ရန်ကုန်မြစ်အတွင်း ငွေကျပ် (၂၉) ဘီလီယံကျော်တန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) (၉၉၇) ကီလို ဖမ်းဆီးရမိ

 707

ပီယ (NP News) - စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက်တွင် လှည့်ကင်းဆောင်ရွက်စဉ် အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံခန့်) သယ်ဆောင်လာသည့် သမ္ဗာန်စက်လှေတစ်စီးအား ဖမ်းဆီးရမိခဲ့ပြီး စက်လှေဖြင့် သယ်ဆောင်သူများ အပါအဝင် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သူ (၆) ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်မြစ်အတွင်း လှည့် ကင်းဆောင်ရွက်စဉ် စက်တင်ဘာလ (၁၆) ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်မြို့ နယ်၊ ရန်ကုန်မြစ်၊ မြစ်သုံးဆိုင်ရေပြင်အနီးသို့ အရောက်၌ ခင်မောင်လင်းနှင့် သက်ပိုင်ထူး(ခ) သက်ပိုင်တို့ မောင်းနှင်လာသည့် သမ္ဗန်စက်လှေအား စစ်ဆေးရာ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်စပ်ဖော်ထုတ်ချက် များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တင်ဆောင်ပေးသူ ကျော်စိုးမင်းအား စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက်၌ လည်းကောင်း၊ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီးအား မွန်းလွဲ ၁ နာရီခန့် တွင် ပုဇွန်တောင်မြို့နယ်နှင့် ဇော်မင်းနိုင်(ခ) ဇော်မင်းလတ်အား ရန်ကင်းမြို့နယ်တို့၌ လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်မြစ်၊ မြက်စိမ်းကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင်အား စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်း မြို့နယ်၌ စက်လှေ ၁ စီးနှင့်အတူလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့၊ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသူများအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး လက်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

zawgyi version
ရန္ကုန္ျမစ္အတြင္း ေငြက်ပ္ (၂၉) ဘီလီယံေက်ာ္တန္ဖိုးရွိအိုက္စ္(မက္သ္အဖက္တမင္း) (၉၉၇) ကီလို ဖမ္းဆီးရမိ

ပီယ (NP News) - စက္တင္ဘာ ၂၅

ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ရန္ကုန္ျမစ္အတြင္း၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ စက္တင္ဘာ ၁၆ ရက္တြင္ လွည့္ကင္းေဆာင္႐ြက္စဥ္ အိုက္စ္ (မက္သ္အဖက္တမင္း) ၉၉၇ ကီလို (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၂၉ ဒသမ ၉၁ ဘီလီယံခန႔္) သယ္ေဆာင္လာသည့္ သမၺာန္စက္ေလွတစ္စီးအား ဖမ္းဆီးရမိခဲ့ၿပီး စက္ေလွျဖင့္ သယ္ေဆာင္သူမ်ား အပါအဝင္ အဆိုပါ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္သူ (၆) ဦးကိုပါ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သိရသည္။

ျဖစ္စဥ္မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ရန္ကုန္ျမစ္အတြင္း လွည့္ ကင္းေဆာင္႐ြက္စဥ္ စက္တင္ဘာလ (၁၆) ရက္ နံနက္ ၁ နာရီ ၃၀ မိနစ္တြင္ ဗိုလ္တေထာင္ၿမိဳ႕ နယ္၊ ရန္ကုန္ျမစ္၊ ျမစ္သုံးဆိုင္ေရျပင္အနီးသို႔ အေရာက္၌ ခင္ေမာင္လင္းႏွင့္ သက္ပိုင္ထူး(ခ) သက္ပိုင္တို႔ ေမာင္းႏွင္လာသည့္ သမၺန္စက္ေလွအား စစ္ေဆးရာ အိုက္စ္(မက္သ္အဖက္တမင္း) ၉၉၇ ကီလို (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၂၉ ဒသမ ၉၁ ဘီလီယံ)ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္စပ္ေဖာ္ထုတ္ခ်က္ မ်ားအရ ဖမ္းဆီးရမိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား တင္ေဆာင္ေပးသူ ေက်ာ္စိုးမင္းအား စက္တင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္ခန႔္တြင္ ဒလၿမိဳ႕နယ္၊ သမၼတကမ္းေျခ ရပ္ကြက္၌ လည္းေကာင္း၊ သယ္ေဆာင္ခိုင္းသူ ေက်ာ္သိန္းဦး(ခ)ေက်ာ္ႀကီးအား မြန္းလြဲ ၁ နာရီခန႔္ တြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္ႏွင့္ ေဇာ္မင္းႏိုင္(ခ) ေဇာ္မင္းလတ္အား ရန္ကင္းၿမိဳ႕နယ္တို႔၌ လည္းေကာင္း၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ ရန္ကုန္ျမစ္၊ ျမက္စိမ္းကြၽန္းသို႔ သဲစုပ္စက္ေလွျဖင့္ ပို႔ေဆာင္ေပးခဲ့သူ မ်ိဳးႏိုင္ (ခ)အႀကီးေကာင္အား စက္တင္ဘာလ ၁၇ ရက္ မြန္းလြဲ ၁၂ နာရီ ၃၀ မိနစ္ခန႔္တြင္ ဒဂုံဆိပ္ကမ္း ၿမိဳ႕နယ္၌ စက္ေလွ ၁ စီးႏွင့္အတူလည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့သည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားအား ရန္ကုန္ၿမိဳ႕၊ ျမက္စိမ္းကြၽန္းမွတစ္ဆင့္ ပင္လယ္ဝသို႔ စက္ေလွျဖင့္ ဆက္လက္ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရၿပီး ဖမ္းဆီးရမိသူမ်ားအား မူးယစ္ ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိကာ ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး လက္ဆက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.