ငြိမ်းချမ်းရေးသူရဲကောင်းများ အလိုရှိသည် (၂) (ဆောင်းပါး)

 230

(ယခင်တစ်ပတ်မှအဆက်)
စစ်မုန်း (NP News) - စက်တင်ဘာလ ၁၈

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး(သို့မဟုတ်) ငြိမ်းချမ်းရေးလမ်းကြောင်း

ဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်ချက် ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လိုလို လားလား တုံ့ပြန်ခဲ့ကြသည်။ ဤသို့ဖြင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၅)ဖွဲ့နှင့် အကြိမ်ကြိမ်ဆွေး နွေးခဲ့ပြီး သဘောတူညီချက် (၃၉)ခုကို အဆင့်ဆင့် ချုပ်ဆိုနိုင်ခဲ့သည်။ သို့ဖြင့် အစိုးရ၊ လွှတ်တော်၊ တပ် မတော်သားကိုယ်စားလှယ်များပါဝင်သည့် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ( Union Pacemaking Work Committee-UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၏ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (National Wide Casefire Coordination Team -NCCT) တို့သည် (၂၀၁၃) ခုနှစ် နိုဝင်ဘာလ (၁၈)ရက်မှစတင်၍ နှစ်ဖက်လက်ခံနိုင်မည့် တစ်နိုင်ငံ လုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တစ် စောင်ရရှိရေးအတွက် စတင်ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေးသဘောတူညီချက်များရနိုင် ရန် ပြည်နယ်အဆင့်သဘောတူညီချက်၊ ပြည်ထောင် စုအဆင့် သဘောတူညီချက်များရရှိရန် ရက်ပေါင်း (၁၄၅၀)အတွင်း ဆွေးနွေးမှုများအပါအဝင် အစည်း အဝေးပေါင်း (၅၀ဝဝ)ခန့်ပြုလုပ်ခဲ့ရသည်။နှစ်ဦးနှစ် ဖက်အကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် စိတ်ရှည်သည်းခံမှုများဖြင့် (၁၇)လကျော်ကြာဆွေး နွေးအပြီး (၂၀၁၅)ခုနှစ် မတ်လ (၃၁)ရက်တွင် အခန်း (၇) ခန်းနှင့် အချက်ကြီး (၃၃) ချက်ပါ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (Na­tionalwide Casefire Agreement- NCA) အတည်ပြုမူကြမ်းကို ပြီးစီးကြောင်း လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (အတည်ပြု မူကြမ်း)ကို လက်မှတ်ရေးထိုးရန်အဆင်သင့်ဖြစ်ခဲ့ သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၏ခေါင်းဆောင်များက ပြင်ဆင်ဖြည့်စွက်လို ကြောင်း လော်ခီးလာညီလာခံအပြီးတွင် အဆိုပြုလာ သဖြင့် စာချုပ်မူကြမ်းကို ထပ်မံဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့သစ်တစ်ခုကိုဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အစိုးရမှ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးတို့အတွက်ရှေးရှုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အသစ်ဖွဲ့စည်းထားသော အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation -SD) နှင့် ပြန်လည်ညှိနှိုင်းခဲ့ပြီး (၂၀၁၅)ခုနှစ် ဩဂုတ်လ (၇)ရက်တွင် အပြီးသတ် သဘောတူခဲ့ကြသည်။ သို့ဖြင့် (၂၀၁၅)ခုနှစ် အောက် တိုဘာလ (၁၅) ရက်၌ နေပြည်တော် MICC-2 တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ (၈)ဖွဲ့နှင့် ဦးသိန်း စိန်ဦးဆောင်သည့်အစိုးရအဖွဲ့တို့အကြား တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (ဃြဗ)ကို ကမ္ဘာ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့ အား သက်သေထားကာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
