အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကြား အာဆီယံ ဘက်မလိုက်ဘဲ နေနိုင်ပြီလား(ဆောင်းပါး)

245

သန်းထိုက်စိုး (NP News) - စက်တင်ဘာလ ၂၅
(၂၀၂၅)ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားဝန်ကြီးချုပ် ဆရီအန်ဝါ အီဘရာဟင်မ်သည် အာဆီယံ၏ ကြားနေရပ်တည်ရေးအခန်းကဏ္ဍကို ကာကွယ်ရန်နှင့် ဘက်မလိုက်သောမူဝါဒကိုမြှင့်တင် ရန်ကတိပြုထားသည်။ တစ်ချိန်တည်းမှာပင် ယခုနှစ် တွင် တရုတ်သမ္မတရှီကျင့်ဖျင်သည် အရှေ့တောင်အာ ရှနိုင်ငံများသို့ အလည်အပတ်များစွာသွားရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအများအပြားနှင့် ဉာဏ်ရည်တု၊ စွမ်းအင်၊ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မီးရထား လမ်းအခြေခံအဆောက်အအုံ စသည့်နယ်ပယ်များ တွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (၃၀)ကျော်ကိုချုပ်ဆိုခဲ့သည်။ ယင်းအစီအမံများသည် နှစ်နိုင်ငံနှင့် ဒေသဆိုင်ရာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန်ရည်ရွယ်သည်ဟုဆို သော်လည်း အာဆီယံ၏မဟာဗျူဟာအပေါ် ရေရှည် အကျိုးသက်ရောက်မှုများအတွက် နိုင်ငံတကာ၏ အာ ရုံစိုက်မှုကိုခံရစေခဲ့သည်။
(၂၀၂၅) ခုနှစ် ဧပြီလတွင် သမ္မတရှီသည် မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သို့ အ လုပ်သဘောသွားရောက်ခဲ့ပြီး စီးပွားရေးနှင့်ကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှုကိုအလေးပေးကာ အထူး သဖြင့် သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင်မိတ် ဆက်ခဲ့သည့် မြင့်မားသော " အပြန်အလှန်အခွန်စည်း ကြပ်မှုများ" ကဲ့သို့သော အမေရိကန်၏ ကုန်သွယ်ရေး အကာအကွယ်ပေးရေးမူဝါဒကိုတန်ပြန်ရာတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှုအရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ မလေးရှားနိုင်ငံကို သီးခြားကြည့်မည်ဆိုလျှင် သမ္မတရှီ၏ ခရီးစဉ်မတိုင်မီ က အမေရိကန်ပြည်ထောင်စုသည် မလေးရှားမှ ကုန် ပစ္စည်းများအပေါ်အခွန်နှုန်းထားကို (၂၄) ရာခိုင်နှုန်း အထိတိုးမြှင့်ခဲ့ကြောင်းကြေညာခဲ့သည်။ ဆွေးနွေးမှု များအပြီးတွင် ဝါရှင်တန်သည် မလေးရှားက အမေရိ ကန်ထုတ်ကုန်များဖြစ်သော ဘိုးရင်းလေယာဉ်များ၊ ကျောက်မီးသွေးနှင့် ဆက်သွယ်ရေးပစ္စည်းများအပါအဝင် ဒေါ်လာ (၂၄၀)ဘီလျံဖိုးဝယ်ယူရန် ကတိပြုပါက အခွန်နှုန်းထားကို (၁၉) ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ပါ သည်။ ယင်းသည် အမေရိကန်၏ မလေးရှားနှင့်ကုန် သွယ်ရေးလိုငွေကိုကျဉ်းမြောင်းစေရန်ရည်ရွယ်သည့် သဘောတူညီမှုတစ်ခုဖြစ်သည်။
