ပြည်ပမှကုန်ကြမ်းအခက်အခဲကြောင့် တာယာထုတ်လုပ်နိုင်မှု အားနည်းနေ

 137

Preal (NP News) - စက်တင်ဘာလ ၂၅

ကုန်ကြမ်းမလုံလောက်မှုကြောင့် တာယာ ထုတ်လုပ်နိုင်မှုအားနည်းနေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးခိုင်မြင့်၏ပြောကြားချက်များအရ သိရသည်။
မော်တော်ကားတာယာများကို ရန်ကုန်တာ ယာစက်ရုံနှင့် 5 Stars တာယာစက်ရုံတို့တွင် အဓိက ထုတ်လုပ်နေပြီး သထုံတာယာစက်ရုံမှ အနည်းငယ် ထုတ်လုပ်နေကြောင်းသိရသည်။ ထို့ပြင် ဆိုင်ကယ် တာယာများကို ရန်ကုန်တာယာစက်ရုံနှင့် မန္တလေးရှိ တာယာစက်ရုံတစ်ခုတို့က ထုတ်လုပ်နေကြောင်း လည်းသိရသည်။
" လက်ရှိမှာ ရော်ဘာကို ကုန်ချောအဖြစ် ထုတ်တာက တကယ်တမ်းပြောရရင် မော်တော်ကား တာယာပေါ့။ ကျွန်တော်တို့ဆီမှာ ရန်ကုန်တာယာရှိ တယ်။ နောက် 5 Stars တာယာစက်ရုံရှိမယ်။ နောက် စက်မှု(၁)က သထုံတာယာစက်ရုံကတော့ စက်ပစ္စည်းတွေက အိုဟောင်းပြီးတော့ သိပ်မထုတ်နိုင် တော့ဘူး။ နောက် ဆိုင်ကယ်တာယာထုတ်တာကျ တော့လည်း မန္တလေးမှာရှိတယ်။ နောက် ရန်ကုန်တာ ယာကလည်း ထုတ်တယ်။ လက်ရှိကတော့ ပြည်တွင်း သုံးခုလောက်ပဲလုပ်သေးတာ။ လိုင်းကားလိုမျိုး ကား တွေရဲ့တာယာတွေ၊ မော်တော်ဆိုင်ကယ်တာယာတွေ ထုတ်ဖို့အတွက်ကိုလည်း နိုင်ငံခြားနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုနဲ့ စတင်ဆောင်ရွက်နေပြီ"ဟု မြန်မာနိုင်ငံ ရော် ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အတွင်း ရေးမှူး ဦးခိုင်မြင့်က NP News သို့ ပြောသည်။ အဆိုပါစက်ရုံများမှ ပြည်တွင်းလိုအပ်ချက် ကိုသာထုတ်လုပ်နေခြင်းဖြစ်ပြီး ပြည်ပသို့ လယ်ယာ သုံးစက်အသေးစားများအတွက် တာယာအနည်းငယ် ကိုသာတင်ပို့နိုင်သေးကြောင်းသိရသည်။ ထို့ပြင် တာယာထုတ်လုပ်သည့်စက်ရုံများအနေဖြင့် ပြည်ပမှတင် သွင်းနေရသည့်ကုန်ကြမ်းများ လုံ‌လောက်မှုမရှိသည့် အတွက် တာယာထုတ်လုပ်မှုနည်းနေခြင်းဖြစ်ကာ ကုန်ကြမ်းများကိုပါ ပြည်တွင်း၌ထုတ်လုပ်နိုင်ရေးအ တွက် ကြိုးစားနေကြောင်းလည်းသိရသည်။
" တာယာထုတ်တဲ့စက်ရုံတွေမှာ ပြည်တွင်း ကထွက်တဲ့ရော်ဘာကိုအသုံးပြုတာက (၂၅) ရာခိုင် နှုန်းလောက်ပဲရှိတယ်။ ကျန်တဲ့ (၇၅)ရာခိုင်နှုန်းက တိုင်းပြည်မှာ ထုတ်လုပ်နိုင်ခြင်းမရှိသေးတဲ့ Chemi­cal တွေရော နောက် Seal Beld တို့ နိုင်လွန်Beld တို့ တာယာထုတ်ဖို့ပစ္စည်းတွေ Import ပြန်သွင်း နေရတာပေါ့နော်။ Import ပြန်သွင်းပြီး ထုတ်လုပ်ရ တာဖြစ်တဲ့အတွက် အဲဒီကုန်ကြမ်းလုံလုံလောက် လောက်ရဖို့လည်းလိုတာပေါ့နော်။ ကုန်ကြမ်းမလုံ လောက်မှုပြဿနာကြောင့် အဲဒီတာယာက သိပ်မ ထုတ်နိုင်တဲ့အခြေအနေရှိတယ်။ ှုာစသမအ လုပ်ဖို့အ တွက် အခက်အခဲတွေရှိနေတာပေါ့နော်။ ကျွန်တော် တို့နိုင်ငံမှာ အဲဒီပစ္စည်းတွေထုတ်လုပ်နိုင်မယ်ဆိုရင် ဒါတော်တော်လေးအဆင်ပြေမယ့်အခြေအနေမှာရှိတယ်။ ထုတ်လုပ်ဖို့လည်း ကြိုးတော့ ကြိုးစားနေကြ တယ်"ဟု ဦးခိုင်မြင့်ကပြောသည်။
ပြည်တွင်း၌ထုတ်လုပ်နေသည့် တာယာ များသည် ဗီယက်နမ်တာယာများနှင့် အရည်အသွေး တူညီသော်လည်း Import တစ်ခုအဖြစ် ဈေးကွက် တွင်မပေါက်သေးသည့်အတွက် ဗီယက်နမ်တာယာ ဈေးနှုန်းအောက်တွင်သာရောင်းနေရကြောင်းလည်း သိရသည်။ " Brand တစ်ခုအနေနဲ့ မပေါက်သေးတဲ့ အခါကျတော့ ဈေးနှုန်းကတော့ ဗီယက်နမ်တာယာ အောက်မှာရောင်းရတာပေါ့နော်။ တကယ်တမ်း Export သွားဖို့အတွက်ကို Brand တစ်ခုရဖို့လည်း လိုအပ်တာပေါ့နော်"ဟု ဦးခိုင်မြင့်က NP News သို့ပြောသည်။