စာချုပ်ပါအချက်(၃၃) ချက်အတွက် တစ် ချက်ချင်းကို အကျေအလည်ဆွေးနွေးခဲ့ရာတွင် လ ပေါင်း(၂၂)လ(နှစ်နှစ်ခန့်)ကြာအောင် တစ်ဖွဲ့နှင့်တစ် ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြင့်ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။ လက်မှတ်ရေးထိုးခြင်းကို အဖွဲ့ (၁၅) ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်ခဲ့သော် လည်း တိုင်းပြည်သစ္စာဖောက်အချို့နှင့် ပြည်ပနိုင်ငံအ ချို့က လက်မှတ်မရေးထိုးကြရန် သွေးထိုးလှုံ့ဆော်မှုများ ကြောင့် အဖွဲ့(၈) ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
(ဃြဗ) လက်မှတ်ရေးထိုးခြင်းနှင့်ပတ် သက်၍ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အမေရိကန် နိုင်ငံတို့က ကြိုဆိုလက်ခံကြောင်း၊ ဆုံးဖြတ်ချက်ချ မှတ်ခဲ့သောအဖွဲ့များအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ဆယ်စုနှစ်ပေါင်းများစွာကြာ လက်နက်ကိုင်ပဋိပက္ခနှင့် အရပ်သားများ ဆင်းရဲဒုက္ခကြုံတွေ့ပြီးနောက် ယနေ့ တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြွယ် ဝချမ်းသာရေးဆီသို့ သွားရောက်ရာလမ်းကြောင်းဖြစ် ကြောင်း၊ ကမ္ဘာပေါ်၌အရှည်ကြာဆုံး ပြည်တွင်းပဋိပက္ခ အဆုံးသတ်ရန် ဆက်လက်ကြိုးပမ်းမှုများအတွက် အဖွဲ့အစည်းများအားလုံးကို ချီးကျူးပါကြောင်းစသည် များဖြင့် အသီးသီးထုတ်ပြန်ကြေညာခဲ့ကြသည်။

ပြည်ထောင်စုသဘောတူစာချုပ်
(၂၀၁၆)ခုနှစ် NLD အစိုးရလက်ထက် တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၂၁)ရာစု ပင်လုံညီလာခံဟုအမည်ပြောင်းကာ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် ဆက်လက်ဆွေးနွေးခဲ့သည်။ အထူး သဖြင့် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင် ရေးကို အလေးထားခဲ့ကြောင်းလည်းတွေ့ရသည်။ ထိုသို့ ဆက်လက်ဆွေးနွေးခဲ့ရာ ပြည်ထောင်စုသဘော တူစာချုပ်အစိတ်အပိုင်း (၃)အထိ သဘောတူညီချက် ရခဲ့ပြီးဖြစ်ကြောင်းလည်း တွေ့ရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးသဘောတူညီချက် အပိုင်း(၁)ကို (၂၀၁၇) ခုနှစ် မေလ (၂၄) ရက်မှ (၂၉) ရက်အထိ ကျင်းပခဲ့သည့်အစည်းအဝေးတွင် သဘောတူညီချက် ရခဲ့ပြီး အဆိုပါအပိုင်း(၁)တွင် နိုင်ငံရေးအတွက် (၁၂)ချက်၊ စီးပွားရေးအတွက် (၁၁)ချက်၊ လူမှုရေးအ တွက် (၄)ချက်နှင့် မြေယာ/သဘာဝနှင့်ပတ်သက် သော အချက် (၁၀) ချက်ပါဝင်ခဲ့ကာ စုစုပေါင်း (၃၇) ချက်ရခဲ့ကြောင်းလည်းသိရသည်။
အဆိုပါ (၃၇)ချက်အနက် စီးပွားရေးကဏ္ဍ တွင် ပြည်နယ်တိုင်းဒေသကြီးအစိုးရများသည် ပြည် တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကောင်အထည်ဖော်ခွင့် စသည့်အချက်များပါဝင် ကြောင်းလည်းသိရသည်။ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း(၂)ကို (၂၀၁၈)ခုနှစ် ဇူလိုင်လ (၁၁) ရက်မှ(၁၆) ရက်ထိ ဆက်လက်ဆွေးနွေးခဲ့ကြရာ နိုင်ငံရေးအတွက်(၄)ချက်၊ လူမှုရေးအတွက်(၇)ချက်၊ စီးပွားရေးအတွက် (၁)ချက်နှင့် မြေယာအတွက်(၂)ချက် စုစုပေါင်း(၁၄)ချက်ကို သဘောတူညီချက်ရရှိခဲ့ ကြသည်။ အဆိုပါ (၁၄)ချက်ထဲတွင် ကျား/မ တန်း တူမှု၊ ပညာရေးကဏ္ဍ၊ မသန်မစွမ်းနှင့် သက်ကြီးရွယ် အိုများကဏ္ဍ၊ နိုင်ငံသားစစ်စစ်သာ မြေယာပိုင်ရမည် ဆိုသည့်အချက်များပါဝင်ခဲ့ကြောင်းလည်းသိရသည်။ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃)ကို ဆက် လက်ဆွေးနွေးခဲ့ကြရာ ဃြဗ မူဘောင်ကိုအခြေခံ သည့်အချက် (၁၅) ချက်၊ (၂၀၂၀) ပြည့်နှစ်အလွန် တွင် အဆင့်လိုက်လုပ်ရမည့်လုပ်ငန်းစဉ်များနှင့် ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် လမ်းညွှန် မှုအခြေခံ (၅)ချက်ကို (၂၀၂၀)ပြည့်နှစ် ဩဂုတ်လ (၁၅)ရက်တွင် သဘောတူညီချက်များရရှိခဲ့ကြသည်။
အဆိုပါအချက်များတွင်လူမျိုးရေး၊ ဘာ သာရေး၊ ယဉ်ကျေးမှု စသည်များကို ခွဲခြားကျင့်သုံး ခြင်းမပြုရဆိုသည့်အချက်များပါရှိခဲ့သကဲ့သို့ လုံခြုံ ရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများကို လည်း NCA သဘောတူစာချုပ်ပါ နိုင်ငံရေးလမ်း ပြမြေပုံအတိုင်း ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များလည်းပါဝင်ခဲ့သည်ကို သိရသည်။
