တောင်သာမြို့နယ် တွင် PDF များက သံဃာအယောင်ဆောင်ကာ နေခြင်းများ ရှိနေ

716

သုတကျော် (NP News) - စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် တွင် PDF များက သံဃာအယောင်ဆောင်ကာ နေခြင်းများ ရှိနေကြောင်း အဆိုပါ ဒေသမှ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သတင်းဌာနသို့ ပြောကြားသည်။
ယင်းဒေသမှ PDF များ အနေဖြင့် နိုင်ငံခြားတွင် ထွက်ကာ အလုပ်လုပ်နေသူများ ၏ အိမ်များမှလည်း လစဉ် ပိုက်ဆံ သိန်းချီ တောင်းယူခြင်းများ ရှိနေပြီး ယင်း နှင့် ပတ်သက်၍ လက်နက်ကို ကြောက်ရသောကြောင့် ကန့်ကွက် ရဲသူ မရှိကြောင်းလည်း သိရသည်။
“ဝဲလောင် ဆိုတာ ရှိတယ်။ ဝဲလောင်မရောက်ခင်မှာ ဆီမီးကန်၊ သဲတော ဆိုတာ ရှိတယ်။ သဲတောဘုန်းကြီးကျောင်း က ဘုန်းကြီးကလည်း PDF။ PDF က ဘုန်းကြီးအယောင်ဆောင်ထားတာ။ အဲဒီအောက်မှာမှ PDF လိုမျိုး ဘုန်းကြီး သုံးလေးပါး ရှိတယ်။ အဲဒီ အရှေ့နား မှာ ခေါင်းဆေးကန် ရွာ ဆိုတာ ရှိတယ်။ တောင်သာ နဲ့ မလှိုင်အစပ်ဆိုပေမယ့် တောင်သာမြို့နယ်ထဲပေါ့။ ခေါင်းဆေးကန်မှာလည်း အဲဒီလိုပဲ” ဟု ယင်း ဒေသခံ က ဆိုသည်။
ဝဲလောင်ရွာ နှင့် တောင်သာမြို့ အကြားတွင် PDF ဂိတ် ၃ ဂိတ်ခန့် ရှိနေရာ ယင်းနေရာ များ အနက် ဆင်တဲဝချောင်းတံတားထိပ်တွင် ဘန်ကာများ ဆောက်ကာ ဆက်ကြေး ကောက်ခြင်းနေသော နေရာ က အကြီးဆုံး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ခေါင်းဆေးကန် မှာ ဆိုရင် အဲဒီ ဘုန်းကြီးအယောင်ဆောင်ထားတဲ့ PDF က နှစ်အိမ်ပဲ နေတာ။ ခေါင်းဆေးကန် ရွာထဲက ကျော်စိုး အိမ်မှာ နေတာ။ ကျော်စိုးအိမ်မှာ မနေရင် ဘုန်းကြီးကျောင်းမှာ နေတယ်။ သူက တောင်သာ၊ ဝဲလောင် တကြော ကို သူက ဆယ့်လေးငါးယောက် နဲ့ သေနတ်တကားကားနဲ့ လျှောက်သွားတယ်။ မှတ်ပုံတင် စစ်တယ်။ ဘယ်အိမ်ကို ဘယ်လောက် ဆို လိုက်ကောက်တယ်” ဟု ၎င်းက ရှင်းပြသည်။

Zawgyi Version:
ေတာင္သာၿမိဳ႕နယ္ တြင္ PDF မ်ားက သံဃာအေယာင္ေဆာင္ကာ ေနျခင္းမ်ား ရွိေန
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၅
မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္ တြင္ PDF မ်ားက သံဃာအေယာင္ေဆာင္ကာ ေနျခင္းမ်ား ရွိေနေၾကာင္း အဆိုပါ ေဒသမွ သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News သတင္းဌာနသို႔ ေျပာၾကားသည္။
ယင္းေဒသမွ PDF မ်ား အေနျဖင့္ ႏိုင္ငံျခားတြင္ ထြက္ကာ အလုပ္လုပ္ေနသူမ်ား ၏ အိမ္မ်ားမွလည္း လစဥ္ ပိုက္ဆံ သိန္းခ်ီ ေတာင္းယူျခင္းမ်ား ရွိေနၿပီး ယင္း ႏွင့္ ပတ္သက္၍ လက္နက္ကို ေၾကာက္ရေသာေၾကာင့္ ကန႔္ကြက္ ရဲသူ မရွိေၾကာင္းလည္း သိရသည္။
“ဝဲေလာင္ ဆိုတာ ရွိတယ္။ ဝဲေလာင္မေရာက္ခင္မွာ ဆီမီးကန္၊ သဲေတာ ဆိုတာ ရွိတယ္။ သဲေတာဘုန္းႀကီးေက်ာင္း က ဘုန္းႀကီးကလည္း PDF။ PDF က ဘုန္းႀကီးအေယာင္ေဆာင္ထားတာ။ အဲဒီေအာက္မွာမွ PDF လိုမ်ိဳး ဘုန္းႀကီး သုံးေလးပါး ရွိတယ္။ အဲဒီ အေရွ႕နား မွာ ေခါင္းေဆးကန္ ႐ြာ ဆိုတာ ရွိတယ္။ ေတာင္သာ နဲ႔ မလႈိင္အစပ္ဆိုေပမယ့္ ေတာင္သာၿမိဳ႕နယ္ထဲေပါ့။ ေခါင္းေဆးကန္မွာလည္း အဲဒီလိုပဲ” ဟု ယင္း ေဒသခံ က ဆိုသည္။
ဝဲေလာင္႐ြာ ႏွင့္ ေတာင္သာၿမိဳ႕ အၾကားတြင္ PDF ဂိတ္ ၃ ဂိတ္ခန႔္ ရွိေနရာ ယင္းေနရာ မ်ား အနက္ ဆင္တဲဝေခ်ာင္းတံတားထိပ္တြင္ ဘန္ကာမ်ား ေဆာက္ကာ ဆက္ေၾကး ေကာက္ျခင္းေနေသာ ေနရာ က အႀကီးဆုံး ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
“ေခါင္းေဆးကန္ မွာ ဆိုရင္ အဲဒီ ဘုန္းႀကီးအေယာင္ေဆာင္ထားတဲ့ PDF က ႏွစ္အိမ္ပဲ ေနတာ။ ေခါင္းေဆးကန္ ႐ြာထဲက ေက်ာ္စိုး အိမ္မွာ ေနတာ။ ေက်ာ္စိုးအိမ္မွာ မေနရင္ ဘုန္းႀကီးေက်ာင္းမွာ ေနတယ္။ သူက ေတာင္သာ၊ ဝဲေလာင္ တေၾကာ ကို သူက ဆယ့္ေလးငါးေယာက္ နဲ႔ ေသနတ္တကားကားနဲ႔ ေလွ်ာက္သြားတယ္။ မွတ္ပုံတင္ စစ္တယ္။ ဘယ္အိမ္ကို ဘယ္ေလာက္ ဆို လိုက္ေကာက္တယ္” ဟု ၎က ရွင္းျပသည္။