လက်ရှိတွင် အာဆီယံသည် တရုတ်၏ အ ကြီးဆုံးစီးပွားရေးမိတ်ဖက်ဖြစ်နေသော်လည်း ထရမ့် လက်ထက် အခွန်စည်းကြပ်မှုများကြောင့် ဒေသတွင်း တွင် အကြီးမားဆုံးထိခိုက်မှုခံခဲ့ရသည်။ လက်ရှိတွင် အမေရိကန်သည် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့မှကုန်ပစ္စည်းများအပေါ် (၁၉)ရာခိုင် နှုန်း၊ ဗီယက်နမ်မှ ကုန်ပစ္စည်းများအပေါ် (၂၀) ရာခိုင် နှုန်းနှင့် ဘရူနိုင်းမှကုန်ပစ္စည်းများအပေါ် (၂၅) ရာခိုင် နှုန်း အခွန်ကောက်ခံနေသည်။ လာအိုနှင့်မြန်မာတို့ သည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးနှုန်းထားဖြစ် သော (၄၀)ရာခိုင်နှုန်းနှင့်ရင်ဆိုင်နေရပြီး ကမ္ဘာ့အမြင့် ဆုံး (၄၁)ရာခိုင်နှုန်းရှိသော ဆီးရီးယားပြီးလျှင် ဒုတိ ယအမြင့်ဆုံးဖြစ်သည်။
ဘက်မလိုက်ရေးမူဝါဒ သဘောတရားသက်သက်လား လက်တွေ့ကျသည့်မဟာဗျူဟာလား
မလေးရှား နည်းပညာတက္ကသိုလ် (UiTM) မှ နိုင်ငံရေးသိပ္ပံဌာန၏ ဝါရင့်ကထိက ဒေါက်တာ မိုဟာမက်ရမ်လန် မိုဟာမက် အာရှက်ဒ်က အမေရိ ကန်နှင့်တရုတ်နိုင်ငံကြား ဘက်မလိုက်ရေးသည် မလေးရှား၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိက အခြေခံမူ ဖြစ်နေဆဲဖြစ်သော်လည်း လက်တွေ့တွင် ပိုမိုနက်နဲ သည်ဟုပြောကြားခဲ့သည်။ မလေးရှား၏ တရားဝင် ပြောဆိုမှုများက ဘက်မလိုက်ရေးနှင့် မဟာဗျူဟာ မြောက်ဟန်ချက်ညီရေးကို အလေးပေးနေသော် လည်း ၎င်း ၏ချဉ်းကပ်မှုသည် လုံးဝဘက်မလိုက်ရေး ထက် လက်တွေ့ကျသော ဟန်ချက်ညီအောင်ထိန်းညှိ ခြင်း (hedging) မဟာဗျူဟာနှင့် ပိုမိုနီးစပ်သည်ဟု သူကဆိုသည်။ " ဘက်မလိုက်ရေးဟာ စစ်မှန်တဲ့ နိုင်ငံ ခြားရေးမူဝါဒရပ်တည်ချက်ရော၊ မဟာအင်အားကြီး နိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုတွေကို ဖြတ်သန်းသွားလာဖို့အ တွက် သေသေချာချာရေးဆွဲထားတဲ့ မဟာဗျူဟာ တစ်ခုပါပဲ"ဟု ရမ်လန်ကဆိုသည်။