အဆိုပါ သဘောတူညီချက်များရရှိနိုင်ရန် အတွက် အစိုးရနှစ်ဆက်တာဝန်ရှိခဲ့သူများ၊ တပ်မ တော်နှင့် EAO ဘက်မှခေါင်းဆောင်များ အကြေအလည်ညှိနှိုင်းဆွေးနွေးခဲ့ကြရခြင်းဖြစ်သည်။ စကားလုံး တစ်လုံးချင်းကအစ အသေးစိတ်ညှိနှိုင်းရယူခဲ့ကြ ခြင်းလည်းဖြစ်သည်။ ယခုကဲ့သို့ သဘောတူညီချက်အသီးသီးရယူနိုင်ခဲ့ကြသော်လည်း အချို့ EAO အ ဖွဲ့များသည်လည်းကောင်း၊ NCA စာချုပ်ချုပ်ဆိုရာ တွင် ပါဝင်ခြင်းမရှိခဲ့သောအဖွဲ့များသည်လည်းကောင်း ဃြဗ စာချုပ်နှင့် ပြည်ထောင်စုသဘောတူညီချက်များ ကို လျစ်လျူပြုထားခဲ့ကြသည်ကိုတွေ့ရသည်။ NCA စာချုပ်ချုပ်ဆိုရာတွင်ပါဝင်ခြင်းမရှိခဲ့သောအဖွဲ့များအနေဖြင့်မူ NCA စာချုပ် မူဘောင်သဘောတရားများကို နိုင်ငံရေးအသိရှိစွာ၊ သဘောထားကြီးစွာထားကာ လေ့လာခြင်းပင် ပြုဟန်မရှိခဲ့ပေ။ ထို့ကြောင့်လည်း (၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်း အကျပ်အ တည်းဖြစ်ပေါ်မှုနောက်ပိုင်းတွင် တိုင်းရင်းသားလက် နက်ကိုင်များနှင့်လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့် ခဲ့သည်ကိုတွေ့မြင်ခဲ့ရပြီးဖြစ်သည်။ သို့ရာတွင် (၂၀၂၁) ခုနှစ်တွင် နိုင်ငံတော်အာဏာရပ်များကို လွှဲ ပြောင်းရယူခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းတွေ့ရသည်။

ဆက်လက်ဆွေးနွေးခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခဲ့ပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးေးဖာ်ဆောင်မှု ကော်မတီအဆင့်ဆင့်တို့ က (၂၀၂၂) ခုနှစ် ဧပြီလ (၂၂) ရက်တွင် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန်၊ ပါတီစုံဒီမိုကရေစီစနစ် ကို လက်ခံမှုရှိမရှိ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည် ထောင်စုစနစ်အပေါ် လက်ခံမှုရှိမရှိအပေါ်မူတည်ပြီးမည်သည့်ကန့်သတ်ချက်မှမပါသော တွေ့ဆုံဆွေးနွေး ပွဲကိုဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ရေးထိုးထား သော EAO အဖွဲ့(၇)ဖွဲ့၊ NCA လက်မှတ်ရေးထိုးထား ခြင်းမရှိသော EAO အဖွဲ့(၃)ဖွဲ့တို့မှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်း ချမ်းရေးဖော်ဆောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင် နိုင်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ဘုံသဘောတူညီချက်များအဖြစ် (၁) ပါတီစုံဒီမိုကရေစီ နိုင်ငံရေး စနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အ ထည်ဖော်ဆောင်ရွက်ရေး၊ (၂) တိုင်းရင်းသားပြည် သူတစ်ရပ်လုံး လိုလားချက်ပန်းတိုင်ဖြစ်သည့်ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည် ထောင်စုတည်ဆောက်ရေး၊ (၃) ပြည်ထောင်စုငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ (၄) တ ရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီ မိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး စသည့် အချက်(၄)ချက်ကိုရရှိခဲ့ကြောင်းလည်းသိရသည်။
ထို့အတူ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပ ဒေပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့ရာတွင်လည်း သဘော တူညီချက် (၂၁)ချက်ကိုရရှိခဲ့ပြီးဖြစ်ကြောင်းလည်း သိခဲ့ရသည်။ အစိုးရ(၂)ဆက်မှသဘောတူညီချက် ရရှိခဲ့သော ဃြဗ စာချုပ်ပါအခြေခံမူများ၊ ပြည်ထောင်စု သဘောတူညီချက်များအပေါ် အခြေခံရရှိခဲ့ သည်များလည်း ဖြစ်သည်။ ထိုအချက်များကို အခြေခံ ၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ဆက်လှမ်းကြ ရန်ဖြစ်သည်။ ပြောရမည်ဆိုလျှင် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကား နှယ်နှယ်ရရ စာချုပ်တစ်ရပ်မဟုတ်ပေ။ ဤစာချုပ် သည် နိုင်ငံတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြု၊ သဘောတူညီချက်၊ သဘောတူစာချုပ်ဖြစ်သည်။ NCA စာချုပ်သည် တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေကြသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ကျင့်သုံးဆောင်ရွက်ရန်လိုအပ်သည့် အခြေခံအကျ ဆုံးအချက်များဖြစ်သည့်အတွက် ယင်းစာချုပ်တွင် ပစ်ခတ်တိုက်ခိုက်ရပ်စဲမှုလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာအခြေခံမူနှင့် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်များ ထည့်သွင်းချုပ်ဆိုအတည်ပြုထား သည်ကိုတွေ့ရသည်။ NCA စာချုပ်၏အခြေခံမူ တွင် " မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရေး ဆွေး နွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ် ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည့်နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင် ပြီး လက်နက်နိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံ လုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင် ရွက်ရန်"ဆိုသည့်အခြေခံမူကို ထည့်သွင်းထားသည် ကိုတွေ့ရသည်။
ယင်းအခြေခံမူသည် နိုင်ငံတော်က အသွင် ကူးပြောင်းနေသည့် ယဉ်ကျေးမှုနှင့်အညီ ဒီမိုကရေစီ နည်းလမ်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချဉ်း ကပ်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။ တကယ်ပြော ရလျှင် NCA စာချုပ်သည်နိုင်ငံတော်နှင့် တိုင်းရင်းသားလက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြုထား သော သဘောတူစာချုပ်ပင်ဖြစ်သည်။ NCA စာချုပ် သည်တိုင်းရင်းသားများ လိုလားချက်များကို အခြေခံ ပြီးရေးဆွဲခဲ့သည့်စာချုပ်၊ သဘောတူညီခဲ့သည့်စာချုပ် ဖြစ်ပြီး တိုင်းရင်းသားများ၏လိုလားချက်များအပေါ် နိုင်ငံတော်၏ကတိကဝတ်အနေဖြင့်ပေးထားသည့် စာချုပ်တစ်ခုဖြစ်သော်လည်း၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့တို့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးသဘောတူစာချုပ် NCA လမ်းကြောင်းကို ပစ်ပယ်ခဲ့ကြသည်ကိုတွေ့ရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်ဖြင့်ရေးသည်ကို ခြေဖြင့်ဖျက်သကဲ့သို့ဖြစ်နေပြီဖြစ်နေပြီး လက်ရှိအ နေအထားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ် ကနေပြန်စရမည့်အနေအထားဖြစ်နေတော့သည်။
လက်ရှိပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်များ ကျဆင်း လာကာ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ မှာလည်း ထိခိုက်သည်ထက်ထိခိုက်၊ နစ်နာသည်ထက် နစ်နာ၊ ဆုံးရှုံးသည်ထက် ဆုံးရှုံးထိခိုက်နစ်နာနေရ ပေပြီ။ တိုင်းပြည်သည်လည်း ကျဆင်းသည်ထက် ကျ ဆင်းနေရပြီဖြစ်သည်။ တိုင်းရင်းသားနယ်မြေအသီးသီးတွင်ဖြစ်ပေါ်နေသောတိုက်ပွဲများကြောင့် တိုင်းရင်းသားပြည် သူများလိုလားနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်တည်ဆောက်ရေးမျှော်လင့်ချက်များကား " ရွှေပြည်တော် မျှော်တိုင်းဝေး " သည့်အနေအထားသို့ ရောက်ရှိနေလေပြီ။
(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
ၿငိမ္းခ်မ္းေရးသူရဲေကာင္းမ်ား အလိုရွိသည္ (၂)
(ေဆာင္းပါး)
(ယခင္တစ္ပတ္မွအဆက္)
စစ္မုန္း (NP News) - စက္တင္ဘာလ ၁၈

တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး(သို႔မဟုတ္) ၿငိမ္းခ်မ္းေရးလမ္းေၾကာင္း

ဦးသိန္းစိန္ဦးေဆာင္သည့္ ျပည္ေထာင္စု အစိုးရအဖြဲ႕၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲဖိတ္ေခၚခ်က္ ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားက လိုလို လားလား တုံ႔ျပန္ခဲ့ၾကသည္။ ဤသို႔ျဖင့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ (၁၅)ဖြဲ႕ႏွင့္ အႀကိမ္ႀကိမ္ေဆြး ေႏြးခဲ့ၿပီး သေဘာတူညီခ်က္ (၃၉)ခုကို အဆင့္ဆင့္ ခ်ဳပ္ဆိုႏိုင္ခဲ့သည္။ သို႔ျဖင့္ အစိုးရ၊ လႊတ္ေတာ္၊ တပ္ မေတာ္သားကိုယ္စားလွယ္မ်ားပါဝင္သည့္ ျပည္ေထာင္ စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးေကာ္မတီ( Union Pacemaking Work Committee-UPWC) ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း၏ တစ္ႏိုင္ ငံလုံးအပစ္အခတ္ရပ္စဲေရးဆိုင္ရာ ညႇိႏႈိင္းေရးအဖြဲ႕ (National Wide Casefire Coordination Team -NCCT) တို႔သည္ (၂၀၁၃) ခုႏွစ္ ႏိုဝင္ဘာလ (၁၈)ရက္မွစတင္၍ ႏွစ္ဖက္လက္ခံႏိုင္မည့္ တစ္ႏိုင္ငံ လုံး အပစ္အခတ္တိုက္ခိုက္မႈရပ္စဲေရးစာခ်ဳပ္တစ္ ေစာင္ရရွိေရးအတြက္ စတင္ေဆြးေႏြးခဲ့ၾကသည္။
ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ားရႏိုင္ ရန္ ျပည္နယ္အဆင့္သေဘာတူညီခ်က္၊ ျပည္ေထာင္ စုအဆင့္ သေဘာတူညီခ်က္မ်ားရရွိရန္ ရက္ေပါင္း (၁၄၅၀)အတြင္း ေဆြးေႏြးမႈမ်ားအပါအဝင္ အစည္း အေဝးေပါင္း (၅၀ဝဝ)ခန႔္ျပဳလုပ္ခဲ့ရသည္။ႏွစ္ဦးႏွစ္ ဖက္အၾကား အျပန္အလွန္ေလးစားမႈ၊ နားလည္မႈႏွင့္ စိတ္ရွည္သည္းခံမႈမ်ားျဖင့္ (၁၇)လေက်ာ္ၾကာေဆြး ေႏြးအၿပီး (၂၀၁၅)ခုႏွစ္ မတ္လ (၃၁)ရက္တြင္ အခန္း (၇) ခန္းႏွင့္ အခ်က္ႀကီး (၃၃) ခ်က္ပါ တစ္ ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ (Na­tionalwide Casefire Agreement- NCA) အတည္ျပဳမူၾကမ္းကို ၿပီးစီးေၾကာင္း လက္မွတ္ေရးထိုး ႏိုင္ခဲ့သည္။ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ (အတည္ျပဳ မူၾကမ္း)ကို လက္မွတ္ေရးထိုးရန္အဆင္သင့္ျဖစ္ခဲ့ ေသာ္လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အ စည္းမ်ား၏ေခါင္းေဆာင္မ်ားက ျပင္ဆင္ျဖည့္စြက္လို ေၾကာင္း ေလာ္ခီးလာညီလာခံအၿပီးတြင္ အဆိုျပဳလာ သျဖင့္ စာခ်ဳပ္မူၾကမ္းကို ထပ္မံေဆြးေႏြးရန္အတြက္ ကိုယ္စားလွယ္အဖြဲ႕သစ္တစ္ခုကိုဖြဲ႕စည္းခဲ့သည္။ ႏိုင္ငံေတာ္အစိုးရမွ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ႏွင့္ၿငိမ္းခ်မ္းေရးတို႔အတြက္ေရွးရႈၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၏ အသစ္ဖြဲ႕စည္းထားေသာ အဆင့္ျမင့္ညႇိႏႈိင္းေရးကိုယ္စားလွယ္အဖြဲ႕ (Senior Delegation -SD) ႏွင့္ ျပန္လည္ညႇိႏႈိင္းခဲ့ၿပီး (၂၀၁၅)ခုႏွစ္ ဩဂုတ္လ (၇)ရက္တြင္ အၿပီးသတ္ သေဘာတူခဲ့ၾကသည္။ သို႔ျဖင့္ (၂၀၁၅)ခုႏွစ္ ေအာက္ တိုဘာလ (၁၅) ရက္၌ ေနျပည္ေတာ္ MICC-2 တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ (၈)ဖြဲ႕ႏွင့္ ဦးသိန္း စိန္ဦးေဆာင္သည့္အစိုးရအဖြဲ႕တို႔အၾကား တစ္ႏိုင္ငံ လုံးအပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ (ၾဃဗ)ကို ကမာၻ႔ ကုလသမဂၢ၊ ဥေရာပသမဂၢ၊ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ၊ အိႏၵိယသမၼတႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔ အား သက္ေသထားကာ လက္မွတ္ေရးထိုးႏိုင္ခဲ့သည္။
စာခ်ဳပ္ပါအခ်က္(၃၃) ခ်က္အတြက္ တစ္ ခ်က္ခ်င္းကို အေက်အလည္ေဆြးေႏြးခဲ့ရာတြင္ လ ေပါင္း(၂၂)လ(ႏွစ္ႏွစ္ခန႔္)ၾကာေအာင္ တစ္ဖြဲ႕ႏွင့္တစ္ ဖြဲ႕၊ တစ္ဦးႏွင့္တစ္ဦး ယုံၾကည္မႈျဖင့္ေဆြးေႏြးခဲ့ၾက ျခင္းျဖစ္သည္။ လက္မွတ္ေရးထိုးျခင္းကို အဖြဲ႕ (၁၅) ဖြဲ႕ ပါဝင္လက္မွတ္ေရးထိုးႏိုင္ရန္ေမွ်ာ္လင့္ခဲ့ေသာ္ လည္း တိုင္းျပည္သစၥာေဖာက္အခ်ိဳ႕ႏွင့္ ျပည္ပႏိုင္ငံအ ခ်ိဳ႕က လက္မွတ္မေရးထိုးၾကရန္ ေသြးထိုးလႈံ႕ေဆာ္မႈမ်ား ေၾကာင့္ အဖြဲ႕(၈) ဖြဲ႕ျဖင့္သာ လက္မွတ္ေရးထိုးႏိုင္ခဲ့ၾကသည္။
