ကိုယ်စားလှယ်လောင်းတွေကလည်း သူတို့နာမည်ပေါက်ကြားမှာ တအားစိုးရိမ်ကြတယ်(နိုင်ငံရေးပါတီ အင်တာဗျူး)

 392

သက်ပိုင် (NP News) - စက်တင်ဘာလ ၂၅

ဒီမိုကရေစီပါတီသစ် (ကချင်)ပါတီသည် (၂၀၂၃) ခုနှစ် ဧပြီလ(၂၅)ရက်တွင် မှတ်ပုံတင်အမှတ်စဉ် (၃)ဖြင့်ခွင့်ပြုခဲ့သောပါတီတစ်ခုဖြစ်ပြီး ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့တွင်အခြေစိုက်ထားသော တိုင်း ရင်းသားပါတီတစ်ခုဖြစ်ကာ လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီတစ်ခု လည်းဖြစ်သည်။ အဆိုပါ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီနှင့်ပတ်သက်၍ ပါတီ၏မူဝါဒ၊ အနာဂတ်ရည် မှန်းချက်များနှင့် ရွေးကောက်ပွဲအတွက် ကြိုးပမ်းအားထုတ်နေမှုများအပေါ် ယင်းပါတီ၏ အထွေထွေအတွင်းရေမှူး ဦးခေါတိန့်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး ။ ။လာမယ့်ရွေးကောက်ပွဲအပေါ်ထားရှိတဲ့ ပါတီ ရဲ့မူဝါဒကို သိလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ပါတီရဲ့ရွေးကောက်ပွဲအပေါ် ထားရှိတဲ့မူဝါဒကတော့ ပါတီရဲ့ ရှိပြီးသားမူဝါဒတွေ အတိုင်းပါပဲ။ လက်ရှိရွေးကောက်ပွဲကို ကျွန်တော်တို့က ကချင်ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့အတွက် ပါဝင် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲ ဟာ မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုပြီး နိုင်ငံတော်က ချမှတ်ပြီးဖြစ်တဲ့အတွက် နိုင်ငံရေးပါတီအားလုံးက လည်း ရွေးကောက်ပွဲအတွက် ဝိုင်းဝန်းကြိုးစားနေကြတာပေါ့နော်။ ကျွန်တော်တို့ပါတီလည်း ဘာပဲဖြစ်ဖြစ် ပါတီအသေးလေးပဲဖြစ်ဖြစ် UEC ကချမှတ်ထားတဲ့ မူဝါဒဥပဒေတွေအတိုင်းလိုက်နာပြီးတော့ ပါဝင်ယှဉ် ပြိုင်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။
မေး ။ ။ လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲကတော့ လုပ်သင့်လုပ်ထိုက်တာ ဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေ အားလုံးကတော့ ရွေး ကောက်ပွဲလုပ်မှ လွှတ်တော်ကိုယ်စားလှယ်တွေရရှိမှ နိုင်ငံတော်အစိုးရဖွဲ့နိုင်မှာလေ။ ဒါဖွဲ့နိုင်ပြီးတော့မှ တက်လာတဲ့အစိုးရကို လက်ရှိအစိုးရကနေပြီး အာ ဏာတွေလွှဲအပ်ပြီးတော့ လွှတ်တော်အစိုးရသစ်တစ် ရပ်အနေနဲ့ နိုင်ငံတော်ရဲ့အရေးကို ဆောင်ရွက်သွားမှာ ပေါ့နော်။ အဲဒါတော့တစ်ချက်ပေါ့။ ဒုတိယတစ်ချက် ကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲမှာတော့ ဥပ ဒေ၊ နည်းဥပဒေတွေက ထပ်ပြီးတော့ထွက်လာနေ တော့ လုပ်ရကိုင်ရတာတွေက ခက်ခဲမှုတွေတော့ရှိတာ ပေါ့။
မေး။ ။UEC ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းဆို ရင် ပါတီအတွက် ဘယ်လိုစိန်ခေါ်မှု၊ အခက်အခဲတွေ ရှိနေပါသလဲ။
ဖြေ။ ။ဒါကိုပြောရမယ်ဆိုရင် ကျွန်တော်တို့ပါတီတွေ က (၂၀၂၁) UEC စခေါ်တဲ့ အစည်းဝေးပြီးတော UEC ဘက်ကခေါ်ယူတဲ့အစည်းဝေးပွဲတိုင်းမှာ ကျွန် တော်တို့ဘက်က မပျက်မကွက်ကြိုးစားပြီးတော့ ပါဝင်ပူးပေါင်းဆောင်ရွက်တာပေါ့။ UEC ရဲ့ဆွေးနွေး ပွဲတွေမှာ PR စနစ်နဲ့ပတ်သက်လို့ ကျွန်တော်ကိုယ် တိုင် စာမူ၊ စာတမ်းတွေရေးပြီးတော့ တင်ပြဆွေးနွေး ခဲ့ပါတယ်။ အဲဒီ PR စာအုပ်မှာလည်း ဓာတ်ပုံတွေနဲ့ ပါပြီးသားပါ။ PR ရဲ့စာအုပ်မှာထွက်လာတဲ့ဟာတွေ ကတော့ PR ကိုလုပ်ဆောင်သွားမှာပေါ့နော်။အဲဒီမှာ ရေးထားတဲ့အတိုင်းလုပ်ဆောင်သွားမယ်လို့ပါပြီးသား။ ဒါပေမဲ့ အဲဒီမှာဆွေးနွေးသွားတာတွေနဲ့ လက်ရှိမှာ အခုဖြစ်နေတဲ့ဟာတွေကတော့ တခြားစီဖြစ်နေတာ ပေါ့နော်။ ပြီးတဲ့အခါမှ ရွေးကောက်ပွဲဥပဒေတွေက ဒီကနေ့အထိထုတ်လာပြီ။ ဒါပေမဲ့ လက်တွေ့ကိုင်တွယ် တဲ့အခါ မြေပြင်မှာက အဆင်မပြေတဲ့ဟာတွေလည်း ရှိတဲ့အတွက့်နဃ အနေနဲ့လည်း ဆင့်ကဲဆွေးနွေး တိုင်ပင်ပြီးတော့ နဂိုထုတ်ပြီးသားဥပဒေတွေကို ထပ် ပြောင်းလဲပြီးတော့ အဆင်ပြေရင်ပြေသလိုထုတ် တော့ ကျွန်တော်တို့တွေလည်း သူတို့ထုတ်တဲ့အတိုင်း ပဲ ကြိုးစားနေရတာပေါ့နော်။ အဓိကကတော့ အခု ကိုယ်စားလှယ်စာရင်းကို (၈)ရက်ကနေပြီးတော့ (၁၇)ရက်နေ့အထိဆိုပြီးတော့ ထုတ်ပေးတယ်။ ဒါပေ မဲ့ မြေပြင်မှာက အခက်အခဲတွေအများကြီးရှိနေတော့ (၂၄) ရက်အထိဆိုပြီး အချိန်လေးပေးလိုက်တယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ နည်းနည်းလေး အသက်ရှူချောင်သွားတာပေါ့။ ပထမဥပဒေအတိုင်းဆိုရင်တော့ ကျွန်တော်တို့ အပြည့်အစုံမတင်နိုင်ဘူးလေ။ အဲဒီလို အခက်အခဲ လေးတွေရှိတယ်။ ပြီးတဲ့အခါ နယ်မြေဒေသက မတူ ဘူးလေ။ ရန်ကုန်တို့၊ မန္တလေးတို့လို ဒေသတွေက တော့ သူ့နည်းဥပဒေအတိုင်း သူ့ဟာနဲ့သူ ကြိုးစားသွား လို့ရတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာဆိုရင် တော်တော်လေးကို ခက်ခဲတယ်။ ခက်ခဲတယ်ဆိုတဲ့ အပိုင်းမှာ ကိုယ်စားလှယ်ရွေးချယ်မှုအပိုင်းတွေမှာ နယ်မြေလုံခြုံမှုအရကျတော့ ကိုယ်စားလှယ်တွေက နဂိုဆန္ဒရှိပေမယ့်လည်း တစ်ဖက်က ခြိမ်းခြောက်ဖိအားပေးမှုတွေရှိတော့ ခက်ခဲမှုတွေရှိတာပေါ့။ လုံခြုံ ရေးအရပေါ့နော်။ နောက်ပြီး ထပ်တိုးထုတ်ပြန်လိုက်တဲ့ အထဲမှာ ကချင်ပြည်နယ်က ချီဖွေ၊ ဆော့လော်၊ ဆွမ်ပ ရာဘွမ်တို့လိုနေရာတွေဆိုရင် ကျွန်တော်တို့က ကိုယ် စားလှယ်တွေကိုရွေးချယ်ပြီးတော့ စာရင်းဇယားနဲ့ လည်းတင်ပြီးသား။ ဒါပေမဲ့ အသစ်ထပ်ထုတ်လိုက်တဲ့ အထဲမှာ ဒီမဲဆန္ဒနယ်တွေကို လုံးဝပယ်တယ်ဆိုတော့ ခက်ခဲမှုတွေရှိတာပေါ့။ ကျွန်တော်တို့မှာ ဖောင်လည်း တင်ပြီးသား၊ ငွေလည်းသွင်းပြီးသား။ အဲဒီလိုမျိုးတွေ လည်းရှိတယ်။ ကိုယ်စားလှယ်ရအောင်ကြိုးစားတဲ့ အခါမှာလည်း ခက်ခဲမှုတွေရှိခဲ့တယ်။ ကျွန်တော်တို့ နေတဲ့နယ်မြေကလည်း သိတဲ့အတိုင်းပဲလေ။ လုံခြုံ ရေးထိန်းချုပ်နယ်မြေတွေဖြစ်တဲ့အတွက် ကိုယ်စား လှယ်တွေခက်ခဲတယ်။ အဲဒီဒေသမှာရှိတဲ့ ပါတီဝင် တွေ၊ ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဝင်ချင် တယ်။ သို့သော်လည်း ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ အတွက် လက်နက်ကိုင်တွေက သူတို့နယ်မြေမှာ ပါတီအကြောင်းမပြောနဲ့၊ ရွေးကောက်ပွဲမလုပ်ရဘူး ဆိုတာတွေရှိနေတော့ ဒေသအခြေအနေအရ အနီး စပ်ဆုံးနေနိုင်တဲ့သူတွေ၊ သူတို့ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ပါတီဝင်တွေ၊ ကိုယ်စားလှယ်လုပ်ချင်တဲ့သူတွေက သွားလာဖို့ကစပြီး ပါတီကိစ္စပြောဆိုဖို့အတွက်တောင် အခက်ခဲတွေရှိပါတယ်။ ပြီးတဲ့အခါမှာ နယ်မြေလုံခြုံ ရေးအရ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ဟာတွေ သွားလာ ရေးတွေခက်ခဲတယ်၊ ဖုန်းလိုင်းမမိတာခက်ခဲတယ်။ အဲဒါမျိုးတွေပေါ့။ ပြီးတော့ ပေးတဲ့ရက်ကလည်း ကပ် နေတာဆိုတော့ ကျွန်တော်တို့က အားချင်းလုပ်ရ တယ်။ ပြီးတော့ နည်းဥပဒေတွေကလည်း အရင်နဲ့မ တူဘူးလေ။ နဂိုက FPTP စနစ်နဲ့ဆိုတော့ ကိုယ်အ ဆင်ပြေတဲ့နေရာမှာ ရွေးချယ်လို့ရတယ်။ အခုက PR ပါလာတော့ PR ရဲ့ အင်အားတွေနဲ့ပတ်သက်လို့ PR မှာပြည့်စုံမှ FPTP ဝင်လို့ရမယ်ဆိုတဲ့ အခက်အခဲ တွေပေါ့လေ။ အများကြီးရှိပါတယ်။
မေး။ ။ PR စနစ်နဲ့ FPTP စနစ်ရောထားတဲ့အပေါ် ဘယ်လိုထင်မြင်မိပါသလဲ။
ဖြေ။ ။သက်ဆိုင်ရာ UEC ကတော့ ဘာပဲဖြစ်ဖြစ် မြန် မာနိုင်ငံက အခြေအနေပေါ်မူတည်ပြီး သူတို့အကောင်း ဆုံးဆောင်ရွက်သွားတာပေါ့နော်။ ဒါပေမဲ့ PR နဲ့ FPTP စနစ်နဲ့ပေါင်းတဲ့စနစ်ကတော့ အခုမှပဲစတာဆို တော့ အသစ်အဆန်းတော့ဖြစ်နေတာပေါ့။ ပြည်သူလူထုအတွက်ရော ကိုယ်စားလှယ်တွေအတွက်ရောလေ။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကိုယ်တိုင်ကိုက လုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေထွက်လာတဲ့အခါမှာ ဂဃနဏမသိတဲ့အတွက်ကြောင့် UEC ကို မေးရ မြန်းရတာပေါ့။ UEC နဲ့ အခေါက်ခေါက်အခါခါ မေးရမြန်းရတယ်၊ ဆွေးနွေးရတယ်။ ကျွန်တော်တို့က တော့ ဒီလိုမျိုးပဲဆောင်ရွက်နေတာဖြစ်ပါတယ်။
မေး။ ။ကချင်ပြည်နယ်ရဲ့ ဘယ်မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိမလဲ။
ဖြေ။ ။ကျွန်တော်တို့ပါတီအနေနဲ့ကတော့ အဓိက ချီ ဖွေ၊ ဆော့လော်၊ ဝိုင်းမော်ပေါ့နော်။ ဒီဒေတွေမှာ ကျွန် တော်တို့က ဒေသပါတီဖြစ်တဲ့အတွက် အမာခံဖြစ်တာ ပေါ့နော်။ ဒါပေမဲ့ ချီဖွေနဲ့ ဆော့လော် မပါဘူးဆိုတော့ ကျွန်တော်တို့အားခဲရမှာက ဝိုင်းမော်မြို့နယ်တစ်ခုပဲ ရှိတော့တယ်။ အဲဒါလေးကို ကျွန်တော်တို့က ကြိုးစား ရတော့မယ်။ ကချင်ပြည်နယ်မှာက ကျွန်တော်တို့ ပါတီတစ်ခုတည်းပဲမဟုတ်ဘူးလေ။ တခြားပါတီတွေ လည်းရှိတယ်ဆိုတော့ ဒီနယ်တစ်ခုတည်းပဲ အား သန်တာပေါ့။ ကျန်တဲ့ဟာတွေကတော့ အဆင်ပြေ အောင် အားလုံးကကြိုးပမ်းနေကြပါတယ်။
မေး။ ။တခြားပါတီတွေအနေနဲ့ကော ဘယ်လိုအ ခက်ခဲတွေကြုံနေရတာကို တွေ့မြင်ရပါသလဲ။
ဖြေ။ ။ကျွန်တော်တို့ပါတီလိုပဲ ကျန်တဲ့ပါတီတွေလည်း အခက်ခဲကတော့ ဒီလိုပါပဲ။ ခက်ခဲကြတယ်။ ကိုယ် စားလှယ်တွေရှာရတာ ခက်ခဲကြတယ်။ PR ကိုယ်စား လှယ်တွေရှာရတာ ခက်ခဲကြတယ်။ ဆက်သွယ်တာ တွေခက်ခဲတယ်။ ပေးတဲ့အချိန်နဲ့ အဆင်ပြေအောင် အားလုံးက ကြိုးပမ်းနေကြရတာလေ။ ပြည်ထောင်စု အဆင့် တစ်နိုင်ငံလုံးမှာပြိုင်မယ့်ပါတီတွေကတော့ ပြည်မမှာ အဓိက အားထားစရာရှိတာပေါ့။ ကျွန်တော် တို့လို ကချင်ပြည်နယ်မှာကတော့ ပြည်ထောင်စုအ ဆင့်ပါတီတွေကလည်း ကြိုးစားကြပါတယ်။ တချို့ပါ တီတွေကတော့ ကချင်ပြည်နယ်အနေအထားမှာ ပြည်နယ်နဲ့အမျိုးသားလွှတ်တော်ကို မပြိုင်ဘဲနဲ့ ပြည် သူ့လွှတ်တော်တစ်ခုတည်းကိုပဲ ပြိုင်တဲ့ပါတီတွေလည်း ရှိတာပေါ့နော်။ တချို့ကတော့ တိုင်းရင်းသားရေးရာဝန် ကြီးနေရာတစ်ခုကို အားထားပြီးတော့ပြိုင်ကြတယ်။ အဓိကတော့ ပြည်နယ်ကိုယ်စားလှယ်နဲ့ အမျိုးသား ကိုယ်စားလှယ်က PR ပါလာတော့ PR မှာ အိမ်ပြည့် မှ FPTP စနစ်ကိုပြိုင်ရမယ်ဆိုတော့ အဲဒါလေးကို အခက်ခဲတွေအများကြီးကြားထဲကနေပြီးတော့ ကြိုး စားကြတယ်ပေါ့။ ကျန်တဲ့ပါတီကြီးတွေမှာကတော့ ခက်ခဲမှုတော့ရှိကြတယ်။ ဒါပေမဲ့ သူတို့က ပါတီကြီး တွေဖြစ်တော့ လုပ်ရကိုင်ရတော့အဆင်ပြေကြမှာပါ။ ကျွန်တော်တို့ကချင်ပြည်နယ်မှာကတော့ ပြည်ထောင် စုအဆင့်ပါတီတွေဆိုရင် ကျားဖြူပါတီရှိမယ်။ PPP ပါတီရှိတယ်။ တစည ရှိတယ်။ တောင်သူလယ်သမား ပါတီရှိတယ်။ ရောက်လာတာပေါ့နော်။ ဒါတွေကတော့ သူတို့လည်းတတ်နိုင်သလောက်ကြိုးစားကြတယ်။ တချို့ပါတီကြီးတွေကတော့ မဲဆန္ဒနယ် (၁)၊ (၂) ဘက်မှာ လှုပ်ရှားနေတာရှိတယ်။ တချို့ကတော့လည်း မဲဆန္ဒနယ်တစ်ခုတည်းမှာပဲ ပြည်သူ့လွှတ်တော်ကို ပါဝင်ယှဉ်ပြိုင်ဖို့ကြိုးစားနေကြတာတွေရှိပါတယ်။
မေး။ ။ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေပြင်ဆင်ထားပါသ လဲ။
ဖြေ။ ။ အခုအချိန်မှာတော့ ကျွန်တော်တို့က ကိုယ်စားလှယ်တွေကိုရွေးချယ်ပြီးတော့ အိမ်ပြည့်ဖြစ်အောင် အတွက် ကိုယ်စားလှယ်ရွေးချယ်မှု ကန့်သတ်ချက် ပြည့်မီအောင်တော့ ကြိုးစားကြတာပေါ့။ ကိုယ်စား လှယ်လောင်းတွေလည်း သူတို့နာမည်ပေါက်ကြားမှာ ကို တအားစိုးရိမ်ကြတယ်။ ဒီတော့ ပါတီတိုင်းက သူ့ဟာနဲ့သူ ဆိုင်ရာဆိုင်ရာကိုယ်စားလှယ်လောင်းကိုပဲ ဖြည့်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။ အရင်ရွေးကောက်ပွဲတွေတုန်းကလို ငါကတော့ ဘယ် မြို့နယ်ကိုပြိုင်မယ်၊ ဘာညာဆိုတာတွေကိုမပြောရဲ တော့ဘဲ တော်တော်လေးကိုသတိထားရတာပေါ့။ ကိုယ်စားလှယ်လောင်းတွေက ကျွန်တော်တို့နဲ့ ဆွေး နွေးတယ်။ သူတို့မှာ အခက်အခဲတွေတော့ရှိတယ်။ ဒါပေမဲ့ မဖြစ်မနေတော့လုပ်ရမယ်။ ဒီတော့ သူတို့ကို ကျွန်တော်တို့ကလည်း မဖြစ်မနေပါလာအောင် စည်း ရုံးရတာပေါ့။ အိမ်ပြည့်ဖြစ်အောင်အတွက်။ လုံခြုံရေး နဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ်ရဲ့ လုံခြုံရေးကို တောင်စိတ်မချရဘူး။ အလျဉ်းသင့်သလိုပဲ သွားလာ နေရတာ။ မဲဆန္ဒနယ်လုံခြုံရေးပိုင်းဆိုင်ရာတွေကို တော့ သက်ဆိုင်ရာတွေကလုပ်သွားကြပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ သူတို့ဘာလုပ်မယ်ဆိုတာကို မသိဘူးလေ။