Zawgyi Version:
ျပည္ပမွကုန္ၾကမ္းအခက္အခဲေၾကာင့္ တာယာထုတ္လုပ္ႏိုင္မႈ အားနည္းေန
Preal (NP News) - စက္တင္ဘာလ ၂၅

ကုန္ၾကမ္းမလုံေလာက္မႈေၾကာင့္ တာယာ ထုတ္လုပ္ႏိုင္မႈအားနည္းေနေၾကာင္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း၏ အတြင္းေရးမႉးျဖစ္သူ ဦးခိုင္ျမင့္၏ေျပာၾကားခ်က္မ်ားအရ သိရသည္။
ေမာ္ေတာ္ကားတာယာမ်ားကို ရန္ကုန္တာ ယာစက္႐ုံႏွင့္ 5 Stars တာယာစက္႐ုံတို႔တြင္ အဓိက ထုတ္လုပ္ေနၿပီး သထုံတာယာစက္႐ုံမွ အနည္းငယ္ ထုတ္လုပ္ေနေၾကာင္းသိရသည္။ ထို႔ျပင္ ဆိုင္ကယ္ တာယာမ်ားကို ရန္ကုန္တာယာစက္႐ုံႏွင့္ မႏၲေလးရွိ တာယာစက္႐ုံတစ္ခုတို႔က ထုတ္လုပ္ေနေၾကာင္း လည္းသိရသည္။
" လက္ရွိမွာ ေရာ္ဘာကို ကုန္ေခ်ာအျဖစ္ ထုတ္တာက တကယ္တမ္းေျပာရရင္ ေမာ္ေတာ္ကား တာယာေပါ့။ ကြၽန္ေတာ္တို႔ဆီမွာ ရန္ကုန္တာယာရွိ တယ္။ ေနာက္ 5 Stars တာယာစက္႐ုံရွိမယ္။ ေနာက္ စက္မႈ(၁)က သထုံတာယာစက္႐ုံကေတာ့ စက္ပစၥည္းေတြက အိုေဟာင္းၿပီးေတာ့ သိပ္မထုတ္ႏိုင္ ေတာ့ဘူး။ ေနာက္ ဆိုင္ကယ္တာယာထုတ္တာက် ေတာ့လည္း မႏၲေလးမွာရွိတယ္။ ေနာက္ ရန္ကုန္တာ ယာကလည္း ထုတ္တယ္။ လက္ရွိကေတာ့ ျပည္တြင္း သုံးခုေလာက္ပဲလုပ္ေသးတာ။ လိုင္းကားလိုမ်ိဳး ကား ေတြရဲ႕တာယာေတြ၊ ေမာ္ေတာ္ဆိုင္ကယ္တာယာေတြ ထုတ္ဖို႔အတြက္ကိုလည္း ႏိုင္ငံျခားႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီ တစ္ခုနဲ႔ စတင္ေဆာင္႐ြက္ေနၿပီ"ဟု ျမန္မာႏိုင္ငံ ေရာ္ ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း၏ အတြင္း ေရးမႉး ဦးခိုင္ျမင့္က NP News သို႔ ေျပာသည္။ အဆိုပါစက္႐ုံမ်ားမွ ျပည္တြင္းလိုအပ္ခ်က္ ကိုသာထုတ္လုပ္ေနျခင္းျဖစ္ၿပီး ျပည္ပသို႔ လယ္ယာ သုံးစက္အေသးစားမ်ားအတြက္ တာယာအနည္းငယ္ ကိုသာတင္ပို႔ႏိုင္ေသးေၾကာင္းသိရသည္။ ထို႔ျပင္ တာယာထုတ္လုပ္သည့္စက္႐ုံမ်ားအေနျဖင့္ ျပည္ပမွတင္ သြင္းေနရသည့္ကုန္ၾကမ္းမ်ား လုံ‌ေလာက္မႈမရွိသည့္ အတြက္ တာယာထုတ္လုပ္မႈနည္းေနျခင္းျဖစ္ကာ ကုန္ၾကမ္းမ်ားကိုပါ ျပည္တြင္း၌ထုတ္လုပ္ႏိုင္ေရးအ တြက္ ႀကိဳးစားေနေၾကာင္းလည္းသိရသည္။
" တာယာထုတ္တဲ့စက္႐ုံေတြမွာ ျပည္တြင္း ကထြက္တဲ့ေရာ္ဘာကိုအသုံးျပဳတာက (၂၅) ရာခိုင္ ႏႈန္းေလာက္ပဲရွိတယ္။ က်န္တဲ့ (၇၅)ရာခိုင္ႏႈန္းက တိုင္းျပည္မွာ ထုတ္လုပ္ႏိုင္ျခင္းမရွိေသးတဲ့ Chemi­cal ေတြေရာ ေနာက္ Seal Beld တို႔ ႏိုင္လြန္Beld တို႔ တာယာထုတ္ဖို႔ပစၥည္းေတြ Import ျပန္သြင္း ေနရတာေပါ့ေနာ္။ Import ျပန္သြင္းၿပီး ထုတ္လုပ္ရ တာျဖစ္တဲ့အတြက္ အဲဒီကုန္ၾကမ္းလုံလုံေလာက္ ေလာက္ရဖို႔လည္းလိုတာေပါ့ေနာ္။ ကုန္ၾကမ္းမလုံ ေလာက္မႈျပႆနာေၾကာင့္ အဲဒီတာယာက သိပ္မ ထုတ္ႏိုင္တဲ့အေျခအေနရွိတယ္။ ႈာစသမအ လုပ္ဖို႔အ တြက္ အခက္အခဲေတြရွိေနတာေပါ့ေနာ္။ ကြၽန္ေတာ္ တို႔ႏိုင္ငံမွာ အဲဒီပစၥည္းေတြထုတ္လုပ္ႏိုင္မယ္ဆိုရင္ ဒါေတာ္ေတာ္ေလးအဆင္ေျပမယ့္အေျခအေနမွာရွိတယ္။ ထုတ္လုပ္ဖို႔လည္း ႀကိဳးေတာ့ ႀကိဳးစားေနၾက တယ္"ဟု ဦးခိုင္ျမင့္ကေျပာသည္။
ျပည္တြင္း၌ထုတ္လုပ္ေနသည့္ တာယာ မ်ားသည္ ဗီယက္နမ္တာယာမ်ားႏွင့္ အရည္အေသြး တူညီေသာ္လည္း Import တစ္ခုအျဖစ္ ေဈးကြက္ တြင္မေပါက္ေသးသည့္အတြက္ ဗီယက္နမ္တာယာ ေဈးႏႈန္းေအာက္တြင္သာေရာင္းေနရေၾကာင္းလည္း သိရသည္။ " Brand တစ္ခုအေနနဲ႔ မေပါက္ေသးတဲ့ အခါက်ေတာ့ ေဈးႏႈန္းကေတာ့ ဗီယက္နမ္တာယာ ေအာက္မွာေရာင္းရတာေပါ့ေနာ္။ တကယ္တမ္း Export သြားဖို႔အတြက္ကို Brand တစ္ခုရဖို႔လည္း လိုအပ္တာေပါ့ေနာ္"ဟု ဦးခိုင္ျမင့္က NP News သို႔ေျပာသည္။

Related news

© 2021. All rights reserved.