(ၾဃဗ) လက္မွတ္ေရးထိုးျခင္းႏွင့္ပတ္ သက္၍ ကုလသမဂၢ၊ ဥေရာပသမဂၢႏွင့္ အေမရိကန္ ႏိုင္ငံတို႔က ႀကိဳဆိုလက္ခံေၾကာင္း၊ ဆုံးျဖတ္ခ်က္ခ် မွတ္ခဲ့ေသာအဖြဲ႕မ်ားအား ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း၊ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာ လက္နက္ကိုင္ပဋိပကၡႏွင့္ အရပ္သားမ်ား ဆင္းရဲဒုကၡႀကဳံေတြ႕ၿပီးေနာက္ ယေန႔ တြင္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးႏွင့္ ႂကြယ္ ဝခ်မ္းသာေရးဆီသို႔ သြားေရာက္ရာလမ္းေၾကာင္းျဖစ္ ေၾကာင္း၊ ကမာၻေပၚ၌အရွည္ၾကာဆုံး ျပည္တြင္းပဋိပကၡ အဆုံးသတ္ရန္ ဆက္လက္ႀကိဳးပမ္းမႈမ်ားအတြက္ အဖြဲ႕အစည္းမ်ားအားလုံးကို ခ်ီးက်ဴးပါေၾကာင္းစသည္ မ်ားျဖင့္ အသီးသီးထုတ္ျပန္ေၾကညာခဲ့ၾကသည္။

ျပည္ေထာင္စုသေဘာတူစာခ်ဳပ္
(၂၀၁၆)ခုႏွစ္ NLD အစိုးရလက္ထက္ တြင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို (၂၁)ရာစု ပင္လုံညီလာခံဟုအမည္ေျပာင္းကာ ျပည္တြင္းၿငိမ္း ခ်မ္းေရးအတြက္ ဆက္လက္ေဆြးေႏြးခဲ့သည္။ အထူး သျဖင့္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္း ပုံအေျခခံဥပေဒျပင္ဆင္ ေရးကို အေလးထားခဲ့ေၾကာင္းလည္းေတြ႕ရသည္။ ထိုသို႔ ဆက္လက္ေဆြးေႏြးခဲ့ရာ ျပည္ေထာင္စုသေဘာ တူစာခ်ဳပ္အစိတ္အပိုင္း (၃)အထိ သေဘာတူညီခ်က္ ရခဲ့ၿပီးျဖစ္ေၾကာင္းလည္း ေတြ႕ရသည္။ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ အပိုင္း(၁)ကို (၂၀၁၇) ခုႏွစ္ ေမလ (၂၄) ရက္မွ (၂၉) ရက္အထိ က်င္းပခဲ့သည့္အစည္းအေဝးတြင္ သေဘာတူညီခ်က္ ရခဲ့ၿပီး အဆိုပါအပိုင္း(၁)တြင္ ႏိုင္ငံေရးအတြက္ (၁၂)ခ်က္၊ စီးပြားေရးအတြက္ (၁၁)ခ်က္၊ လူမႈေရးအ တြက္ (၄)ခ်က္ႏွင့္ ေျမယာ/သဘာဝႏွင့္ပတ္သက္ ေသာ အခ်က္ (၁၀) ခ်က္ပါဝင္ခဲ့ကာ စုစုေပါင္း (၃၇) ခ်က္ရခဲ့ေၾကာင္းလည္းသိရသည္။
အဆိုပါ (၃၇)ခ်က္အနက္ စီးပြားေရးက႑ တြင္ ျပည္နယ္တိုင္းေဒသႀကီးအစိုးရမ်ားသည္ ျပည္ တြင္းႏွင့္ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ခြင့္ စသည့္အခ်က္မ်ားပါဝင္ ေၾကာင္းလည္းသိရသည္။ ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္အစိတ္အပိုင္း(၂)ကို (၂၀၁၈)ခုႏွစ္ ဇူလိုင္လ (၁၁) ရက္မွ(၁၆) ရက္ထိ ဆက္လက္ေဆြးေႏြးခဲ့ၾကရာ ႏိုင္ငံေရးအတြက္(၄)ခ်က္၊ လူမႈေရးအတြက္(၇)ခ်က္၊ စီးပြားေရးအတြက္ (၁)ခ်က္ႏွင့္ ေျမယာအတြက္(၂)ခ်က္ စုစုေပါင္း(၁၄)ခ်က္ကို သေဘာတူညီခ်က္ရရွိခဲ့ ၾကသည္။ အဆိုပါ (၁၄)ခ်က္ထဲတြင္ က်ား/မ တန္း တူမႈ၊ ပညာေရးက႑၊ မသန္မစြမ္းႏွင့္ သက္ႀကီး႐ြယ္ အိုမ်ားက႑၊ ႏိုင္ငံသားစစ္စစ္သာ ေျမယာပိုင္ရမည္ ဆိုသည့္အခ်က္မ်ားပါဝင္ခဲ့ေၾကာင္းလည္းသိရသည္။ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း (၃)ကို ဆက္ လက္ေဆြးေႏြးခဲ့ၾကရာ ၾဃဗ မူေဘာင္ကိုအေျခခံ သည့္အခ်က္ (၁၅) ခ်က္၊ (၂၀၂၀) ျပည့္ႏွစ္အလြန္ တြင္ အဆင့္လိုက္လုပ္ရမည့္လုပ္ငန္းစဥ္မ်ားႏွင့္ ဒီမို ကေရစီႏွင့္ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ လမ္းၫႊန္ မႈအေျခခံ (၅)ခ်က္ကို (၂၀၂၀)ျပည့္ႏွစ္ ဩဂုတ္လ (၁၅)ရက္တြင္ သေဘာတူညီခ်က္မ်ားရရွိခဲ့ၾကသည္။
အဆိုပါအခ်က္မ်ားတြင္လူမ်ိဳးေရး၊ ဘာ သာေရး၊ ယဥ္ေက်းမႈ စသည္မ်ားကို ခြဲျခားက်င့္သုံး ျခင္းမျပဳရဆိုသည့္အခ်က္မ်ားပါရွိခဲ့သကဲ့သို႔ လုံၿခဳံ ေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရးလုပ္ငန္းမ်ားကို လည္း NCA သေဘာတူစာခ်ဳပ္ပါ ႏိုင္ငံေရးလမ္း ျပေျမပုံအတိုင္း ဆက္လက္ေဆာင္႐ြက္သြားမည့္ကိစၥ ရပ္မ်ားလည္းပါဝင္ခဲ့သည္ကို သိရသည္။
