" လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လုပ်ဖို့ လွယ်တော့မလွယ်ဘူး ခက်ခဲမှုတော့ ရှိတာပေါ့ "

 149

ဦးစံတင့် (ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ) - နိုဝင်ဘာ ၅

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ အခြေစိုက်သည့် ပါတီတစ်ခုဖြစ်ကာ လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုလည်းဖြစ်သည်။ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီနှင့် ပတ်သက်၍ ပါတီ၏မူဝါဒ၊ အနာဂတ်ရည်မှန်းချက်များနှင့် ရွေးကောက်ပွဲအတွက် ကြိုးပမ်း အားထုတ်ရာတွင် တွေ့ကြုံရမှုများကို ယင်းပါတီမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးစံတင့်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။ လာမယ့်ရွေးကောက်ပွဲအပေါ်ဘယ်လိုမြင်လဲ။ ဘာကြောင့် ရွေးကောက်ပွဲ ဝင်တာလဲ။
ဖြေ။ ကျွန်တော်တို့ကတော့ အရွေ့တစ်ခု ပြောင်း သွားအောင်အတွက် ရွေးကောက်ပွဲဝင်တာ ဖြစ်ပါ တယ်။ ဒီရွေးကောက်ပွဲဖြစ်သွားရင်တော့ အပြောင်း အလဲတစ်ခုဖြစ်သွားမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်အကျိုးရှိသွားမှာဖြစ်သလို လောလောဆယ် လက်ရှိ လူတွေကြုံတွေ့နေရတဲ့ အခြေအနေတွေပါ ပြောင်းလဲသွားမယ်လို့ ထင်ပါ တယ်။ ဘာတွေပြောင်းလဲသွားမလဲဆိုရင် သွားလာ ရေးကစလို့ လုံခြုံရေးအထိ ပေါ့ဗျာ။ သွားလာရတာတွေ သိပ်အဆင်မပြေတာတွေရော စားဝတ်နေရေးတွေ ရောပေါ့နော်။ လောလောဆယ် ဖြစ်နေတဲ့ အခက်အခဲ ပြဿနာတွေပေါ့နော်။ ဒါတွေကလည်း တော်တော် အခက်အခဲဖြစ်နေကြတာပါ။ ဒါတွေဟာ ရွေး ကောက်ပွဲပြီးရင် ပြောင်းလဲသွားနိုင်မှာပါ။
မေး။ ဘယ်မြို့နယ်တွေမှာ ဝင်ပြိုင်သွားဖို့ရှိလဲ။
ဖြေ ။ ဒီရွေးကောက်ပွဲကို ဝင်မယ့်တိုင်းရင်းသားပါတီ ဖြစ်တော့ မြို့နယ်(၇)မြို့နယ်မှာ ရွေးကောက်ပွဲဝင် မယ်။ ကျွန်တော်တို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ က (၂)မြို့နယ်ရှိတယ်။ အဓိကတော့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို အဓိကထားတာပါ။ ရွာငံ၊ ပင်းတယ၊ရပ်စောက်၊ နောင်ချို၊ ကလော၊ တောင်ကြီးနဲ့ ညောင်ရွှေမြို့တွေမှာ ဝင်ပြိုင်သွားမှာပါ။
မေး။ UEC ရဲ့ သတ်မှတ်ချက် စည်းကမ်းတွေနဲ့ ကိုက်ညီအောင် ဘယ်လိုတွေကြိုးစားခဲ့ရသလဲ။
ဖြေ။ ကျွန်တော်တို့က တိုင်းရင်းသားပါတီငယ်လေးလည်းဖြစ်တယ်။ နောက်ပြီး ရွေးကောက်ပွဲမှာက PR လည်းပါလာတဲ့အခါကျတော့ ရွေးကောက်ပွဲဝင်ရမယ့် ငွေရေးကြေးပိုင်းနဲ့ပတ်သက်ရင် အရမ်းအခက်အခဲ ရှိတာပေါ့။ တိုင်းရင်းသားပါတီဖြစ်တော့ ရံပုံငွေလည်း မရှိဘူး။ ကိုယ့်မှာရှိတာနဲ့ပဲ လုပ်ကြရတာပေါ့။ပါတီ ငယ်ဖြစ်တဲ့ အခါကျတော့လည်း ငွေရေးကြေးရေး အခက်အခဲရှိတာပေါ့။ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကိုယ့် အဖွဲ့လေးတွေနဲ့ စုစည်းပြီးတော့ ဆောင်ရွက်ရတာ ရှိပါတယ်။ တခြားပါတီကြီးတွေလိုမျိုးတော့ အဆင် ပြေတယ်လို့တော့ မဟုတ်ပါဘူး။ လုပ်ငန်း အဆင်ပြေ အောင်ပဲ ကြိုးစားရတာပေါ့။ ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သတ်မှတ်လူဦးရေပြည့်မှီဖို့ အတွက် ကျတော့လည်း အရင် (၂၀၂၀) ရွေးကောက်ပွဲတုန်းက တစ်ကြိမ်၊(၂၀၁၅) ခုနှစ်က တစ်ကြိမ် ဝင်ပြိုင်ခဲ့ တုန်းက ပါတီဝင်လူဦးရေတွေရှိတယ်။ သူတို့ကို ပြန်ပြီးတော့ ချိတ်ဆက်ပြီး အမာခံတွေရဲ့အကူညီနဲ့ ပြန်လုပ်ရတာပေါ့ဗျာ။ ကျေးရွာတွေမှာရှိတဲ့ အစု အဖွဲ့ခေါင်းဆောင်တွေကို ဆက်သွယ်ပြီးတော့မှ ပါတီ ကိုပြန်လည်ထူထောင်မယ်။ ပုံစံတွေ လက်မှတ်တွေ ပြန်ထိုးပေးပါဦးဆိုပြီးတော့ အကူအညီပြန်တောင်း ရတယ်။ အဲဒီထဲမှာ အများအားဖြင့်က တိုင်းရင်းသား တွေဖြစ်နေတော့ ဒါတွေကတော့ ပြောရတာကတော့ လွယ်ပါတယ်။ အဆင်ပြေပါတယ်။ အဲဒီလူဦးရေပိုင်း မှာတော့ အခက်အခဲတော့ သိပ်မဖြစ်လိုက်ဘူး။သတ်မှတ်တဲ့ လူဦးရေထက်တောင် ကျွန်တော်တို့တွေ ကျော်သွားပါသေးတယ်။
မေး။ လာမယ့်ရွေးကောက်ပွဲမှာ PR နဲ့ FPTP ရောထားတဲ့စနစ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ဒီစနစ်အရတော့ ပြီးခဲ့တဲ့ မဲရလဒ်တွေအရဆိုရင် ကျွန်တော်တို့ပါတီက လွှတ်တော်မှာ တစ်ယောက် နှစ်ယောက် ထပ်တိုးပြီးပါဝင်လာနိုင်တဲ့အတွက် လွှတ် တော်ထဲကို နိုင်ရာအကုန်ယူ ဆိုတာထက် ကိုယ်မနိုင် တာတောင် PR ထဲမှာ ကိုယ့်ပါတီထဲက တစ်ယောက် နှစ်ယောက်လောက် ပါလာလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ ဒါကြောင့်မို့ အရင်တုန်းက စန်စထက်စာရင် တော့ မဆိုးဘူးလို့ သုံးသပ်ထားကြပါတယ်။
