'Bon Appétit, Your Majesty' မှာ ရှင်ဘုရင်နဲ့ မင်(တရုတ်)သံတမန်ကြား အရိုအသေပေးတဲ့ပုံစံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်

 614

ရောင်နီ (NP News) - စက်တင်ဘာ ၂၁
တောင်ကိုရီးယားနိုင်ငံရဲ့ အချိန်ခရီးသွားရုပ်ရှင် ဒရာမာ 'Bon Appétit, Your Majesty' ဇာတ်ကားထဲက ရှင်ဘုရင်နဲ့ မင်(တရုတ်)သံတမန်ဆက်ဆံရေးမှာ သမိုင်းကို လိမ်ညာထားတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
tvN မှာ ပြသနေဆဲဖြစ်တဲ့ Bon Appétit, Your Majesty' မှာ ပါဝင်တဲ့ ဆယ်ဂျူံးဘုရင် နဲ့ တရုတ်ဧကရာဇ် သံတမန် တစ်တန်းတည်း ထိုင်နေတဲ့ ဇာတ်ဝင်ခန်း၊ ဘုရင်က သံတမန်ကို ဦးညွှတ်အရိုအသေပေးတဲ့ ဇာတ်ဝင်ခန်း အတွက် သမိုင်းကို ဖျက်ဆီးတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒီအတွက် စက်တင်ဘာ ၁၉ ရက်မှာတော့ ဇာတ်ကားရဲ့ စာရေးဆရာ ပက်ခ်လီဟွန် က ဒရာမာ ဟာ “The Book of National Rites of the Early Joseon Dynasty” လို့ လူသိများတဲ့ ဂျိုဆွန်းခေတ် မင်းဆက်တွေနဲ့ ထုံးတမ်းစဉ်လာအကြောင်း ဖော်ပြထားတဲ့ တရားဝင် စာအုပ်ကို ကိုးကားကာ ရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
စာအုပ်ထဲမှာ ဂျိုဆွန်း ရှင်ဘုရင်ဟာ အနောက်အရပ်မှာ ထိုင်ရပြီး သံတမန်ဟာ အရှေ့အရပ်မှာ ထိုင်တယ်ဆိုတဲ့ စာသားအတိုင်း ဇာတ်ဝင်ခန်းမှာ နေရာချခဲ့ကြောင်း ဆိုပါတယ်။ ကွန်ဖြူးရှပ် ထုံးတမ်းစဉ်လာအရ အရှေ့အရပ်ဟာ အနောက်ထက် အဆင့်မြင့်ပြီး မင်သံတမန်ဟာ ဧကရာဇ်မင်းမြတ်ကို ကိုယ်စားပြုတာကြောင့် သူ့ရဲ့ရာထူးဟာ ဂျိုဆွန်းဘုရင်ထက် သာလွန်တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲမှာ ဘုရင်က မင်သံတမန်ကို ဦးညွှတ်တဲ့ မြင်ကွင်း အတွက်လည်း "စာအုပ်အရ သံတမန်တစ်ဦးကို နှုတ်ဆက်တဲ့အခါ ဘုရင်ဟာ ဦးညွှတ်ရတာ ထုံးစံပဲ" လို့ ရှင်းလင်း ပြောကြားပါတယ်။
Bon Appétit, Your Majesty' ဒရာမာဟာ ဆိုးသွမ်းတဲ့ ဂျိုဆွန်းဘုရင်ခေတ်ကို အချိန်ခရီးသွား ရောက်ရှိသွား တဲ့ စားဖိုမှူး မိန်းကလေးနဲ့ ဘုရင်အကြားဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ်ဆန် အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားဖြစ်ပြီး လက်ရှိပြသနေဆဲ ဒရာမာတွေထဲမှာ ကြည့်ရှုမှုနှုန်းအမြင့်ဆုံးနဲ့ ဦးဆောင်နေပါတယ်။