ဝန်ကြီးချုပ်အန်ဝါသည် မည်သည့်အဖွဲ့ အစည်းနှင့်မှ သီးသန့်မိတ်မဖွဲ့ဘဲ အင်အားကြီးနိုင်ငံ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီး ကြောင်းကို ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့ သည်။ " မဟာဗျူဟာကျတဲ့နေရာမှာရှိတဲ့ အလယ်အလတ်အရွယ်အစား နိုင်ငံတစ်နိုင်ငံအနေနဲ့၊ စီးပွား ရေးနဲ့လုံခြုံရေးအတွက် တရုတ်နဲ့အမေရိကန် နှစ်နိုင် ငံလုံးအပေါ်မှီခိုနေရတဲ့ မလေးရှားရဲ့ ပထဝီနိုင်ငံရေး အခြေအနေက ဒီမဟာဗျူဟာနဲ့ အံဝင်ခွင်ကျဖြစ်နေပါတယ်" ဟု ရမ်လန်က မှတ်ချက်ပြုသည်။
လက်တွေ့တွင် စီးပွားရေးနှင့် လုံခြုံရေး ဆိုင်ရာအချက်အလက်များသည် မလေးရှား၏အပြု အမူကိုပုံဖော်လေ့ရှိပြီး သီးခြားကိစ္စရပ်များတွင် တစ် ဖက်ဖက်သို့ ပိုမိုတိမ်းညွတ်စေသည်။ အရှေ့ဘက် ကမ်းရိုးတန်း မီးရထားလမ်း (ECRL) ကဲ့သို့သော Belt and Road Initiative (BRI) အောက်မှ အဓိကအခြေခံအဆောက်အအုံစီမံကိန်းများအပါအဝင် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာခြင်းက သိသာထင်ရှားသော စီးပွားရေးမှီခိုမှုကိုဖော်ပြ နေသည်။ မလေးရှားရှိ တရုတ်လူမျိုးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ACCIM) ၏ အဆိုအရ တရုတ်သည် မလေးရှား၏ အကြီးဆုံး ကုန် သွယ်ရေးမိတ်ဖက်အဖြစ် (၁၆)နှစ်ဆက်တိုက်ရပ် တည်ခဲ့သည်။ (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှ ဧပြီလအ ထိ နှစ်နိုင်ငံကုန်သွယ်မှုသည် မလေးရှားရင်းဂစ် (၁၆၂) ဘီလျံနီးပါး (ဒေါ်လာ ၃၈ ဒသမ ၅ ဘီလျံ) ရှိခဲ့ပြီး အဓိကအားဖြင့် လျှပ်စစ်နှင့် အီလက်ထရွန်နစ် ထုတ်ကုန်များတင်ပို့မှုကြောင့်ဖြစ်သည်။ ယခုနှစ် ဧပြီလ ရှီ၏ မလေးရှားခရီးစဉ်အပြီးတွင် နှစ်နိုင်ငံသည် ရေ ရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်စီးပွားရေးနှင့် Belt and Road အခြေခံ အဆောက်အအုံ စီမံကိန်း များတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ခဲ့သည်။
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ် သက်၍ မလေးရှား၏ ထိန်းထိန်းသိမ်းသိမ်းတုံ့ပြန်မှု သည် မလေးရှားသည် ၎င်း၏ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကိုထိခိုက်စေသည်အထိ တရုတ်အပေါ် အလွန်အကျွံမှီခိုလာနေပြီဟူသောအထင်အမြင်ကို မကြာခဏဖြစ်ပေါ်စေသည်။ သို့သော်လည်း မလေး ရှားသည် အမေရိကန်ပြည်ထောင်စုနှင့် တက်ကြွသော မဟာဗျူဟာနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု များကိုလည်း