အဆိုပါ သေဘာတူညီခ်က္မ်ားရရွိႏိုင္ရန္ အတြက္ အစိုးရႏွစ္ဆက္တာဝန္ရွိခဲ့သူမ်ား၊ တပ္မ ေတာ္ႏွင့္ EAO ဘက္မွေခါင္းေဆာင္မ်ား အေၾကအလည္ညႇိႏႈိင္းေဆြးေႏြးခဲ့ၾကရျခင္းျဖစ္သည္။ စကားလုံး တစ္လုံးခ်င္းကအစ အေသးစိတ္ညႇိႏႈိင္းရယူခဲ့ၾက ျခင္းလည္းျဖစ္သည္။ ယခုကဲ့သို႔ သေဘာတူညီခ်က္အသီးသီးရယူႏိုင္ခဲ့ၾကေသာ္လည္း အခ်ိဳ႕ EAO အ ဖြဲ႕မ်ားသည္လည္းေကာင္း၊ NCA စာခ်ဳပ္ခ်ဳပ္ဆိုရာ တြင္ ပါဝင္ျခင္းမရွိခဲ့ေသာအဖြဲ႕မ်ားသည္လည္းေကာင္း ၾဃဗ စာခ်ဳပ္ႏွင့္ ျပည္ေထာင္စုသေဘာတူညီခ်က္မ်ား ကို လ်စ္လ်ဴျပဳထားခဲ့ၾကသည္ကိုေတြ႕ရသည္။ NCA စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ပါဝင္ျခင္းမရွိခဲ့ေသာအဖြဲ႕မ်ားအေနျဖင့္မူ NCA စာခ်ဳပ္ မူေဘာင္သေဘာတရားမ်ားကို ႏိုင္ငံေရးအသိရွိစြာ၊ သေဘာထားႀကီးစြာထားကာ ေလ့လာျခင္းပင္ ျပဳဟန္မရွိခဲ့ေပ။ ထို႔ေၾကာင့္လည္း (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္း အက်ပ္အ တည္းျဖစ္ေပၚမႈေနာက္ပိုင္းတြင္ တိုင္းရင္းသားလက္ နက္ကိုင္မ်ားႏွင့္လက္နက္ကိုင္ပဋိပကၡမ်ား က်ယ္ျပန႔္ ခဲ့သည္ကိုေတြ႕ျမင္ခဲ့ရၿပီးျဖစ္သည္။ သို႔ရာတြင္ (၂၀၂၁) ခုႏွစ္တြင္ ႏိုင္ငံေတာ္အာဏာရပ္မ်ားကို လႊဲ ေျပာင္းရယူခဲ့သည့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္ စီသည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို အရွိန္မပ်က္ ဆက္လက္ေဆာင္႐ြက္ခဲ့ေၾကာင္းေတြ႕ရသည္။

ဆက္လက္ေဆြးေႏြးခဲ့
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတာဝန္ယူခဲ့ၿပီးေနာက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေးဖာ္ေဆာင္မႈ ေကာ္မတီအဆင့္ဆင့္တို႔ က (၂၀၂၂) ခုႏွစ္ ဧၿပီလ (၂၂) ရက္တြင္ ၿငိမ္းခ်မ္းေရး အတြက္ ေတြ႕ဆုံေဆြးေႏြးရန္၊ ပါတီစုံဒီမိုကေရစီစနစ္ ကို လက္ခံမႈရွိမရွိ၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ျပည္ ေထာင္စုစနစ္အေပၚ လက္ခံမႈရွိမရွိအေပၚမူတည္ၿပီးမည္သည့္ကန႔္သတ္ခ်က္မွမပါေသာ ေတြ႕ဆုံေဆြးေႏြး ပြဲကိုဖိတ္ေခၚခဲ့သည္။ NCA လက္မွတ္ေရးထိုးထား ေသာ EAO အဖြဲ႕(၇)ဖြဲ႕၊ NCA လက္မွတ္ေရးထိုးထား ျခင္းမရွိေသာ EAO အဖြဲ႕(၃)ဖြဲ႕တို႔မွ ကိုယ္စားလွယ္ မ်ားႏွင့္ေတြ႕ဆုံၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးျခင္း၊ ၿငိမ္း ခ်မ္းေရးေဖာ္ေဆာင္ျခင္းလုပ္ငန္းမ်ားကို လုပ္ေဆာင္ ႏိုင္ခဲ့သည္။ တစ္ဆက္တည္းမွာပင္ ဘုံသေဘာတူညီခ်က္မ်ားအျဖစ္ (၁) ပါတီစုံဒီမိုကေရစီ ႏိုင္ငံေရး စနစ္ ခိုင္မာေစေရးအတြက္ ပူးေပါင္းအေကာင္အ ထည္ေဖာ္ေဆာင္႐ြက္ေရး၊ (၂) တိုင္းရင္းသားျပည္ သူတစ္ရပ္လုံး လိုလားခ်က္ပန္းတိုင္ျဖစ္သည့္ဒီမိုက ေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကိုအေျခခံေသာ ျပည္ ေထာင္စုတည္ေဆာက္ေရး၊ (၃) ျပည္ေထာင္စုၿငိမ္း ခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လက္တြဲပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး၊ (၄) တ ရားဥပေဒစိုးမိုးေရး၊ ေဒသတည္ၿငိမ္ေရးႏွင့္ ပါတီစုံဒီ မိုကေရစီေ႐ြးေကာက္ပြဲမ်ား လြတ္လပ္၍တရားမွ်တစြာ ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ပူးေပါင္းေဆာင္႐ြက္ေရး စသည့္ အခ်က္(၄)ခ်က္ကိုရရွိခဲ့ေၾကာင္းလည္းသိရသည္။