မေး။ ။ လွှတ်တော်ထဲကိုရောက်ရင် အရင်ဆုံးအနေနဲ့ ဘယ်အရာတွေကို လုပ်ဆောင်သွားဖို့ရှိမလဲ။
ဖြေ။ ။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက ဘာပဲ ဖြစ်ဖြစ် လွှတ်တော်ကိုရောက်အောင်ကြိုးစားကြ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ကိုရောက်မှ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက် ရေးကိုလုပ်လို့ရမှာလေ။ ကိုယ့်ဒေသမှာ ဘာအခက် အခဲရှိတယ်၊ ဘာတွေလုပ်ရမယ်ဆိုတာကို ဒေသခံ တွေပဲသိတာလေ။ ပြည်မက ကိုယ်စားလာပြီးတော့ လာအရွေးခံတဲ့ပုဂ္ဂိုလ်တွေကတော့ ပြီးခဲ့တဲ့ကာလတွေ တုန်းကဟာတွေနဲ့သုံးသပ်ရင် သိနိုင်ပါတယ်။ ကိုယ် စားလှယ်တစ်ယောက်အနေနဲ့ပဲလုပ်သွားတယ်။ ပါတီ ကိုယ်စားပြုအနေနဲ့လုပ်သွားတဲ့နေရာတွေမှာကျ တော့ အားနည်းချက်လေးတွေရှိတာပေါ့နော်။ ကျွန် တော်တို့ပါတီကတော့ ဘာပဲဖြစ်ဖြစ် ဒေသခံ တိုင်းရင်း သားလူမျိုးတွေကိုကိုယ်စားပြုတဲ့အတွက် ကျွန်တော် တို့ပါတီကကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက် သွားရင် ကချင်ပြည်နယ်ရဲ့အနေအထား၊ ဖွံ့ဖြိုးတိုး တက်ရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို အရင်ဆုံး လုပ်သွားမှာပါ။ ဒေသခံတွေဖြစ်တဲ့အတွက် လွှတ် တော်ထဲရောက်သွားခဲ့ရင် ပြောရေးဆိုခွင့်ရှိမယ်၊ တင် ပြပိုင်ခွင့်ရှိမှာဖြစ်တဲ့အတွက် လွှတ်တော်ထဲကို ရောက် ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲအောင်မြင်ပြီး လွှတ်တော်ထဲရောက်ခဲ့ ရင် ပြည်နယ်ရဲ့ကိုယ်စား ပြောဆိုခွင့်တွေ၊ ဆောင်ရွက် ခွင့်တွေရမယ်။ တက်လာတဲ့သူတွေကလည်း အောက် ခြေက ဒေသခံတွေဖြစ်တဲ့အတွက် ပြည်နယ်နဲ့နိုင်ငံ တော်အတွက် အကျိုးအများကြီး ဆောင်ရွက်နိုင်တာ ပေါ့နော်။ အပြင်မှာ ဘယ်လောက်ပဲအမြင်ရှိရှိ၊ ဘယ် လောက်ပဲတော်နေတော်နေ တရားဥပဒေဘောင်အ တွင်းက ပြောရေးဆိုခွင့်ရှိမှပဲအဆင်ပြေမှာလေ။ အဲဒါ ကြောင့် လွှတ်တော်ကိုရောက်ရှိနိုင်ရေးအတွက် ကြိုး စားနေတာလည်းဖြစ်ပါတယ်။
မေး။ ။ ပါတီအပေါ် ကချင်လူထုရဲ့သဘောထားအမြင် ကကော ဘယ်လိုရှိနေပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ပါတီကတော့ ကချင်ပြည်နယ်က ကျွန်တော်တို့ဒေသတွေမှာတော့ ပုံရိပ်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပါတီဟာ UEC နဲ့ပတ်သက်ပြီးတော့လည်း အချိန်ပြည့် ပူး ပေါင်းဆောင်ရွက်နေတယ်။ NSPNC မှာဆိုရင် လည်း ကျွန်တော်ကိုယ်တိုင်ကပါဝင်ပြီးတော့ ဆွေး နွေးဆောင်ရွက်နေတယ်။ ပြီးတော့ ကချင်ပြည်နယ် အစိုးရနဲ့လည်း ကျွန်တော်တို့ပါတီအနေနဲ့ ပါဝင်ပူး ပေါင်းဆောင်ရွက်မှုတွေရှိတယ်။ လူမှုရေးကဏ္ဍတွေ၊ ပြည်နယ်ရဲ့လှုပ်ရှားမှုတွေမှာ သူ့ကဏ္ဍနဲ့သူ ပါဝင်ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ လွန်ခဲ့တဲ့ ငလျင်ကာ လတုန်းကဆိုရင်လည်း ပြည်နယ်အစိုးရကဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့က ရန်ပုံငွေ ပါဝင်ပူး ပေါင်းထည့်ဝင်လှူဒါန်းဆောင်ရွက်တာတွေရှိတယ်။ ကျွန်တော်တို့ထင်တာတော့ ကချင်ပြည်နယ်မှာတော့ ကျွန်တော်တို့ပါတီက ပုံရိပ်တော့ရှိပါတယ်။ လူထုက လည်းကိုယ့်ဒေသပါတီဖြစ်တဲ့အတွက် ထောက်ခံမှု တွေရှိတယ်။ လက်တွေ့မှာလည်း ကျွန်တော်တို့ဒေသ မှာ ပါတီရဲ့စည်းရုံးရေးနယ်မြေတွေဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့နော်ဘက်တွေမှာ ကျွန်တော်တို့ လက်လှမ်းမီသလောက် လူမှုရေးကဏ္ဍတွေ၊ စစ် ရှောင်တွေကို အားပေးကူညီတာတွေ၊ ပါဝင်ပူးပေါင်း ဆောင်ရွက်တာတွေတော့ရှိနေပါတယ်။ ပုံရိပ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ မဲဆိုတာကတော့ မဲဆန္ဒရှင် ရဲ့ဆုံးဖြတ်ချက်ပဲလေ။ ပါတီပုံရိပ် ဘယ်လောက်ပဲ ကောင်းကောင်း မဲဆန္ဒရှင်တွေရဲ့သဘောထားက အရေးကြီးဆုံးပါပဲ။
မေး။ ။လာမယ့်ရွေးကောက်ပွဲကာလမှာ ဘယ်အရာ တွေက ပါတီအတွက် စိန်ခေါ်မှုတွေဖြစ်နိုင်ပါမလဲ။
ဖြေ။ ။ လာမယ့်ရွေးကောက်ပွဲကာလမှာ ကျွန်တော်တို့ ပါတီအတွက် အဓိကစိန်ခေါ်မှုကတော့ ကချင်ပြည် နယ်ရဲ့ နယ်မြေလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးပါပဲ။ ဘာ ကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက ရွေးကောက်ပွဲနဲ့သက် ဆိုင်တဲ့ ပတ်သက်ဆက်သွယ်မှုတွေကို လုံးဝဆန့်ကျင် ထားတယ်ဆိုတော့ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ လည်း ဒီလိုပါပဲ။ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးပါပဲ။ ဒီအခက်အခဲပါပဲ။ အရင်တုန်းကလို ငြိမ်းငြိမ်းချမ်းချမ်းဆို ရင်တော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီ တွေ စည်းရုံးရေးကို လွပ်လွပ်လပ်လပ်လုပ်လို့ကိုင်လို့ရ တယ်လေ။ အခုအချိန်မှာတော့ နယ်မြေငြိမ်းချမ်းမှု မရှိဘူးဆိုတော့ နိုင်ငံရေးကိစ္စတွေလုပ်လို့အဆင်မ ပြေဘူးဖြစ်နေတာပေါ့။ လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ အနီးကပ်ဆုံးမှာသွားလာနေရတာဆိုတော့ လုပ်ရကိုင်ရတဲ့အပိုင်းမှာ တော်တော်လေးကိုမှ ခက်ခဲ ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ပေါ့လေ။ ရိုးရိုး သာမန်လူတစ်ယောက်နဲ့ ဝန်ထမ်းတွေတောင် သွား လာရေးမှာ တော်တော်လေးကိုခက်ခဲတယ်ဆိုတော့ နိုင်ငံရေးပါတီကလူတွေဆိုရင်တော့ စဉ်းစားကြည့် ပေါ့ဗျာ။ အားလုံးကိုခြုံကြည့်မယ်ဆိုရင်တော့ နယ်မြေ လုံခြုံရေးကတော့ အဓိကပါပဲ။
