ဗိုလ်တထောင်ဘုရားအနီး ဂုံးတံတားပေါ်တွင် အမျိုးသမီးတစ်ဦးအလောင်းတစ်လောက်တွေ့ရှိ

 1266

သတိုးနိုင်(NP News)-စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီး ဂုံးတံတားပေါ်တွင် သေဆုံးနေသော အမျိုးသမီး တစ်ဦးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါရုပ်အလောင်းကို ယနေ့ (စက်တင်ဘာ ၂၅ ရက်) နံနက် ၈ နာရီခွဲခန့်က ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရား အရှေ့ဂုံးတံတားပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးသူက လူကြီးပိုင်းပေါ့။ ဂုန်းကျော်တံတားပေါ်မှာတွေ့တာ။ ရောဂါအခံရှိတယ်လို့ တော့အဲ့ဒီနားကလူတွေကပြောတယ်ဗျ။ ဗိုလ်တထောင်မှာ ဂန္ဒီဆေးရုံရှေ့မှာ ဟိုတလောက တစ်ယောက်ဆုံးတယ်။ ဂုံးကျော်တံတား မှာနှစ်ယောက်ဆုံးတယ်”ဟု ရှင်သန်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
သေဆုံးသူမှာ အသက်(၅၅)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုနှင့်အဆက်အသွယ်မရရှိသေးကြောင်း ၎င်းကဆိုသည်။
“တချို့ကြတော့စိတ်မနှံလိုလမ်းပေါ်ရောက်နေတာရှိတယ်ဗျအိမ်ရှိတယ်။ အိမ်ရှိရဲ့သားနဲ့ အဲ့ဒီလိုမျိုးအိမ်မှာမနေပဲနဲ့ လမ်းပေါ် ရောက်နေတဲ့လူတွေလည်းရှိတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ကြတော့လည်းပြောဖို့ခက်တယ်ဗျ။ မိသားစုကတော့အခုလက်ရှိ ကတော့မ သိရသေးဘူး” ဟု ၎င်းကပြောသည်။
ထိုကြောင့် သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို ရှင်သန်ရေးလူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီ ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဗိုလ္တေထာင္ဘုရားအနီး ဂုံးတံတားေပၚတြင္ အမ်ိဳးသမီးတစ္ဦးအေလာင္းတစ္ေလာက္ေတြ႕ရွိ
သတိုးႏိုင္(NP News)-စက္တင္ဘာ ၂၅

ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဗိုလ္တေထာင္ဘုရားအနီး ဂုံးတံတားေပၚတြင္ ေသဆုံးေနေသာ အမ်ိဳးသမီး တစ္ဦးအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါ႐ုပ္အေလာင္းကို ယေန႔ (စက္တင္ဘာ ၂၅ ရက္) နံနက္ ၈ နာရီခြဲခန႔္က ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဗိုလ္တေထာင္ဘုရား အေရွ႕ဂုံးတံတားေပၚတြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေသဆုံးသူက လူႀကီးပိုင္းေပါ့။ ဂုန္းေက်ာ္တံတားေပၚမွာေတြ႕တာ။ ေရာဂါအခံရွိတယ္လို႔ ေတာ့အဲ့ဒီနားကလူေတြကေျပာတယ္ဗ်။ ဗိုလ္တေထာင္မွာ ဂႏၵီေဆး႐ုံေရွ႕မွာ ဟိုတေလာက တစ္ေယာက္ဆုံးတယ္။ ဂုံးေက်ာ္တံတား မွာႏွစ္ေယာက္ဆုံးတယ္”ဟု ရွင္သန္ေရး လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
ေသဆုံးသူမွာ အသက္(၅၅)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္အထိ မိသားစုႏွင့္အဆက္အသြယ္မရရွိေသးေၾကာင္း ၎ကဆိုသည္။
“တခ်ိဳ႕ၾကေတာ့စိတ္မႏွံလိုလမ္းေပၚေရာက္ေနတာရွိတယ္ဗ်အိမ္ရွိတယ္။ အိမ္ရွိရဲ႕သားနဲ႔ အဲ့ဒီလိုမ်ိဳးအိမ္မွာမေနပဲနဲ႔ လမ္းေပၚ ေရာက္ေနတဲ့လူေတြလည္းရွိတဲ့အတြက္ေၾကာင့္မို႔ ကြၽန္ေတာ္တို႔ၾကေတာ့လည္းေျပာဖို႔ခက္တယ္ဗ်။ မိသားစုကေတာ့အခုလက္ရွိ ကေတာ့မ သိရေသးဘူး” ဟု ၎ကေျပာသည္။
ထိုေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး၏႐ုပ္အေလာင္းကို ရွင္သန္ေရးလူမႈကူညီေရးအသင္းက ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီ ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.