မေး။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိင်ဖို့အတွက် အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ အဓိကကတော့ ကျွန်တော်တို့ဒေသအနေ အထားအရ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်တွေက နာမည်သာတင်ထားရတယ်။ စည်းရုံးရေး လုပ်ဖို့ အတွက်ကျတော့ နည်းနည်းအခက်အခဲလေးတွေ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ လုံခြုံရေးစိုးရိမ်ရတာ ပေါ့ဗျာ။ ကြိုက်တဲ့လူတွေလည်းရှိသလို မကြိုက်တဲ့ လူတွေလည်းရှိနေတော့ ကျွန်တော်တို့ ဓနုဒေသ ရွာငံဘက်မှာကျတော့ နည်းနည်း မတည်ငြိမ်တာတွေရှိ တယ်။ တချို့ကလည်း ပူးပေါင်းတာကြိုက်တယ်။ တချို့ကလည်း မပူးပေါင်းစေချင်တဲ့ အဖွဲ့အစည်းတွေ လည်း ရှိတာကိုး။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်လုပ်ဖို့ လွယ်တော့မလွယ်ဘူး။ ခက်ခဲမှု တော့ ရှိတာပေါ့။ ရွာတွေမှာတောင် ရပ်ကျေးတွေ တောင်မှ ကောင်းကောင်းကြီး စိတ်ချလက်ချနဲ့ သွား လာရဲတဲ့အနေအထားမျိုးမရှိဘူးပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် တော့ ပိုပြီးတော့ စိုးရိမ်ရတာပေါ့။ အနှောင့်အယှက် တော့များမှာပေါ့။ လုံခြုံရေးအရ အားနည်းမှုတွေ ရှိနေမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ သူတို့က တော့အာမခံပေမယ့် အားနည်းမှုတော့ ရှိနေဦး မှာပါ။
မေး။ ဒီတော့ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ ။ ဒါကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လိုစီ စဉ်လို့ရနိုင်မလဲဗျာ။ ဒီတော့ သီးသန့်စီစဉ်ထားတဲ့အပိုင်းမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ပါတီဝင်တွေ အချင်းချင်း တိုင်ပင်ထားတာကတော့ ပန်းဖလက်ကမ်း တာတွေကို အဓိကထားပြီး လုပ်ကြဖို့ပေါ့နော်။ နောက် ပြီး အရပ်ထဲမှာလိုက်ပြီးတော့ စည်းရုံးတဲ့ စနစ်မဟုတ် ပဲနဲ့ ပါတီဝင်အချင်းချင်း ချိတ်ဆက်ပြီးတော့မှ နီးစပ်ရာနီးစပ်ရာတွေချိတ်ဆက်ပြီးတော့ လုံခြုံရေးအရ သွားလာပြီးတော့မဲဆွယ်တာထက် ရုံးကနေပြီး စည်း ရုံးရေးလုပ်ငန်းကိုလုပ်ကြဖို့ပေါ့နော်။ ဒီလိုမျိုးတော့ စီစဉ်ထားပါတယ်။ လုံခြုံရေးကတော့ သူတို့လည်း လုံခြုံရေးယူပေးတယ်သာပြောတယ်။ တကယ်တမ်း ကျတော့ ဘယ်သူမှ အပြည့်အဝယူပေးမှာမဟုတ် ဘူးလေ။ ဒီတော့ ကိုယ်ကိုယ်တိုင်လည်း လုံခြုံအောင်၊ ကိုယ့်အဖွဲ့တွေ လုံခြုံအောင် ကိုယ့်လူတွေနဲ့ ကိုယ့် ပါတီဝင်တွေနဲ့ ဒီလိုပဲ လှုပ်ရှားကြရမှာပေါ့။
မေး။ ဒါဆိုရင် မဲဆွယ်စည်းရုံးတာကို ဘယ်လိုလုပ် မလဲ။
ဖြေ။ ကွင်းဆင်းတဲ့ အနေအထားအဆင်မပြေတဲ့ နေရာတွေအတွက်တော့ ဆိုရှယ်မီဒီယာကိုပဲသုံးပြီး တော့ မဲဆွယ်ရမှာပါပဲ။ ဒီအတွက်လည်း အစီအစဉ် တော့ ရှိပါတယ်။ တချို့အေးအေးချမ်းချမ်းနဲ့ စိတ်ချရ တဲ့နေရာတွေကတော့ရှိပါတယ်။ စိတ်မချရတာက မြို့နယ်တိုင်းတော့မဟုတ်ဘူးလေ။ ကျွန်တော်တို့ ဝင်ပြိုင်မယ့် (၇) မြို့နယ်မှာ စိတ်ချလက်ချသွားနိုင်တဲ့ နေရာတွေလည်းပါပါတယ်။ ဒီလိုနေရာတွေကျတော့ ကွင်းဆင်းမယ်ပေါ့။သွားကြမှာပေါ့။ ဥပဒေ၊ နည်း ဥပဒေဘောင်အတွင်းကနေပြီး သွားကြလာကြ လှုပ်ကြရှားကြမှာပေါ့။ ဒါပေမဲ့ စောနကပြောသလို နည်းနည်း စိတ်မချရတဲ့နယ်မြေတွေဆိုရင်တော့ လိုင်းပေါ်ကနေပြီးတော့ပဲ ကျွန်တော်တို့ ဆောင်ရွက်ကြမယ်လို့ ဆွေးနွေးထားတာတွေရှိပါ တယ်။ အားလုံးတော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော် တို့ကတော့ ကိုယ့်နယ်လေး အကျဉ်းလေးဆိုတော့ တအားကြီး အဲဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ ပြောရရင် နောင်ချိုဆိုရင်လည်း လုံးလုံးစိတ်ချရတယ် လို့ ပြောလို့မရဘူးလေဗျာ။ စိတ်မချဘူးလို့ဆိုတာထက် လူတွေက စိတ်ကိုက မလုံခြုံတော့သလို ဖြစ်နေတာ ပေါ့နော်။ အခုလောလောဆယ်အေးချမ်းသွားပြီဆို ပေမယ့်လည်း စိတ်ကတော့ သိပ်မလုံခြုံသေးဘူးပေါ့ ဗျာ။ ဒီတော့ ဒီလိုပဲ မဲဆွယ်သွားရမှာပေါ့။
မေး။ ပါတီ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက် ခဲ့ရင် ဘယ်အရာတွေကို အရင်ဆုံးလုပ်သွားမလဲ။
ဖြေ။ ကျွန်တော်ကတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အထဲမှာ မပါပါဘူး။ ရွေးကောက်ပွဲအတွက် လိုအပ် တာတွေကို ကူညီဆောင်ရွက်ပေးရတဲ့အပိုင်းကိုတာဝန်ယူထားပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲကို ရောက်ရင် ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ တကယ်လုပ်ဆောင်နိုင်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့၊ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရနိုင်တဲ့ ဥပဒေတွေပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်သွားဖို့ စီစဉ်ထားကြပါတယ်။ ကျွန်တော်တို့ဒေသမှာ ခရီး သွားလုပ်ငန်းတွေက (၂၀၁၀)လောက်ကတည်းက ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးလာပြီးမှ အခု (၂၀၂၀) နောက်ပိုင်းမှာ ဒါတွေပျက်သွားတယ်။ အဓိကတော့ ကျွန်တော်တို့ဒေသ ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာဖို့ရယ်၊ နောက်ပြီး စီးပွားရေးအရ တည်လုပ်ရမယ့် အရာတွေကမူထဲမှာလည်း ရှိသလို တကယ်လည်း လုပ်ခဲ့ကြတာပါ။ ဒါတွေကိုပြန်လုပ်ရမှာပေါ့နော်။ နောက်ပြီး စီးပွားရေးနဲ့ပတ်သက်လာရင်လည်း သယံ ဇာတတွေလည်း ရှိသင့်ရှိထိုက်သလောက်တော့ ရှိပါ တယ်။ ဒါပေမဲ့ ရှိတဲ့အထဲမှာမှ ထွက်လာတဲ့ သယံဇာ တကိုမှ ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တိုက်ရိုက်အကျိုးခံစားခွင့်ကတော့ သိပ်မရှိခဲ့ ဘူးလို့ ပြောရမှာပဲလေ။ ဥပမာ - သတ္တုတွင်းတွေတူး တယ်ဗျာ။ ဒီလုပ်ငန်းမျိုးတွေနဲ့ပတ်သက်လာရင် ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွက် ရသင့်ရထိုက်သလောက် အကျိုးခံစားခွင့်မရရှိခဲ့ကြ ပါဘူး။ တခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ တော့ ဥပမာအားဖြင့် သတ္ထုတူးတယ်ဆိုရင် အဲဒီရဲ့ (၆၀)ရာခိုင်နှုန်းကို နိုင်ငံတော်က ယူပြီးတော့ ကျန်တဲ့ (၄၀)ရာခိုင်နှုန်းကို အဲဒီဒေသတွေအတွက်ဆိုပြီး ရှိကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာ အုပ်ချုပ် ခဲ့ကြတဲ့သူတွေကကျတော့ ပါတီကြီးရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲနေရတဲ့ သူတွေဖြစ်တဲ့အခါ ကျွန်တော်တို့ အတွက် ထဲထဲဝင်ဝင်၊ တိတိကျကျ ပြတ်ပြတ်သားသား ပြောပေးမယ့် လူမျိုးတွေ မရှိခဲ့တော့ ကျွန်တော်တို့မှာ နစ်နာခဲ့ရတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ ကျွန် တော်တို့ကတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိနိုင်အောင် လွှတ်တော်ထဲကိုရောက်ရင် ဆောင် ရွက်ရမယ်ဆိုတာတော့ ရှိပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ တိုင်းရင်း သားအားလုံးရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး နယ်ပယ်အသီးသီးမှာ တန်းတူ ရည်တူလုပ်ပိုင်ခွင့်ပေါ့ ဗျာ။ တိုင်းရင်းသားအားလုံးတန်းတူပေါ့ဗျာ။ ဒီလိုလုပ် ပိုင်ခွင့်ရဖို့ ဆန္ဒရှိပါတယ်။ ဒါကို အကောင်အထည် ဖော်သွားမှာပါ။
မေး။ ပြည်သူတွေကကော ပါတီအပေါ်မှာ ဘယ်လို သဘောရှိကြပါသလဲ။
ဖြေ။ ကျွန်တော်တို့ကတော့ တိုင်းရင်းသား ပါတီ ငယ် တွေဆိုတော့ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ပါတီမျိုး လည်းမဟုတ်ပါဘူး။ ကိုယ့်ဒေသ အစိတ်အပိုင်းလေး မှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မယ့် ပါတီမျိုးဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ပါတီထဲမှာ ဝင်ရောက်ပြီး လုပ်ဆောင်နေတဲ့လူတွေ ကတော့ ကိုယ့်ဒေသ၊ ကိုယ့်အမျိုးသားရေးအတွက်ကို ရည်မှန်းပြီးတော့မှ အကောင်းဆုံးဖြစ်အောင် လုပ်နေ ကြတာကို သိကြပါတယ်။ တချို့ကလည်း လူမျိုးရေး ကို အခြေခံတဲ့အတွက် အမြင်ကျဉ်းတယ်ဆိုပြီးတော့မှ ပြောကြတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့က အဲဒီလိုမမြင်ပါဘူး။ ပအို့ဝ်က သူ့ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ နဲ့သူ ၊သူ့ဒေသဖွံ့ဖြိုးတိုးတက်အောင်။ ဓနုလည်း သူ့ဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင် ဆောင်ရွက်နိုင်တယ်။ တိုင်းရင်းသားပေါင်းစုံကလည်း သူတို့အပိုင်းလိုက်မှာ ကောင်းအောင်လုပ်ကြမယ် ဆိုရင်တော့ တိုင်းပြည်ကောင်းစားသွားမယ်လို့ ကျွန် တော်တို့က မျှော်လင့်ထားတာပါ။ ဒီတော့ ကျွန်တော် တို့မဲဆန္ဒရှင်တွေကတော့ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး တွေ ဖွံ့ဖြိုးတိုးတက်လာစေချင်တယ်။ နောက်ပြီး ကိုယ့်နိုင်ငံထဲမှာလည်း အရေးပါတဲ့လူမျိုး၊ ဂုဏ်ရှိတဲ့ လူမျိုးဖြစ်အောင်တော့ ကျွန်တော်တို့ကို ကြိုးစားဖန် တီးစေချင်တဲ့ သဘောရှိကြပါတယ်။ ရှင်းရှင်းပြောရ ရင်တော့ ပြောတော့သာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ့ဗျာ။ ကျွန်တော်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွေးကောက်ပွဲဝင်ပြီးတော့မှ အုပ်ချုပ်တဲ့သူ တွေကျတော့ ကျွန်တော်တို့ဓနုတွေကို ဖော်òန်းနိုင် တဲ့ အဆင့်မျိုးမရောက်လာဘူး။ ပြီးခဲ့တဲ့ ရွေးကောက် ပွဲတုန်းကဆိုရင် ပါတီကြီးတွေပဲ အနိုင်ယူသွားခဲ့ တယ်။ ဒါပေမဲ့ အမျိုးသားရေးလက္ခဏာကျတော့ ပြည်ထောင်စုအဆင့်မှာ ပြန်ကြည့်လိုက်မယ်ဆိုရင် အမျိုးသားရေးစရိုက်လက္ခဏာတွေကို ဖော်ပြနိုင်တဲ့ လူတွေ တစ်ယောက်မှမပြခဲ့ဘူးပေါ့ဗျာ။ ဥပမာအားဖြင့် ဗျာ ကျွန်တော်တို့တိုင်းရင်းသားဝတ်စုံလေးနဲ့ လွှတ် တော်ထဲမှာ မြင်ချင်တာပေါ့ဗျာ။ ဒါရိုးရိုးရှင်းရှင်းနဲ့ အသေးအဖွဲလေးပေါ့ဗျာ။ အနည်းဆုံးကတော့ တိုင်း ရင်းသား ဝတ်စုံလေးနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးတင် ပြတာလေးကို လိုချင်ကြတာပေါ့။ ဒါပေမဲ့ မဲပေး လိုက်တဲ့လူတွေကတော့ ဒီမှာတော့ ဓနု၊ ဓနုနဲ့ ပေါ့ ဗျာ။ တကယ့် လွှတ်တော်ထဲကို ရောက်သွားရင် ဓနုဝတ်စုံဝတ်ရတဲ့သူတွေ တစ်ယောက်မှ မပါဘူး။ ဓနုအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တင်ပြမယ့်သူ၊ ပြောပေးမယ့်သူ မရှိဘူးလို့တောင် အားလုံးကထင်နေ ကြတာ။ ဒီလိုဆိုတော့ ပြည်သူတွေက ဓနုရဲ့ ဂုဏ် သိက္ခာ မြှင့်တင်ပေးနိုင်တာမျိုးတွေကို လိုချင်ကြတာ ပေါ့ဗျာ။ ကျွန်တော်တို့က ပြည်မက တခြားပါတီကြီး တွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ဒေသတွေဖြစ်နေတော့ ဒီလိုတွေဖြစ်နေတာပေါ့။ လူကတော့ဓနုပေါ့ဗျာ၊ လွှတ်တော်ထဲကိုရောက်တဲ့အခါ ဓနုဝတ်စုံလေးဝတ် ခွင့်မရဘူးဆိုတော့ ဒါလေးကတော့ စိတ်မကောင်းကြ ဘူးပေါ့ဗျာ ကျွန်တော်တို့ဒေသကလူတွေက။ ဒါ ကြောင့်မို့လို့ အမျိုးသားရေး စရိုက်လက္ခဏာလေး ပေါ်လာအောင် လောလောဆယ်မှာ ဘာမှမလုပ်နိုင် သေးရင်တောင် လွှတ်တော်ထဲမှာ သူများတိုင်းရင်း သားနည်းတူ မြင်ချင်ကြတာပေါ့။ ကိုယ့်တိုင်းရင်းသား ဝတ်စုံလေးတွေနဲ့လေ။ ဒါက နိုင်ငံရေးရည်မှန်းချက်မဟုတ်ရင်တောင် ဒါလေးတွေကအစ မမြင်ရတော့ စိတ်မကောင်းဖြစ်ကြရတာပေါ့။ ဒါကြောင့် ကျွန်တော် တို့ကလည်း ဒါတွေဖြစ်ဖြစ်လာအောင် လုပ်ဖို့ ကြိုးစား နေတာဖြစ်တော့ ပြည်သူတွေက သဘောကျကြတာ ပေါ့။