မေး။ ။ ကချင်ပြည်နယ်က တပ်မတော်မဟုတ်တဲ့လက် နက်ကိုင်တွေအရေးနဲ့ပတ်သက်ပြီး ဘာတွေကြိုတင် တွက်ဆထားပါသလဲ။
ဖြေ။ ။လုံခြုံရေးပိုင်းတွေကတော့ ကျွန်တော်တို့နဲ့ လက်လှမ်းမမီဘူးပေါ့လေ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် UEC ကချမှတ်ပေးတဲ့ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်အောင်ကြိုးစား မှာပေါ့နော်။ ဒီကြားထဲမှာ လက်နက်ကိုင်တွေက ခြိမ်း ခြောက်မှုတွေ၊ တခြားနည်းလမ်းတွေ လုပ်လာမယ်ဆို ရင်တော့ ရွေးကောက်ပွဲဥပဒေက ထုတ်ထားပြီးသား ပဲလေ။ ရွေးကောက်ပွဲဥပဒေက တော်တော်လေးပြင်း ပြင်းရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရိုးရိုးသာ မန်လူပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်သူမဆို ရွေးကောက်ပွဲကိုဆန့်ကျင်ရင်၊ ရွေးကောက်ပွဲနဲ့ပတ် သက်ပြီး ဥပဒေတွေရှိပြီးသားဖြစ်တယ်လေ။ ဒါက ဥပဒေအပိုင်းပေါ့။ တကယ်တမ်းတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲကိုပါဝင်ယှဉ် ပြိုင်ဖို့အတွက် ကြိုးစားသွားဖို့ပဲရှိပါတယ်။ ဘာဖြစ်လာရင်ဘာလုပ်မယ်ဆိုတာမျိုးကတော့ ကျွန်တော်တို့ လည်းလက်လှမ်းမမီဘူး။ ဘာလို့လဲဆိုတော့ ကျွန် တော်တို့က ပြည်သူတွေပဲဖြစ်တဲ့အတွက် စစ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်ရင် အလှမ်းဝေးပါတယ်။ လက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာတွေ ကတော့ သူ့ဌာနဆိုင်ရာတွေလုပ်ပါလိမ့်မယ်။ ကျွန် တော်တို့နိုင်ငံရေးပါတီအနေနဲ့ လက်နက်ကိုင်အ ဖွဲ့အစည်းတွေနဲ့ ဘာလုပ်မယ်ညာလုပ်မယ်ဆိုတာမျိုး ကတော့ ဒီလိုမျိုးအခြေအနေမှာ လုပ်သင့်လား၊ မလုပ်သင့်လား။ စဉ်းစားရအရမ်းခက်တာပေါ့။ ကျွန် တော်တို့ကိုယ်တိုင်နဲ့ပါတီဝင်တွေကတော့ သွားလာ တဲ့အခါမှာ သတိဝိရိယနဲ့ ဆင်ဆင်ခြင်ခြင် သွားလာနေ ကြရပါတယ်။ ထိန်းချုပ်နယ်မြေမှာ ကျွန်တော်တို့က နိုင်ငံရေးလမ်းကြောင်းတွေကိုသွားပြောလို့ ဘယ်ဖြစ် ပါ့မလဲ။ ဒီလိုအခက်ခဲတွေတော့ရှိတာပေါ့။
မေး။ ။ ကချင်ပြည်သူလူထုကကော ရွေးကောက်ပွဲအပေါ် ဘယ်လောက်အထိ အာရုံစိုက်မှုရှိတာကိုတွေ့ရပါ သလဲ။
ဖြေ။ ။ တရားဥပဒေဘောင်အတွင်းမှာရှိတဲ့ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ ပြည်သူတွေအားလုံးကတော့ ရွေး ကောက်ပွဲဟာ လုပ်ကိုလုပ်ရမယ်။ ဒီရွေးကောက်ပွဲ အပြီးအစိုးရတက်လာမှ ငြိမ်းချမ်းရေးတွေအဖြေပေါ် မယ်ဆိုပြီတော့ရှိတယ်။ နိုင်ငံရေးအမြင်ရှိတဲ့သူတွေ ကတော့ ရွေးကောက်ပွဲလုပ်လာရင် သူတို့ဆန္ဒအရ မဲထည့်ပေးဖို့ရှိသလို တချို့ကလည်း အခြေအနေအရ မထည့်သေးဘဲ ကြားနေလူတွေရှိနေတယ်။ တချို့ ဆန့်ကျင်တဲ့လူတွေကလည်း ရှိကောင်းရှိပါလိမ့်မယ်။
မေး။ ။ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်နေတဲ့သူ တွေ၊ အဖွဲ့အစည်းတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ လက်ရှိအခြေအနေအရတော့ သူတို့လည်းသိ မှာပါ။ ရွေးကောက်ပွဲက လုပ်သင့်တယ်ဆိုတဲ့အသိတ ရားတွေ သူတို့မှာရှိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ လက် နက်ကိုင်အဖွဲ့အစည်းတွေကတော့ သူတို့မူဝါဒအ တိုင်းလုပ်ကြကိုင်ကြတာတွေရှိတယ်။ သူတို့ဟာလည်း နိုင်ငံသားတစ်ယောက်ဖြစ်တယ်။ နိုင်ငံသားဖြစ်တဲ့အ တွက် ရွေးကောက်ပွဲမှာပါဝင်ရမယ်ဆိုတာကို သူတို့ လည်းသိပြီးသားဖြစ်မှာပါ။ နယ်မြေလုံခြုံရေးအရ (၂၀၂၀)ကပေါ်လာတဲ့အရေးအခင်းရဲ့ နောက်ဆက် တွဲတွေနဲ့ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့အစည်း တွေက သူတို့ရည်ရွယ်ချက်နဲ့သူတို့လုပ်နေတဲ့အပိုင်း တွေကတော့ရှိမှာပါ။ အဲ့တာကတော့ ကျွန်တော်တို့က မဲဆန္ဒရှင်တစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းလို့မရဘူးပေါ့ လေ။ ဒါကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ပဲလေ။
မေး။ ။လက်ရှိမှာ လုံခြုံရေးစိန်ခေါ်မှုတွေရှိနေတယ် ဆိုတော့ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်သွား ပါမလဲခင်ဗျာ။
ဖြေ။ ။နိုင်ငံရေးပါတီတွေရဲ့အခက်အခဲကတော့ အား လုံးကအတူတူပါပဲ။ ကျွန်တော်တို့ပါတီအနေနဲ့က တော့ ရွေးကောက်ပွဲဟာ နိုင်ငံ့အကျိုးအတွက်ဆိုတာ ကို ပြည်သူလူထုတွေကို အတတ်နိုင်ဆုံးပြောပြမယ်၊ စည်းရုံးမယ်။ နိုင်ငံရေးအမြင်၊ ရွေးကောက်ပွဲအမြင်၊ ရွေးကောက်ပွဲရဲ့မူဝါဒ၊ ရွေးကောက်ပွဲရဲ့လုပ်ထုံးလုပ် နည်း၊ ဒါတွေကို လက်လှမ်းမီသလောက် ပါတီဝင်တွေ နဲ့အတူပြောမယ်၊ ဆိုမယ်၊ စည်းရုံးမယ်၊ တင်ပြမယ်။ ဒါတွေကို တတ်နိုင်သလောက်ဆောင်ရွက်ပြီး ကျော် ဖြတ်သွားမှာပါ။
မေး။ ။တခြားဖြည့်စွက်ပြောလိုတာများ ရှိပါသေးလား။
ဖြေ။ ။လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ အင်တာဗျူးဖြေ ဖို့အတွက်တောင် တော်တော်ကိုစိုးရိမ်နေရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ပြောလိုက်တာဟာ အများအကျိုးအတွက် ဥပဒေဘောင်အတွင်းက ပြော လိုက်တာဖြစ်ပေမယ့် နယ်မြေအခြေအနေအရ တစ် ဖက်ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကျတော့ မူဝါဒချင်း မတူတော့ အန္တရာယ်ရှိတာပေါ့။ ကျွန်တော်တို့ နိုင်ငံ ရေးပါတီတွေအနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံ တော်ကစီမံပြုလုပ်လာတဲ့ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ပြီးတော့ လွှတ်တော်အစိုးရတက်လာအောင်၊ နောက်ပြီး တက်လာတဲ့အစိုးရလက်အောက်ကနေ နိုင်ငံတော်ရဲ့အကျိုးကို ဆောင်ရွက်သွားနိုင်အောင် ရည်ရွယ်ပြီး ရွေးကောက်ပွဲကို ပါဝင်နိုင်ဖို့ဆောင်ရွက် နေတာဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေလည်း ကျွန်တော်တို့နိုင်ငံရေးပါတီတွေနည်းတူ ရည်ရွယ်ချက်ချင်းတူညီနေတယ်လို့ထင်ပါတယ်။

