ယူကရိန်းသမ္မတက သဘောတူညီချက်တစ်ခု ပြုလုပ်ရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

 423

Pika(NP News)စက်တင်ဘာ ၁၈
ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားနိုင်ငံနဲ့ သဘောတူညီချက်တစ်ခုကို ပြုလုပ်ရလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဇီလန်စကီးနဲ့ ပူတင်တို့ကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကိုအတူတကွခေါ်ဆောင်လာနိုင်ဖို့ ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ဇီလန်စကီးဟာ ရုရှားနဲ့သဘောတူညီချက်တစ်ခုကို ပြုလုပ်ရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။ဇီလန်စကီးနဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့အတွက် ရုရှားနိုင်ငံ မော်စကိုမြို့ကို လာရောက်လည်ပတ်ဖို့ ဇီလန်စကီးကို ပူတင်က အကြံပြုခဲ့တယ်လို့လည်း သိရပါတယ်။ပူတင်ရဲ့အကြံပြုချက်တွေကို ယူကရိန်းအစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီး လက်ခံနိုင်စရာမရှိတဲ့အဆိုပြုချက်တွေကို လက်ခံသွားမှာမဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ပူတင်ဟာ ဇီလန်စကီးရဲ့ တရားဝင်မှုတွေကို ထပ်မံမေးခွန်းထုတ်ခဲ့ပြီး ဇီလန်စကီးနဲ့တွေ့ဆုံဆွေးနွေးမှုက ရလဒ်တွေထွက်ပေါ်လာစေမှာမျိုး ရှိ/မရှိဆိုတာကို သံသယဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ဇီလန်စကီးရဲ့သမ္မတသက်တမ်းဟာ (၂၀၂၄)ခုနှစ် မေလတည်းက ကုန်ဆုံးသွားခဲ့တာဖြစ်ပေမယ့်လည်း စစ်အုပ်ချုပ်ရေးဥပဒေပြဌာန်းထားမှုကို ကိုးကားပြီး ရွေးကောက်ပွဲတွေလုပ်ဆောင်ဖို့ ဇီလန်စကီးက ငြင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းသမၼတက သေဘာတူညီခ်က္တစ္ခု ျပဳလုပ္ရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News)စက္တင္ဘာ ၁၈
ယူကရိန္းသမၼတဇီလန္စကီးဟာ ႐ုရွားႏိုင္ငံနဲ႔ သေဘာတူညီခ်က္တစ္ခုကို ျပဳလုပ္ရလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။႐ုရွား-ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ ဇီလန္စကီးနဲ႔ ပူတင္တို႔ကို ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းကိုအတူတကြေခၚေဆာင္လာႏိုင္ဖို႔ ပုဂၢိဳလ္ေရးအရ ဝင္ေရာက္စြက္ဖက္မႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ဇီလန္စကီးဟာ ႐ုရွားနဲ႔သေဘာတူညီခ်က္တစ္ခုကို ျပဳလုပ္ရလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္က ထပ္မံေျပာၾကားခဲ့ပါတယ္။ဇီလန္စကီးနဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔အတြက္ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ကို လာေရာက္လည္ပတ္ဖို႔ ဇီလန္စကီးကို ပူတင္က အႀကံျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ပူတင္ရဲ႕အႀကံျပဳခ်က္ေတြကို ယူကရိန္းအစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး လက္ခံႏိုင္စရာမရွိတဲ့အဆိုျပဳခ်က္ေတြကို လက္ခံသြားမွာမဟုတ္ဘူးလို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။တစ္ခ်ိန္တည္းမွာပဲ ပူတင္ဟာ ဇီလန္စကီးရဲ႕ တရားဝင္မႈေတြကို ထပ္မံေမးခြန္းထုတ္ခဲ့ၿပီး ဇီလန္စကီးနဲ႔ေတြ႕ဆုံေဆြးေႏြးမႈက ရလဒ္ေတြထြက္ေပၚလာေစမွာမ်ိဳး ရွိ/မရွိဆိုတာကို သံသယျဖစ္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ဇီလန္စကီးရဲ႕သမၼတသက္တမ္းဟာ (၂၀၂၄)ခုႏွစ္ ေမလတည္းက ကုန္ဆုံးသြားခဲ့တာျဖစ္ေပမယ့္လည္း စစ္အုပ္ခ်ဳပ္ေရးဥပေဒျပဌာန္းထားမႈကို ကိုးကားၿပီး ေ႐ြးေကာက္ပြဲေတြလုပ္ေဆာင္ဖို႔ ဇီလန္စကီးက ျငင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.