မေး။ လာမယ့်ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်လဲ။
ဖြေ။ လာမယ့်ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာ စောနက ကျွန်တော်ပြောသလိုပဲ လုံခြုံရေးအခက် အခဲကြောင့် လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားလာရတာ နည်းနည်းတော့ အခက်အခဲရှိမယ်။အရင် (၂၀၁၅၊ ၂၀၂၀) တုန်းကတော့ လှုပ်ရှားစည်းရုံး သွားလာတာမျိုးတွေ ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခု အဲဒီအခြေအနေကို ပြန်ရောက်ဖို့တော့ မရှိတော့ဘူး။သွားဖို့လည်း အဆင်မပြေတော့ဘူး။ ဒါကတစ်ပိုင်း ပေါ့။ နောက်တစ်ခုက ကျွန်တော်တို့က တိုင်းရင်းသား တွေဆိုတော့ ရွေးကောက်ပွဲမှာ သူတို့ပြောတဲ့ စက်နဲ့ မဲပေးတဲ့စနစ်ဖြစ်နေတော့ တချို့တွေက နားမလည်ဘဲ အမှားမှား အယွင်းယွင်းဖြစ်မှာကိုတော့ စိုးရိမ်မိပါ တယ်။ ဒါကျွန်တော်တို့အမြင်ပေါ့ဗျာ။ တိုင်းရင်းသား တွေကတော့ သိတဲ့အတိုင်းပဲ နည်းနည်း ပညာတတ် တဲ့လူလောက်ကတော့ ပြဿနာမရှိဘူးပေါ့။ကျန်တဲ့သူတွေကကျတော့ ခလုတ်ပဲနှိပ်ရမယ်ဆိုရင် ဘယ်ခ လုတ်ကို ဘာနှိပ်လို့ ဘာလုပ်ရမှန်းမသိဘူးပေါ့။အဲဒီလိုမျိုး ပြဿနာမျိုးတွေ ဖြစ်လာနိုင်မယ်လို့ ထင် ပါတယ်။ နောက်ပြီး တချို့နေရာတွေမှာဆိုရင်လည်း မဲလာပေးဖို့အတွက် အခက်အခဲရှိမယ်လို့ထင်ပါ တယ်။ သွားရေလာရေးအဆင်မပြေတဲ့နေရာတွေ ပေါ့နော်။ သွားရေးလာရေးကလည်း ရှိသေးတာကိုး။ နယ်မြေလုံခြုံရေးအခြေအနေအရ ပြည်သူတွေ မဲလာ မထည့်ကြမှာကိုစိုးရိမ်ရပါတယ်။ တချို့ကလည်း ဘာမှမသိဘူး။ ဒါပေမဲ့ ဖုန်းတွေနဲ့ လိုင်းပေါ်မှာကြည့်ပြီး တော့ တောင်ပြောမြောက်ပြောပြောတဲ့ဟာတွေကို ကြည့်ပြီးတော့ လန့်တာ၊ စိုးရိမ်တာတွေလည်းရှိ တယ်။ မဲရုံသွားရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်တို့ မဲပေးရင် ဘာဖြစ်မယ်၊ ဘာဖြစ်မယ် ဆိုပြီးလျောက် ပြောထားတာကိုကြည့်ပြီးတော့ စိုးရိမ်နေတာတွေ လည်း ရှိပါတယ်။ ပြည်သူတွေစိတ်ထဲမှာပေါ့။ ဒါတွေ လည်း ဘယ်လိုအဆင်ပြေလာမလဲ မပြောပြတက် တော့ပါဘူး။
မေး။ ဒီတော့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကိုကော လက်နက်ကိုင်တွေက ခြိမ်းခြောက်တာမျိုးတွေ ရှိလား။
ဖြေ ။ လောလောဆယ်တော့ ကျွန်တော်တို့ လွှတ် တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးပြီးတော့ တင်တယ်။ ပါတီပြန်လည်ထူထောင်မယ်ဆိုတုန်းကလည်း တချို့ကတော့ မတည်ထောင်သင့်ဘူး။ တချို့ က တည်ထောင်သင့်တယ်ဆိုပြီး ပြောကြတာတွေ ကြားထဲက ကျွန်တော်တို့က တည်ထောင်လိုက်တယ်။ တိုင်းရင်းသားပါတီငယ်ဖြစ်တဲ့အခါကျတော့ (၈၀) ရာခိုင်နှုန်းလောက်ကတော့ ကျွန်တော်တို့ကို အား ပေးကြတာပေါ့နော်။ လိုတဲ့လူတွေရှိသလို မလိုတဲ့လူ တွေလည်း ရှိကြတာကိုး။ ဒီတော့ အခုအချိန်အ ထိတော့ ကျွန်တော်တို့ကို တိုက်ရိုက်၊တိုက်ခိုက်ရန်ရှာ၊ ခြိမ်းခြောက်မှုတွေတော့ မရှိသေးဘူး။ ဒီမှာရှိတဲ့ လူဦးရေရဲ့ (၉၀)ရာခိုင်နှုန်းလောက်ကလည်း ကိုယ့် ဓနုတိုင်းရင်းသားတွေပဲ ဖြစ်တာလေ။ ဒီတော့ ကျွန် တော်တို့လုပ်တာကလည်း ဓနုတွေအတွက်ပဲ လုပ် တာဆိုတော့ သူတို့ကလည်း ရွေးကောက်ပွဲဝင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ခြိမ်းခြောက်တာတို့၊ ရန် ရှာတာတို့ကတော့မတွေ့သေးပါဘူး။ ကျွန်တော်တို့ နည်းနည်းဆိုးတယ်ဆိုတဲ့ နောင်ချိုမှာတောင် ဒီလိုမျိုး မကြားမိပါဘူး။ အဓိကတော့ နောင်ချိုနဲ့ ရွာငံဘက် တွေက နည်းနည်းလေး စိုးရိမ်ရတယ်ဆိုပေမယ့် ကျန်တဲ့ မြို့နယ်တွေက ပြောစရာမလိုဘူးလေ။ အခုအချိန် အထိတော့ ခြိမ်းခြောက်ခံရတာတွေ မရှိသေးပါဘူး။
မေး။ ရွေးကောက်ပွဲကို ကန့်ကွက်နေကြတဲ့သူတွေကို ဘာပြောချင်လဲ။
ဖြေ။ ကျွန်တော်ပြောသလိုပါပဲ ဒီရွေးကောက်ပွဲကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ။ မကြိုက် ဘူးဆိုပြီး ဒီရွေးကောက်ပွဲကို ပျက်အောင်ဖျက်မယ်၊ရွေးကောက်ပွဲမလုပ်အောင် တိုက်ကြမယ်ဟေ့ ဆိုရင် နောက်ဆုံး ရွေးကောက်ပွဲမဖြစ်ရင် ဘယ်သူတွေပဲ ဖြစ်နေမှာလဲဆိုတာကို စဉ်းစားဖို့လိုတယ်။ ရွေး ကောက်ပွဲမဖြစ်တော့ရင် ဒီတပ်မတော်အစိုးရကပဲ ဆက်သွားနေမှာလေ။ ဘာပဲဖြစ်ဖြစ် ရွေးကောက် ပွဲသာဖြစ်သွားခဲ့ရင် တပ်မတော်အစိုးရနဲ့ပေါင်းပြီး အရပ်သားအစိုးရတစ်ပိုင်းတော့ ပါလာနိုင်မှာပေါ့။ သူများတွေပြောနေကြတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ တစ်ပိုင်းတစ်စ လွတ်သွားတယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားမှာပါ။ ရွေးကောက်ပွဲသာ မလုပ်ဖြစ်ရင် ဒီအခု အတိုင်းပဲ ဆက်သွားနေမှာလေ။ ဒီတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲကို ဖြစ်မြောက်စေချင်တယ်။ ဒီလိုဖြစ်မြောက်ဖို့အတွက် လည်း ကူညီပံ့ပိုးသင့်တယ်လို့ မြင်တယ်။ ဒီလိုပဲအား လုံးကိုလည်း ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

Zawgyi Verion:
" လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္လုပ္ဖို႔ လြယ္ေတာ့မလြယ္ဘူး ခက္ခဲမႈေတာ့ ရွိတာေပါ့ "
ဦးစံတင့္ (ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ) - ႏိုဝင္ဘာ ၅
ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီသည္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ႐ြာငံၿမိဳ႕ အေျခစိုက္သည့္ ပါတီတစ္ခုျဖစ္ကာ လာမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ တိုင္းေဒသႀကီး၊ ျပည္နယ္အဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခုလည္းျဖစ္သည္။ ဓႏုတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီႏွင့္ ပတ္သက္၍ ပါတီ၏မူဝါဒ၊ အနာဂတ္ရည္မွန္းခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳးပမ္း အားထုတ္ရာတြင္ ေတြ႕ႀကဳံရမႈမ်ားကို ယင္းပါတီမွ ဒုတိယဥကၠ႒အျဖစ္ တာဝန္ယူထားသည့္ ဦးစံတင့္ႏွင့္ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး။ လာမယ့္ေ႐ြးေကာက္ပြဲအေပၚဘယ္လိုျမင္လဲ။ ဘာေၾကာင့္ ေ႐ြးေကာက္ပြဲ ဝင္တာလဲ။
ေျဖ။ ကြၽန္ေတာ္တို႔ကေတာ့ အေ႐ြ႕တစ္ခု ေျပာင္း သြားေအာင္အတြက္ ေ႐ြးေကာက္ပြဲဝင္တာ ျဖစ္ပါ တယ္။ ဒီေ႐ြးေကာက္ပြဲျဖစ္သြားရင္ေတာ့ အေျပာင္း အလဲတစ္ခုျဖစ္သြားမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္အက်ိဳးရွိသြားမွာျဖစ္သလို ေလာေလာဆယ္ လက္ရွိ လူေတြႀကဳံေတြ႕ေနရတဲ့ အေျခအေနေတြပါ ေျပာင္းလဲသြားမယ္လို႔ ထင္ပါ တယ္။ ဘာေတြေျပာင္းလဲသြားမလဲဆိုရင္ သြားလာ ေရးကစလို႔ လုံၿခဳံေရးအထိ ေပါ့ဗ်ာ။ သြားလာရတာေတြ သိပ္အဆင္မေျပတာေတြေရာ စားဝတ္ေနေရးေတြ ေရာေပါ့ေနာ္။ ေလာေလာဆယ္ ျဖစ္ေနတဲ့ အခက္အခဲ ျပႆနာေတြေပါ့ေနာ္။ ဒါေတြကလည္း ေတာ္ေတာ္ အခက္အခဲျဖစ္ေနၾကတာပါ။ ဒါေတြဟာ ေ႐ြး ေကာက္ပြဲၿပီးရင္ ေျပာင္းလဲသြားႏိုင္မွာပါ။
ေမး။ ဘယ္ၿမိဳ႕နယ္ေတြမွာ ဝင္ၿပိဳင္သြားဖို႔ရွိလဲ။
ေျဖ ။ ဒီေ႐ြးေကာက္ပြဲကို ဝင္မယ့္တိုင္းရင္းသားပါတီ ျဖစ္ေတာ့ ၿမိဳ႕နယ္(၇)ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲဝင္ မယ္။ ကြၽန္ေတာ္တို႔ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ က (၂)ၿမိဳ႕နယ္ရွိတယ္။ အဓိကေတာ့ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသကို အဓိကထားတာပါ။ ႐ြာငံ၊ ပင္းတယ၊ရပ္ေစာက္၊ ေနာင္ခ်ိဳ၊ ကေလာ၊ ေတာင္ႀကီးနဲ႔ ေညာင္ေ႐ႊၿမိဳ႕ေတြမွာ ဝင္ၿပိဳင္သြားမွာပါ။
ေမး။ UEC ရဲ႕ သတ္မွတ္ခ်က္ စည္းကမ္းေတြနဲ႔ ကိုက္ညီေအာင္ ဘယ္လိုေတြႀကိဳးစားခဲ့ရသလဲ။
ေျဖ။ ကြၽန္ေတာ္တို႔က တိုင္းရင္းသားပါတီငယ္ေလးလည္းျဖစ္တယ္။ ေနာက္ၿပီး ေ႐ြးေကာက္ပြဲမွာက PR လည္းပါလာတဲ့အခါက်ေတာ့ ေ႐ြးေကာက္ပြဲဝင္ရမယ့္ ေငြေရးေၾကးပိုင္းနဲ႔ပတ္သက္ရင္ အရမ္းအခက္အခဲ ရွိတာေပါ့။ တိုင္းရင္းသားပါတီျဖစ္ေတာ့ ရံပုံေငြလည္း မရွိဘူး။ ကိုယ့္မွာရွိတာနဲ႔ပဲ လုပ္ၾကရတာေပါ့။ပါတီ ငယ္ျဖစ္တဲ့ အခါက်ေတာ့လည္း ေငြေရးေၾကးေရး အခက္အခဲရွိတာေပါ့။ ကိုယ္ထူကိုယ္ထစနစ္နဲ႔ ကိုယ့္ အဖြဲ႕ေလးေတြနဲ႔ စုစည္းၿပီးေတာ့ ေဆာင္႐ြက္ရတာ ရွိပါတယ္။ တျခားပါတီႀကီးေတြလိုမ်ိဳးေတာ့ အဆင္ ေျပတယ္လို႔ေတာ့ မဟုတ္ပါဘူး။ လုပ္ငန္း အဆင္ေျပ ေအာင္ပဲ ႀကိဳးစားရတာေပါ့။ ကြၽန္ေတာ္တို႔အတြက္ ခက္ခဲပါတယ္။ သတ္မွတ္လူဦးေရျပည့္မွီဖို႔ အတြက္ က်ေတာ့လည္း အရင္ (၂၀၂၀) ေ႐ြးေကာက္ပြဲတုန္းက တစ္ႀကိမ္၊(၂၀၁၅) ခုႏွစ္က တစ္ႀကိမ္ ဝင္ၿပိဳင္ခဲ့ တုန္းက ပါတီဝင္လူဦးေရေတြရွိတယ္။ သူတို႔ကို ျပန္ၿပီးေတာ့ ခ်ိတ္ဆက္ၿပီး အမာခံေတြရဲ႕အကူညီနဲ႔ ျပန္လုပ္ရတာေပါ့ဗ်ာ။ ေက်း႐ြာေတြမွာရွိတဲ့ အစု အဖြဲ႕ေခါင္းေဆာင္ေတြကို ဆက္သြယ္ၿပီးေတာ့မွ ပါတီ ကိုျပန္လည္ထူေထာင္မယ္။ ပုံစံေတြ လက္မွတ္ေတြ ျပန္ထိုးေပးပါဦးဆိုၿပီးေတာ့ အကူအညီျပန္ေတာင္း ရတယ္။ အဲဒီထဲမွာ အမ်ားအားျဖင့္က တိုင္းရင္းသား ေတြျဖစ္ေနေတာ့ ဒါေတြကေတာ့ ေျပာရတာကေတာ့ လြယ္ပါတယ္။ အဆင္ေျပပါတယ္။ အဲဒီလူဦးေရပိုင္း မွာေတာ့ အခက္အခဲေတာ့ သိပ္မျဖစ္လိုက္ဘူး။သတ္မွတ္တဲ့ လူဦးေရထက္ေတာင္ ကြၽန္ေတာ္တို႔ေတြ ေက်ာ္သြားပါေသးတယ္။
ေမး။ လာမယ့္ေ႐ြးေကာက္ပြဲမွာ PR နဲ႔ FPTP ေရာထားတဲ့စနစ္ကို ဘယ္လိုျမင္ပါသလဲ။
ေျဖ ။ ဒီစနစ္အရေတာ့ ၿပီးခဲ့တဲ့ မဲရလဒ္ေတြအရဆိုရင္ ကြၽန္ေတာ္တို႔ပါတီက လႊတ္ေတာ္မွာ တစ္ေယာက္ ႏွစ္ေယာက္ ထပ္တိုးၿပီးပါဝင္လာႏိုင္တဲ့အတြက္ လႊတ္ ေတာ္ထဲကို ႏိုင္ရာအကုန္ယူ ဆိုတာထက္ ကိုယ္မႏိုင္ တာေတာင္ PR ထဲမွာ ကိုယ့္ပါတီထဲက တစ္ေယာက္ ႏွစ္ေယာက္ေလာက္ ပါလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါ တယ္။ ဒါေၾကာင့္မို႔ အရင္တုန္းက စန္စထက္စာရင္ ေတာ့ မဆိုးဘူးလို႔ သုံးသပ္ထားၾကပါတယ္။
ေမး။ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိင္ဖို႔အတြက္ အဓိက စိန္ေခၚမႈေတြက ဘာေတြျဖစ္မလဲ။