Zawgyi Version:
'Bon Appétit, Your Majesty' မွာ ရွင္ဘုရင္နဲ႔ မင္(တ႐ုတ္)သံတမန္ၾကား အ႐ိုအေသေပးတဲ့ပုံစံနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ ထြက္ေပၚ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁
ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အခ်ိန္ခရီးသြား႐ုပ္ရွင္ ဒရာမာ 'Bon Appétit, Your Majesty' ဇာတ္ကားထဲက ရွင္ဘုရင္နဲ႔ မင္(တ႐ုတ္)သံတမန္ဆက္ဆံေရးမွာ သမိုင္းကို လိမ္ညာထားတယ္လို႔ ေဝဖန္မႈေတြ ရွိေနပါတယ္။
tvN မွာ ျပသေနဆဲျဖစ္တဲ့ Bon Appétit, Your Majesty' မွာ ပါဝင္တဲ့ ဆယ္ဂ်ဴံးဘုရင္ နဲ႔ တ႐ုတ္ဧကရာဇ္ သံတမန္ တစ္တန္းတည္း ထိုင္ေနတဲ့ ဇာတ္ဝင္ခန္း၊ ဘုရင္က သံတမန္ကို ဦးၫႊတ္အ႐ိုအေသေပးတဲ့ ဇာတ္ဝင္ခန္း အတြက္ သမိုင္းကို ဖ်က္ဆီးတယ္ဆိုတဲ့ ေဝဖန္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ စက္တင္ဘာ ၁၉ ရက္မွာေတာ့ ဇာတ္ကားရဲ႕ စာေရးဆရာ ပက္ခ္လီဟြန္ က ဒရာမာ ဟာ “The Book of National Rites of the Early Joseon Dynasty” လို႔ လူသိမ်ားတဲ့ ဂ်ိဳဆြန္းေခတ္ မင္းဆက္ေတြနဲ႔ ထုံးတမ္းစဥ္လာအေၾကာင္း ေဖာ္ျပထားတဲ့ တရားဝင္ စာအုပ္ကို ကိုးကားကာ ႐ိုက္ကူးထားတာျဖစ္တယ္လို႔ ဆိုပါတယ္။
စာအုပ္ထဲမွာ ဂ်ိဳဆြန္း ရွင္ဘုရင္ဟာ အေနာက္အရပ္မွာ ထိုင္ရၿပီး သံတမန္ဟာ အေရွ႕အရပ္မွာ ထိုင္တယ္ဆိုတဲ့ စာသားအတိုင္း ဇာတ္ဝင္ခန္းမွာ ေနရာခ်ခဲ့ေၾကာင္း ဆိုပါတယ္။ ကြန္ျဖဴးရွပ္ ထုံးတမ္းစဥ္လာအရ အေရွ႕အရပ္ဟာ အေနာက္ထက္ အဆင့္ျမင့္ၿပီး မင္သံတမန္ဟာ ဧကရာဇ္မင္းျမတ္ကို ကိုယ္စားျပဳတာေၾကာင့္ သူ႔ရဲ႕ရာထူးဟာ ဂ်ိဳဆြန္းဘုရင္ထက္ သာလြန္တယ္လို႔ ဆိုပါတယ္။ ဇာတ္လမ္းထဲမွာ ဘုရင္က မင္သံတမန္ကို ဦးၫႊတ္တဲ့ ျမင္ကြင္း အတြက္လည္း "စာအုပ္အရ သံတမန္တစ္ဦးကို ႏႈတ္ဆက္တဲ့အခါ ဘုရင္ဟာ ဦးၫႊတ္ရတာ ထုံးစံပဲ" လို႔ ရွင္းလင္း ေျပာၾကားပါတယ္။
Bon Appétit, Your Majesty' ဒရာမာဟာ ဆိုးသြမ္းတဲ့ ဂ်ိဳဆြန္းဘုရင္ေခတ္ကို အခ်ိန္ခရီးသြား ေရာက္ရွိသြား တဲ့ စားဖိုမႉး မိန္းကေလးနဲ႔ ဘုရင္အၾကားျဖစ္ေပၚလာတဲ့ စိတ္ကူးယဥ္ဆန္ အခ်စ္ဇာတ္လမ္းကို ႐ိုက္ကူးထားတဲ့ ဒရာမာဇာတ္ကားျဖစ္ၿပီး လက္ရွိျပသေနဆဲ ဒရာမာေတြထဲမွာ ၾကည့္ရႈမႈႏႈန္းအျမင့္ဆုံးနဲ႔ ဦးေဆာင္ေနပါတယ္။

Related news

© 2021. All rights reserved.