ဆက်လက်ထိန်းသိမ်းထားကြောင်း ရမ် လန်က အလေးပေးပြောကြားခဲ့သည်။ ၎င်းတွင် လမ်းကြောင်းလွတ်လပ်စွာသွားလာရေးကို ထောက်ခံခြင်း၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးပေါင်း (ADMM-Plus) ကဲ့သို့သော ဒေသလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ ကျင့်မှုများပြုလုပ်ခြင်းတို့ပါဝင်သည်။ အဆိုပါရပ် တည်ချက်များသည် ဒေသတွင်းရှိ အမေရိကန်၏ လုံခြုံရေး အကျိုးစီးပွားများနှင့်ကိုက်ညီနေသည်။ မလေးရှားသည် ဘိုင်ဒင်အစိုးရလက်ထက်တွင် စတင်ခဲ့ပြီး တရုတ်၏ စီးပွားရေးလွှမ်းမိုးမှုကို တန်ပြန် ရန်ရည်ရွယ်သည့် အမေရိကန်ဦးဆောင်သော အင် ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF) ၏ တစ်စိတ် တစ်ပိုင်းလည်းဖြစ်သည်။
အဆိုပါနှစ်လမ်းသွားချဉ်းကပ်မှုသည် မဟာဗျူဟာမြောက် ရှုပ်ထွေးမှု သို့မဟုတ် ဟန်ချက် ညီအောင်ထိန်းညှိခြင်း (hedging) ဟုခေါ်ဆိုနိုင်ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်မှုကိုရှောင်ရှားရင်း နှစ် ဖက်စလုံးမှ အကျိုးအမြတ်ရရှိစေသည်ဟု ရမ်လန်က ရှင်းပြသည်။ အချုပ်အခြာအာဏာကိုထိန်းသိမ်းလို သောနိုင်ငံများအတွက် ၎င်းသည် ကျိုးကြောင်းဆီ လျော်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။ " မလေးရှားက တောင်တရုတ်ပင်လယ်က ကျူးကျော်မှုတွေလို သူရဲ့ အမျိုးသားအကျိုးစီးပွားကိုထိခိုက်တဲ့ တရုတ်ရဲ့လုပ် ရပ်တွေကိုတုံ့ပြန်ရာမှာ အင်အားနည်းနေသလိုထင်ရ ပေမယ့် ဒါဟာ သိမ်မွေ့တဲ့ ဟန်ချက်ညီအောင်ထိန်း ညှိခြင်းမဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါ တယ်" ဟု သူကဆိုသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဘက်မ လိုက်ရေးဆိုင်ရာ မလေးရှား၏ရည်မှန်းချက်သည် စစ်မှန်ပြီး သမိုင်းနှင့်ပထဝီဝင်ဆိုင်ရာအကြောင်းရင်း များဖြင့် ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ရမ်လန်က ကောက်ချက်ချသည်။ သို့သော် လက်တွေ့တွင် ၎င်းသည် ဒေသဆိုင်ရာပြောင်းလဲမှုများ၊ စီးပွားရေးမှီခိုမှု များနှင့် အမျိုးသားအကျိုးစီးပွားများဖြင့်ပုံဖော်ထား သော မဟာဗျူဟာမြောက်ဟန်ချက်ညီစေရန် ထိန်း ညှိခြင်းတစ်မျိုးအဖြစ်လုပ်ဆောင်သည်။ ဘက်မလိုက် ရေးအဆိုအမိန့်သည် သံတမန်ရေးရာ လိုက်လျောညီ ထွေရှိမှုကို ထိန်းသိမ်းရန်လိုအပ်ပြီး သီးခြားကိစ္စရပ် များတွင် ရွေးချယ်၍မဟာမိတ်ပြုခြင်းကို မကြာခဏ ထင်ဟပ်စေသည်ဟု ၎င်းက အလေးပေးပြောကြားခဲ့သည်။

