ပင့်ကူလူသားဝတ်စုံကို ဒီဇိုင်းရေးဆွဲရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် တွမ်ဟော်လန်း

 81

Pika (NP News) - စက်တင်ဘာ ၁၇
အင်္ဂလိပ်ရုပ်ရှင်သရုပ်ဆောင်မင်းသား တွမ်ဟော်လန်း သည် ၎င်း၏ပင့်ကူလူသားဝတ်စုံကို ဒီဇိုင်း ရေးဆွဲရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီ ပေးခဲ့ကြောင်းသိရသည်။ အသက်(၂၉)နှစ်အရွယ် တွမ် ဟော်လန်းသည် ဇာတ်ကားအသစ် Spider-Man: Brand New Day တွင် ပင့်ကူလူသားအဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး ၎င်း၏ဝတ်စုံဖန်တီးမှုတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့မှုများကို ယခုကဲ့သို့ ထုတ်ပြန် ပြောဆိုလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တွမ်ဟော်လန်းက “နောက်ဆုံးထွက် ပင့်ကူလူသားရုပ်ရှင်အတွက် တကယ်ပျော်စရာကောင်းတဲ့ အရာက ဝတ်စုံကို ဒီဇိုင်းရေးဆွဲပြီးဖန်တီးမှုမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်ခဲ့တာပါပဲ”ဟု ပြောဆိုခဲ့သည်။ ပင့်ကူလူသားဝတ်စုံက အနီရောင်နှင့်အပြာရောင် တွဲလျက်ဖြစ်နေသည့်အကြောင်းအပါအဝင် ဝတ်စုံ နောက်ကွယ်မှအကြောင်းအရာများကို တွမ်ဟော်လန်းက ရှင်းပြပြောဆိုချင်ခဲ့သော်လည်း spoilers ဖြစ် သွားမည်ကိုစိုးရိမ်သောကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ ကြောင်းသိရသည်။ ထို့ပြင် စတုတ္ထမြောက် Spider-Man ဇာတ်ကားအသစ်တွင် ပရိသတ်များ ကမြင်တွေ့ လိုသည့်အကြောင်းအရာများကိုရှာဖွေရန်အတွက် အင်တာနက်ကို နာရီပေါင်းများစွာအသုံးပြုခဲ့ကြောင်း တွမ်ဟော်လန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
တွမ်ဟော်လန်းက “ဘာမဆိုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိမှာတော့ Spider-Man: Brand New Day ဇာတ်ကားအသစ်ကို နောက်ဆုံးဇာတ်ကားအနေနဲ့ ထိုက်တန်အောင် ဖန်တီးဖို့ပဲ အာရုံစိုက်ထားပါတယ်။ အင်တာ နက်ကနေတစ်ဆင့် ပရိသတ်တွေမြင်တွေ့ချင်တဲ့ အရာတွေ ကို ရှာဖွေပြီး အကောင်းဆုံးဖန်တီးပေးနိုင်ဖို့ ကျွန်တော်ကြိုးပမ်းနေပါတယ်”ဟု ထုတ်ဖော်ပြောဆိုခဲ့ သည်။

Zawgyi Version:
ပင့္ကူလူသားဝတ္စုံကို ဒီဇိုင္းေရးဆြဲရာတြင္ ကိုယ္တိုင္ကိုယ္က် ပါဝင္ကူညီခဲ့သည့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ တြမ္ေဟာ္လန္း
Pika (NP News) - စက္တင္ဘာ ၁၇
အဂၤလိပ္႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသား တြမ္ေဟာ္လန္း သည္ ၎၏ပင့္ကူလူသားဝတ္စုံကို ဒီဇိုင္း ေရးဆြဲရာတြင္ ကိုယ္တိုင္ကိုယ္က် ပါဝင္ကူညီ ေပးခဲ့ေၾကာင္းသိရသည္။ အသက္(၂၉)ႏွစ္အ႐ြယ္ တြမ္ ေဟာ္လန္းသည္ ဇာတ္ကားအသစ္ Spider-Man: Brand New Day တြင္ ပင့္ကူလူသားအျဖစ္ ပါဝင္ သ႐ုပ္ေဆာင္ထားၿပီး ၎၏ဝတ္စုံဖန္တီးမႈတြင္ ကိုယ္တိုင္ကိုယ္က်ပါဝင္ခဲ့မႈမ်ားကို ယခုကဲ့သို႔ ထုတ္ျပန္ ေျပာဆိုလာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
တြမ္ေဟာ္လန္းက “ေနာက္ဆုံးထြက္ ပင့္ကူလူသား႐ုပ္ရွင္အတြက္ တကယ္ေပ်ာ္စရာေကာင္းတဲ့ အရာက ဝတ္စုံကို ဒီဇိုင္းေရးဆြဲၿပီးဖန္တီးမႈမွာ ကိုယ္တိုင္ကိုယ္က်ပါဝင္ႏိုင္ခဲ့တာပါပဲ”ဟု ေျပာဆိုခဲ့သည္။ ပင့္ကူလူသားဝတ္စုံက အနီေရာင္ႏွင့္အျပာေရာင္ တြဲလ်က္ျဖစ္ေနသည့္အေၾကာင္းအပါအဝင္ ဝတ္စုံ ေနာက္ကြယ္မွအေၾကာင္းအရာမ်ားကို တြမ္ေဟာ္လန္းက ရွင္းျပေျပာဆိုခ်င္ခဲ့ေသာ္လည္း spoilers ျဖစ္ သြားမည္ကိုစိုးရိမ္ေသာေၾကာင့္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ စတုတၳေျမာက္ Spider-Man ဇာတ္ကားအသစ္တြင္ ပရိသတ္မ်ား ကျမင္ေတြ႕ လိုသည့္အေၾကာင္းအရာမ်ားကိုရွာေဖြရန္အတြက္ အင္တာနက္ကို နာရီေပါင္းမ်ားစြာအသုံးျပဳခဲ့ေၾကာင္း တြမ္ေဟာ္လန္းက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
တြမ္ေဟာ္လန္းက “ဘာမဆိုျဖစ္လာႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ လက္ရွိမွာေတာ့ Spider-Man: Brand New Day ဇာတ္ကားအသစ္ကို ေနာက္ဆုံးဇာတ္ကားအေနနဲ႔ ထိုက္တန္ေအာင္ ဖန္တီးဖို႔ပဲ အာ႐ုံစိုက္ထားပါတယ္။ အင္တာ နက္ကေနတစ္ဆင့္ ပရိသတ္ေတြျမင္ေတြ႕ခ်င္တဲ့ အရာေတြ ကို ရွာေဖြၿပီး အေကာင္းဆုံးဖန္တီးေပးႏိုင္ဖို႔ ကြၽန္ေတာ္ႀကိဳးပမ္းေနပါတယ္”ဟု ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။

Related news

© 2021. All rights reserved.