ထို႔အတူ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပ ေဒျပင္ဆင္ႏိုင္ေရးေဆြးေႏြးခဲ့ရာတြင္လည္း သေဘာ တူညီခ်က္ (၂၁)ခ်က္ကိုရရွိခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိခဲ့ရသည္။ အစိုးရ(၂)ဆက္မွသေဘာတူညီခ်က္ ရရွိခဲ့ေသာ ၾဃဗ စာခ်ဳပ္ပါအေျခခံမူမ်ား၊ ျပည္ေထာင္စု သေဘာတူညီခ်က္မ်ားအေပၚ အေျခခံရရွိခဲ့ သည္မ်ားလည္း ျဖစ္သည္။ ထိုအခ်က္မ်ားကို အေျခခံ ၍ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚသို႔ ဆက္လွမ္းၾက ရန္ျဖစ္သည္။ ေျပာရမည္ဆိုလွ်င္ တစ္ႏိုင္ငံလုံးအပစ္ အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကား ႏွယ္ႏွယ္ရရ စာခ်ဳပ္တစ္ရပ္မဟုတ္ေပ။ ဤစာခ်ဳပ္ သည္ ႏိုင္ငံေတာ္ႏွင့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအၾကား ကတိကဝတ္ျပဳ၊ သေဘာတူညီခ်က္၊ သေဘာတူစာခ်ဳပ္ျဖစ္သည္။ NCA စာခ်ဳပ္သည္ တိုင္းရင္းသားလူမ်ိဳးစုမ်ား ေတာင္းဆိုေနၾကသည့္ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးတြင္ က်င့္သုံးေဆာင္႐ြက္ရန္လိုအပ္သည့္ အေျခခံအက် ဆုံးအခ်က္မ်ားျဖစ္သည့္အတြက္ ယင္းစာခ်ဳပ္တြင္ ပစ္ခတ္တိုက္ခိုက္ရပ္စဲမႈလုပ္ငန္းစဥ္မ်ား၊ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္ဆိုင္ရာအေျခခံမူႏွင့္ ႏိုင္ငံေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ား ထည့္သြင္းခ်ဳပ္ဆိုအတည္ျပဳထား သည္ကိုေတြ႕ရသည္။ NCA စာခ်ဳပ္၏အေျခခံမူ တြင္ " ျမန္မာႏိုင္ငံတြင္ သမိုင္းရွည္ၾကာျဖစ္ပြားခဲ့ေသာ လက္နက္ကိုင္ပဋိပကၡမ်ားအဆုံးသတ္ႏိုင္ေရး ေဆြး ေႏြးညႇိႏႈိင္းအေျဖရွာေရး၊ ႏိုင္ငံေရးျပႆနာကို စစ္ ေရးျဖင့္ ေျဖရွင္းျခင္းမျပဳဘဲ ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းမည့္ႏိုင္ငံေရးယဥ္ေက်းမႈသစ္တစ္ရပ္ထူေထာင္ ၿပီး လက္နက္ႏိုင္ပဋိပကၡအဆုံးသတ္ႏိုင္ရန္ တစ္ႏိုင္ငံ လုံး အပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကို ဦးစြာေဆာင္ ႐ြက္ရန္"ဆိုသည့္အေျခခံမူကို ထည့္သြင္းထားသည္ ကိုေတြ႕ရသည္။
ယင္းအေျခခံမူသည္ ႏိုင္ငံေတာ္က အသြင္ ကူးေျပာင္းေနသည့္ ယဥ္ေက်းမႈႏွင့္အညီ ဒီမိုကေရစီ နည္းလမ္းမ်ားျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ခ်ဥ္း ကပ္ေဆာင္႐ြက္ခဲ့ျခင္းလည္းျဖစ္သည္။ တကယ္ေျပာ ရလွ်င္ NCA စာခ်ဳပ္သည္ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားလက္ကိုင္အဖြဲ႕မ်ားအၾကား ကတိကဝတ္ျပဳထား ေသာ သေဘာတူစာခ်ဳပ္ပင္ျဖစ္သည္။ NCA စာခ်ဳပ္ သည္တိုင္းရင္းသားမ်ား လိုလားခ်က္မ်ားကို အေျခခံ ၿပီးေရးဆြဲခဲ့သည့္စာခ်ဳပ္၊ သေဘာတူညီခဲ့သည့္စာခ်ဳပ္ ျဖစ္ၿပီး တိုင္းရင္းသားမ်ား၏လိုလားခ်က္မ်ားအေပၚ ႏိုင္ငံေတာ္၏ကတိကဝတ္အေနျဖင့္ေပးထားသည့္ စာခ်ဳပ္တစ္ခုျဖစ္ေသာ္လည္း၊ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းအခ်ိဳ႕တို႔က တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ NCA လမ္းေၾကာင္းကို ပစ္ပယ္ခဲ့ၾကသည္ကိုေတြ႕ရသည္မွာ စိတ္မေကာင္းစရာျဖစ္သည္။ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ လက္ျဖင့္ေရးသည္ကို ေျချဖင့္ဖ်က္သကဲ့သို႔ျဖစ္ေနၿပီျဖစ္ေနၿပီး လက္ရွိအ ေနအထားတြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို တစ္ ကေနျပန္စရမည့္အေနအထားျဖစ္ေနေတာ့သည္။
လက္ရွိပဋိပကၡမ်ားေၾကာင့္ တိုင္းရင္းသား ျပည္သူမ်ား၏ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္း မာေရး၊ လမ္းပန္းဆက္သြယ္ေရး စသည္မ်ား က်ဆင္း လာကာ တိုင္းရင္းသားျပည္သူမ်ား၏ လူမႈစီးပြားဘဝ မွာလည္း ထိခိုက္သည္ထက္ထိခိုက္၊ နစ္နာသည္ထက္ နစ္နာ၊ ဆုံးရႈံးသည္ထက္ ဆုံးရႈံးထိခိုက္နစ္နာေနရ ေပၿပီ။ တိုင္းျပည္သည္လည္း က်ဆင္းသည္ထက္ က် ဆင္းေနရၿပီျဖစ္သည္။ တိုင္းရင္းသားနယ္ေျမအသီးသီးတြင္ျဖစ္ေပၚေနေသာတိုက္ပြဲမ်ားေၾကာင့္ တိုင္းရင္းသားျပည္ သူမ်ားလိုလားေနၾကသည့္ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံ ေတာ္တည္ေဆာက္ေရးေမွ်ာ္လင့္ခ်က္မ်ားကား " ေ႐ႊျပည္ေတာ္ ေမွ်ာ္တိုင္းေဝး " သည့္အေနအထားသို႔ ေရာက္ရွိေနေလၿပီ။
(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.