Zawgyi Version:
အေမရိကန္-တ႐ုတ္ ၿပိဳင္ဆိုင္မႈၾကား အာဆီယံ ဘက္မလိုက္ဘဲ ေနႏိုင္ၿပီလား(ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - စက္တင္ဘာလ ၂၅
(၂၀၂၅)ခုႏွစ္ အာဆီယံဥကၠ႒ျဖစ္ေသာ မေလးရွားဝန္ႀကီးခ်ဳပ္ ဆရီအန္ဝါ အီဘရာဟင္မ္သည္ အာဆီယံ၏ ၾကားေနရပ္တည္ေရးအခန္းက႑ကို ကာကြယ္ရန္ႏွင့္ ဘက္မလိုက္ေသာမူဝါဒကိုျမႇင့္တင္ ရန္ကတိျပဳထားသည္။ တစ္ခ်ိန္တည္းမွာပင္ ယခုႏွစ္ တြင္ တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ အေရွ႕ေတာင္အာ ရွႏိုင္ငံမ်ားသို႔ အလည္အပတ္မ်ားစြာသြားေရာက္ခဲ့ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအမ်ားအျပားႏွင့္ ဉာဏ္ရည္တု၊ စြမ္းအင္၊ ဆိပ္ကမ္းဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ မီးရထား လမ္းအေျခခံအေဆာက္အအုံ စသည့္နယ္ပယ္မ်ား တြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္ (၃၀)ေက်ာ္ကိုခ်ဳပ္ဆိုခဲ့သည္။ ယင္းအစီအမံမ်ားသည္ ႏွစ္ႏိုင္ငံႏွင့္ ေဒသဆိုင္ရာ ဆက္ဆံေရး ပိုမိုနက္ရႈိင္းေစရန္ရည္႐ြယ္သည္ဟုဆို ေသာ္လည္း အာဆီယံ၏မဟာဗ်ဴဟာအေပၚ ေရရွည္ အက်ိဳးသက္ေရာက္မႈမ်ားအတြက္ ႏိုင္ငံတကာ၏ အာ ႐ုံစိုက္မႈကိုခံရေစခဲ့သည္။
(၂၀၂၅) ခုႏွစ္ ဧၿပီလတြင္ သမၼတရွီသည္ မေလးရွား၊ ဗီယက္နမ္ႏွင့္ ကေမာၻဒီးယားတို႔သို႔ အ လုပ္သေဘာသြားေရာက္ခဲ့ၿပီး စီးပြားေရးႏွင့္ကုန္သြယ္ ေရးပူးေပါင္းေဆာင္႐ြက္မႈကိုအေလးေပးကာ အထူး သျဖင့္ သမၼတေဒၚနယ္ထရမ့္လက္ထက္တြင္မိတ္ ဆက္ခဲ့သည့္ ျမင့္မားေသာ " အျပန္အလွန္အခြန္စည္း ၾကပ္မႈမ်ား" ကဲ့သို႔ေသာ အေမရိကန္၏ ကုန္သြယ္ေရး အကာအကြယ္ေပးေရးမူဝါဒကိုတန္ျပန္ရာတြင္ အာဆီယံ၏ စည္းလုံးညီၫြတ္မႈအေရးႀကီးေၾကာင္း အေလးထားေျပာၾကားခဲ့သည္။ မေလးရွားႏိုင္ငံကို သီးျခားၾကည့္မည္ဆိုလွ်င္ သမၼတရွီ၏ ခရီးစဥ္မတိုင္မီ က အေမရိကန္ျပည္ေထာင္စုသည္ မေလးရွားမွ ကုန္ ပစၥည္းမ်ားအေပၚအခြန္ႏႈန္းထားကို (၂၄) ရာခိုင္ႏႈန္း အထိတိုးျမႇင့္ခဲ့ေၾကာင္းေၾကညာခဲ့သည္။ ေဆြးေႏြးမႈ မ်ားအၿပီးတြင္ ဝါရွင္တန္သည္ မေလးရွားက အေမရိ ကန္ထုတ္ကုန္မ်ားျဖစ္ေသာ ဘိုးရင္းေလယာဥ္မ်ား၊ ေက်ာက္မီးေသြးႏွင့္ ဆက္သြယ္ေရးပစၥည္းမ်ားအပါအဝင္ ေဒၚလာ (၂၄၀)ဘီလ်ံဖိုးဝယ္ယူရန္ ကတိျပဳပါက အခြန္ႏႈန္းထားကို (၁၉) ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်ေပးခဲ့ပါ သည္။ ယင္းသည္ အေမရိကန္၏ မေလးရွားႏွင့္ကုန္ သြယ္ေရးလိုေငြကိုက်ဥ္းေျမာင္းေစရန္ရည္႐ြယ္သည့္ သေဘာတူညီမႈတစ္ခုျဖစ္သည္။
