အညာဒေသတွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် YRF အဖွဲ့အတွင်း ပုန်ကန်မှုဖြစ်ဟုဆို

2792
ပုံစာ - YRF ၏ သင်တန်းဆင်းပွဲ မြင်ကွင်း တစ်ခု
သုတကျော် (NP News) - စက်တင်ဘာ ၂၀
အညာဒေသတွင် လှုပ်ရှားနေသော ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) ဟု အမည်ပေးထားသည့် လက်နက်ကိုင် အဖွဲ့အတွင်း ပုန်ကန်မှုဖြစ်ကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်သူတစ်ဦးက ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။
ယင်းအဖွဲ့အတွင်း တပ်တွင်း ပုန်းကန်မှုအပြင် ဗဟိုကော်မတီအာဏာသိမ်းရကြောင်း ယင်းအဖွဲ့မှ ဗဟို ကော်မတီဝင် ဆိုသူ ချစ်ဦးမောင် က ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဖော်ပြထားခြင်း ဖြစ် သည်။
၎င်း၏ စာအတွင်း ထိုသို့ တပ်တွင်းပုန်ကန်မှုနှင့် ဗဟိုကော်မတီ အာဏာသိမ်းခြင်းကို လက်မခံသောကြောင့် နှုတ်ထွက်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ယင်း YRF အဖွဲ့သည် အခြား အဖွဲ့များနှင့်ပူးပေါင်းကာ တပ်မတော်ကို တိုက်ပွဲဖော်လေ့ရှိသော်လည်း အဖွဲ့အတွင်း စည်းလုံးမှုပြိုကွဲကာ ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Zawgyi Version:
အညာေဒသတြင္ လႈပ္ရွားေနေသာ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ YRF အဖြဲ႕အတြင္း ပုန္ကန္မႈျဖစ္ဟုဆို
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၀
အညာေဒသတြင္ လႈပ္ရွားေနေသာ ရတနာပုံေတာ္လွန္ေရးတပ္ဖြဲ႕ (YRF) ဟု အမည္ေပးထားသည့္ လက္နက္ကိုင္ အဖြဲ႕အတြင္း ပုန္ကန္မႈျဖစ္ေၾကာင္း အဆိုပါအဖြဲ႕တြင္ ပါဝင္သူတစ္ဦးက ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။
ယင္းအဖြဲ႕အတြင္း တပ္တြင္း ပုန္းကန္မႈအျပင္ ဗဟိုေကာ္မတီအာဏာသိမ္းရေၾကာင္း ယင္းအဖြဲ႕မွ ဗဟို ေကာ္မတီဝင္ ဆိုသူ ခ်စ္ဦးေမာင္ က ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေဖာ္ျပထားျခင္း ျဖစ္ သည္။
၎၏ စာအတြင္း ထိုသို႔ တပ္တြင္းပုန္ကန္မႈႏွင့္ ဗဟိုေကာ္မတီ အာဏာသိမ္းျခင္းကို လက္မခံေသာေၾကာင့္ ႏႈတ္ထြက္ေၾကာင္း ေဖာ္ျပထားျခင္းျဖစ္သည္။
ယင္း YRF အဖြဲ႕သည္ အျခား အဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ တပ္မေတာ္ကို တိုက္ပြဲေဖာ္ေလ့ရွိေသာ္လည္း အဖြဲ႕အတြင္း စည္းလုံးမႈၿပိဳကြဲကာ ယခုကဲ့သို႔ ထုတ္ျပန္ခ်က္ ထြက္ေပၚလာျခင္း ျဖစ္သည္။