ေျဖ။ အဓိကကေတာ့ ကြၽန္ေတာ္တို႔ေဒသအေန အထားအရ ေ႐ြးေကာက္ခံမယ့္ ကိုယ္စားလွယ္ေတြက နာမည္သာတင္ထားရတယ္။ စည္း႐ုံးေရး လုပ္ဖို႔ အတြက္က်ေတာ့ နည္းနည္းအခက္အခဲေလးေတြ ရွိေနပါတယ္။ ဘာလို႔လဲဆိုေတာ့ လုံၿခဳံေရးစိုးရိမ္ရတာ ေပါ့ဗ်ာ။ ႀကိဳက္တဲ့လူေတြလည္းရွိသလို မႀကိဳက္တဲ့ လူေတြလည္းရွိေနေတာ့ ကြၽန္ေတာ္တို႔ ဓႏုေဒသ ႐ြာငံဘက္မွာက်ေတာ့ နည္းနည္း မတည္ၿငိမ္တာေတြရွိ တယ္။ တခ်ိဳ႕ကလည္း ပူးေပါင္းတာႀကိဳက္တယ္။ တခ်ိဳ႕ကလည္း မပူးေပါင္းေစခ်င္တဲ့ အဖြဲ႕အစည္းေတြ လည္း ရွိတာကိုး။ ဒီေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္လုပ္ဖို႔ လြယ္ေတာ့မလြယ္ဘူး။ ခက္ခဲမႈ ေတာ့ ရွိတာေပါ့။ ႐ြာေတြမွာေတာင္ ရပ္ေက်းေတြ ေတာင္မွ ေကာင္းေကာင္းႀကီး စိတ္ခ်လက္ခ်နဲ႔ သြား လာရဲတဲ့အေနအထားမ်ိဳးမရွိဘူးေပါ့။ အဲဒီလိုဆိုေတာ့ ကြၽန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအတြက္ ေတာ့ ပိုၿပီးေတာ့ စိုးရိမ္ရတာေပါ့။ အေႏွာင့္အယွက္ ေတာ့မ်ားမွာေပါ့။ လုံၿခဳံေရးအရ အားနည္းမႈေတြ ရွိေနမယ္လို႔ေတာ့ ကြၽန္ေတာ္ထင္ပါတယ္။ သူတို႔က ေတာ့အာမခံေပမယ့္ အားနည္းမႈေတာ့ ရွိေနဦး မွာပါ။
ေမး။ ဒီေတာ့ ပါတီကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုစီစဥ္ထားပါသလဲ။
ေျဖ ။ ဒါကေတာ့ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုစီ စဥ္လို႔ရႏိုင္မလဲဗ်ာ။ ဒီေတာ့ သီးသန႔္စီစဥ္ထားတဲ့အပိုင္းမ်ိဳးေတာ့မရွိပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ပါတီဝင္ေတြ အခ်င္းခ်င္း တိုင္ပင္ထားတာကေတာ့ ပန္းဖလက္ကမ္း တာေတြကို အဓိကထားၿပီး လုပ္ၾကဖို႔ေပါ့ေနာ္။ ေနာက္ ၿပီး အရပ္ထဲမွာလိုက္ၿပီးေတာ့ စည္း႐ုံးတဲ့ စနစ္မဟုတ္ ပဲနဲ႔ ပါတီဝင္အခ်င္းခ်င္း ခ်ိတ္ဆက္ၿပီးေတာ့မွ နီးစပ္ရာနီးစပ္ရာေတြခ်ိတ္ဆက္ၿပီးေတာ့ လုံၿခဳံေရးအရ သြားလာၿပီးေတာ့မဲဆြယ္တာထက္ ႐ုံးကေနၿပီး စည္း ႐ုံးေရးလုပ္ငန္းကိုလုပ္ၾကဖို႔ေပါ့ေနာ္။ ဒီလိုမ်ိဳးေတာ့ စီစဥ္ထားပါတယ္။ လုံၿခဳံေရးကေတာ့ သူတို႔လည္း လုံၿခဳံေရးယူေပးတယ္သာေျပာတယ္။ တကယ္တမ္း က်ေတာ့ ဘယ္သူမွ အျပည့္အဝယူေပးမွာမဟုတ္ ဘူးေလ။ ဒီေတာ့ ကိုယ္ကိုယ္တိုင္လည္း လုံၿခဳံေအာင္၊ ကိုယ့္အဖြဲ႕ေတြ လုံၿခဳံေအာင္ ကိုယ့္လူေတြနဲ႔ ကိုယ့္ ပါတီဝင္ေတြနဲ႔ ဒီလိုပဲ လႈပ္ရွားၾကရမွာေပါ့။
ေမး။ ဒါဆိုရင္ မဲဆြယ္စည္း႐ုံးတာကို ဘယ္လိုလုပ္ မလဲ။
ေျဖ။ ကြင္းဆင္းတဲ့ အေနအထားအဆင္မေျပတဲ့ ေနရာေတြအတြက္ေတာ့ ဆိုရွယ္မီဒီယာကိုပဲသုံးၿပီး ေတာ့ မဲဆြယ္ရမွာပါပဲ။ ဒီအတြက္လည္း အစီအစဥ္ ေတာ့ ရွိပါတယ္။ တခ်ိဳ႕ေအးေအးခ်မ္းခ်မ္းနဲ႔ စိတ္ခ်ရ တဲ့ေနရာေတြကေတာ့ရွိပါတယ္။ စိတ္မခ်ရတာက ၿမိဳ႕နယ္တိုင္းေတာ့မဟုတ္ဘူးေလ။ ကြၽန္ေတာ္တို႔ ဝင္ၿပိဳင္မယ့္ (၇) ၿမိဳ႕နယ္မွာ စိတ္ခ်လက္ခ်သြားႏိုင္တဲ့ ေနရာေတြလည္းပါပါတယ္။ ဒီလိုေနရာေတြက်ေတာ့ ကြင္းဆင္းမယ္ေပါ့။သြားၾကမွာေပါ့။ ဥပေဒ၊ နည္း ဥပေဒေဘာင္အတြင္းကေနၿပီး သြားၾကလာၾက လႈပ္ၾကရွားၾကမွာေပါ့။ ဒါေပမဲ့ ေစာနကေျပာသလို နည္းနည္း စိတ္မခ်ရတဲ့နယ္ေျမေတြဆိုရင္ေတာ့ လိုင္းေပၚကေနၿပီးေတာ့ပဲ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ၾကမယ္လို႔ ေဆြးေႏြးထားတာေတြရွိပါ တယ္။ အားလုံးေတာ့ မဟုတ္ဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္ တို႔ကေတာ့ ကိုယ့္နယ္ေလး အက်ဥ္းေလးဆိုေတာ့ တအားႀကီး အဲဒီလိုမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဥပမာ ေျပာရရင္ ေနာင္ခ်ိဳဆိုရင္လည္း လုံးလုံးစိတ္ခ်ရတယ္ လို႔ ေျပာလို႔မရဘူးေလဗ်ာ။ စိတ္မခ်ဘူးလို႔ဆိုတာထက္ လူေတြက စိတ္ကိုက မလုံၿခဳံေတာ့သလို ျဖစ္ေနတာ ေပါ့ေနာ္။ အခုေလာေလာဆယ္ေအးခ်မ္းသြားၿပီဆို ေပမယ့္လည္း စိတ္ကေတာ့ သိပ္မလုံၿခဳံေသးဘူးေပါ့ ဗ်ာ။ ဒီေတာ့ ဒီလိုပဲ မဲဆြယ္သြားရမွာေပါ့။
ေမး။ ပါတီ ကိုယ္စားလွယ္ေတြ လႊတ္ေတာ္ထဲေရာက္ ခဲ့ရင္ ဘယ္အရာေတြကို အရင္ဆုံးလုပ္သြားမလဲ။
ေျဖ။ ကြၽန္ေတာ္ကေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အထဲမွာ မပါပါဘူး။ ေ႐ြးေကာက္ပြဲအတြက္ လိုအပ္ တာေတြကို ကူညီေဆာင္႐ြက္ေပးရတဲ့အပိုင္းကိုတာဝန္ယူထားပါတယ္။ ဒါေပမဲ့ လႊတ္ေတာ္ထဲကို ေရာက္ရင္ ကြၽန္ေတာ္တို႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသရဲ႕ အခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီးေတာ့ တကယ္လုပ္ေဆာင္ႏိုင္တဲ့ ကိုယ္ပိုင္ဆုံးျဖတ္ႏိုင္တဲ့၊ ကိုယ္ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြရႏိုင္တဲ့ ဥပေဒေတြျပ႒ာန္းႏိုင္ေအာင္ ေဆာင္႐ြက္သြားဖို႔ စီစဥ္ထားၾကပါတယ္။ ကြၽန္ေတာ္တို႔ေဒသမွာ ခရီး သြားလုပ္ငန္းေတြက (၂၀၁၀)ေလာက္ကတည္းက ခရီးသြားလုပ္ငန္းေတြဖြံ႕ၿဖိဳးလာၿပီးမွ အခု (၂၀၂၀) ေနာက္ပိုင္းမွာ ဒါေတြပ်က္သြားတယ္။ အဓိကေတာ့ ကြၽန္ေတာ္တို႔ေဒသ ခရီးသြားလုပ္ငန္းျပန္လည္ဖြံ႕ၿဖိဳးလာဖို႔ရယ္၊ ေနာက္ၿပီး စီးပြားေရးအရ တည္လုပ္ရမယ့္ အရာေတြကမူထဲမွာလည္း ရွိသလို တကယ္လည္း လုပ္ခဲ့ၾကတာပါ။ ဒါေတြကိုျပန္လုပ္ရမွာေပါ့ေနာ္။ ေနာက္ၿပီး စီးပြားေရးနဲ႔ပတ္သက္လာရင္လည္း သယံ ဇာတေတြလည္း ရွိသင့္ရွိထိုက္သေလာက္ေတာ့ ရွိပါ တယ္။ ဒါေပမဲ့ ရွိတဲ့အထဲမွာမွ ထြက္လာတဲ့ သယံဇာ တကိုမွ ကြၽန္ေတာ္တို႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြက္ တိုက္႐ိုက္အက်ိဳးခံစားခြင့္ကေတာ့ သိပ္မရွိခဲ့ ဘူးလို႔ ေျပာရမွာပဲေလ။ ဥပမာ - သတၱဳတြင္းေတြတူး တယ္ဗ်ာ။ ဒီလုပ္ငန္းမ်ိဳးေတြနဲ႔ပတ္သက္လာရင္ ကြၽန္ေတာ္တို႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသအတြက္ ရသင့္ရထိုက္သေလာက္ အက်ိဳးခံစားခြင့္မရရွိခဲ့ၾက ပါဘူး။ တျခားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာ ေတာ့ ဥပမာအားျဖင့္ သတၳဳတူးတယ္ဆိုရင္ အဲဒီရဲ႕ (၆၀)ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္က ယူၿပီးေတာ့ က်န္တဲ့ (၄၀)ရာခိုင္ႏႈန္းကို အဲဒီေဒသေတြအတြက္ဆိုၿပီး ရွိၾကတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ေဒသမွာ အုပ္ခ်ဳပ္ ခဲ့ၾကတဲ့သူေတြကက်ေတာ့ ပါတီႀကီးရဲ႕ စီမံခန႔္ခြဲမႈ ေအာက္မွာပဲေနရတဲ့ သူေတြျဖစ္တဲ့အခါ ကြၽန္ေတာ္တို႔ အတြက္ ထဲထဲဝင္ဝင္၊ တိတိက်က် ျပတ္ျပတ္သားသား ေျပာေပးမယ့္ လူမ်ိဳးေတြ မရွိခဲ့ေတာ့ ကြၽန္ေတာ္တို႔မွာ နစ္နာခဲ့ရတဲ့အပိုင္းေတြ အမ်ားႀကီးရွိပါတယ္။ ကြၽန္ ေတာ္တို႔ကေတာ့ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြကို ရရွိႏိုင္ေအာင္ လႊတ္ေတာ္ထဲကိုေရာက္ရင္ ေဆာင္ ႐ြက္ရမယ္ဆိုတာေတာ့ ရွိပါတယ္။ ႀကီးႀကီးက်ယ္က်ယ္ ေျပာရရင္ေတာ့ ဒီမိုကေရစီက်င့္စဥ္နဲ႔အညီ တိုင္းရင္း သားအားလုံးရဲ႕ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး နယ္ပယ္အသီးသီးမွာ တန္းတူ ရည္တူလုပ္ပိုင္ခြင့္ေပါ့ ဗ်ာ။ တိုင္းရင္းသားအားလုံးတန္းတူေပါ့ဗ်ာ။ ဒီလိုလုပ္ ပိုင္ခြင့္ရဖို႔ ဆႏၵရွိပါတယ္။ ဒါကို အေကာင္အထည္ ေဖာ္သြားမွာပါ။
ေမး။ ျပည္သူေတြကေကာ ပါတီအေပၚမွာ ဘယ္လို သေဘာရွိၾကပါသလဲ။
ေျဖ။ ကြၽန္ေတာ္တို႔ကေတာ့ တိုင္းရင္းသား ပါတီ ငယ္ ေတြဆိုေတာ့ တိုင္းျပည္ကို ဦးေဆာင္ႏိုင္တဲ့ ပါတီမ်ိဳး လည္းမဟုတ္ပါဘူး။ ကိုယ့္ေဒသ အစိတ္အပိုင္းေလး မွာ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ႏိုင္မယ့္ ပါတီမ်ိဳးျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ပါတီထဲမွာ ဝင္ေရာက္ၿပီး လုပ္ေဆာင္ေနတဲ့လူေတြ ကေတာ့ ကိုယ့္ေဒသ၊ ကိုယ့္အမ်ိဳးသားေရးအတြက္ကို ရည္မွန္းၿပီးေတာ့မွ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေန ၾကတာကို သိၾကပါတယ္။ တခ်ိဳ႕ကလည္း လူမ်ိဳးေရး ကို အေျခခံတဲ့အတြက္ အျမင္က်ဥ္းတယ္ဆိုၿပီးေတာ့မွ ေျပာၾကတာမ်ိဳးေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ကြၽန္ ေတာ္တို႔က အဲဒီလိုမျမင္ပါဘူး။ ပအို႔ဝ္က သူ႔ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရ နဲ႔သူ ၊သူ႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေအာင္။ ဓႏုလည္း သူ႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ကိုင္ ေဆာင္႐ြက္ႏိုင္တယ္။ တိုင္းရင္းသားေပါင္းစုံကလည္း သူတို႔အပိုင္းလိုက္မွာ ေကာင္းေအာင္လုပ္ၾကမယ္ ဆိုရင္ေတာ့ တိုင္းျပည္ေကာင္းစားသြားမယ္လို႔ ကြၽန္ ေတာ္တို႔က ေမွ်ာ္လင့္ထားတာပါ။ ဒီေတာ့ ကြၽန္ေတာ္ တို႔မဲဆႏၵရွင္ေတြကေတာ့ ကိုယ့္ေဒသ၊ ကိုယ့္လူမ်ိဳး ေတြ ဖြံ႕ၿဖိဳးတိုးတက္လာေစခ်င္တယ္။ ေနာက္ၿပီး ကိုယ့္ႏိုင္ငံထဲမွာလည္း အေရးပါတဲ့လူမ်ိဳး၊ ဂုဏ္ရွိတဲ့ လူမ်ိဳးျဖစ္ေအာင္ေတာ့ ကြၽန္ေတာ္တို႔ကို ႀကိဳးစားဖန္ တီးေစခ်င္တဲ့ သေဘာရွိၾကပါတယ္။ ရွင္းရွင္းေျပာရ ရင္ေတာ့ ေျပာေတာ့သာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ေ႐ြးေကာက္ပြဲဝင္ၿပီးေတာ့မွ အုပ္ခ်ဳပ္တဲ့သူ ေတြက်ေတာ့ ကြၽန္ေတာ္တို႔ဓႏုေတြကို ေဖာ္òန္းႏိုင္ တဲ့ အဆင့္မ်ိဳးမေရာက္လာဘူး။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ ပြဲတုန္းကဆိုရင္ ပါတီႀကီးေတြပဲ အႏိုင္ယူသြားခဲ့ တယ္။ ဒါေပမဲ့ အမ်ိဳးသားေရးလကၡဏာက်ေတာ့ ျပည္ေထာင္စုအဆင့္မွာ ျပန္ၾကည့္လိုက္မယ္ဆိုရင္ အမ်ိဳးသားေရးစ႐ိုက္လကၡဏာေတြကို ေဖာ္ျပႏိုင္တဲ့ လူေတြ တစ္ေယာက္မွမျပခဲ့ဘူးေပါ့ဗ်ာ။ ဥပမာအားျဖင့္ ဗ်ာ ကြၽန္ေတာ္တို႔တိုင္းရင္းသားဝတ္စုံေလးနဲ႔ လႊတ္ ေတာ္ထဲမွာ ျမင္ခ်င္တာေပါ့ဗ်ာ။ ဒါ႐ိုး႐ိုးရွင္းရွင္းနဲ႔ အေသးအဖြဲေလးေပါ့ဗ်ာ။ အနည္းဆုံးကေတာ့ တိုင္း ရင္းသား ဝတ္စုံေလးနဲ႔ လႊတ္ေတာ္ထဲမွာ ေဆြးေႏြးတင္ ျပတာေလးကို လိုခ်င္ၾကတာေပါ့။ ဒါေပမဲ့ မဲေပး လိုက္တဲ့လူေတြကေတာ့ ဒီမွာေတာ့ ဓႏု၊ ဓႏုနဲ႔ ေပါ့ ဗ်ာ။ တကယ့္ လႊတ္ေတာ္ထဲကို ေရာက္သြားရင္ ဓႏုဝတ္စုံဝတ္ရတဲ့သူေတြ တစ္ေယာက္မွ မပါဘူး။ ဓႏုအခြင့္အေရးနဲ႔ပတ္သက္ၿပီးေတာ့ တင္ျပမယ့္သူ၊ ေျပာေပးမယ့္သူ မရွိဘူးလို႔ေတာင္ အားလုံးကထင္ေန ၾကတာ။ ဒီလိုဆိုေတာ့ ျပည္သူေတြက ဓႏုရဲ႕ ဂုဏ္ သိကၡာ ျမႇင့္တင္ေပးႏိုင္တာမ်ိဳးေတြကို လိုခ်င္ၾကတာ ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔က ျပည္မက တျခားပါတီႀကီး ေတြရဲ႕ လႊမ္းမိုးမႈကို ခံေနရတဲ့ ေဒသေတြျဖစ္ေနေတာ့ ဒီလိုေတြျဖစ္ေနတာေပါ့။ လူကေတာ့ဓႏုေပါ့ဗ်ာ၊ လႊတ္ေတာ္ထဲကိုေရာက္တဲ့အခါ ဓႏုဝတ္စုံေလးဝတ္ ခြင့္မရဘူးဆိုေတာ့ ဒါေလးကေတာ့ စိတ္မေကာင္းၾက ဘူးေပါ့ဗ်ာ ကြၽန္ေတာ္တို႔ေဒသကလူေတြက။ ဒါ ေၾကာင့္မို႔လို႔ အမ်ိဳးသားေရး စ႐ိုက္လကၡဏာေလး ေပၚလာေအာင္ ေလာေလာဆယ္မွာ ဘာမွမလုပ္ႏိုင္ ေသးရင္ေတာင္ လႊတ္ေတာ္ထဲမွာ သူမ်ားတိုင္းရင္း သားနည္းတူ ျမင္ခ်င္ၾကတာေပါ့။ ကိုယ့္တိုင္းရင္းသား ဝတ္စုံေလးေတြနဲ႔ေလ။ ဒါက ႏိုင္ငံေရးရည္မွန္းခ်က္မဟုတ္ရင္ေတာင္ ဒါေလးေတြကအစ မျမင္ရေတာ့ စိတ္မေကာင္းျဖစ္ၾကရတာေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္ တို႔ကလည္း ဒါေတြျဖစ္ျဖစ္လာေအာင္ လုပ္ဖို႔ ႀကိဳးစား ေနတာျဖစ္ေတာ့ ျပည္သူေတြက သေဘာက်ၾကတာ ေပါ့။