လက္ရွိတြင္ အာဆီယံသည္ တ႐ုတ္၏ အ ႀကီးဆုံးစီးပြားေရးမိတ္ဖက္ျဖစ္ေနေသာ္လည္း ထရမ့္ လက္ထက္ အခြန္စည္းၾကပ္မႈမ်ားေၾကာင့္ ေဒသတြင္း တြင္ အႀကီးမားဆုံးထိခိုက္မႈခံခဲ့ရသည္။ လက္ရွိတြင္ အေမရိကန္သည္ ထိုင္း၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ႏွင့္ ကေမာၻဒီးယားတို႔မွကုန္ပစၥည္းမ်ားအေပၚ (၁၉)ရာခိုင္ ႏႈန္း၊ ဗီယက္နမ္မွ ကုန္ပစၥည္းမ်ားအေပၚ (၂၀) ရာခိုင္ ႏႈန္းႏွင့္ ဘ႐ူႏိုင္းမွကုန္ပစၥည္းမ်ားအေပၚ (၂၅) ရာခိုင္ ႏႈန္း အခြန္ေကာက္ခံေနသည္။ လာအိုႏွင့္ျမန္မာတို႔ သည္ အေရွ႕ေတာင္အာရွတြင္ အျမင့္ဆုံးႏႈန္းထားျဖစ္ ေသာ (၄၀)ရာခိုင္ႏႈန္းႏွင့္ရင္ဆိုင္ေနရၿပီး ကမာၻ႔အျမင့္ ဆုံး (၄၁)ရာခိုင္ႏႈန္းရွိေသာ ဆီးရီးယားၿပီးလွ်င္ ဒုတိ ယအျမင့္ဆုံးျဖစ္သည္။
ဘက္မလိုက္ေရးမူဝါဒ သေဘာတရားသက္သက္လား လက္ေတြ႕က်သည့္မဟာဗ်ဴဟာလား
မေလးရွား နည္းပညာတကၠသိုလ္ (UiTM) မွ ႏိုင္ငံေရးသိပၸံဌာန၏ ဝါရင့္ကထိက ေဒါက္တာ မိုဟာမက္ရမ္လန္ မိုဟာမက္ အာရွက္ဒ္က အေမရိ ကန္ႏွင့္တ႐ုတ္ႏိုင္ငံၾကား ဘက္မလိုက္ေရးသည္ မေလးရွား၏ ႏိုင္ငံျခားေရးမူဝါဒ၏ အဓိက အေျခခံမူ ျဖစ္ေနဆဲျဖစ္ေသာ္လည္း လက္ေတြ႕တြင္ ပိုမိုနက္နဲ သည္ဟုေျပာၾကားခဲ့သည္။ မေလးရွား၏ တရားဝင္ ေျပာဆိုမႈမ်ားက ဘက္မလိုက္ေရးႏွင့္ မဟာဗ်ဴဟာ ေျမာက္ဟန္ခ်က္ညီေရးကို အေလးေပးေနေသာ္ လည္း ၎ ၏ခ်ဥ္းကပ္မႈသည္ လုံးဝဘက္မလိုက္ေရး ထက္ လက္ေတြ႕က်ေသာ ဟန္ခ်က္ညီေအာင္ထိန္းညႇိ ျခင္း (hedging) မဟာဗ်ဴဟာႏွင့္ ပိုမိုနီးစပ္သည္ဟု သူကဆိုသည္။ " ဘက္မလိုက္ေရးဟာ စစ္မွန္တဲ့ ႏိုင္ငံ ျခားေရးမူဝါဒရပ္တည္ခ်က္ေရာ၊ မဟာအင္အားႀကီး ႏိုင္ငံေတြရဲ႕ၿပိဳင္ဆိုင္မႈေတြကို ျဖတ္သန္းသြားလာဖို႔အ တြက္ ေသေသခ်ာခ်ာေရးဆြဲထားတဲ့ မဟာဗ်ဴဟာ တစ္ခုပါပဲ"ဟု ရမ္လန္ကဆိုသည္။