Zawgyi Version:
ကိုယ္စားလွယ္ေလာင္းေတြကလည္း သူတို႔နာမည္ေပါက္ၾကားမွာ တအားစိုးရိမ္ၾကတယ္(ႏိုင္ငံေရးပါတီ အင္တာဗ်ဴး)
သက္ပိုင္ (NP News) - စက္တင္ဘာလ ၂၅

ဒီမိုကေရစီပါတီသစ္ (ကခ်င္)ပါတီသည္ (၂၀၂၃) ခုႏွစ္ ဧၿပီလ(၂၅)ရက္တြင္ မွတ္ပုံတင္အမွတ္စဥ္ (၃)ျဖင့္ခြင့္ျပဳခဲ့ေသာပါတီတစ္ခုျဖစ္ၿပီး ကခ်င္ျပည္နယ္ ခ်ီေဖြၿမိဳ႕နယ္ ပန္ဝါၿမိဳ႕တြင္အေျခစိုက္ထားေသာ တိုင္း ရင္းသားပါတီတစ္ခုျဖစ္ကာ လာမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီတစ္ခု လည္းျဖစ္သည္။ အဆိုပါ ဒီမိုကေရစီပါတီသစ္(ကခ်င္)ပါတီႏွင့္ပတ္သက္၍ ပါတီ၏မူဝါဒ၊ အနာဂတ္ရည္ မွန္းခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳးပမ္းအားထုတ္ေနမႈမ်ားအေပၚ ယင္းပါတီ၏ အေထြေထြအတြင္းေရမႉး ဦးေခါတိန႔္ႏွင့္ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး ။ ။လာမယ့္ေ႐ြးေကာက္ပြဲအေပၚထားရွိတဲ့ ပါတီ ရဲ႕မူဝါဒကို သိလိုပါတယ္။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ပါတီရဲ႕ေ႐ြးေကာက္ပြဲအေပၚ ထားရွိတဲ့မူဝါဒကေတာ့ ပါတီရဲ႕ ရွိၿပီးသားမူဝါဒေတြ အတိုင္းပါပဲ။ လက္ရွိေ႐ြးေကာက္ပြဲကို ကြၽန္ေတာ္တို႔က ကခ်င္ျပည္နယ္အေျခစိုက္ပါတီျဖစ္တဲ့အတြက္ ပါဝင္ ယွဥ္ၿပိဳင္ဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ ေ႐ြးေကာက္ပြဲ ဟာ မျဖစ္မေနလုပ္ေဆာင္ရမယ္ဆိုၿပီး ႏိုင္ငံေတာ္က ခ်မွတ္ၿပီးျဖစ္တဲ့အတြက္ ႏိုင္ငံေရးပါတီအားလုံးက လည္း ေ႐ြးေကာက္ပြဲအတြက္ ဝိုင္းဝန္းႀကိဳးစားေနၾကတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ပါတီလည္း ဘာပဲျဖစ္ျဖစ္ ပါတီအေသးေလးပဲျဖစ္ျဖစ္ UEC ကခ်မွတ္ထားတဲ့ မူဝါဒဥပေဒေတြအတိုင္းလိုက္နာၿပီးေတာ့ ပါဝင္ယွဥ္ ၿပိဳင္ႏိုင္ဖို႔အတြက္ ႀကိဳးစားေနပါတယ္။
ေမး ။ ။ လာမယ့္ေ႐ြးေကာက္ပြဲကို ဘယ္လိုျမင္ပါသလဲ။
ေျဖ ။ ။ ေ႐ြးေကာက္ပြဲကေတာ့ လုပ္သင့္လုပ္ထိုက္တာ ျဖစ္တဲ့အတြက္ မဲဆႏၵရွင္ေတြ အားလုံးကေတာ့ ေ႐ြး ေကာက္ပြဲလုပ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရရွိမွ ႏိုင္ငံေတာ္အစိုးရဖြဲ႕ႏိုင္မွာေလ။ ဒါဖြဲ႕ႏိုင္ၿပီးေတာ့မွ တက္လာတဲ့အစိုးရကို လက္ရွိအစိုးရကေနၿပီး အာ ဏာေတြလႊဲအပ္ၿပီးေတာ့ လႊတ္ေတာ္အစိုးရသစ္တစ္ ရပ္အေနနဲ႔ ႏိုင္ငံေတာ္ရဲ႕အေရးကို ေဆာင္႐ြက္သြားမွာ ေပါ့ေနာ္။ အဲဒါေတာ့တစ္ခ်က္ေပါ့။ ဒုတိယတစ္ခ်က္ ကေတာ့ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲမွာေတာ့ ဥပ ေဒ၊ နည္းဥပေဒေတြက ထပ္ၿပီးေတာ့ထြက္လာေန ေတာ့ လုပ္ရကိုင္ရတာေတြက ခက္ခဲမႈေတြေတာ့ရွိတာ ေပါ့။
ေမး။ ။UEC ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္းဆို ရင္ ပါတီအတြက္ ဘယ္လိုစိန္ေခၚမႈ၊ အခက္အခဲေတြ ရွိေနပါသလဲ။
ေျဖ။ ။ဒါကိုေျပာရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ပါတီေတြ က (၂၀၂၁) UEC စေခၚတဲ့ အစည္းေဝးၿပီးေတာ UEC ဘက္ကေခၚယူတဲ့အစည္းေဝးပြဲတိုင္းမွာ ကြၽန္ ေတာ္တို႔ဘက္က မပ်က္မကြက္ႀကိဳးစားၿပီးေတာ့ ပါဝင္ပူးေပါင္းေဆာင္႐ြက္တာေပါ့။ UEC ရဲ႕ေဆြးေႏြး ပြဲေတြမွာ PR စနစ္နဲ႔ပတ္သက္လို႔ ကြၽန္ေတာ္ကိုယ္ တိုင္ စာမူ၊ စာတမ္းေတြေရးၿပီးေတာ့ တင္ျပေဆြးေႏြး ခဲ့ပါတယ္။ အဲဒီ PR စာအုပ္မွာလည္း ဓာတ္ပုံေတြနဲ႔ ပါၿပီးသားပါ။ PR ရဲ႕စာအုပ္မွာထြက္လာတဲ့ဟာေတြ ကေတာ့ PR ကိုလုပ္ေဆာင္သြားမွာေပါ့ေနာ္။အဲဒီမွာ ေရးထားတဲ့အတိုင္းလုပ္ေဆာင္သြားမယ္လို႔ပါၿပီးသား။ ဒါေပမဲ့ အဲဒီမွာေဆြးေႏြးသြားတာေတြနဲ႔ လက္ရွိမွာ အခုျဖစ္ေနတဲ့ဟာေတြကေတာ့ တျခားစီျဖစ္ေနတာ ေပါ့ေနာ္။ ၿပီးတဲ့အခါမွ ေ႐ြးေကာက္ပြဲဥပေဒေတြက ဒီကေန႔အထိထုတ္လာၿပီ။ ဒါေပမဲ့ လက္ေတြ႕ကိုင္တြယ္ တဲ့အခါ ေျမျပင္မွာက အဆင္မေျပတဲ့ဟာေတြလည္း ရွိတဲ့အတြက့္နဃ အေနနဲ႔လည္း ဆင့္ကဲေဆြးေႏြး တိုင္ပင္ၿပီးေတာ့ နဂိုထုတ္ၿပီးသားဥပေဒေတြကို ထပ္ ေျပာင္းလဲၿပီးေတာ့ အဆင္ေျပရင္ေျပသလိုထုတ္ ေတာ့ ကြၽန္ေတာ္တို႔ေတြလည္း သူတို႔ထုတ္တဲ့အတိုင္း ပဲ ႀကိဳးစားေနရတာေပါ့ေနာ္။ အဓိကကေတာ့ အခု ကိုယ္စားလွယ္စာရင္းကို (၈)ရက္ကေနၿပီးေတာ့ (၁၇)ရက္ေန႔အထိဆိုၿပီးေတာ့ ထုတ္ေပးတယ္။ ဒါေပ မဲ့ ေျမျပင္မွာက အခက္အခဲေတြအမ်ားႀကီးရွိေနေတာ့ (၂၄) ရက္အထိဆိုၿပီး အခ်ိန္ေလးေပးလိုက္တယ္ေပါ့။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြအေနနဲ႔ နည္းနည္းေလး အသက္ရႉေခ်ာင္သြားတာေပါ့။ ပထမဥပေဒအတိုင္းဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ အျပည့္အစုံမတင္ႏိုင္ဘူးေလ။ အဲဒီလို အခက္အခဲ ေလးေတြရွိတယ္။ ၿပီးတဲ့အခါ နယ္ေျမေဒသက မတူ ဘူးေလ။ ရန္ကုန္တို႔၊ မႏၲေလးတို႔လို ေဒသေတြက ေတာ့ သူ႔နည္းဥပေဒအတိုင္း သူ႔ဟာနဲ႔သူ ႀကိဳးစားသြား လို႔ရတယ္။ ကြၽန္ေတာ္တို႔ ကခ်င္ျပည္နယ္မွာဆိုရင္ ေတာ္ေတာ္ေလးကို ခက္ခဲတယ္။ ခက္ခဲတယ္ဆိုတဲ့ အပိုင္းမွာ ကိုယ္စားလွယ္ေ႐ြးခ်ယ္မႈအပိုင္းေတြမွာ နယ္ေျမလုံၿခဳံမႈအရက်ေတာ့ ကိုယ္စားလွယ္ေတြက နဂိုဆႏၵရွိေပမယ့္လည္း တစ္ဖက္က ၿခိမ္းေျခာက္ဖိအားေပးမႈေတြရွိေတာ့ ခက္ခဲမႈေတြရွိတာေပါ့။ လုံၿခဳံ ေရးအရေပါ့ေနာ္။ ေနာက္ၿပီး ထပ္တိုးထုတ္ျပန္လိုက္တဲ့ အထဲမွာ ကခ်င္ျပည္နယ္က ခ်ီေဖြ၊ ေဆာ့ေလာ္၊ ဆြမ္ပ ရာဘြမ္တို႔လိုေနရာေတြဆိုရင္ ကြၽန္ေတာ္တို႔က ကိုယ္ စားလွယ္ေတြကိုေ႐ြးခ်ယ္ၿပီးေတာ့ စာရင္းဇယားနဲ႔ လည္းတင္ၿပီးသား။ ဒါေပမဲ့ အသစ္ထပ္ထုတ္လိုက္တဲ့ အထဲမွာ ဒီမဲဆႏၵနယ္ေတြကို လုံးဝပယ္တယ္ဆိုေတာ့ ခက္ခဲမႈေတြရွိတာေပါ့။ ကြၽန္ေတာ္တို႔မွာ ေဖာင္လည္း တင္ၿပီးသား၊ ေငြလည္းသြင္းၿပီးသား။ အဲဒီလိုမ်ိဳးေတြ လည္းရွိတယ္။ ကိုယ္စားလွယ္ရေအာင္ႀကိဳးစားတဲ့ အခါမွာလည္း ခက္ခဲမႈေတြရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ ေနတဲ့နယ္ေျမကလည္း သိတဲ့အတိုင္းပဲေလ။ လုံၿခဳံ ေရးထိန္းခ်ဳပ္နယ္ေျမေတြျဖစ္တဲ့အတြက္ ကိုယ္စား လွယ္ေတြခက္ခဲတယ္။ အဲဒီေဒသမွာရွိတဲ့ ပါတီဝင္ ေတြ၊ ကိုယ္စားလွယ္ေတြက ေ႐ြးေကာက္ပြဲဝင္ခ်င္ တယ္။ သို႔ေသာ္လည္း ထိန္းခ်ဳပ္နယ္ေျမေတြျဖစ္တဲ့ အတြက္ လက္နက္ကိုင္ေတြက သူတို႔နယ္ေျမမွာ ပါတီအေၾကာင္းမေျပာနဲ႔၊ ေ႐ြးေကာက္ပြဲမလုပ္ရဘူး ဆိုတာေတြရွိေနေတာ့ ေဒသအေျခအေနအရ အနီး စပ္ဆုံးေနႏိုင္တဲ့သူေတြ၊ သူတို႔ ထိန္းခ်ဳပ္နယ္ေျမမွာ ရွိတဲ့ ပါတီဝင္ေတြ၊ ကိုယ္စားလွယ္လုပ္ခ်င္တဲ့သူေတြက သြားလာဖို႔ကစၿပီး ပါတီကိစၥေျပာဆိုဖို႔အတြက္ေတာင္ အခက္ခဲေတြရွိပါတယ္။ ၿပီးတဲ့အခါမွာ နယ္ေျမလုံၿခဳံ ေရးအရ ေ႐ြးေကာက္ပြဲနဲ႔ဆိုင္တဲ့ဟာေတြ သြားလာ ေရးေတြခက္ခဲတယ္၊ ဖုန္းလိုင္းမမိတာခက္ခဲတယ္။ အဲဒါမ်ိဳးေတြေပါ့။ ၿပီးေတာ့ ေပးတဲ့ရက္ကလည္း ကပ္ ေနတာဆိုေတာ့ ကြၽန္ေတာ္တို႔က အားခ်င္းလုပ္ရ တယ္။ ၿပီးေတာ့ နည္းဥပေဒေတြကလည္း အရင္နဲ႔မ တူဘူးေလ။ နဂိုက FPTP စနစ္နဲ႔ဆိုေတာ့ ကိုယ္အ ဆင္ေျပတဲ့ေနရာမွာ ေ႐ြးခ်ယ္လို႔ရတယ္။ အခုက PR ပါလာေတာ့ PR ရဲ႕ အင္အားေတြနဲ႔ပတ္သက္လို႔ PR မွာျပည့္စုံမွ FPTP ဝင္လို႔ရမယ္ဆိုတဲ့ အခက္အခဲ ေတြေပါ့ေလ။ အမ်ားႀကီးရွိပါတယ္။
ေမး။ ။ PR စနစ္နဲ႔ FPTP စနစ္ေရာထားတဲ့အေပၚ ဘယ္လိုထင္ျမင္မိပါသလဲ။
ေျဖ။ ။သက္ဆိုင္ရာ UEC ကေတာ့ ဘာပဲျဖစ္ျဖစ္ ျမန္ မာႏိုင္ငံက အေျခအေနေပၚမူတည္ၿပီး သူတို႔အေကာင္း ဆုံးေဆာင္႐ြက္သြားတာေပါ့ေနာ္။ ဒါေပမဲ့ PR နဲ႔ FPTP စနစ္နဲ႔ေပါင္းတဲ့စနစ္ကေတာ့ အခုမွပဲစတာဆို ေတာ့ အသစ္အဆန္းေတာ့ျဖစ္ေနတာေပါ့။ ျပည္သူလူထုအတြက္ေရာ ကိုယ္စားလွယ္ေတြအတြက္ေရာေလ။ ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္ေတြကိုယ္တိုင္ကိုက လုပ္ထုံးလုပ္နည္းေတြ ဥပေဒေတြထြက္လာတဲ့အခါမွာ ဂဃနဏမသိတဲ့အတြက္ေၾကာင့္ UEC ကို ေမးရ ျမန္းရတာေပါ့။ UEC နဲ႔ အေခါက္ေခါက္အခါခါ ေမးရျမန္းရတယ္၊ ေဆြးေႏြးရတယ္။ ကြၽန္ေတာ္တို႔က ေတာ့ ဒီလိုမ်ိဳးပဲေဆာင္႐ြက္ေနတာျဖစ္ပါတယ္။
ေမး။ ။ကခ်င္ျပည္နယ္ရဲ႕ ဘယ္မဲဆႏၵနယ္ေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားဖို႔ရွိမလဲ။
ေျဖ။ ။ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ကေတာ့ အဓိက ခ်ီ ေဖြ၊ ေဆာ့ေလာ္၊ ဝိုင္းေမာ္ေပါ့ေနာ္။ ဒီေဒေတြမွာ ကြၽန္ ေတာ္တို႔က ေဒသပါတီျဖစ္တဲ့အတြက္ အမာခံျဖစ္တာ ေပါ့ေနာ္။ ဒါေပမဲ့ ခ်ီေဖြနဲ႔ ေဆာ့ေလာ္ မပါဘူးဆိုေတာ့ ကြၽန္ေတာ္တို႔အားခဲရမွာက ဝိုင္းေမာ္ၿမိဳ႕နယ္တစ္ခုပဲ ရွိေတာ့တယ္။ အဲဒါေလးကို ကြၽန္ေတာ္တို႔က ႀကိဳးစား ရေတာ့မယ္။ ကခ်င္ျပည္နယ္မွာက ကြၽန္ေတာ္တို႔ ပါတီတစ္ခုတည္းပဲမဟုတ္ဘူးေလ။ တျခားပါတီေတြ လည္းရွိတယ္ဆိုေတာ့ ဒီနယ္တစ္ခုတည္းပဲ အား သန္တာေပါ့။ က်န္တဲ့ဟာေတြကေတာ့ အဆင္ေျပ ေအာင္ အားလုံးကႀကိဳးပမ္းေနၾကပါတယ္။
ေမး။ ။တျခားပါတီေတြအေနနဲ႔ေကာ ဘယ္လိုအ ခက္ခဲေတြႀကဳံေနရတာကို ေတြ႕ျမင္ရပါသလဲ။
ေျဖ။ ။ကြၽန္ေတာ္တို႔ပါတီလိုပဲ က်န္တဲ့ပါတီေတြလည္း အခက္ခဲကေတာ့ ဒီလိုပါပဲ။ ခက္ခဲၾကတယ္။ ကိုယ္ စားလွယ္ေတြရွာရတာ ခက္ခဲၾကတယ္။ PR ကိုယ္စား လွယ္ေတြရွာရတာ ခက္ခဲၾကတယ္။ ဆက္သြယ္တာ ေတြခက္ခဲတယ္။ ေပးတဲ့အခ်ိန္နဲ႔ အဆင္ေျပေအာင္ အားလုံးက ႀကိဳးပမ္းေနၾကရတာေလ။ ျပည္ေထာင္စု အဆင့္ တစ္ႏိုင္ငံလုံးမွာၿပိဳင္မယ့္ပါတီေတြကေတာ့ ျပည္မမွာ အဓိက အားထားစရာရွိတာေပါ့။ ကြၽန္ေတာ္ တို႔လို ကခ်င္ျပည္နယ္မွာကေတာ့ ျပည္ေထာင္စုအ ဆင့္ပါတီေတြကလည္း ႀကိဳးစားၾကပါတယ္။ တခ်ိဳ႕ပါ တီေတြကေတာ့ ကခ်င္ျပည္နယ္အေနအထားမွာ ျပည္နယ္နဲ႔အမ်ိဳးသားလႊတ္ေတာ္ကို မၿပိဳင္ဘဲနဲ႔ ျပည္ သူ႔လႊတ္ေတာ္တစ္ခုတည္းကိုပဲ ၿပိဳင္တဲ့ပါတီေတြလည္း ရွိတာေပါ့ေနာ္။ တခ်ိဳ႕ကေတာ့ တိုင္းရင္းသားေရးရာဝန္ ႀကီးေနရာတစ္ခုကို အားထားၿပီးေတာ့ၿပိဳင္ၾကတယ္။ အဓိကေတာ့ ျပည္နယ္ကိုယ္စားလွယ္နဲ႔ အမ်ိဳးသား ကိုယ္စားလွယ္က PR ပါလာေတာ့ PR မွာ အိမ္ျပည့္ မွ FPTP စနစ္ကိုၿပိဳင္ရမယ္ဆိုေတာ့ အဲဒါေလးကို အခက္ခဲေတြအမ်ားႀကီးၾကားထဲကေနၿပီးေတာ့ ႀကိဳး စားၾကတယ္ေပါ့။ က်န္တဲ့ပါတီႀကီးေတြမွာကေတာ့ ခက္ခဲမႈေတာ့ရွိၾကတယ္။ ဒါေပမဲ့ သူတို႔က ပါတီႀကီး ေတြျဖစ္ေတာ့ လုပ္ရကိုင္ရေတာ့အဆင္ေျပၾကမွာပါ။ ကြၽန္ေတာ္တို႔ကခ်င္ျပည္နယ္မွာကေတာ့ ျပည္ေထာင္ စုအဆင့္ပါတီေတြဆိုရင္ က်ားျဖဴပါတီရွိမယ္။ PPP ပါတီရွိတယ္။ တစည ရွိတယ္။ ေတာင္သူလယ္သမား ပါတီရွိတယ္။ ေရာက္လာတာေပါ့ေနာ္။ ဒါေတြကေတာ့ သူတို႔လည္းတတ္ႏိုင္သေလာက္ႀကိဳးစားၾကတယ္။ တခ်ိဳ႕ပါတီႀကီးေတြကေတာ့ မဲဆႏၵနယ္ (၁)၊ (၂) ဘက္မွာ လႈပ္ရွားေနတာရွိတယ္။ တခ်ိဳ႕ကေတာ့လည္း မဲဆႏၵနယ္တစ္ခုတည္းမွာပဲ ျပည္သူ႔လႊတ္ေတာ္ကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ႀကိဳးစားေနၾကတာေတြရွိပါတယ္။
ေမး။ ။ ပါတီကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီးေတာ့ေကာ ဘာေတြျပင္ဆင္ထားပါသ လဲ။
ေျဖ။ ။ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔က ကိုယ္စားလွယ္ေတြကိုေ႐ြးခ်ယ္ၿပီးေတာ့ အိမ္ျပည့္ျဖစ္ေအာင္ အတြက္ ကိုယ္စားလွယ္ေ႐ြးခ်ယ္မႈ ကန႔္သတ္ခ်က္ ျပည့္မီေအာင္ေတာ့ ႀကိဳးစားၾကတာေပါ့။ ကိုယ္စား လွယ္ေလာင္းေတြလည္း သူတို႔နာမည္ေပါက္ၾကားမွာ ကို တအားစိုးရိမ္ၾကတယ္။ ဒီေတာ့ ပါတီတိုင္းက သူ႔ဟာနဲ႔သူ ဆိုင္ရာဆိုင္ရာကိုယ္စားလွယ္ေလာင္းကိုပဲ ျဖည့္ၿပီးေတာ့ လုပ္ကိုင္ေဆာင္႐ြက္ေနၾကပါတယ္။ အရင္ေ႐ြးေကာက္ပြဲေတြတုန္းကလို ငါကေတာ့ ဘယ္ ၿမိဳ႕နယ္ကိုၿပိဳင္မယ္၊ ဘာညာဆိုတာေတြကိုမေျပာရဲ ေတာ့ဘဲ ေတာ္ေတာ္ေလးကိုသတိထားရတာေပါ့။ ကိုယ္စားလွယ္ေလာင္းေတြက ကြၽန္ေတာ္တို႔နဲ႔ ေဆြး ေႏြးတယ္။ သူတို႔မွာ အခက္အခဲေတြေတာ့ရွိတယ္။ ဒါေပမဲ့ မျဖစ္မေနေတာ့လုပ္ရမယ္။ ဒီေတာ့ သူတို႔ကို ကြၽန္ေတာ္တို႔ကလည္း မျဖစ္မေနပါလာေအာင္ စည္း ႐ုံးရတာေပါ့။ အိမ္ျပည့္ျဖစ္ေအာင္အတြက္။ လုံၿခဳံေရး နဲ႔ပတ္သက္ရင္ ကိုယ့္ကိုယ္ကိုယ္ရဲ႕ လုံၿခဳံေရးကို ေတာင္စိတ္မခ်ရဘူး။ အလ်ဥ္းသင့္သလိုပဲ သြားလာ ေနရတာ။ မဲဆႏၵနယ္လုံၿခဳံေရးပိုင္းဆိုင္ရာေတြကို ေတာ့ သက္ဆိုင္ရာေတြကလုပ္သြားၾကပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ကေတာ့ သူတို႔ဘာလုပ္မယ္ဆိုတာကို မသိဘူးေလ။
