယ္ၿငိမ္းခ်မ္း ေရးလိုလားၾကလွ်င္ ႐ိုးသားပြင့္လင္းသည့္ အေျခခံသ ေဘာထားမ်ားထားရွိၾကရန္လည္းလိုသည္။
သို႔ရာတြင္ အခ်ိဳ႕ေသာအဖြဲ႕အစည္မ်ားမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကိုအေၾကာင္းျပဳ၍ ႏိုင္ငံေရး အျမတ္ထုတ္သြားသည္မ်ားကိုျမင္ေတြ႕ခဲ့ရသည္။ မည္သို႔ဆိုေစ၊ (၂၀၁၀)ျပည့္ႏွစ္တြင္တာဝန္ယူခဲ့သည့္ သမၼတ ဦးသိန္းစိန္အစိုးရသည္ တပ္မေတာ္အစိုးရ (နအဖ)လက္ထက္ကရယူခဲ့ေသာ တိုင္းရင္းသား လက္နက္ကိုင္မ်ားႏွင့္ ယာယီအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မ်ားမွတစ္ဆင့္ ထာဝရ အပစ္အ ခတ္ရပ္စဲေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္ေရး အတြက္ တစ္ႏိုင္ငံလုံးအပစ္အခတ္ ရပ္စဲေရးအတြက္ ဖိတ္ေခၚေဆာင္႐ြက္ခဲ့သည္။ ျမန္မာႏိုင္ငံသူႏိုင္ငံသား မ်ား ေတြ႕ႀကဳံခံစားေနၾကရသည့္စစ္ပြဲမ်ား၏အနိ႒ာ႐ုံ မွာႏွစ္ေပါင္း (၇၀)ေက်ာ္ၾကာျမင့္ခဲ့ၿပီး ခါးသီးေသာ အ ေတြ႕အႀကဳံမ်ားကိုေတြ႕ခဲ့ၾကရသည္။ ႏိုင္ငံသူႏိုင္ငံ သားမ်ားအေနျဖင့္ စစ္ပြဲမ်ား၏ဒဏ္ရာဒဏ္ခ်က္ ေၾကာင့္ မိသားစုမ်ား အကြဲကြဲ၊ အျပားျပားျဖစ္ခဲ့ရ သည္။ လင္ေသ၊ သားဆုံးဘဝ အနိ႒ာ႐ုံမ်ားကို ႀကဳံ ေတြ႕ခဲ့ၾကရသည္။ စည္းစိမ္ဥစၥာရတနာတို႔ ဆုံးပါးခဲ့ ၾကရသည္။ အိုးပစ္ အိမ္ပစ္ ေဒသရပ္႐ြာကိုစြန႔္ခြာကာ တစ္နယ္တစ္ေက်းသို႔ ထြက္ေျပးခိုလႈံခဲ့ၾကရသည္။ ျမန္မာႏိုင္ငံ၏ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ေနသည့္ ပဋိ ပကၡဆိုးေမြမ်ားကိုအဆုံးသတ္၍ ဖက္ဒရယ္ႏွင့္ဒီမိုက ေရစီ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္ သမၼတ ဦးသိန္းစိန္အစိုးရသည္ ေၾကညာခ်က္အမွတ္ (၁/ ၂၀၁၁)ျဖင့္ (၂၀၁၁)ခုႏွစ္ ဩဂုတ္လ (၁၈)ရက္တြင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ားကို ကမ္းလွမ္းဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။
(ဆက္လက္ေဖာ္ျပပါမည္)