ကြိုတင်ဆန္ဒမဲပေးရာတွင် ဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတတည့်တည့်တွင်ရှိသည့် လေးထောင့်အကွက်အတွင်း အမှန်ခြစ်(✓ )ဖြင့် မဲပေးရမည်

196

သန့်ဇင်(NP News)-နိုဝင်ဘာ ၅
ကြိုတင်ဆန္ဒပေးမည့်သူများ မဲပေးရာတွင် မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတတည့်တည့်တွင်ရှိသော လေးထောင့် အကွက် အတွင်း၌သာ အမှန်ခြစ် (✓ )ဖြင့် မဲပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ထုတ်ပြန်ထား ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅ နှင့် ပုဒ်မ ၄၇ အရ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင် ဆန္ဒမဲပေး ရာတွင် ကြိုတင်ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိဆန္ဒပြုလိုသော လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတတည့်တည့်တွင်ရှိသော လေးထောင့်အကွက်အတွင်း၌ ဘောလ်ပင်ဖြင့် အမှန်(✓)အမှတ်အသားရေးခြစ်၍ ဆန္ဒပြုရမည်ဖြစ်ကြောင်း သိရသည်။
ဘောလ်ပင်ဖြင့် အမှန်ခြစ် (✓) အမှတ်အသား ရေးခြစ်၍ ဆန္ဒပြုရမည့် ကြိုတင်ဆန္ဒမဲလက်မှတ်များအတွက် ခိုင်လုံမဲနမူနာပုံစံများနှင့် ပယ်မဲနမူနာပုံစံ များကိုလည်း (UEC)က ထုတ်ပြန်အသိပေး ကြေညာထားကြောင်း သိရသည်။

Zawgyi Version:
ႀကိဳတင္ဆႏၵမဲေပးရာတြင္ ဆႏၵျပဳလိုေသာ ကိုယ္စားလွယ္ေလာင္း၏ အမည္ႏွင့္ သေကၤတတည့္တည့္တြင္ရွိသည့္ ေလးေထာင့္အကြက္အတြင္း အမွန္ျခစ္(✓ )ျဖင့္ မဲေပးရမည္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၅
ႀကိဳတင္ဆႏၵေပးမည့္သူမ်ား မဲေပးရာတြင္ မိမိဆႏၵျပဳလိုေသာ ကိုယ္စားလွယ္ေလာင္း၏ အမည္ႏွင့္ သေကၤတတည့္တည့္တြင္ရွိေသာ ေလးေထာင့္ အကြက္ အတြင္း၌သာ အမွန္ျခစ္ (✓ )ျဖင့္ မဲေပးရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) ထုတ္ျပန္ထား ေၾကာင္း သိရသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္စတင္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
အေထြေထြေ႐ြးေကာက္ပြဲတြင္ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၄၅ ႏွင့္ ပုဒ္မ ၄၇ အရ ႀကိဳတင္ဆႏၵမဲ ေပးပိုင္ခြင့္ရွိေသာ မဲစာရင္းပါရွိသည့္ သက္ဆိုင္ရာ ၿမိဳ႕နယ္ျပင္ပေရာက္ မဲဆႏၵရွင္မ်ားႏွင့္ သက္ဆိုင္ရာရပ္ကြက္ႏွင့္ ေက်း႐ြာ အုပ္စုေကာ္မရွင္အဖြဲ႕ခြဲတြင္ ႀကိဳတင္ဆႏၵမဲေပးမည့္ မဲဆႏၵရွင္မ်ားအေနျဖင့္ ဆႏၵမဲလက္မွတ္ျဖင့္ ႀကိဳတင္ ဆႏၵမဲေပး ရာတြင္ ႀကိဳတင္ဆႏၵမဲလက္မွတ္ေပၚတြင္ မိမိဆႏၵျပဳလိုေသာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ အမည္ႏွင့္ သေကၤတတည့္တည့္တြင္ရွိေသာ ေလးေထာင့္အကြက္အတြင္း၌ ေဘာလ္ပင္ျဖင့္ အမွန္(✓)အမွတ္အသားေရးျခစ္၍ ဆႏၵျပဳရမည္ျဖစ္ေၾကာင္း သိရသည္။
ေဘာလ္ပင္ျဖင့္ အမွန္ျခစ္ (✓) အမွတ္အသား ေရးျခစ္၍ ဆႏၵျပဳရမည့္ ႀကိဳတင္ဆႏၵမဲလက္မွတ္မ်ားအတြက္ ခိုင္လုံမဲနမူနာပုံစံမ်ားႏွင့္ ပယ္မဲနမူနာပုံစံ မ်ားကိုလည္း (UEC)က ထုတ္ျပန္အသိေပး ေၾကညာထားေၾကာင္း သိရသည္။