ေမး။ ။ လႊတ္ေတာ္ထဲကိုေရာက္ရင္ အရင္ဆုံးအေနနဲ႔ ဘယ္အရာေတြကို လုပ္ေဆာင္သြားဖို႔ရွိမလဲ။
ေျဖ။ ။ ကြၽန္ေတာ္တို႔ တိုင္းရင္းသားပါတီေတြက ဘာပဲ ျဖစ္ျဖစ္ လႊတ္ေတာ္ကိုေရာက္ေအာင္ႀကိဳးစားၾက တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လႊတ္ေတာ္ကိုေရာက္မွ ကိုယ့္ေဒသ၊ ကိုယ့္လူမ်ိဳး၊ ကိုယ့္ေဒသဖြံ႕ၿဖိဳးတိုးတက္ ေရးကိုလုပ္လို႔ရမွာေလ။ ကိုယ့္ေဒသမွာ ဘာအခက္ အခဲရွိတယ္၊ ဘာေတြလုပ္ရမယ္ဆိုတာကို ေဒသခံ ေတြပဲသိတာေလ။ ျပည္မက ကိုယ္စားလာၿပီးေတာ့ လာအေ႐ြးခံတဲ့ပုဂၢိဳလ္ေတြကေတာ့ ၿပီးခဲ့တဲ့ကာလေတြ တုန္းကဟာေတြနဲ႔သုံးသပ္ရင္ သိႏိုင္ပါတယ္။ ကိုယ္ စားလွယ္တစ္ေယာက္အေနနဲ႔ပဲလုပ္သြားတယ္။ ပါတီ ကိုယ္စားျပဳအေနနဲ႔လုပ္သြားတဲ့ေနရာေတြမွာက် ေတာ့ အားနည္းခ်က္ေလးေတြရွိတာေပါ့ေနာ္။ ကြၽန္ ေတာ္တို႔ပါတီကေတာ့ ဘာပဲျဖစ္ျဖစ္ ေဒသခံ တိုင္းရင္း သားလူမ်ိဳးေတြကိုကိုယ္စားျပဳတဲ့အတြက္ ကြၽန္ေတာ္ တို႔ပါတီကကိုယ္စားလွယ္ေတြ လႊတ္ေတာ္ထဲေရာက္ သြားရင္ ကခ်င္ျပည္နယ္ရဲ႕အေနအထား၊ ဖြံ႕ၿဖိဳးတိုး တက္ေရး၊ လူမႈေရး၊ က်န္းမာေရးေတြကို အရင္ဆုံး လုပ္သြားမွာပါ။ ေဒသခံေတြျဖစ္တဲ့အတြက္ လႊတ္ ေတာ္ထဲေရာက္သြားခဲ့ရင္ ေျပာေရးဆိုခြင့္ရွိမယ္၊ တင္ ျပပိုင္ခြင့္ရွိမွာျဖစ္တဲ့အတြက္ လႊတ္ေတာ္ထဲကို ေရာက္ ဖို႔အတြက္ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ တကယ္လို႔ ေ႐ြးေကာက္ပြဲေအာင္ျမင္ၿပီး လႊတ္ေတာ္ထဲေရာက္ခဲ့ ရင္ ျပည္နယ္ရဲ႕ကိုယ္စား ေျပာဆိုခြင့္ေတြ၊ ေဆာင္႐ြက္ ခြင့္ေတြရမယ္။ တက္လာတဲ့သူေတြကလည္း ေအာက္ ေျခက ေဒသခံေတြျဖစ္တဲ့အတြက္ ျပည္နယ္နဲ႔ႏိုင္ငံ ေတာ္အတြက္ အက်ိဳးအမ်ားႀကီး ေဆာင္႐ြက္ႏိုင္တာ ေပါ့ေနာ္။ အျပင္မွာ ဘယ္ေလာက္ပဲအျမင္ရွိရွိ၊ ဘယ္ ေလာက္ပဲေတာ္ေနေတာ္ေန တရားဥပေဒေဘာင္အ တြင္းက ေျပာေရးဆိုခြင့္ရွိမွပဲအဆင္ေျပမွာေလ။ အဲဒါ ေၾကာင့္ လႊတ္ေတာ္ကိုေရာက္ရွိႏိုင္ေရးအတြက္ ႀကိဳး စားေနတာလည္းျဖစ္ပါတယ္။
ေမး။ ။ ပါတီအေပၚ ကခ်င္လူထုရဲ႕သေဘာထားအျမင္ ကေကာ ဘယ္လိုရွိေနပါသလဲ။
ေျဖ။ ။ ကြၽန္ေတာ္တို႔ပါတီကေတာ့ ကခ်င္ျပည္နယ္က ကြၽန္ေတာ္တို႔ေဒသေတြမွာေတာ့ ပုံရိပ္ေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ပါတီဟာ UEC နဲ႔ပတ္သက္ၿပီးေတာ့လည္း အခ်ိန္ျပည့္ ပူး ေပါင္းေဆာင္႐ြက္ေနတယ္။ NSPNC မွာဆိုရင္ လည္း ကြၽန္ေတာ္ကိုယ္တိုင္ကပါဝင္ၿပီးေတာ့ ေဆြး ေႏြးေဆာင္႐ြက္ေနတယ္။ ၿပီးေတာ့ ကခ်င္ျပည္နယ္ အစိုးရနဲ႔လည္း ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ ပါဝင္ပူး ေပါင္းေဆာင္႐ြက္မႈေတြရွိတယ္။ လူမႈေရးက႑ေတြ၊ ျပည္နယ္ရဲ႕လႈပ္ရွားမႈေတြမွာ သူ႔က႑နဲ႔သူ ပါဝင္ပူးေပါင္းေဆာင္႐ြက္မႈေတြရွိတယ္။ လြန္ခဲ့တဲ့ ငလ်င္ကာ လတုန္းကဆိုရင္လည္း ျပည္နယ္အစိုးရကေဆာင္ ႐ြက္တဲ့ေနရာမွာ ကြၽန္ေတာ္တို႔က ရန္ပုံေငြ ပါဝင္ပူး ေပါင္းထည့္ဝင္လႉဒါန္းေဆာင္႐ြက္တာေတြရွိတယ္။ ကြၽန္ေတာ္တို႔ထင္တာေတာ့ ကခ်င္ျပည္နယ္မွာေတာ့ ကြၽန္ေတာ္တို႔ပါတီက ပုံရိပ္ေတာ့ရွိပါတယ္။ လူထုက လည္းကိုယ့္ေဒသပါတီျဖစ္တဲ့အတြက္ ေထာက္ခံမႈ ေတြရွိတယ္။ လက္ေတြ႕မွာလည္း ကြၽန္ေတာ္တို႔ေဒသ မွာ ပါတီရဲ႕စည္း႐ုံးေရးနယ္ေျမေတြျဖစ္တဲ့ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ ခ်ီေဖြ၊ ေဆာ့ေနာ္ဘက္ေတြမွာ ကြၽန္ေတာ္တို႔ လက္လွမ္းမီသေလာက္ လူမႈေရးက႑ေတြ၊ စစ္ ေရွာင္ေတြကို အားေပးကူညီတာေတြ၊ ပါဝင္ပူးေပါင္း ေဆာင္႐ြက္တာေတြေတာ့ရွိေနပါတယ္။ ပုံရိပ္ကေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ မဲဆိုတာကေတာ့ မဲဆႏၵရွင္ ရဲ႕ဆုံးျဖတ္ခ်က္ပဲေလ။ ပါတီပုံရိပ္ ဘယ္ေလာက္ပဲ ေကာင္းေကာင္း မဲဆႏၵရွင္ေတြရဲ႕သေဘာထားက အေရးႀကီးဆုံးပါပဲ။
ေမး။ ။လာမယ့္ေ႐ြးေကာက္ပြဲကာလမွာ ဘယ္အရာ ေတြက ပါတီအတြက္ စိန္ေခၚမႈေတြျဖစ္ႏိုင္ပါမလဲ။
ေျဖ။ ။ လာမယ့္ေ႐ြးေကာက္ပြဲကာလမွာ ကြၽန္ေတာ္တို႔ ပါတီအတြက္ အဓိကစိန္ေခၚမႈကေတာ့ ကခ်င္ျပည္ နယ္ရဲ႕ နယ္ေျမလုံၿခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရးပါပဲ။ ဘာ ေၾကာင့္လဲဆိုေတာ့ တစ္ႏိုင္ငံလုံးမွာ လက္နက္ကိုင္ အဖြဲ႕အစည္းေတြအားလုံးက ေ႐ြးေကာက္ပြဲနဲ႔သက္ ဆိုင္တဲ့ ပတ္သက္ဆက္သြယ္မႈေတြကို လုံးဝဆန႔္က်င္ ထားတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ကခ်င္ျပည္နယ္မွာ လည္း ဒီလိုပါပဲ။ လုံၿခဳံေရးနဲ႔ၿငိမ္းခ်မ္းေရးပါပဲ။ ဒီအခက္အခဲပါပဲ။ အရင္တုန္းကလို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆို ရင္ေတာ့ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ႏိုင္ငံေရးပါတီ ေတြ စည္း႐ုံးေရးကို လြပ္လြပ္လပ္လပ္လုပ္လို႔ကိုင္လို႔ရ တယ္ေလ။ အခုအခ်ိန္မွာေတာ့ နယ္ေျမၿငိမ္းခ်မ္းမႈ မရွိဘူးဆိုေတာ့ ႏိုင္ငံေရးကိစၥေတြလုပ္လို႔အဆင္မ ေျပဘူးျဖစ္ေနတာေပါ့။ လက္နက္ကိုင္အဖြဲ႕အစည္း ေတြနဲ႔ အနီးကပ္ဆုံးမွာသြားလာေနရတာဆိုေတာ့ လုပ္ရကိုင္ရတဲ့အပိုင္းမွာ ေတာ္ေတာ္ေလးကိုမွ ခက္ခဲ ပါတယ္။ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီးေတာ့ေပါ့ေလ။ ႐ိုး႐ိုး သာမန္လူတစ္ေယာက္နဲ႔ ဝန္ထမ္းေတြေတာင္ သြား လာေရးမွာ ေတာ္ေတာ္ေလးကိုခက္ခဲတယ္ဆိုေတာ့ ႏိုင္ငံေရးပါတီကလူေတြဆိုရင္ေတာ့ စဥ္းစားၾကည့္ ေပါ့ဗ်ာ။ အားလုံးကိုၿခဳံၾကည့္မယ္ဆိုရင္ေတာ့ နယ္ေျမ လုံၿခဳံေရးကေတာ့ အဓိကပါပဲ။