ဝန္ႀကီးခ်ဳပ္အန္ဝါသည္ မည္သည့္အဖြဲ႕ အစည္းႏွင့္မွ သီးသန႔္မိတ္မဖြဲ႕ဘဲ အင္အားႀကီးႏိုင္ငံ အားလုံးႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ အေရးႀကီး ေၾကာင္းကို ထပ္ခါတလဲလဲ အေလးေပးေျပာၾကားခဲ့ သည္။ " မဟာဗ်ဴဟာက်တဲ့ေနရာမွာရွိတဲ့ အလယ္အလတ္အ႐ြယ္အစား ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔၊ စီးပြား ေရးနဲ႔လုံၿခဳံေရးအတြက္ တ႐ုတ္နဲ႔အေမရိကန္ ႏွစ္ႏိုင္ ငံလုံးအေပၚမွီခိုေနရတဲ့ မေလးရွားရဲ႕ ပထဝီႏိုင္ငံေရး အေျခအေနက ဒီမဟာဗ်ဴဟာနဲ႔ အံဝင္ခြင္က်ျဖစ္ေနပါတယ္" ဟု ရမ္လန္က မွတ္ခ်က္ျပဳသည္။
လက္ေတြ႕တြင္ စီးပြားေရးႏွင့္ လုံၿခဳံေရး ဆိုင္ရာအခ်က္အလက္မ်ားသည္ မေလးရွား၏အျပဳ အမူကိုပုံေဖာ္ေလ့ရွိၿပီး သီးျခားကိစၥရပ္မ်ားတြင္ တစ္ ဖက္ဖက္သို႔ ပိုမိုတိမ္းၫြတ္ေစသည္။ အေရွ႕ဘက္ ကမ္း႐ိုးတန္း မီးရထားလမ္း (ECRL) ကဲ့သို႔ေသာ Belt and Road Initiative (BRI) ေအာက္မွ အဓိကအေျခခံအေဆာက္အအုံစီမံကိန္းမ်ားအပါအဝင္ တ႐ုတ္ႏွင့္ စီးပြားေရးဆက္ဆံမႈမ်ား ပိုမိုနက္ရႈိင္းလာျခင္းက သိသာထင္ရွားေသာ စီးပြားေရးမွီခိုမႈကိုေဖာ္ျပ ေနသည္။ မေလးရွားရွိ တ႐ုတ္လူမ်ိဳးကုန္သည္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (ACCIM) ၏ အဆိုအရ တ႐ုတ္သည္ မေလးရွား၏ အႀကီးဆုံး ကုန္ သြယ္ေရးမိတ္ဖက္အျဖစ္ (၁၆)ႏွစ္ဆက္တိုက္ရပ္ တည္ခဲ့သည္။ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအ ထိ ႏွစ္ႏိုင္ငံကုန္သြယ္မႈသည္ မေလးရွားရင္းဂစ္ (၁၆၂) ဘီလ်ံနီးပါး (ေဒၚလာ ၃၈ ဒသမ ၅ ဘီလ်ံ) ရွိခဲ့ၿပီး အဓိကအားျဖင့္ လွ်ပ္စစ္ႏွင့္ အီလက္ထ႐ြန္နစ္ ထုတ္ကုန္မ်ားတင္ပို႔မႈေၾကာင့္ျဖစ္သည္။ ယခုႏွစ္ ဧၿပီလ ရွီ၏ မေလးရွားခရီးစဥ္အၿပီးတြင္ ႏွစ္ႏိုင္ငံသည္ ေရ ရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ဒီဂ်စ္တယ္စီးပြားေရးႏွင့္ Belt and Road အေျခခံ အေဆာက္အအုံ စီမံကိန္း မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုနက္ရႈိင္းေအာင္ ေဆာင္႐ြက္ခဲ့သည္။
ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္ သက္၍ မေလးရွား၏ ထိန္းထိန္းသိမ္းသိမ္းတုံ႔ျပန္မႈ သည္ မေလးရွားသည္ ၎၏ ကိုယ္ပိုင္အမ်ိဳးသား အက်ိဳးစီးပြားကိုထိခိုက္ေစသည္အထိ တ႐ုတ္အေပၚ အလြန္အကြၽံမွီခိုလာေနၿပီဟူေသာအထင္အျမင္ကို မၾကာခဏျဖစ္ေပၚေစသည္။ သို႔ေသာ္လည္း မေလး ရွားသည္ အေမရိကန္ျပည္ေထာင္စုႏွင့္ တက္ႂကြေသာ မဟာဗ်ဴဟာႏွင့္ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ မ်ားကိုလည္း ဆက္လက္ထိန္းသိမ္းထားေၾကာင္း ရမ္ လန္က အေလးေပးေျပာၾကားခဲ့သည္။ ၎တြင္ လမ္းေၾကာင္းလြတ္လပ္စြာသြားလာေရးကို