ေမး။ လာမယ့္ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာ ဘယ္လိုစိန္ေခၚမႈေတြရွိလာႏိုင္လဲ။
ေျဖ။ လာမယ့္ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာ ေစာနက ကြၽန္ေတာ္ေျပာသလိုပဲ လုံၿခဳံေရးအခက္ အခဲေၾကာင့္ လြပ္လြပ္လပ္လပ္ ေပါ့ေပါ့ပါးပါး သြားလာရတာ နည္းနည္းေတာ့ အခက္အခဲရွိမယ္။အရင္ (၂၀၁၅၊ ၂၀၂၀) တုန္းကေတာ့ လႈပ္ရွားစည္း႐ုံး သြားလာတာမ်ိဳးေတြ ရွိခဲ့တာေပါ့။ ဒါေပမဲ့ အခု အဲဒီအေျခအေနကို ျပန္ေရာက္ဖို႔ေတာ့ မရွိေတာ့ဘူး။သြားဖို႔လည္း အဆင္မေျပေတာ့ဘူး။ ဒါကတစ္ပိုင္း ေပါ့။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔က တိုင္းရင္းသား ေတြဆိုေတာ့ ေ႐ြးေကာက္ပြဲမွာ သူတို႔ေျပာတဲ့ စက္နဲ႔ မဲေပးတဲ့စနစ္ျဖစ္ေနေတာ့ တခ်ိဳ႕ေတြက နားမလည္ဘဲ အမွားမွား အယြင္းယြင္းျဖစ္မွာကိုေတာ့ စိုးရိမ္မိပါ တယ္။ ဒါကြၽန္ေတာ္တို႔အျမင္ေပါ့ဗ်ာ။ တိုင္းရင္းသား ေတြကေတာ့ သိတဲ့အတိုင္းပဲ နည္းနည္း ပညာတတ္ တဲ့လူေလာက္ကေတာ့ ျပႆနာမရွိဘူးေပါ့။က်န္တဲ့သူေတြကက်ေတာ့ ခလုတ္ပဲႏွိပ္ရမယ္ဆိုရင္ ဘယ္ခ လုတ္ကို ဘာႏွိပ္လို႔ ဘာလုပ္ရမွန္းမသိဘူးေပါ့။အဲဒီလိုမ်ိဳး ျပႆနာမ်ိဳးေတြ ျဖစ္လာႏိုင္မယ္လို႔ ထင္ ပါတယ္။ ေနာက္ၿပီး တခ်ိဳ႕ေနရာေတြမွာဆိုရင္လည္း မဲလာေပးဖို႔အတြက္ အခက္အခဲရွိမယ္လို႔ထင္ပါ တယ္။ သြားေရလာေရးအဆင္မေျပတဲ့ေနရာေတြ ေပါ့ေနာ္။ သြားေရးလာေရးကလည္း ရွိေသးတာကိုး။ နယ္ေျမလုံၿခဳံေရးအေျခအေနအရ ျပည္သူေတြ မဲလာ မထည့္ၾကမွာကိုစိုးရိမ္ရပါတယ္။ တခ်ိဳ႕ကလည္း ဘာမွမသိဘူး။ ဒါေပမဲ့ ဖုန္းေတြနဲ႔ လိုင္းေပၚမွာၾကည့္ၿပီး ေတာ့ ေတာင္ေျပာေျမာက္ေျပာေျပာတဲ့ဟာေတြကို ၾကည့္ၿပီးေတာ့ လန႔္တာ၊ စိုးရိမ္တာေတြလည္းရွိ တယ္။ မဲ႐ုံသြားရင္ ဘာျဖစ္မယ္၊ ညာျဖစ္မယ္တို႔ မဲေပးရင္ ဘာျဖစ္မယ္၊ ဘာျဖစ္မယ္ ဆိုၿပီးေလ်ာက္ ေျပာထားတာကိုၾကည့္ၿပီးေတာ့ စိုးရိမ္ေနတာေတြ လည္း ရွိပါတယ္။ ျပည္သူေတြစိတ္ထဲမွာေပါ့။ ဒါေတြ လည္း ဘယ္လိုအဆင္ေျပလာမလဲ မေျပာျပတက္ ေတာ့ပါဘူး။
ေမး။ ဒီေတာ့ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေတြကိုေကာ လက္နက္ကိုင္ေတြက ၿခိမ္းေျခာက္တာမ်ိဳးေတြ ရွိလား။
ေျဖ ။ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္တို႔ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးၿပီးေတာ့ တင္တယ္။ ပါတီျပန္လည္ထူေထာင္မယ္ဆိုတုန္းကလည္း တခ်ိဳ႕ကေတာ့ မတည္ေထာင္သင့္ဘူး။ တခ်ိဳ႕ က တည္ေထာင္သင့္တယ္ဆိုၿပီး ေျပာၾကတာေတြ ၾကားထဲက ကြၽန္ေတာ္တို႔က တည္ေထာင္လိုက္တယ္။ တိုင္းရင္းသားပါတီငယ္ျဖစ္တဲ့အခါက်ေတာ့ (၈၀) ရာခိုင္ႏႈန္းေလာက္ကေတာ့ ကြၽန္ေတာ္တို႔ကို အား ေပးၾကတာေပါ့ေနာ္။ လိုတဲ့လူေတြရွိသလို မလိုတဲ့လူ ေတြလည္း ရွိၾကတာကိုး။ ဒီေတာ့ အခုအခ်ိန္အ ထိေတာ့ ကြၽန္ေတာ္တို႔ကို တိုက္႐ိုက္၊တိုက္ခိုက္ရန္ရွာ၊ ၿခိမ္းေျခာက္မႈေတြေတာ့ မရွိေသးဘူး။ ဒီမွာရွိတဲ့ လူဦးေရရဲ႕ (၉၀)ရာခိုင္ႏႈန္းေလာက္ကလည္း ကိုယ့္ ဓႏုတိုင္းရင္းသားေတြပဲ ျဖစ္တာေလ။ ဒီေတာ့ ကြၽန္ ေတာ္တို႔လုပ္တာကလည္း ဓႏုေတြအတြက္ပဲ လုပ္ တာဆိုေတာ့ သူတို႔ကလည္း ေ႐ြးေကာက္ပြဲဝင္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့မွ ၿခိမ္းေျခာက္တာတို႔၊ ရန္ ရွာတာတို႔ကေတာ့မေတြ႕ေသးပါဘူး။ ကြၽန္ေတာ္တို႔ နည္းနည္းဆိုးတယ္ဆိုတဲ့ ေနာင္ခ်ိဳမွာေတာင္ ဒီလိုမ်ိဳး မၾကားမိပါဘူး။ အဓိကေတာ့ ေနာင္ခ်ိဳနဲ႔ ႐ြာငံဘက္ ေတြက နည္းနည္းေလး စိုးရိမ္ရတယ္ဆိုေပမယ့္ က်န္တဲ့ ၿမိဳ႕နယ္ေတြက ေျပာစရာမလိုဘူးေလ။ အခုအခ်ိန္ အထိေတာ့ ၿခိမ္းေျခာက္ခံရတာေတြ မရွိေသးပါဘူး။
ေမး။ ေ႐ြးေကာက္ပြဲကို ကန႔္ကြက္ေနၾကတဲ့သူေတြကို ဘာေျပာခ်င္လဲ။
ေျဖ။ ကြၽန္ေတာ္ေျပာသလိုပါပဲ ဒီေ႐ြးေကာက္ပြဲကို ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ။ မႀကိဳက္ ဘူးဆိုၿပီး ဒီေ႐ြးေကာက္ပြဲကို ပ်က္ေအာင္ဖ်က္မယ္၊ေ႐ြးေကာက္ပြဲမလုပ္ေအာင္ တိုက္ၾကမယ္ေဟ့ ဆိုရင္ ေနာက္ဆုံး ေ႐ြးေကာက္ပြဲမျဖစ္ရင္ ဘယ္သူေတြပဲ ျဖစ္ေနမွာလဲဆိုတာကို စဥ္းစားဖို႔လိုတယ္။ ေ႐ြး ေကာက္ပြဲမျဖစ္ေတာ့ရင္ ဒီတပ္မေတာ္အစိုးရကပဲ ဆက္သြားေနမွာေလ။ ဘာပဲျဖစ္ျဖစ္ ေ႐ြးေကာက္ ပြဲသာျဖစ္သြားခဲ့ရင္ တပ္မေတာ္အစိုးရနဲ႔ေပါင္းၿပီး အရပ္သားအစိုးရတစ္ပိုင္းေတာ့ ပါလာႏိုင္မွာေပါ့။ သူမ်ားေတြေျပာေနၾကတဲ့ စစ္အုပ္ခ်ဳပ္ေရးေအာက္မွာ တစ္ပိုင္းတစ္စ လြတ္သြားတယ္ဆိုတဲ့ သေဘာမ်ိဳး ျဖစ္သြားမွာပါ။ ေ႐ြးေကာက္ပြဲသာ မလုပ္ျဖစ္ရင္ ဒီအခု အတိုင္းပဲ ဆက္သြားေနမွာေလ။ ဒီေတာ့ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ပါတီအေနနဲ႔ကေတာ့ ေ႐ြးေကာက္ပြဲကို ျဖစ္ေျမာက္ေစခ်င္တယ္။ ဒီလိုျဖစ္ေျမာက္ဖို႔အတြက္ လည္း ကူညီပံ့ပိုးသင့္တယ္လို႔ ျမင္တယ္။ ဒီလိုပဲအား လုံးကိုလည္း ပါဝင္ေပးၾကဖို႔ ဖိတ္ေခၚပါတယ္။

Related news

© 2021. All rights reserved.