ေမး။ ။ ကခ်င္ျပည္နယ္က တပ္မေတာ္မဟုတ္တဲ့လက္ နက္ကိုင္ေတြအေရးနဲ႔ပတ္သက္ၿပီး ဘာေတြႀကိဳတင္ တြက္ဆထားပါသလဲ။
ေျဖ။ ။လုံၿခဳံေရးပိုင္းေတြကေတာ့ ကြၽန္ေတာ္တို႔နဲ႔ လက္လွမ္းမမီဘူးေပါ့ေလ။ ကြၽန္ေတာ္တို႔ကေတာ့ ႏိုင္ငံေရးပါတီျဖစ္တဲ့အတြက္ UEC ကခ်မွတ္ေပးတဲ့ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ႏိုင္ေအာင္ႀကိဳးစား မွာေပါ့ေနာ္။ ဒီၾကားထဲမွာ လက္နက္ကိုင္ေတြက ၿခိမ္း ေျခာက္မႈေတြ၊ တျခားနည္းလမ္းေတြ လုပ္လာမယ္ဆို ရင္ေတာ့ ေ႐ြးေကာက္ပြဲဥပေဒက ထုတ္ထားၿပီးသား ပဲေလ။ ေ႐ြးေကာက္ပြဲဥပေဒက ေတာ္ေတာ္ေလးျပင္း ျပင္းရွိတယ္။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ ႐ိုး႐ိုးသာ မန္လူပဲျဖစ္ျဖစ္၊ အဖြဲ႕အစည္းပဲျဖစ္ျဖစ္ ဘယ္သူမဆို ေ႐ြးေကာက္ပြဲကိုဆန႔္က်င္ရင္၊ ေ႐ြးေကာက္ပြဲနဲ႔ပတ္ သက္ၿပီး ဥပေဒေတြရွိၿပီးသားျဖစ္တယ္ေလ။ ဒါက ဥပေဒအပိုင္းေပါ့။ တကယ္တမ္းေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံေရးပါတီေတြကေတာ့ ေ႐ြးေကာက္ပြဲကိုပါဝင္ယွဥ္ ၿပိဳင္ဖို႔အတြက္ ႀကိဳးစားသြားဖို႔ပဲရွိပါတယ္။ ဘာျဖစ္လာရင္ဘာလုပ္မယ္ဆိုတာမ်ိဳးကေတာ့ ကြၽန္ေတာ္တို႔ လည္းလက္လွမ္းမမီဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ ေတာ္တို႔က ျပည္သူေတြပဲျဖစ္တဲ့အတြက္ စစ္ေရး၊ လုံၿခဳံေရးနဲ႔ပတ္သက္ရင္ အလွမ္းေဝးပါတယ္။ လက္ နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ လုံၿခဳံေရးပိုင္းဆိုင္ရာေတြ ကေတာ့ သူ႔ဌာနဆိုင္ရာေတြလုပ္ပါလိမ့္မယ္။ ကြၽန္ ေတာ္တို႔ႏိုင္ငံေရးပါတီအေနနဲ႔ လက္နက္ကိုင္အ ဖြဲ႕အစည္းေတြနဲ႔ ဘာလုပ္မယ္ညာလုပ္မယ္ဆိုတာမ်ိဳး ကေတာ့ ဒီလိုမ်ိဳးအေျခအေနမွာ လုပ္သင့္လား၊ မလုပ္သင့္လား။ စဥ္းစားရအရမ္းခက္တာေပါ့။ ကြၽန္ ေတာ္တို႔ကိုယ္တိုင္နဲ႔ပါတီဝင္ေတြကေတာ့ သြားလာ တဲ့အခါမွာ သတိဝိရိယနဲ႔ ဆင္ဆင္ျခင္ျခင္ သြားလာေန ၾကရပါတယ္။ ထိန္းခ်ဳပ္နယ္ေျမမွာ ကြၽန္ေတာ္တို႔က ႏိုင္ငံေရးလမ္းေၾကာင္းေတြကိုသြားေျပာလို႔ ဘယ္ျဖစ္ ပါ့မလဲ။ ဒီလိုအခက္ခဲေတြေတာ့ရွိတာေပါ့။
ေမး။ ။ ကခ်င္ျပည္သူလူထုကေကာ ေ႐ြးေကာက္ပြဲအေပၚ ဘယ္ေလာက္အထိ အာ႐ုံစိုက္မႈရွိတာကိုေတြ႕ရပါ သလဲ။
ေျဖ။ ။ တရားဥပေဒေဘာင္အတြင္းမွာရွိတဲ့ ႏိုင္ငံေရး အေတြ႕အႀကဳံရွိတဲ့ ျပည္သူေတြအားလုံးကေတာ့ ေ႐ြး ေကာက္ပြဲဟာ လုပ္ကိုလုပ္ရမယ္။ ဒီေ႐ြးေကာက္ပြဲ အၿပီးအစိုးရတက္လာမွ ၿငိမ္းခ်မ္းေရးေတြအေျဖေပၚ မယ္ဆိုၿပီေတာ့ရွိတယ္။ ႏိုင္ငံေရးအျမင္ရွိတဲ့သူေတြ ကေတာ့ ေ႐ြးေကာက္ပြဲလုပ္လာရင္ သူတို႔ဆႏၵအရ မဲထည့္ေပးဖို႔ရွိသလို တခ်ိဳ႕ကလည္း အေျခအေနအရ မထည့္ေသးဘဲ ၾကားေနလူေတြရွိေနတယ္။ တခ်ိဳ႕ ဆန႔္က်င္တဲ့လူေတြကလည္း ရွိေကာင္းရွိပါလိမ့္မယ္။
ေမး။ ။ ေ႐ြးေကာက္ပြဲကို ကန႔္ကြက္ဆန႔္က်င္ေနတဲ့သူ ေတြ၊ အဖြဲ႕အစည္းေတြကို ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ။ ။ လက္ရွိအေျခအေနအရေတာ့ သူတို႔လည္းသိ မွာပါ။ ေ႐ြးေကာက္ပြဲက လုပ္သင့္တယ္ဆိုတဲ့အသိတ ရားေတြ သူတို႔မွာရွိၾကမယ္ထင္ပါတယ္။ ဒါေပမဲ့ လက္ နက္ကိုင္အဖြဲ႕အစည္းေတြကေတာ့ သူတို႔မူဝါဒအ တိုင္းလုပ္ၾကကိုင္ၾကတာေတြရွိတယ္။ သူတို႔ဟာလည္း ႏိုင္ငံသားတစ္ေယာက္ျဖစ္တယ္။ ႏိုင္ငံသားျဖစ္တဲ့အ တြက္ ေ႐ြးေကာက္ပြဲမွာပါဝင္ရမယ္ဆိုတာကို သူတို႔ လည္းသိၿပီးသားျဖစ္မွာပါ။ နယ္ေျမလုံၿခဳံေရးအရ (၂၀၂၀)ကေပၚလာတဲ့အေရးအခင္းရဲ႕ ေနာက္ဆက္ တြဲေတြနဲ႔ပတ္သက္လို႔ လက္နက္ကိုင္အဖြဲ႕အစည္း ေတြက သူတို႔ရည္႐ြယ္ခ်က္နဲ႔သူတို႔လုပ္ေနတဲ့အပိုင္း ေတြကေတာ့ရွိမွာပါ။ အဲ့တာကေတာ့ ကြၽန္ေတာ္တို႔က မဲဆႏၵရွင္တစ္ေယာက္ရဲ႕စိတ္ကို ခန႔္မွန္းလို႔မရဘူးေပါ့ ေလ။ ဒါကေတာ့ သူတို႔ရဲ႕ဆုံးျဖတ္ခ်က္ပဲေလ။
ေမး။ ။လက္ရွိမွာ လုံၿခဳံေရးစိန္ေခၚမႈေတြရွိေနတယ္ ဆိုေတာ့ ဒီစိန္ေခၚမႈေတြကို ဘယ္လိုေက်ာ္ျဖတ္သြား ပါမလဲခင္ဗ်ာ။
ေျဖ။ ။ႏိုင္ငံေရးပါတီေတြရဲ႕အခက္အခဲကေတာ့ အား လုံးကအတူတူပါပဲ။ ကြၽန္ေတာ္တို႔ပါတီအေနနဲ႔က ေတာ့ ေ႐ြးေကာက္ပြဲဟာ ႏိုင္ငံ့အက်ိဳးအတြက္ဆိုတာ ကို ျပည္သူလူထုေတြကို အတတ္ႏိုင္ဆုံးေျပာျပမယ္၊ စည္း႐ုံးမယ္။ ႏိုင္ငံေရးအျမင္၊ ေ႐ြးေကာက္ပြဲအျမင္၊ ေ႐ြးေကာက္ပြဲရဲ႕မူဝါဒ၊ ေ႐ြးေကာက္ပြဲရဲ႕လုပ္ထုံးလုပ္ နည္း၊ ဒါေတြကို လက္လွမ္းမီသေလာက္ ပါတီဝင္ေတြ နဲ႔အတူေျပာမယ္၊ ဆိုမယ္၊ စည္း႐ုံးမယ္၊ တင္ျပမယ္။ ဒါေတြကို တတ္ႏိုင္သေလာက္ေဆာင္႐ြက္ၿပီး ေက်ာ္ ျဖတ္သြားမွာပါ။
ေမး။ ။တျခားျဖည့္စြက္ေျပာလိုတာမ်ား ရွိပါေသးလား။
ေျဖ။ ။လက္ရွိမွာ ကြၽန္ေတာ္တို႔အေနနဲ႔ အင္တာဗ်ဴးေျဖ ဖို႔အတြက္ေတာင္ ေတာ္ေတာ္ကိုစိုးရိမ္ေနရတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ကြၽန္ေတာ္တို႔ေျပာလိုက္တာဟာ အမ်ားအက်ိဳးအတြက္ ဥပေဒေဘာင္အတြင္းက ေျပာ လိုက္တာျဖစ္ေပမယ့္ နယ္ေျမအေျခအေနအရ တစ္ ဖက္ဆန႔္က်င္တဲ့အဖြဲ႕အစည္းေတြက်ေတာ့ မူဝါဒခ်င္း မတူေတာ့ အႏၲရာယ္ရွိတာေပါ့။ ကြၽန္ေတာ္တို႔ ႏိုင္ငံ ေရးပါတီေတြအေနနဲ႔ကေတာ့ ဘာပဲျဖစ္ျဖစ္ ႏိုင္ငံ ေတာ္ကစီမံျပဳလုပ္လာတဲ့ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ ၿပိဳင္ၿပီးေတာ့ လႊတ္ေတာ္အစိုးရတက္လာေအာင္၊ ေနာက္ၿပီး တက္လာတဲ့အစိုးရလက္ေအာက္ကေန ႏိုင္ငံေတာ္ရဲ႕အက်ိဳးကို ေဆာင္႐ြက္သြားႏိုင္ေအာင္ ရည္႐ြယ္ၿပီး ေ႐ြးေကာက္ပြဲကို ပါဝင္ႏိုင္ဖို႔ေဆာင္႐ြက္ ေနတာျဖစ္ပါတယ္။ က်န္တဲ့ ႏိုင္ငံေရးပါတီေတြလည္း ကြၽန္ေတာ္တို႔ႏိုင္ငံေရးပါတီေတြနည္းတူ ရည္႐ြယ္ခ်က္ခ်င္းတူညီေနတယ္လို႔ထင္ပါတယ္။

Related news

© 2021. All rights reserved.