ေထာက္ခံျခင္း၊ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးေပါင္း (ADMM-Plus) ကဲ့သို႔ေသာ ေဒသလုံၿခဳံေရးဆိုင္ရာ ေဆြးေႏြးပြဲမ်ားတြင္ ပါဝင္ျခင္းႏွင့္ ပူးတြဲစစ္ေရးေလ့ က်င့္မႈမ်ားျပဳလုပ္ျခင္းတို႔ပါဝင္သည္။ အဆိုပါရပ္ တည္ခ်က္မ်ားသည္ ေဒသတြင္းရွိ အေမရိကန္၏ လုံၿခဳံေရး အက်ိဳးစီးပြားမ်ားႏွင့္ကိုက္ညီေနသည္။ မေလးရွားသည္ ဘိုင္ဒင္အစိုးရလက္ထက္တြင္ စတင္ခဲ့ၿပီး တ႐ုတ္၏ စီးပြားေရးလႊမ္းမိုးမႈကို တန္ျပန္ ရန္ရည္႐ြယ္သည့္ အေမရိကန္ဦးေဆာင္ေသာ အင္ ဒို-ပစိဖိတ္ စီးပြားေရးမူေဘာင္ (IPEF) ၏ တစ္စိတ္ တစ္ပိုင္းလည္းျဖစ္သည္။
အဆိုပါႏွစ္လမ္းသြားခ်ဥ္းကပ္မႈသည္ မဟာဗ်ဴဟာေျမာက္ ရႈပ္ေထြးမႈ သို႔မဟုတ္ ဟန္ခ်က္ ညီေအာင္ထိန္းညႇိျခင္း (hedging) ဟုေခၚဆိုႏိုင္ၿပီး ပဋိပကၡတြင္ ပါဝင္ပတ္သက္မႈကိုေရွာင္ရွားရင္း ႏွစ္ ဖက္စလုံးမွ အက်ိဳးအျမတ္ရရွိေစသည္ဟု ရမ္လန္က ရွင္းျပသည္။ အခ်ဳပ္အျခာအာဏာကိုထိန္းသိမ္းလို ေသာႏိုင္ငံမ်ားအတြက္ ၎သည္ က်ိဳးေၾကာင္းဆီ ေလ်ာ္ေသာ ေ႐ြးခ်ယ္မႈတစ္ခုျဖစ္သည္။ " မေလးရွားက ေတာင္တ႐ုတ္ပင္လယ္က က်ဴးေက်ာ္မႈေတြလို သူရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားကိုထိခိုက္တဲ့ တ႐ုတ္ရဲ႕လုပ္ ရပ္ေတြကိုတုံ႔ျပန္ရာမွာ အင္အားနည္းေနသလိုထင္ရ ေပမယ့္ ဒါဟာ သိမ္ေမြ႕တဲ့ ဟန္ခ်က္ညီေအာင္ထိန္း ညႇိျခင္းမဟာဗ်ဴဟာရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ႏိုင္ပါ တယ္" ဟု သူကဆိုသည္။
အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ဘက္မ လိုက္ေရးဆိုင္ရာ မေလးရွား၏ရည္မွန္းခ်က္သည္ စစ္မွန္ၿပီး သမိုင္းႏွင့္ပထဝီဝင္ဆိုင္ရာအေၾကာင္းရင္း မ်ားျဖင့္ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိသည္ဟု ရမ္လန္က ေကာက္ခ်က္ခ်သည္။ သို႔ေသာ္ လက္ေတြ႕တြင္ ၎သည္ ေဒသဆိုင္ရာေျပာင္းလဲမႈမ်ား၊ စီးပြားေရးမွီခိုမႈ မ်ားႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားမ်ားျဖင့္ပုံေဖာ္ထား ေသာ မဟာဗ်ဴဟာေျမာက္ဟန္ခ်က္ညီေစရန္ ထိန္း ညႇိျခင္းတစ္မ်ိဳးအျဖစ္လုပ္ေဆာင္သည္။ ဘက္မလိုက္ ေရးအဆိုအမိန႔္သည္ သံတမန္ေရးရာ လိုက္ေလ်ာညီ ေထြရွိမႈကို ထိန္းသိမ္းရန္လိုအပ္ၿပီး သီးျခားကိစၥရပ္ မ်ားတြင္ ေ႐ြးခ်ယ္၍မဟာမိတ္ျပဳျခင္းကို မၾကာခဏ ထင္ဟပ္ေစသည္ဟု ၎က အေလးေပးေျပာၾကားခဲ့သည္။